Sunday, August 30, 2009

Winamp 5.56 MediaPlayer (DOWNLOAD)


9.80MB (Freeware)
DESCRIPTION
Winamp is a skinnable, multi-format media player.
Winamp supports a wide variety of contemporary and specialized music file formats, including MIDI, MOD, MPEG-1 audio layers 1 and 2, AAC, M4A, FLAC, WAV, OGG Vorbis, and Windows Media Audio. It supports gapless playback for MP3 and AAC, and Replay Gain for volume leveling across tracks. In addition, Winamp can play and import music from audio CDs, optionally with CD-Text, and can also burn music to CDs. Winamp supports playback of Windows Media Video and Nullsoft Streaming Video, as well as most of the video formats supported by Windows Media Player. 5.1 Surround sound is supported where formats and decoders allow.

Winamp supports many types of streaming media: Internet radio, Internet telelvision, XM Satellite Radio, AOL video, Singingfish content, podcasts, and RSS media feeds. It also has extendable support for portable media players, and users can access their media libraries anywhere via internet connections.

TECHNICAL
Title: Winamp 5.56 Full
Filename: winamp556_full_emusic-7plus_en-us.exe
File size: 9.80MB (10,277,728 bytes)
Requirements: Windows 2000/XP/2003/Vista
License: Freeware

( မူရင်းစာသားအတိုင်းဖတ်စေချင်လို့ ပါ။
... မူရင်းစာကဖတ်ရတာပိုရှင်းတယ်
ကျနော် ဘာသာပြန်လိုက်ကာမှ ပိုရှုပ်သွားမှာစိုးလို့ ပါ။ ... ဟဲဟဲ ။)

VLC Media Player 1.0.1(DOWNLOAD)


17.18MB (Open Source)
DESCRIPTION
VLC media player is a highly portable multimedia player for various audio and video formats as well as DVDs, VCDs, and various streaming protocols without external codec or program.
It can also be used as a server to stream in unicast or multicast in IPv4 or IPv6 on a high-bandwidth network.
VLC can play:
* MPEG-1, MPEG-2 and MPEG-4 / DivX files from a hard disk, a CD-ROM drive, and so on
* DVDs, VCDs, and Audio CDs
* From satellite cards (DVB-S)
* Several types of network streams: UDP/RTP Unicast, UDP/RTP Multicast, HTTP, RTSP, MMS, etc.
* From acquisition or encoding cards (on GNU/Linux and Windows only)

TECHNICAL
Title: VLC Media Player 1.0.1
Filename: vlc-1.0.1-win32.exe
File size: 17.18MB (18,015,723 bytes)
Requirements: Windows 2000/XP/2003/Vista/XP64/Vista64
License: Open Source

( မူရင်းစာသားအတိုင်းဖတ်စေချင်လို့ _
မြန်မာလိုမပြန်ပေးတာပါ။... မူရင်းစာကဖတ်ရတာပိုရှင်းတယ်
ကျနော် ဘာသာပြန်လိုက်ကာမှ ပိုရှုပ်သွားမှာစိုးလို့ ပါ။ ... ဟဲဟဲ ။)

Saturday, August 29, 2009

Unlocker 1.8.7 (DOWNLOAD)


တစ်ခါတစ်ခါ ကိုယ့်စက်ထဲက Folderတစ်ခုခု Fileတစ်ခုခုကို ဖျက်ချင်တယ်... နာမည်ပြောင်းချင်တယ်... နေရာရွှေ့ချင်တယ်... ဒါပေမဲ့ ဘာမှလုပ်လို့မရဘူး...

# Cannot delete folder: It is being used by another person or program.
# Cannot delete file: Access is denied.
# There has been a sharing violation.
# The source or destination file may be in use.
# The file is in use by another program or user.
# Make sure the disk is not full or write-protected and that the file is not currently in use. စတဲ့ Errorမျိုးတွေပဲ ပေးနေတယ်ဆိုရင် ဒီUnlocker Freewareကို အသုံးပြုပြီး ဖြေရှင်းလို့ ရပါတယ်...

Unlocker Softwareကို installလုပ်ပြီး Lockဖြစ်နေတဲ့ Folderသို့မဟုတ် Fileမှာ Right Clickထောက် Context Menuထဲက Unlockerကို ရွေးပြီး ဖျက်တာ၊ နာမည်ပြောင်းတာ၊ နေရာရွှေ့တာတွေ လုပ်လို့ရပါတယ်...


ဘော်ဒါအပေါင်းအသင်းရောင်းရင်းများ အဆင်ပြေပါစေ။
#မသိသေးသူများအတွက်ပါ။#

Friday, August 28, 2009

ဆုံးဖြတ်ချက် ( DECISION )



စောင်းသမားလေးက နွမ်းနွမ်းလျလျ ခေါင်းခါလိုက်သည်။
( The harpist shook his head weariky.)
“မဖြစ်ပါဘူး... အရှင်ဘီလူးမင်းရယ်၊ အရှင့်ရဲ့ ဘီလူးသီချင်းနဲ့  ကျနော်ရဲ့
စောင်းညှင်းအတတ်ဟာ ဘယ်လိုမှမအပ်စပ်ပါဘူး”။
(“Impossible ! Lord of Ogre, Your song is totally incompatible with the art of my harp.”)
ဘီလူးကြီးက ထစ်ချုန်းအော်ဟစ်လိုက်၏။
(The Ogre thundered.)
“ဒါဖြင့် ဘယ်လိုလုပ်ရတော့မလဲ။”
(“How would you do it ?”)
စောင်းသမားလေးက သူ့ ညာလက်ကိုဆန့် တန်းပေးလိုက်ပြီး... ပြတ်သားစွာပြောလေသည်။
“ဒီလက်ကိုသာ ဖြတ်လိုက်ပါ။”
(The harpist stretched out his right hand and said, “ Cut my hand”.)

အလုပ်လက်မဲ့ ( JOBLESS )



“အမေရယ်_ သနားပါတယ်။ သူတို့ တွေအခုတော့ အလုပ်လက်မဲ့ ဖြစ်ကုန်ကြရပြီ။
(“Mama, I feel pitiful. They are now out of work.”)
အမေက သားငယ်၏စကားကို ဂရုတစိုက်တော့ နားထောင်ပါသည်။ ဒါပေမယ့်လည်း....
(Mother listened carefully to his kittle son's words.)
ထူးထူးခြားခြား ခံစားရဟန်တော့ မပြ။
(But, she didn't seen to be feel something.)
သားငယ်က ဆက်မပြောတော့ပဲ အိပ်ခန်းထဲသို့ ဝင်မည့်ဟန်ပြင်သည်။
(Without telling any more words, the child is going to bed.)
ထိုအခါကျမှ... အမေကလည်း သတင်းတစ်ခု ပြောပြလေသည်။
(At that time, Mother told him a piece of news.)
“အမေတို့  မီဖိုချောင်မှာ ဆန်အိုးဆီလာနေတဲ့ကြွက်ကလေးရှိတယ်၊ သား သိတယ်မဟုတ်လား။”
(“Do you know the mouse coming to the rice bowl in our kitchen, don't you?”)
“အဲ.....အဲဒါ ဘာဖြစ်လို့ လဲ”
(“Why ?”)
“မနက်ဖြန်ဆိုရင် သူလည်းအလုပ်လက်မဲ့ ဖြစ်တော့မယ် သားရဲ့။”
(“Tomorrow ! He will also be jobless, son.”)
သားအမိနှစ်ယောက်လည်း အသံတိတ်သွားကြလေတော့သည်။
(The mother and her son kept quiet.)

Tuesday, August 25, 2009

အလင်းခါးခါးတွေသေဆုံးတဲ့နေ့


နှင်းခဲညတွေမှာ
ငါကောင်းကင် ကြယ်တွေစုံခဲ့တယ်
လမရှိတော့ပေမယ့် ငါရင်ခွင်လင်းနေတယ်.........။
လာစဉ်တုန်းက
နင့်လက်ထဲက ကိုင်ထားခဲ့တာမီးအိမ်ဝါ
ဒီမီးအိမ်ကို ဘယ်သူညှိပေးခဲ့လဲ။
သုံးရာသီ ရင်ငွေ့မှာ
နင်ရောငါပါ
အတူတူခိုလူံဖို့
မီးအိမ်ညှိနေတုန်း
`ဟုတ်´ ကနဲမီးငြိမ်း
သိမ်းသွင်းလိုက်တဲ့ အမှောင်ထု
လောကတုထဲမှာ......နင်ရောငါပါ
သေဆုံးခဲ့ကြပြီပဲ......။
`သွားတော့´ လို့နင်တွန်းပို့
တွန့်ဆုတ်နေတဲ့ ခြေလှမ်းနာ
`နောက်လှည့်မကြည့်တမ်းနော်´ တဲ့
လက်သီဆုပ်ထားတဲ့ နင့်မျက်ဝန်း
အံကြိတ်ထားတဲ့ငါအပြုံး
တောင်ကုန်းတစ်ခုမှာ.......
အားလုံးမြုတ်နှံလိုက်ပြီ။ ။

“Mail ထဲကရတဲ့... ကဗျာလေးပါ။”

Monday, August 24, 2009

E-Learning အကြောင်း သိကောင်းစရာ။



E-Learning ဆိုတာမှာ "E" ဆိုတဲ့စကားလုံးဟာ "Electronic" ကိုရည်ညွန်းပါတယ် ။ e-learning နဲ့ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ အမြောက်အမြားထဲက European e-learning Action Plan မှ e-learning ကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆိုထားပါတယ် ။

.. the use of new multimedia technologies and the internet to improve the quality of learning by facilitating access to resources and services as well as remote exchanges and collaboration (COM, 2001: 2)


လူတော်တော်များများက e-learning ကို online-learning နဲ့ထူးမခြားနားလို့ ကောက်ချက်ချတတ်ကြပါတယ်။ သူတို့ကောက်ချက်ချသလို အဲဒီသင်ကြားရေးပိုင်းနှစ်ခုဟာ အတော်လေးတူညီတာတွေရှိပါတယ်။ ဒါပေမယ့် သေချာခွဲခြားကြည့်မယ်ဆိုရင်တော့ ...

online-learning ဆိုတာ
- သင်ကြားသူနဲ့သင်ယူသူကြား မျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုးမရှိဘဲ ...(အဝေးရောက်သင်တန်း - distance learning - ဆန်ဆန်)
- အင်တာနက်တခုတည်းကိုသာကြားခံပြီး ...
- သင်ကြားရေးပိုင်းမှာအထောက်အကူဖြစ်စေမယ့် အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) ကိုအသုံးပြုပြီး ...
သင်ကြားပို့ချတာဖြစ်ပါတယ်။

e-learning ဆိုတာကတော့
- သင်ကြားသူနဲ့သင်ယူသူကြား မျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုးလည်း ရှိနိုင်သလို
- သင်ကြားရေးပိုင်းမှာအထောက်အကူဖြစ်စေမယ့် အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) နဲ့
- အင်တာနက်ကို သင်ကြားရေးပိုင်းအတွက် လိုအပ်သလိုအသုံးချပြီး ...
သင်ကြားပို့ချတာဖြစ်ပါတယ်။

ဒါကြောင့် e-learning မှာအဓိကပါဝင်တဲ့အရာတွေကတော့ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ပတ်သက်တဲ့နည်းပညာ (technology) နဲ့ အင်တာနက် တို့ဖြစ်ပါတယ်။ (Technology လို့ဆိုရာမှာ hardware နဲ့ software ကို ဆိုလိုပါတယ်)

... အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ပတ်သက်တဲ့နည်းပညာ (technology) ဆိုတာ ဘာတွေပါဝင်ပါသလဲ ...

အင်တာနက်ပေါ်မှာသုံးတဲ့ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) များကို web1.0 and web2.0 ဆိုပြီး ခွဲခြားနိုင်ပါတယ်။ e-learning အတွက် အဲဒီကိရိယာများကိုအသုံးချနိုင်ပါတယ်။ web1.0 ကို information web လို့ဆိုစမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ web1.0 tools တွေကို အဓိကအားဖြင့် အင်ဖော်မေးရှင်း (information) ဖြန့်ဝေဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ ဥပမာ ... အွန်လိုင်းက ဆိုဒ်တခုမှာ အထောက်အကူပြုစာအုပ်စာတမ်းတွေကို ကျောင်းသားတွေအတွက်ထားတာမျိုး။ web2.0 ကိုတော့ social web လို့ ဆိုစမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ web2.0 tools တွေကိုအသုံးပြုကြသူတွေကြား နှီးနှောဖလှယ်တာမျိုးတွေ (interaction)၊ လူမှုဆက်ဆံရေးတွေ အများကြီး ပါဝင်နေလို့ဖြစ်ပါတယ်။ ဥပမာအဖြစ် ... ဘလောဂ့်တွေ၊ လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အတွက်တည်ဆောက်ထားတဲ့ facebook လိုအရာတွေပါ။ e-learning အတွက် web1.0 & web2.0 tools ကို သုံးနိုင်ပေမယ့်၊ ခုခေတ်နောက်ပိုင်းမှာတော့ web2.0 tools တွေကိုပဲ သုံးလာကြပါတယ်။ ဒါကလည်း နည်းပညာပိုင်းအရတိုးတက်လာတဲ့အခါ လူတွေဟာ အင်တာနက်ပေါ်မှာ ပိုပြီးနှီးနှောဖလှယ်လာကြတာပေါ်မူတည်ပြီး ပြောင်းလဲလာတဲ့ ပြောင်းလဲမှုတခုပါ။ (e-learning မှာသုံးတဲ့ web2.0 tools တွေအကြောင်း နောက်ပိုင်းမှာ အသေးစိတ်ဖော်ပြပါမယ်)


... e-learning ကို ဘယ်နေရာတွေမှာ သုံးနိုင်ပါသလဲ ...

e-learning ကို ပညာရေးပိုင်းမှာသာမက၊ ပရောဖက်ရှင်နယ်ထရိန်နင် (professional training) ပိုင်းမှာလည်း အရင်တည်းက အသုံးပြုခဲ့ကြပါတယ်။ ပညာရေးပိုင်းမှာတော့ မျက်နှာချင်းဆိုင်တွေ့ဆုံတာမျိုးမရှိတဲ့ အဝေးရောက်သင်ကြားရေးပိုင်းမှာ ပိုပြီးအသုံးပြုခဲ့ကြတာကို တွေ့ရပါတယ်။ ခုချိန်မှာတော့ e-learning ကို ပညာရေးပိုင်းမှာ တွင်ကျယ်စွာအသုံးချလာကြပေမယ့် တချို့သောဘာသာရပ်များဖြစ်ကြတဲ့ ဘာသာစကားပိုင်း၊ စာပေနဲ့ပတ်သက်တဲ့ဘာသာရပ်တွေမှာ ပိုပြီးအသုံးပြုကြပါတယ်။


... e-learning ဟာ ပညာရေးပိုင်းမှာ အဘယ်ကြောင့် တွင်ကျယ်လာပါသလဲ ...

ကမ္ဘာကြီးမှာခေတ်သစ်နည်းပညာတွေထွန်းကားလာတာနဲ့အမျှ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေလည်း ပိုမိုထွန်းကားလာပါတယ်။ အဲဒီကိရိယာတွေကိုအသုံးပြုပြီးလုပ်နိုင်တဲ့အရာတွေလည်း များပြားလာပါတယ်။ အလားတူပဲ kilobits per second လိုနှုန်းမျိုးနဲ့စတင်ခဲ့တဲ့အင်တာနက်ဟာလည်း ခုဆိုရင် အရမ်းပိုမြန်ဆန်တဲ့ megabits per second နှုန်းမျိုးကိုရောက်နေပါပြီ။ အဲလိုတိုးတက်လာတဲ့နည်းပညာတွေကိုသုံးပြီး တီထွင်ထားတဲ့အီလက်ထရွန်းနစ်ကိရိယာတွေကိုသုံးပြီး စာလုံး (text) တွေသာမက၊ အသံ (audio)၊ ရုပ် (video)၊ ဓါတ်ပုံ (image) စတာတွေနဲ့ မြန်ဆန်တဲ့အင်တာနက်ကိုသုံးပြီး ဆက်သွယ်နိုင်ကြ၊ အင်ဖော်မေးရှင်းကို ဖြန့်ဝေဖလှယ်နိုင်ကြပါတယ်။ အဲဒီအခါ technology နဲ့ internet ဆိုတာဟာ လူတွေရဲ့ဘ၀တွေထဲမှာ မရှိမဖြစ်ဆိုသလိုဖြစ်လာပါတယ်။

ထိုသို့ ဒီဂျစ်တယ်လ် (digital) ခေတ်ကိုဦးတည်သွားတဲ့အခြေအနေတွေကိုသုံးသပ်ပြီး Prensky (2001) ဆိုသူက ...

ခုခေတ်လူငယ်တွေကို "Digital Natives - native speakers of the digital language of the computer, video games and internet"

သင်ကြားသူ ဆရာဆရာမများကိုတော့ "Digital Immigrants - those of us who were not born into the digital world but have, at some later point in our lives, become fascinated by and adopted many or most aspects of the new technology" လို့ခေါ်ဝေါ်ခဲ့ပါတယ်။

Prensky (2001) ဆိုလိုတာကတော့ ခုခေတ်လူငယ်တွေဟာ ဒီဂျစ်တယ်လ်ခေတ်မှာမွေးဖွားကြီးပြင်းလာပြီး၊ ဒီဂျစ်တယ်လ်ပိုင်းဆိုင်ရာ technology တွေ၊ အင်တာနက်တွေနဲ့ နဂိုတည်းက အရောတ၀င်ယဉ်ပါးပြီးသားဖြစ်နေသူတွေပါ။ သင်ကြားသူဆရာဆရာမများကတော့ ဒီဂျစ်တယ်လ်ခေတ်မရောက်ခင်မှာ မွေးဖွားခဲ့ကြသူတွေဖြစ်တဲ့အတွက်၊ ဒီဂျစ်တယ်လ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ ထိတွေ့မှုများလာတဲ့အခါ အဲဒီအရာတွေကို တဖြည်းဖြည်းယဉ်ပါးလာပြီး သုံးတတ်လာတာဖြစ်ပါတယ်။

digital natives တွေဖြစ်တဲ့ ခုခေတ်လူငယ်တွေကို သူတို့နဲ့ရင်းနီးကျွမ်းဝင်တဲ့ technology and internet ကိုသုံးပြီးတော့ သင်ကြားရေးပိုင်းမှာအသုံးချမယ်ဆိုရင် ထိရောက်နိုင်မယ်လို့ ပညာရေးသုတေသီတွေက တွေ့ရှိလာကြပါတယ်။ အဲဒီတွေ့ရှိချက်နဲ့အတူ technology and internet ကို အသုံးချတဲ့ e-learning ဆိုတာဟာလည်း ပညာရေးနယ်ပယ်မှာ ပိုမိုတွင်ကျယ်လာပါတယ်။

... e-learning နဲ့ပတ်သက်၍အထင်မှားကြသောအချက်များ ...(E-language wiki)

e-learning ဆိုတာ စာသင်ကြားနည်းစနစ်တခုလို့ အထင်မှားတတ်ကြပါတယ်။ တကယ်ကတော့ e-learning ဆိုတာ နည်းပညာ (technology) နဲ့ပဲသက်ဆိုင်ပါတယ်။ ပညာရေးသုတေသီတွေက စာသင်နည်းစနစ် (pedagogy) ဆိုတာဟာ နည်းပညာပိုင်း (technology) ထက်အမြဲဦးစားပေးသင့်တယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ဥပမာတခုပေးရရင် ...

တချို့ကျောင်းတွေမှာ e-learning ကိုအသုံးပြုကြတဲ့အခါ၊ နည်းပညာပိုင်းကိုဦးစားပေးထားတဲ့ electronic tools တွေကိုသုံးဖို့ ဆရာဆရာမများက သူတို့ရဲ့သင်ခန်းစာတွေကို လိုက်ရောညီထွေဖြစ်အောင် ပြုပြင်ရပါတယ်။ အဲဒီအခါ စာသင်နည်းစနစ်ဟာ နည်းပညာပိုင်း (technology) ကိုလိုက်ပြီး ပြုပြင်ပြောင်းလဲပေးရတာမျိုး ဖြစ်သွားပါတယ်။ အဲလိုနည်းပညာပိုင်းကိုပဲဦးစားပေးတဲ့အခါ ကျောင်းသားတွေတတ်ကျွမ်းအောင်သင်လေ့ရှိတဲ့ စာသင်နည်းစနစ်တွေကို အသုံးပြုခွင့်မရတော့ပဲ ၊ ရှိနေတဲ့ electronic tools တွေကိုအဆင်ပြေအောင်သုံးဖို့ပဲ ဦးစားပေးလိုက်ရတဲ့အခါ စာသင်နည်းစနစ်တွေက ထိရောက်မှုသိပ်မရှိတော့ပါဖူး။

ဒါကြောင့် e-learning ကို အသုံးပြုတဲ့အခါမှာ အဓိက သတိထားရမယ့်အချက်က ဘယ် electronic tools ကို သုံးမယ်လို့ အရင်မဆုံးဖြတ်ပဲ၊ စာသင်နည်းစနစ် (pedagogy) ကိုအရင်ဆုံးဖြတ်ပြီးမှ အဲလိုစာသင်နည်းမျိုးရအောင် ဘယ်လို electronics tools ကို သုံးပြီးသင်ရင် ထိရောက်နိုင်မလဲလို့ တွေးရပါမယ်။

ဒုတိယ အများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ဆိုတာ “လူတိုင်းအတွက် ၊ နေရာတိုင်း ၊ အချိန်တိုင်း” မှာလုပ်ဆောင်နိုင်မယ်လို့ အထင်မှားတာပါ။ e-learning ကိုအသုံးပြုမယ်ဆိုရင် အဓိကလိုအပ်တာကတော့ အပေါ်မှာဖော်ပြထားတဲ့ နည်းပညာပိုင်း (technology) ဖြစ်တဲ့ ကွန်ပြူတာလိုအီလက်ထရွန်နစ်ကိရိယာနဲ့ အင်တာနက်ပါ။ အဲဒါတွေကိုမရရှိနိုင်တဲ့ (သို့မဟုတ်) အတိုင်းအတာတခုအထိလုံလောက်စွာအသုံးပြုခွင့်မရှိတဲ့နေရာတွေမှာ (အထူးသဖြင့် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဆင်းရဲနွမ်းပါးတဲ့ပတ်ဝန်းကျင်မှာကျင်လည်နေသူတွေမှာ) e-learning အတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အင်တာနက်ဆိုတာ၊ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ရင်းနီးကျွမ်းဝင်မှုမရှိသူတွေအတွက်လည်း အခက်အခဲဖြစ်နိုင်ပါတယ်။ နောက်ပြီး အင်တာနက်နဲ့ နည်းပညာတွေဟာ အနောက်နိုင်ငံကဆင်းသက်လာတာဖြစ်တဲ့အတွက် အများအားဖြင့် အင်္ဂလိပ်လိုသာအသုံးအနှုံးတွေများပြီး အင်္ဂလိပ်ဘာသာစကားကို မကျွမ်းဝင်သူတွေအတွက်လည်း ကသိကအောက်ဖြစ်နိုင်ပါတယ်။ အဲလို အင်တာနက်နဲ့ နည်းပညာပိုင်းသုံးစွဲမှု မတူညီမှုတွေကို digital divide လို့ ခေါ်ဝေါ်ပါတယ်။

တတိယအများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ဆိုတာ ဆရာ ဆရာမတွေကို မလိုအပ်ဖူးဆိုတာပါပဲ။ အထောက်အကူစာအုပ်တွေ သင်ခန်းစာဖတ်စာအုပ်တွေကို ကိုယ့်ဘာသာဖတ်ပြီး “ဒါဆိုရင် ဒါလုပ်” ဆိုပြီး သင်ယူရတဲ့နေရာမျိုးမှာတော့ e-learning ကိုသုံးရင် ဆရာဆရာမတွေမလိုတော့တာ မှန်ကန်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကြား သင်ခန်းစာတွေကိုပို့ချရာမှာ “ဒါဆိုရင် ဒါလုပ်” ဆိုတဲ့ တစ်လမ်းသွားမျိုးမဟုတ်ဘဲ ၊ အပြန်အလှန်ဆွေးနွေးတာမျိုးလုပ်တဲ့သင်ကြားနည်းစနစ်မျိုးမှာတော့၊ e-learning ဟာ အတန်းထဲမှာသင်နေတာအစား၊ အင်တာနက်ပေါ်မှာသင်တာမျိုးပဲ ပြောင်းလဲသွားတာပါ။ ဒါပေမယ့် သင်ကြားပေးနေတဲ့ (သို့မဟုတ်) ဂိုက် (guide) လုပ်ပေးနေတဲ့ ဆရာဆရာမတွေရှိနေမှ ကျောင်းသားတွေဟာ electronic tools တွေကို တန်ဖိုးရှိရှိ သူတို့စာသင်ယူရေးမှာ အသုံးချနိုင်မှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ဘလောဂ့်တွေကို လူအများစုအသုံးပြုကြသလို လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အတွက်ပဲ အများဆုံးသုံးတာမျိုးဖြစ်သွားနိုင်ပါတယ်။

နောက်ဆုံးအများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ရှိလာတဲ့အခါ မျက်နှာချင်းဆိုင်ပြီး စာသင်တာမျိုး (face-to-face learning) မလိုအပ်တော့ဖူး ဆိုတာပါပဲ။ e-learning ရော မျက်နှာချင်းဆိုင်စာသင်တာရော သူ့ဘာသာသူကောင်းတဲ့အချက်တွေရှိတဲ့အတွက် ခုနောက်ပိုင်းမှာ ပညာရေးသုတေသီတွေက အဲဒီနှစ်မျိုးလုံးကိုတချိန်တည်းအသုံးချနိုင်မယ့် blended learning ဆိုတာကို အားသန်လာကြပါတယ်။ Blended learning မှာ မျက်နှာချင်းဆိုင်သင်ကြားရေးမှာ မလုပ်နိုင်တဲ့အရာတွေကို e-learning အနေနဲ့ electronic tools တွေကိုသုံးပြီး သင်ပါတယ်။ အဲဒီအခါ နှစ်ခုလုံးကကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။

[ “educationinmyanmar_ မှတဆင့်ကူးယူဖေါ်ပြပါသည်။” ]

Sunday, August 23, 2009

Recovery Software (smart.NTFS.Recovery_4.1)... Download ယူရန်

“မမှားသာရှေ့နေ၊ မသေသောဆေးသမား” ဆိုသလိုမျိုးပေါ့... လူတွေဟာတစ်ခါတစ်ရံတော့ မှားပြီးလုပ်တတ်တာလေးတွေရှိတယ်။ အဲဒီ...
အမှားလေးတွေကို အလွယ်တကူ Recovery ပြန်ယူမယ်ကြမယ်လေ...
Delete လုပ်မိသွားတဲ့ ဖိုင်တွေကို အလွယ်တကူ ပြန်ရှာလို့ ရတဲ့ ပေါ့ပေါ့ပါးပါး(smart.NTFS.Recovery_4.1)Software လေးတစ်ခုပါ။ အခုsoftwareလေးကတော်တော်လေးကောင်းတယ်။မြန်တယ် လွယ်တယ်၊ လှတယ်၊ တကယ်လည်း ချက်ခြင်းကို ပြန်ရှာပေးနိုင်တယ်။ ဒါပေမယ့်_ NTFS format အတွက်ပဲ ရှာလို့ရမှာဖြစ်ပါတယ်။ အခု ခေတ်မှာတော့ windows သုံးတဲ့ လူတိုင်း NTFS ဖြစ်နေမှာပါ။ အဲဒီအတွက် အရမ်း အသုံးဝင်ပါတယ်။ ပိုအဆင်ပြေတာက portable ဖြစ်လို့ ပါ ။ ဆိုဒ်ကလည်း 2.35 Mb ထဲ ရှိတာဆိုတော့ သိမ်းထားရ အဆင်ပြေတယ်လေ။ Shift+Delete နှိပ်ပြီး မှားဖြတ်မိတာပဲ ဖြစ်ဖြစ်၊ recycle bin ကို clear လုပ်မိတာပဲ ဖြစ်ဖြစ်ပေါ့၊ ပြန်လိုချင်တယ်ဆိုရင် အောက်က .. အတိုင်းလေး အလွယ်တကူ ပြန်ယူရုံပဲဗျ။ အရမ်းအဆင်ပြေပါတယ်။



သူက Portable ပဲ ဖြစ်လို့ .exe ဖိုင်တစ်ခုထဲပါပါတယ်။ အဲဒါလေးကို run လိုက်တာနဲ့ အပေါ်ပုံမှာ ပြခဲ့သလို မြင်ရမှာပါ။ မိမိမှာ ခွဲထားသမျှ partitions တွေကို ပြပေးမှာပါ။ ဘယ်အပိုင်းက ဖျတ်မိတာကို ပြန်ယူမလဲပေါ့။ အဲဒါလေးကို ရွေးပေးနိုင်ပါတယ်။



နောက်တစ်ခုက ဘာဖိုင်အမျိုးအစားကို ပြန်ရှာချင်တာလဲပေါ့။ အားလုံးရှာမယ်ဆိုရင်တော့ အပေါ်ဆုံးက All files ကိုပဲ ရွေးပေးလိုက်လို့ရပါတယ်။



အားလုံးရွေးပြီးပြီဆိုရင် Find ကို နှိပ်ပြီး ရှာလိုက်ရုံပါပဲ။



အရမ်းမြန်ပါတယ်။ သူရှာလို့ ပြီးတာနဲ့ အောက်ပါအတိုင်း တွေ့ထားတာတွေကို box တစ်ခုနဲ့ လာပြပါတယ်။



မိမိ ပြန်ယူမယ့် ဖိုင်တွေကို check ပေးပြီး Restore ကို ပြန်နှိပ်ပေးရုံပါပဲ။ Desktop ပေါ်မှာ Restore Files နာမည်နဲ့ ဖိုဒါတစ်ခု ထဲ ရောက်နေမှာ ဖြစ်ပါတယ်။



တကယ်လို့ Recovery Tool တွေနဲ့ပါ ရှာလို့ မရစေချင်ဘူး ဆိုရင်တော့ Wipe ကို နှိပ်ပြီး ထပ်ဆင့် ဖျတ်ပေးလိုက်ပေါ့ဗျာ။ ဒါဆို တကယ် ရှာမတွေ့နိုင်တဲ့ ဖိုင်တွေဖြစ်သွားပါပြီ။

ဒီလောက်ဆိုရင်အဆင်ပြေပြီထင်တယ်...။ ( မသိသေးတဲ့ သူများအတွက်သာရည်ရွယ်ပါသည်။)

“လောကအိမ်”


တစ်ခါက....
ဘုန်းတော်ကြီးတစ်ပါးကလည်း တရားဓမ္မကိုပေးချင်တယ်_
(Monk wants to deliver sermons.)
လူငယ်ကလည်း တရားဓမ္မကို ယူချင်တယ်...။
(The young man also wants it.)
သို့ သော်.... သူတို့ နှစ်ဦးညှိရဦးမည်။
(But, they have to make coordination.)

ဘုန်းတော်ကြီး။ ။ “လောကမှာ ဘာမှ မတ်မောစရာမရှိဘူး ၊ ဘာကိုမှ သွားရည်ကျမနေနဲ့ ...”
(Monk ။ ။ “ There are nothing covetous in the world. You don't crave for anything.”)

လူငယ်။ ။ “ သွားရည်မကျအောင်တော့ ကျွန်တော်နေတတ်ပါပြီ၊ ဒါပေမယ့်_ ညှော်နံ့  မမိအောင်လုပ်ပေးပါဘုရား။”
(Young Man။ ။ “ I am accustomed to live without craving for anything. But, Please make me not free
burning smell.”)

ဗုဒ္ဓဘာသာဝင်များနဲ့ ၃၇မင်းနတ်


မေး-။---။

မြန်မာတွေဗုဒ္ဓဘာသာဖြစ်ငြားလည်းနတ်ကိုးကွယ်ခြင်းဧ။်လွမ်းမိုးခံနေရတာဘာ့ကြောင့်လဲ?။
ဗုဒ္ဓဘာသာဝင်များနတ်ကိုကိုးကွယ်သင့်လားမသင့်လား?။

ဖြေ။....။

ရှိခိုးခြင်း၊ကိုးကွယ်ခြင်း၊ပူဇော်ခြင်း၊အရိုအသေပြုခြင်းဟာ_ဘယ၊လာဘ၊ကုလ၊အာစရိယ၊

နိဿရဏ စတဲ့ငါးမျိုးကြောင့်သာဖြစ်ပါတယ။်


ဘယ=ကြောင့်ရွံ့  ၍ကိုးကွယ်ခြင်း
လာဘ =လာဘ်ပစ္စည်းရလို၍ကိုးကွယ်ခြင်း
ကုလ =မျိုးရိုးအလိုက်ကိုးကွယ်ခြင်း
အာစရိယ =ဆရာဖြစ်၍ကိုးကွယ်ခြင်း
နိဿရဏ=သံသရာမှလွတ်မြောက်လို၍ကိုးကွယ်ခြင်း


၎င်းငါးမျိုးအနက်။ ။ရတနာသုံးပါးကိုကိုးကွယ်ခြင်းသည်(နိဿရဏ)သံသရာမှလွတ်မြောက်ဖို့ အတွက်ကိုးကွယ်ခြင်းဖြစ်သည်။
ဘိုးဘိုးကြီး၊၀ိဇ္ဇာ၊ဇော်ဂျီ၊စသည်ကိုးကွယ်ခြင်းသည်လာဘ်လာဘရဖို့ ၊မျိုးရိုးဖြစ်လို့ ၊ကြောက်ရွံ့ လို့ ၊ကိုးကွယ်ခြင်းဖြစ်သည်။
---ရတနာသုံးပါးဆည်းကပ်သူဟာ
"ဗုဒ္ဓေါမေသရဏံအညံနတ္တိ၊ဓမ္မောမေသရဏံအညံနတ္တိ၊သံဃောမေသရဏံအညံနတ္တိ၊"ဆိုတဲ့အတိုင်းရတနာသုံးပါးမှတပါး
နိဿရဏအကျိုးငှာဘယ်အရာမှမဆည်ကပ်မကိုးကွယ်ကောင်းပါဘူး။
ကိုးကွယ်ခဲ့သော်..."သရဏဂုံ"..ပျက်စီးတတ်ပါတယ်။

ဆရာတော်တစ်ပါးကပြန်လည်ဖြေပြထားခြင်းဖြစ်ပါသည်။

မှတ်ချက်။ ။ ၃၇ မင်းနတ်တွေဆိုတာ... တာဝတိံသာ စသော နတ်ပြည်ခြောက်ထပ်မှာနေထိုင်ကြတဲ့ နတ်တွေနဲ့ မရောစေချင်ဘူး။

Saturday, August 22, 2009

Because I love you



ချစ်တတ်တဲ့သူများအတွက်ပါ...။

အလင်းအလျင်


တစ်ခါက_ သိပ္ပံဆရာ တစ်ဦးက တောသားလူရိုးတစ်ယောက်ကို...
“အလင်းဟာ တစ်စက္ကန့် မှာ ၁၈၆၀၀၀ မိုင်ပြေးတယ်။(Light moves 186,000 miles per second.) အဲဒီ အလျင်အတိုင်း သွားနိုင်တဲ့သူကလဲ...
အသက်မသေတော့ ဘူးတဲ့..။(The man who can go such velocity will never die.) ဘယ်လိုလည်း.... အဲဒီအလျင်နှုန်းနဲ့ သာ သွားနိုင်စွမ်းရှိမယ်ဆိုရင်
မင်းသွားမလား....။”(How? Will you go if you can go like this.)
ထိုအခါ တောသားလူရိုး ပြန်ပြောလိုက်ပုံက_
“ဟာ....အဲဒီလောက် အလျင်ကြီးနဲ့ တော့ မဖြစ်ဘူးထင်ပါရဲ့ဗျာ...။ စထွက်ကတည်းက ပုဆိုးကျွတ်ကျန်ခဲ့နိုင်တယ်။”
(“I think it's impossible to go in too much velocity.
My longyi can be left at the start.”)

Wednesday, August 19, 2009

Active Desktop Wallpaper

ကိုရွေးထားတဲ့ Background လှလှလေးတွေကို_ တခြားဘယ်သူမှပြောင်းလို့ မရအောင် ပုံသေသတ်မှတ်ချင်ရင်ပေါ့...။
ဒါမျိုးလေးတွေက... တစ်ခါတစ်လေမှာအသုံးဝင်ပါတယ်။
သိပ်တော့မခက်ပါဘူး....သိသွားရင်ပေါ့ ။

Run Box ထဲမှာ [ gpedit.msc ] ကိုရိုက်ပြီး Enther (or) OK ပေါ့..။
ပြီးရင်_

User Configuration\ Administrative Templates\ Desktop\ Active Desktop_ ထဲက

Active Desktop Wallpaper_Right Ckick _ Properties ထဲက Setting _ မှာ

Enable ကိုရွေး ( Disable/ Not Configure ဆိုတာက မူလအခြေအနေ_ ပြောင်းချင်တာပြောင်းလဲလို့ ရနေမှာပါ။)

Wallpaper Name မှာ ကိုတင်ထားချင်တဲ့ပုံရှိတဲ့လမ်းကြောင်းကိုရေးပေးပါ။

Wallpaper Style မှာ Center ကိုရွေးပေးတာပိုပြီးအဆင်ပြေပါတယ်_ အခြားရွေးစရာတွေလည်းရှိပါတယ်။

ပြီးသွားရင်တော့ Apply _ OK ပေါ့ ။





ဒီလောက်ဆိုရင် အဆင်ပြေပြီနော်......။{ မသိသေးတဲ့ သူများအတွက်ပါ။}

Tuesday, August 18, 2009

မိမိ Computer ရဲ့ User Account Password မေ့သွားခဲ့ရင်....

ကျွန်တော်တို့ စက်စဖွင့်တဲ့အခါမှာ_တချို.စက်တွေကဖွင့်လိုက်တာနဲ. Desktop တန်းမပေါ်လာပါဘူး။ _ User Account Password တွေနဲ့ ဝင်တာကိုပိတ်ထားတက်ကြပါတယ်။ Password မှန်မှ Desktop ပေါ်မယ်(စက်ကို စသုံးလိုရမယ်ဆိုတဲ့သဘောပါ။)
တချို့ တွေကလဲ Password ကိုပေးပြီမေ့တက်ကျတယ်ပေါ့။ အဲဒီလူတွေအတွက် Password ကို ဘယ်လိုကျော်ပြီးဝငမလဲဆိုတာကိုပြောပြချင်လို့ ပါ။_တကယ်လိုများ ကိုသူငယ်ချင်းရဲ့ စက်က Password ကိုကိုယ့် passwordပြောင်းချင်တယ်ဆိုရင်တော့
ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ။ အကျိုးရှိတဲ့နေရာမှာသာအသုံးချစေချင်ပါတယ်။_ကဲလုပ်ကြည့်ရအောင်…..

Windows တက်လာပြီဆိုတာနဲ့  အောက်ကပုံအတိုင်း Username နဲ့  Password တောင်းနေမယ်ဆိုပါဆို့ .....
(ကိုယ်ကလည်းပေးထားတဲ့ Password ကိုမေ့သွားပြီ...။)



ဒါဆိုရင်လွယ်ပါတယ်...။

Ctrl + Alt +Delet ကိုနှစ်ခါ နှိပ်လိုက်ပါ...
User name နဲ့  Password တောင်းတာပေါ်လာလိမ့်မယ် ။
အဲဒီအခါကြရင်_



Username မှာ Administrator လို့ ရိုက်ပြီး Enter နှိပ်လိုက်ရင်ရပြီပေါ့..။
လွယ်လွယ်လေးနော်......

အခုဆိုရင် Administrator Account နဲ့  Logon ၀င်သွားပြီနော်...
အဲဒီအခါကျမှ_
Control Panel ထဲက User Accounts ထဲကိုသွားပြီးတော့_ မေ့နေတဲ့ မိမိရဲ့ Account Password ကို
Remove လုပ်လိုက်ပေါ့ ။ Password အသစ်ပြန်ပေးချင်သပဆိုရင်_ New Password ပြန်ပေးလိုက်ပေါ့ ။
....ဒီလောက်ဆိုရင်တော့အဆင်ပြေလောက်ပြီနော်။
(မသိသေးတဲ့ လူများအတွက်သာရည်ရွယ်ပါသည်။)

ဖိုးသူတော်ကြီး ပြောပြတဲ့ ပုံပြင် ( ဘ၀မှာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်.)


တစ်ခါတုန်းက သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ခက်တာက သူ့တို့နေတဲ့ အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ မီးဖို တစ်လုံးမှ မရှိဘူး။ ဒါကြောင့် သိပ္ပံ ပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကျရင် ဟိုအိမ် ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစားရတယ်ဆိုပဲ။

တစ်နေ့လည်းမဟုတ်၊ နှစ်နေ့လည်းမဟုတ်၊ နေ့တိုင်းနေ့တိုင်း၊ မနက်စာတောင်းလိုက်၊ ညစာတောင်းလိုက်နဲ့ ဆိုတော့ပေးရတဲ့ အိမ်တွေကလည်း ငြိုငြင်လာတယ်။

“ခင်ဗျားတို့ကလည်းဗျာ။ တစ်သတ်လုံး ဒီလိုချည်းပဲ တောင်းစားနေတော့မှာလား။ ကိုယ့်ဘာသာကိုယ်လည်း ချက်စားကြဦးမှပေါ့” လူတွေကပြောကြတဲ့အခါ

သိပ္ပံပညာရှင်တွေက “ချက်တော့ စားချင်ပါတယ်ဗျာ။ ဒါပေမယ့် မီးဖိုချောင်မရှိလို့ပါ”
“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျာ။ ဒါမှမဟုတ်။ ခင်ဗျားတို့လည်း သိပ္ပံပညာရှင်တွေပဲ..ကိုယ့်ဘာသာကိုယ် မီးဖိုလေးတစ်လုံးလောက် ဖြစ်အောင် မလုပ်တတ်ကြဘူးလား” လူတွေကအကြံပေးကြသတဲ့

ဒီလိုအပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီ…
“ငါတို့အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်တယ်။

ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောင်ကြမယ်ပေါ့။ ဒီလိုနဲ့အားလုံး သဘောတူလိုက်ကြတယ်။

မီးဖိုကြီးမပြီးခင်မှာ ပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ်။

“ကျုပ်တို့လုပ်တဲ့ မီးဖိုက သိပ်ပြီးကြီးနေတော့ တစ်နေရာက တစ်နေရာကို ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား”
အဲဒီ အကြံကြောင့် မီးဖိုအောက်ခြေမှာ ဘီးတွေတပ်ဖြစ်သွားတယ်။

အဲဒီမှာတင် နောက်တစ်ယောက်က..
“ဘီးတွေချည်းပဲ ရှိနေရင် မီးဖိုကို ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”

ဒါနဲ့ပဲ… မီးဖိုမှာ အင်ဂျင်တွေ စက်တွေတပ်ဆင်လိုက်ကြတယ်။ တတိယ သိပ္ပံပညာရှင်က…
“ စက်လည်းတပ်ပြီးပြီ၊ ဘီးတွေလည်း ရှိပြီ။ မောင်းလို့လည်း ရနေပြီဆိုတော့.. တစ်ခါတည်း လူတွေပါလိုက်စီးလို့ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ်။

ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ရတဲ့ ယာဉ်ကြီးဖြစ်သွားရော။

သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခုဆောက်နေတယ် ကြားလို့ လာကြည့်တဲ့ လူတစ်ယေက်က-
အဲဒီမီးဖိုလည်း မြင်ရော ရင်သပ်ရှုမောဖြစ်သွားပြီး……..

“အို… အံ့မခန်းလက်ရာပဲ” လို့ ချီးကျူးတယ်။ အဲဒီလူကစပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူမှန်သမျှ မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါရောတဲ့။

ကြည့်တဲ့သူတိုင်းကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံတွေကြားလေလေ..
သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရလာလေလေ.. သူတို့ လက်စွမ်းကို ပြချင် လာလေလေပေါ့။

ဒါနဲ့ သိပ္ပံပညာရှင်တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲတပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ၊ အိမ်သာတွေကိုပါ အလိုအလျောက် စနစ်နဲ့ ဖွဲ့စည်းပြောင်းလဲလို့ရအောင်တပ်ဆင်လိုက်တယ်။

နောက်တစ်ယောက်ကတော့ လေဖိအားသုံးစနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ်။ဒါအပြင် မီးဖိုကြီးဟာ မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေးနိုင်တယ်။

တတိယ သိပ္ပံပညာရှင်ကတော့ မီးဖိုကြီးအတွင်းမှာ ကွန်ပျူတာတစ်လုံး ဆင်လိုက်တယ်။ သိချင်တဲ့ ပြဿနာမှန်သမျှကို အဲဒီကွန်ပျူတာက အဖြေပေးနိုင်တယ်ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက မွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲထည့်လိုက်ရင် ကွန်ပျူတာက ဗေဒင်ဟောပေးတယ်… တဲ့။

လူတွေက မီးဖိုကြီးရဲ့ ကွန်ပျူတာ ဗေဒင်ဟာ သိပ်မှန်တာပဲလို့ ချီးမွမ်းကြတယ်။

နောက်ဆုံးတော့.. မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာအထူးခြားအဆန်းသစ်ဆုံး အပြည့်စုံဆုံး မီးဖိုကြီးပါ။
ချွတ်ယွင်းချက်ကလေး တစ်ခုပဲ ရှိတယ်။

အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး... တဲ့။

သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေ ဟင်းတွေ လိုက်တောင်းစားနေရတာပါပဲတဲ့။
ဖိုးသူတော်ကြီး ပြောပြတဲ့ ပုံပြင်ကတော့ ဒါပါပဲ။

ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး စဉ်းစားနေမိတယ်။
“ဘ၀မှာ ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်….”

Uninstall လုပ်၍ မရသော ပြဿနာ


တစ်ချို့သော software တွေကို Uninstall လုပ်တဲ့ အခါမှာ
လုပ်လို့ မရဘဲ ပေကပ်ကပ် လုပ်နေတဲ့ အခြေ အနေမျိုး လူတိုင်းကြူံဖူးကြမှာပါ

ကိုယ့် ကွန်ပျူတာ ကို သံယောဇဉ် တွယ်နေတာ လဲဖြစ်နိုင်တာ ပေါ့လေ
ဒီလိုပြဿနာ မျိုးကြုံတွေ့ခဲ့ရ ရင် Tuneup shredder တို့လို ဘာဆော့ဝဲမှ မသုံးပဲ အောက်ပါ နည်းလေးနဲ့ ဖြေရှင်းနိုင်ပါတယ်

၁။ Start – Run – regedit ဟု ရိုက်ထည့်ပြီး OK

၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\Current Version\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော Software ကို Click လုပ်ပါ။

၃။ ညာဘက်ရှိ Box ထဲတွင် Uninstall String file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် C:\Program Files\Word Web\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။

၎။ Start – Run ထဲတွင် C:\Program Files\Word Web\uninst.exe ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။


http://kotzp.co.cc/2008/10/07/69 ကပါ။

Computer Virus


ဗိုင်းရပ်ကို ဆေးပညာလောကတွေင် အလွန် ကူးစပ်လွယ်သော ရောဂါပိုးမွားလို့ အဓိပ္ပါယ်ရပါတယ်။ ကွန်ပျူတာမှာတော့ ဗိုင်းရပ် ကဲ့သို့ ကူးစပ်ပြန့်ပွားလွယ်ကူပြီး ဖျက်ဆီးတတ်တဲ့ ကွန်ပျူတာ ပရိုဂရမ်တစ်မျိုးကို ဗိုင်းရပ်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ ဗိုင်းရပ်သည် ကွန်ပျူတာအသုံးပြုသူ၏ ခွင့်ပြုချက်မရှိပဲ သူအလိုအလျှောက် ကော်ပီပွား၍ လျှင်မြန်စွာ ပြန့်ပွားနိုင်တဲ့ အစွမ်းအစရှိပါသည်။ အဓိကအားဖြင့် ကွန်ပျူတာ တစ်လုံးမှ တစ်လုံးသို့ Data အပြန်အလှန်ရယူခြင်းဖြင့်လည်းကောင်း၊ (သို့မဟုတ်) အင်တာနက်ပေါ်မှ တဆင့် Data များရယူခြင်းဖြင့်လည်းကောင်း၊ Data များကို အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သော Floopy Disk, CD/DVD, USB drive စသည့် Data များကို အထုတ်အသွင်း ပြုလုပ်သော ပစ္စည်းများမှ တဆင့် ကူးစပ်နိုင်ပါသည်။
၁၉၇၀ ခုနှစ်အစောပိုင်းတွင် “I’M THE CREEPER : CATCH ME IF YOU CAN.” ဆိုပြီ ARPANET ကို detected လုပ်တဲ့ Creeper virus တစ်ခု စတင်ပေါ်ထွက်ခဲ့ပါသည်။ ဒါပေမဲ့ စတင်ဖန်တီးသူက နောင်တတရားရစွာဖြင့် အချိန်အနည်းငယ် အတွင်းမှာပင် Creeper virus ကို ပြန်လည်ဖျက်စီးခဲ့သည်ဟု ခန့်မှန်းရပါသည်။
၁၉၈၂ ခုနှစ်တွင်လည်း Richard Skrenta ဆိုသူက သူ၏ Apple DOS 3.3 operating system ကို floopy disk မှတဆင့် ဗိုင်းရက်စ် ကူးစပ်စေသောနည်းဖြင့် “Rother J” ဆိုသည့် ဗိုင်းရက်စ်ကို ရေးသားခဲ့ပါသည်။ ပင်ကိုအားဖြင့် “Rother J” ဗိုင်းရပ်က စနောက်တဲ့ ဗိုင်းရက်စ် တစ်ခုသာ ဖြစ်ခဲ့ပါသည်။ ပထမဆုံး first PC virus ဖြစ်တဲ့ (c)Brain ကိုတော့ ၁၉၈၆ ခုနှစ်တွင် Farooq Alvi ဆိုသည့် ညီအကိုနှစ်ယောက်မှ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ဒီလို သမိုင်းကြောင်းတွေ အရ လေ့လာရမယ်ဆိုရင် ဗိုင်းရပ် ကို အပျော်ဖန်တီးခြင်းကနေ ဖျက်ဆီးခြင်းဆိုတဲ့ ဘက်ကို ကူးပြောင်းလာတယ်လို့ တွေ့ရပါတယ်။

ဗိုင်းရက်စ် အခြေခံ သဘောတရား
ဗိုင်းရက်စ်တစ်ခု ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို နားလည်မှသာ ဗိုင်းရပ် သတ်တဲ့အခါမှာ အဆင်ပြေ လွယ်ကူမှာ ဖြစ်ပါတယ်။ ဗိုင်းရပ် ဆိုတာကလည်း ကွန်ပျူတာ program လေးတစ်ခုဖြစ်တဲ့အတွက် ဗိုင်းရပ် တစ်ခု ဖန်တီးရေးသားတော့မယ်ဆိုရင် programing အပိုင်းကိုတော့ အနည်းငယ် နားလည် တတ်ကျွမ်းဖို့ လိုအပ်ပါတယ်။ ထိုပြင် တိုက်ခိုက်မဲ့ (၀ါ) နှောက်ယှက်ချင်တဲ့ OS(operation system) ကိုလည်း ထည့်သွင်း စဉ်းစားရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် OS တစ်ခုအတွက် ရေးသားထားသော ဗိုင်းရက်စ်သည် အခြား OS တွင် အလုပ်လုပ်နိုင်ခြင်း(၀ါ) တိုက်ခိုက်နိုင်ခြင်း မရှိပါ။ ဥပမာ.. ၀င်းဒိုးအတွက် ရေးသားထားသော .vbs (သို့) .exe အမျိုးအစား virus တစ်ခုကို အခြား OS များဖြစ်သော Linux, Mac အစရှိသည့် OS များပေါ်တွင် အလုပ်လုပ်မည် မဟုတ်ပါ။ ထိုကြောင့် မိမိ ဗိုင်းရပ် ရေးသားချင်လိုသည့် OS တစ်ခုရဲ့ အခြေခံ တည်ဆောက်ပုံကိုလည်း နားလည်ဖို့ လိုအပ်ပါသည်။
အထူးသဖြင့် Window, Linux , Mac တွင် Window ကို တိုက်ခိုက်ခံရတာ အများဆုံး ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် window သည် လူသုံးအများဆုံး OS တစ်ခု ဖြစ်သောကြောင့် ဖြစ်ပါသည်။ programmer အများစုသည်လည်း လူသုံးအများဆုံးဖြစ်တဲ့ Window ကိုသာ ဦးတည်တိုက်ခိုက်ကြတာ များပါတယ်။ ၀င်းဒိုးအတွက် ဗိုင်းရပ် ကို notepad မှသည် Java, C++ ထိ နှစ်သက်ရာ software နဲ့ ရေးသားနိုင်ပါသည်။

ဗိုင်းရပ်က ဘာတွေကို ဖျက်ဆီးတာလဲ၊ ဘယ်လိုအလုပ်လုပ်တာလဲ။
အခြေခံအားဖြင့် ကွန်ပျူတာကို သာမန်ထက်ပိုပြီး အလုပ်လုပ်စေမယ်။ memory ကိုအချိန်ပြည့်ယူထားမယ်။ ကြာလာရင် memory overload ဖြစ်လာမယ်။ စက်ကြီးနှေးလာမယ်။ memory ကိုပါ ပျက်စီးသွားစေနိုင်ပါတယ်။ တစ်ချို့ ဗိုင်းရပ်တွေကြတော့ တဖြည်းဖြည်း များလာပြီး သိမ်းဆည်းထားတဲ့ Data တွေကို ဖျက်ဆီးပစ်မယ်။ တစ်ချို့ဗိုင်းရပ် တွေက ချက်ချင်း မသိသာစေပဲ တဖြည်းဖြည်း တိုက်ခိုက်တတ်သလို၊ တစ်ချို့ဗိုင်းရက်စ်တွေက ကူးစပ်ပြီ ဆိုသည်နှင့် ချက်ချင်း သိသိသာသာ တိုက်ခိုက်တတ်ကြပါသည်။ အများအားဖြင့် ဗိုင်းရက်စ်တွေကို သူတို့ကို လွယ်လင့်တကူ ရှာဖွေ ဖျက်ဆီးနိုင်တဲ့ Task Manager , Folder Option နှင့် register တွေကို ဖျောက်ပစ်တတ်ကြပါတယ်။ တစ်ချို့ဆို command prompt ကိုပါ ခေါ်မရအောင် ဖျောက်ထားတတ်ကြပါတယ်။ ထိုပြင် ထိုဗိုင်းရပ် အလုပ်လုပ်နေတာကိုလည်း ပိတ်မရအောင် ထည့်သွင်းစဉ်းစား ရေးသားထားတတ်ပါသည်။ ဗိုင်းရပ် တစ်ခုတွင် ပုံမှန်အားဖြင့် ပရိုဂရမ် ၂ ခု ပါရှိတတ်ပြီး တစ်ခုမှာ ဗိုင်းရပ် ပရိုဂရမ်ဖြစ်ပြီး နောက်တစ်မျိုးမှာ ထို ဗိုင်းရပ်ကို အထောက်အပံ့ပေးသော ပရိုဂရမ် (support) တစ်ခုဖြစ်ပါသည်။ ထိုပရိုဂရမ်နှစ်ခုသည် တစ်ခုနှင့် တစ်ခုလည်း အပြန်အလှန် အထောက်အပံ့ ပေးနိုင်စေရန် စီစဉ်ထားပါသည်။ ထို ပရိုဂရမ်နှစ်ခုသည် အဆင့်ဆင့် ပွားနေပြီး backup လုပ်ထားမယ်။ ဗိုင်းရပ်ဖိုင်ကို ကျွန်တော်တို့ ပိတ်လိုက်တဲ့အချိန်မှာ support ဖိုင်က အခြား ဗိုင်းရပ်ဖိုင်ကို ရှာပြီး ထပ် run မယ်။ support ဖိုင်ကို ဖျက်လိုက်ရင် ဗိုင်းရပ်ဖိုင်က အခြား support ဖိုင်တစ်ခုကို ပြန်ရှာပြီး ထပ် run ပေးမယ်။ တစ်ခုပိတ်ရင် တစ်ခုက ပြန်ဖွင့်ပေး စသည်ဖြင့် လှည့်ပတ် အလုပ်လုပ်နေ တတ်ပါတယ်။

ဒါလေးတွေကိုလည်း သိထားရန် လိုအပ်ပါသည်။

Windows စစခြင်းမှာ virus တက်လာဖို့အတွက် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\Current Version\Run မှာ virus ရဲ့ ပတ်လမ်းကြောင်းကို သွားရောက် ထည့်သွင်းထားတတ်ပါသည်။

Folder Option
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\ Explorer မှာ ညာဘက်က D Word Value ဖြစ်တဲ့ No Folder Options ဆိုတာလေးထဲမှာ 0 ရှိနေရင်တော့ show ဖြစ်နေမှာဖြစ်ပြီး 1 ဖြစ်နေရင်တော့ Hide ဖြစ်နေမှာပါ။

Registry
HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\Current Version\Policies\System မှာ ညာဘက်က D Word Value ဖြစ်တဲ့ Disable Registry Tools ဆိုတာလေးထဲမှာ 0 ဆိုရင် ဖွင့်ခွင့်ပေးထားပြီး 1 ဆိုရင်တော့ ဖွင့်ခွင့်မရှိတော့ပါဘူး။

Task Manager
HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\Current Version\Policies\System မှာ ညာဘက်က D Word Value ဖြစ်တဲ့ Disable Task Mgr မှာ 0 ဆိုရင် ဖွင့်လို့ရပြီး 1 ဆိုရင်တော့ ဖွင့်လို့မရတော့ပါဘူး။

Command Prompt
HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System မှာ ညာဘက်က D Word Value ဖြစ်တဲ့ Disable CMD မှာ 0 ဆိုရင် ဖွင့်လို့ရပြီး 1 ဆိုရင်တော့ ပိတ်လိုက်ပါတယ်။

ဗိုင်းရပ်အကြောင်း ဆွေးနွေးပြောဆိုမယ်ဆိုရင် အန်တီဗိုင်းရပ်ကိုလည်း ချန်လှပ်ထားရန် မသင့်တော်ပါဘူး။ အန်တီဗိုင်းရပ်တွေကတော့ ဗိုင်းရပ်တွေ အလုပ်လုပ်တတ်တဲ့ပုံစံ သဘောတရားကို နားလည်သိရှိကာ ပိတ်ဆို့ကာကွယ်တဲ့ program အမျိုးအစား တစ်ခုဖြစ်ပါတယ်။ သာမန် သမရိုးကျ ဗိုင်းရပ်များကို မည်သို့ပင် အမည်ပြောင်းလဲ အလုပ်လုပ်နေပါစေ အန်တီဗိုင်းရပ်က သိရှိပိတ်ဆို့ သတ်ဖြတ်နိုင်မှာ ဖြစ်ပါသည်။ သို့သော် တမူကွဲပြားသော သမရိုးကျမဟုတ်သည့် ဗိုင်းရပ်များကိုတော့ အန်တီဗိုင်းရပ်က ကာကွယ် ပိတ်ဆို့နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် အန်တီဗိုင်းရပ် ကုမ္ပဏီ၏ ကျွမ်းကျင်မှု စကေးအပေါ်မူတည်၍ ကာကွယ်သတ်ဖြတ်နည်းကို အချိန်တိုအတွင်း ဖြေရှင်းတတ်ကြသဖြင့် မိမိတို့ ကွန်ပျူတာတွင် အသုံးပြုထားသော အန်တီဗိုင်းရပ်ကို အစဉ်အမြဲ Update ပေးခြင်းနည်းဖြင့် ဗိုင်းရပ်များ၏ အန္တရာယ်ကို ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။

http://yemankstu.co.cc/ ကပါ..။

Monday, August 17, 2009

ပုတီးစိပ်ခြင်း ( ၂ ) မျိုး


ပုတီးကိုလူတိုင်းစိတ်ဖူးကြမှာပါ......(မစိပ်တဲ့လူတွေမပါ)ဒါပေမယ့်စိပ်ပုံစိပ်နည်းမှန်တဲ့သူရှိသလိုမမှန်တဲ့သူလည်းရှိမယ်လိုထင်ပါတယ်......ပုတီးစိပ်ပုံစိပ်နည်းမမှန်တဲ့လူတွေအတွက်ပါ.......
၁။ သာမန်ပုတီးစိပ်ခြင်း ၂။ အဓိဋ္ဌာန်ပုတီးစိပ်ခြင်း

၁။ သာမန်ပုတီးစိပ်ခြင်းဆိုသည်မှာ- ကုသိုလ်ရနိုင်သည့် အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ နေရာမရွေး၊ အချိန်မရွေး ပုတီးစိပ်ခြင်းမျိုးကို ဆိုလိုပါသည်။

၂။ အဓိဋ္ဌာန်ပုတီးစိပ်ခြင်းဆိုသည်မှာ- ပုတီးစိပ်ခြင်းကို သီးခြားလုပ်ငန်းတစ်ခုအဖြစ် သပ်သပ်အချိန်ပေးပြီး အဓိဋ္ဌာန်၍ ကျကျနန စိပ်ခြင်းမျိုးဖြစ်ပါသည်။ ဤသို့ စနစ်တကျ ပုတီးစိပ်ကြမည်ဆိုလျှင် အောက်ပါ အချက် ၁၁ ချက်ကို လက်တွေ့ ဆောင်ရွက်ရန်လိုပါသည်။

ပုတီးမစိပ်မီ ကျင့်ဝတ် ( ၁၁ ) ပါး
၁။ ဆာလောင်မွတ်သိပ်မှု ကင်းအောင် တစ်ခုခုစားထားပါ၊
၂။ ကိုယ်ခန္ဓာနှင့် အ၀တ်အစား သန့် ပြန့် ပါစေ၊ ပုတီးစိပ်သောနေရာလည်း သန့် ရှင်းပါစေ၊
၃။ မိမိနှင့် သင့်လျော်သော အချိန်ကို ရွေးပါ။
၎။ နေရာစနစ်တကျယူပြီးမှ ပုတီးစိပ်အလုပ်ခွင်စပါ။
၅။ သရဏဂုံ သီလ ခံယူဆောက်တည်ပါ။
၆။ အနန္တငါးပါး ကန်တော့ပါ။
၇။ မေတ္တာပို့ ပါ။
၈။ မေတ္တာပို့ ပြီးနောက် ဘုရားပင့်ပါ။
၉။ ဘုရားကို မိမိခန္ဓာကိုယ်ကို လှုဒါန်းလိုက်ပါ။
၁၀။ ပုတီးစိပ်ရန် ကမ္မဋ္ဌာန်းတောင်းပါ။
၁၁။ မိမိတတ်နိုင်သလောက် အဓိဋ္ဌာန်ပြုပါ။

ပုတီးစိပ်စဉ် ကျင့်ဝတ် ငါးပါး
၁။ ကိုယ်ကို မတ်၍ တင်ပလ္လင်ခွေ၊ သို့ မဟုတ် ပုဆစ်ဒူးတုပ်ထိုင်ပါ။
၂။ ပုတီးကို လက်နှစ်ဖက်ဖြင့် ကိုင်စိပ်ပါ။
၃။ ယုံယုံကြည်ကြည်စိပ်ပါ၊ မိမိအနှစ်သက်ဆုံး အရာတစ်ခုခုကိုစိပ်ပါ၊ သမာဓိရရန်ကြိုးစားပါ။
၎။ ပုတီးစိပ်နေဆဲ ကာလမှာ အကျိုးတရားကို မျှော်လင့်သည့် လိုချင်စိတ် လုံးဝ မထားရပါ။
၅။ မဆိုင်သည့် စိတ်ကူးတွေ ၀င်လာလျှင် အမြန်ဖယ်ရှားပစ်ပါ။

“မောင်လို့ခေါ်ရင်ပြောမယ်”

“မောင်လို့ခေါ်ရင်ပြောမယ်”

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ ကောင်လေးကနောက်ကခုံမှာ အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကောင်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲ ကျကြတာ

ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး

ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ်ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ်

၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်“ ဟေ့.....နံပါတ်(၅) ပြောပြကြည့်“

“အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်““

မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်””အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာနာရီကြည့်တော့

မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ နော်

””ကောင်လေးကလည်းပြန်ပြောရှာပါတယ်““ မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ

ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး

နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့

နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး

နောက်လှည့် ပြီး

““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်

““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့အသံကိုမနဲချိုပြီး

““ မောင်.....ပြောပြပါနော် ......မောင်နော် ””

အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက

““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””

:P
:P
:P

မိန်းကလေးတွေရဲ့ဆန္ဒနဲ့ ရပ်တည်မှူ...။




“မောင်လို့ခေါ်ရင်ပြောမယ်”


တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ ကောင်လေးကနောက်ကခုံမှာ အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကောင်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲ ကျကြတာ

ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး

ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ်ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ်

၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်“ ဟေ့.....နံပါတ်(၅) ပြောပြကြည့်“

“အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်““

မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်””အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာနာရီကြည့်တော့

မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ နော်

””ကောင်လေးကလည်းပြန်ပြောရှာပါတယ်““ မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ

ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး

နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့

နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး

နောက်လှည့် ပြီး

““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်

““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့အသံကိုမနဲချိုပြီး

““ မောင်.....ပြောပြပါနော် ......မောင်နော် ””

အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက

““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””

:P
:P
:P


{ပုံပြင်လိုလိုပါ...။
ညီမလေးတစ်ယောက် မေးလ်ကနေ့ တဆင့်ပို့ လိုက်တာပါ။}

Friday, August 14, 2009

အဖြူရောင်လေး

မောရသုတ်


၁။ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
(ပူရင်တံ ဗောဓိသမ်ဘာရေ၊ နိတ်ဗတ်တံ မောရ့  ယောနိယံ)
ယေန သံဝိဟိတာရက္ခံ၊ မဟာသတ္တံ ၀နေစရာ၊
(ယေန့  သံဝိဟိတာရက်ခံ၊ မဟာသတ်တံ ၀နေစရာ)
၂။စိရသ၁ံ ၀ါယမန္တာပိ၊ နေ၀ သက္ခိံသု ဂဏှိတုံ။
(စိရတ်သံ ၀ါယမန်တာပိ၊ နေ၀့ သက်ခိမ်သု ဂန်ဏှိတုံ)
ဗြဟ္မမန္တန္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
(ဗြန်မ့မန်တန်တိ အက်ခါတံ၊ ပရိတ်တံ တံ ဘဏာမ့ဟေ)
၃။ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
(အုဒေတယံ စက်ခုမာအေက့ရာဇာ၊)
ဟရိသ၁၀ဏ္ဏော ပထ၀ိပ္ပဘာသော။
(ဟရိတ်သ့ဝဏ်ဏော ပထ၀ိတ်ပ့ဘာသော)
တံတံ နမသာမိ ဟရိသ၁ ၀ဏ္ဏံ ပထ၀ိပ္ပဘာသံ၊
(တံတံ နမတ္သာမိ ဟရိတ္သ့ ၀ဏ္ဏံ ပထ၀ိတ္ပ့ဘာသံ)
တယဇ္ဇ ဂုတ္တာ ၀ိဟာရေမု ဒိဝသံ။
(တယစ်ဇ့ ဂုတ်တာ ၀ိဟာရေမု ဒိဝသံ)
၎။ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
(ယေ ဗြန်မဏာ ဝေဒဂူ သပ်ဗ့ဓမ်မေ)
တေ မေ နမော တေစ မံ ပါလယန္တု။
(တေ မေ နမော တေစ့ မံ ပါလယန်တု)
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊
(နမတ်ထု ဗုတ်ဓာနံ, နမတ်ထု ဗောဒိယာ)
က္ကုမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
(အိမံ သော ပရိတ်တံ ကတ်တ၀ါ၊ မောရောစရတိ အေသနာ)
၅။အပေတယံ စက္ခုမာ ဧကရာဇာ၊
(အပေတယံ စက်ခုမာ အေက့ ရာဇာ၊)
ဟရိသ၁၀ဏ္ဏော ပထ၀ိပ္ပဘာသော။
(ဧရိတ်သ့ ၀ဏ်ဏော ပထ၀ိတ်ပ့ ဘာသော။)
တံတံ နမသာမိ ဟရိသ၁ ၀ဏ္ဏံ ပထ၀ိပ္ပဘာသံ၊
(တံတံ နမတ္သာမိ ဟရိတ္သ့၀ဏ္ဏံ ပထ၀ိတ္ပ့ဘာသံ၊)
တယာဇ္ဇ ဂုတ္တာ ၀ိဟာရေမု ရတ္တံ။
(တယစ်ဇ့ ဂုတ်တာ ၀ိဟာရေမု ရတ်တိမ်။)
၆။ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
(ယေ ဗြန်မဏာ ဝေဒဂူ သပ်ဗ့ဓမ်မေ)
တေ မေ နမော, တေစ မံ ပါလယန္တု၊
(တေ မေ နမော, တေစ့ မံ ပါလယန်တု)
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
(နမတ်ထု ဗုတ်ဓာနံ, နမတ်ထု ဗောဓိယာ၊)
နမော ၀ိမုတ္တာနံ, နမော ၀ိမုတ္တိယာ။
(နမော ၀ိမုတ်တာနံ, နမော ၀ိမုတ်တိယာ)
က္ကုမံ သော ပရိတ္တံ ကတွာ၊ မောရော ၀ါသမကပ္ပယိ။
(အိမံ သော ပရိတ်တံ ကတ်တ၀ါ၊ မောေ၇ာ ၀ါသ့ မ့ကပ်ပယိ)

မောရသုတ္တံ နိဋ္ဌိတံ
(မောရ သုတ်တံ နိတ်ထိတံ)

# {ဘုရားလောင်းသည်_ ဟိမ၀န္တာတော၊ ဟိရညဒဏ္ဍက တောင်တွင် ဥဒေါင်းမင်းဖြစ်ခဲ့စဉ်ဘ၀က
နေထွက်စ(အိပ်တန်းမှဆင်းချိန်) နှင့် နေ၀င်ချိန်(အိပ်တန်းသို့ တက်ချိန်) တို့ တွင် ရွတ်ဆိုခဲ့သော ဂါထာတော်ဖြစ်သည်။
မောရသုတ် ပရိတ်တရားတော်၏ တန်ခိုးအာနုဘော်တို့ ကြောင့်_စိုးရိမ်ခြင်းကင်းရခြင်း၊ ကြောက်ရွံ့ ခြင်းကင်းရခြင်း၊
အချုပ်အနှောင်(ကျော့ကွင်း)မှလွတ်ကင်းရခြင်း၊ အန္တရာယ်ကင်းရှင်းစွာဖြင့် နေထိုင်ရခြင်း စသည့်ကောင်းကြိုးချမ်းသာ
တို့ ကိုခံစားရသည်။} #

Photoshop(Download)

Photoshop.pdf
ပုံရိပ်များရဲ့ ဖွဲ့ စည်းပုံသဘာဝ အကြောင်းလေးတွေကို
ဖေါ်ပြထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။
လေ့လာကြည့်ပါ..။ အားလုံးပဲ အဆင်ပြေပါစေ။

ရီလေတီဗီတီ သီအိုရီ နှင့် အချိန်သဘောတရား ။


ရူပဗေဒပညာရှင် Albert Einstein ဟာ သူ့ ရဲ့ Theory of Special Relativity စာတမ်းကို 1905 ခုနှစ်မှာ ဖေါ်ထုတ်တင်ပြခဲ့တယ်။ အဲဒီစာတမ်းမှာ သိပ္ပံပညာရှင်တွေအပါအ၀င် သာမန်လူတွေရဲ့စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အချိန်၊ နေရာနဲ့  ရွေ့ လျားမှူဆိုင်ရာ အတွေးအခေါ် အတော်များများကိုတော်လှန် ပြောင်းလဲပစ်လိုက်တယ်။ _Einstein ဟာ သူ ရဲ့စာတမ်းမှာ အခြေခံကျတဲ့ အတွေးအခေါ် သုံးသပ်မှူ(၂) ခု ထည့်တွင်းခဲ့တယ်။ ပထမသုံးသပ်မှူက အရာဝတ္ထုတစ်ခုဟာ ဘယ်လောက် နှေးတယ်၊ မြန်တယ် ဆိုတာ၊
ရပ်နေသလား၊ ရွေ့ လျားနေသလား ဆိုတာတွေဟာ နှိုင်းရသဘောတွေသာလျှင်ဖြစ်တယ်။ ရောက်နေတဲ့ ရှူထောင့် အပေါ်တည်နေတယ်။ ဥပမာ_ရထားတစ်စင်းဟာတစ်နာရီကိုကီလိုမီတာ(၁၀၀)နှုန်းနဲ့ဘူတာပလက်ဖေါင်းတစ်ခုကိုဖြတ်အသွားမှာပလက်ဖေါင်းပေါ်မှာရပ်နေသူက ရထားဟာရွေ လျားနေတယ်လို့ မြင်မယ်။ ထိုနည်းတူ ရထားပြတင်းပေါက်က ကြည့်နေသူအနေကလည်း



ရထားကြီူကရပ်နေပြီး ဘူတာပလက်ဖေါင်းက ဖြတ်တက်သွားတယ်လို့  ခံစားရမယ်။ ဒီလိုပဲ_ရပ်နေတယ်လို့  ထင်ရတဲ့နေရာနဲ့ _ ရွေ
့လျားနေတယ်လို့  ထင်ရတဲ့နေရာမှာ သိသာမြင်သာတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြောင်းလဲမှူတွေလည်း ဘာတစ်ခုမျှ မဖြစ်တာကိုတွေ ရမယ်။
ဒုတိယသုံးသပ်မှူမှာကတော့_ ထူးဆန်းတဲ့ အကျိုးသက်မှူပါလာပြီ။
အလင်းအလျင်ဟာ တစ်စက္ကန့် မှာ ကီလိုမီတာ 300,000 (300,000 Km/second) ခရီးပေါက်နိုင်တယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ လူသားတွေသိထားတဲ့ နှိုင်းရရွေ့ လျားမှူ(relative motion) မှန်သမျှဟာ အလင်းနဲ့  နှိုင်းစာလိုက်ရင် ရွေ့ လျားမှူမရှိဘဲ ရပ်တန် နေသလိုမျိုး ဖြစ်သွားရတယ်။ အလင်းလွတ်ရာ နေရာတစ်ခုကနေ ဒုံးယာဉ်တစ်ခုစီးပြီး တစ်နာရီကို မိုင်သောင်းချီတဲ့နှုန်းနဲ့  ချဉ်းကပ်သည်ဖြစ်စေ၊ ဝေးရာဘက်ကို သွေဖယ်သည်ဖြစ်စေ ဖြစ်ရပ်နှစ်ခုစလုံးမှာ အလင်းမိမိထံ ရောက်ရှိလာချိန်ဟာ တူညီနေပါလားဆိုတာကိုတွေ ရတယ်။ Einstein ဟာဒီသဘောသဘာဝ သုံးသပ်ချက်တွေကို သင်္ချာပုံစံနဲ့ စုစည်းဆက်စပ် တင်ပြရင်း အချိန်နဲ သက်ဆိုင်တဲ့ ညီမျှခြင်းတစ်ခုကိုပါ ဖေါ်ထုတ်နိုင်ခဲ့တယ်။ အဲ့ဒီ Time Equation ကတော့_


ယခင်က လူတွေလက်ခံထားကြတာက အချိန်ဟာ မည်သည့်အရာပေါ်မှ မတည်ဘူး။ သူ့ ဘာသာသူ တဖြည်းဖြည်း၊ တရွေ့ ရွေ့ နဲ့ မှန်မှန်
ပြောင်းလဲနေတဲ့အရာ absolute time လို သတ်မှတ်ကြတယ်။ Einstein ရဲ့အချိန်ညီမျှခြင်းအရကတော့ အရာဝတ္ထု တစ်ခုရဲ့
အချိန်ဟာ သူရွေ့ လျားနေတဲ့ အလျင်နှုန်းအပေါ်မူတည်နေတယ်။ အလျင်နှုန်း များလေလေ အချိန်ဟာနှေးကွေးလာလေပဲလို့ 
ဖေါ်ပြနေတယ်။ ဒီနေ့ ကမ္ဘာပေါ်မှာ သွားလာနေတဲ့ ယာဉ်ရထားကနေ.. အာကာသသွားယာဉ်တွေအထိ အမျိုးမျိုးသော အလျင် relative motion ဖြစ်ရပ်တွေမှာ အချိန်နှေးသွားသလား၊ မြန်လာသလားဆိုတာဘယ်လိုမှမသိသာနိုင်သေးပါဘူး။_ဒါပေမယ့် အလင်းအလျင်နီးပါးနဲ့  သွားနေတဲ့ အရာဝတ္ထုတစ်ခုရဲ့ အချိန်ကတော့ ရပ်နေသလောက်နီးပါး နှေးကွေးသွားပါမယ်။ အလင်းအလျင်နဲ့  ညီတူဖြစ်ပြီဆိုရင်တော့ အချိန်ဟာ လုံးဝရပ်သွားလိမ့်မယ်လို့  Einstein ဟာသူရဲ့ Theory of Relativity စာတမ်းမှာ ဖေါ်ထုတ်တင်ပြခဲ့ပါတယ်။


Ref: Theory of Special Relativity ,
by Albert Einstein

St.Nicolas (OR) Santa Claus အကြောင်း


St.Nicolas သည် (၅)ရာစုလောက်က ခရစ်ယာန်ဘုန်းကြီးဖြစ်ပြီး (ယနေ့ တာကီ) အာရှအရပ်ဒေသတွင်နေထိုင်ခဲ့သည်မှတစ်ပါး သူ့ အကြောင်းအသေးစိတ်မသိကြပေ။
St.Nicolas (နီကိုလာစ်) နှင့်ပတ်သတ်သော ဒဏ္ဍာရီများ၊သူ၏ထူးခြားသောဖြစ်ရပ်များ နှင့် နာမည်ကျော်ဘုန်တော်ကြီးတစ်ပါးအဖြစ် အသ်အမှတ်ပြု့ ခံခဲ့ရကာ_ရုရှ၏တရားဟောဆရာ ဘုန်းတော်ကြီးအဖြစ်သိကြသည်။ ဒတ်ခ်ျ နိုင်ငံတွင် Nicolas ကို ဆင်တာကလော့(Sinter Claus) အဖြစ်သိကြသည်။ ဒတ်ခ်ျ မှ အမေရိကသို့ ပြောင်းရွှေ့ နေထိုင်သူတွေကနေ ဆန်တာကလော့(Santa Claus) ဟုပြောင်းလဲခဲ့ကြသည်။

ဂျာမနီကိုရောက်တော့ သူက ဇန်န၀ါရီဖခင်ကြီး (Father January) သို့ မဟုတ် ခရစ္စမတ်ဖခင်ကြီး (Father Christmas) ဖြစ်လာသည်။

* ( ဖတ်ခဲ့ဘူးသမျှထဲမှ မှတ်မိတာလေးပါ။ ဗဟုသုတ ရစေချင်လို့ ပါ...။)

Wednesday, August 12, 2009

အိပ်စက်ချိန် မခြွေတာသင့်သည့် အကြောင်းရင်း(၁၀)ခု



ကျန်းမာပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လိုသူများအနေနှင့် အိပ်ချိန်ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။ အိပ်ရေးမ၀သည့် အခြေအနေများသည် ကျန်းမာရေးအတွက် ဆိုးရွားသော အခြေအနေများ သက်ရောက်လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေးပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှုများအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်းကိုပါ ထိခိုက်လာစေနိုင်သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀)မှ သန်း(၇၀)ကြားအထိသည် အိပ်ရေးမ၀မှုကြောင့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဆရာဝန်များကဆိုသည်။
သုတေသန ပြုလုပ်မှုများအရ အိပ်ရေးမ၀ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ(၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ စစ်တမ်းများအရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သောသူများ သည် ပို၍ဝလာနိုင်ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကဆာလောင်စေသော ဟော်မုန်းများကို ပိုထွက်စေသောကြောင့် ဖြစ်သည်။

၂။ အိပ်နေစဉ်တွင်အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသောအစားများကို ကြိုက်နှစ်သက်သူများဖြစ်ကြပြီး ယင်းတို့မှာ အများအားဖြင့် အမျိုးသမီးများဖြစ်ကြသည်။

၃။ အိပ်ချိန်နည်းပါးမှုသည် ဆီးချိုဖြစ်နှုန်းနှင့် တိုက်ရိုက်အချိုးကျကြောင်းသိရသည်။

၎။ တစ်ညတွင် (၅)နာရီအောက်သာအိပ်သော အမျိုးသမီးများ၏ (၄၅)ရာခိုင်နှုန်း မှာနှလုံးရောဂါ ပိုမိုဖြစ်ပွားတတ်ကြောင်း သိရသည်။

၅။ အဝလွန်သူများ၊အိပ်နေစဉ် အသက်ရှူပိတ်တတ်သူများမှာ သွေးတိုးရောဂါဖြစ်ပွါးနှုန်း သာမန်ထက် မြင့်မားကြောင်း သိရသည်။

၆။ ယဉ်မတော်တဆမှုများ၏ (၂၀)ရာခိုင်နှုန်း မှာ အိပ်ငိုက်သော ယဉ်မောင်းသူများကြောင့် ဖြစ်ပါသည်။

၇။ အိပ်ရေးမဝသော သက်ကြီးရွယ်အိုများတွင် ရုတ်တရတ် လဲကျမှုနှုန်း (၂)ဆမှ (၄.၅)ဆအထိ မြင့်တက်ကြောင်း သိရသည်။

၈။ အိပ်ရေးမဝသော လူငယ်များတွင် စိတ်ကျရောဂါ ဖြစ်ပွါးမှုနှုန်း ပိုမိုကြောင်းသိရသည်။

၉။ အိပ်ရေးမဝသော ကလေးများတွင် ADHDဟုခေါ်သည့် အာရုံစူးစိုက်မှုမရှိ၊ ဂဏှာမငြိမ်ရောဂါ ပို၍ဖြစ်ပွားပါသည်။

၁၀။ တစ်ညတွင်(၅)နာရီအောက်သာ အိပ်သောသူများမှာ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲနှင့် ယျေဘူယျအားဖြင့် အသက်တိုတတ်ကြောင်း သိရှိရသည်။

အထက်ပါ အကြောင်းပြချက်များကြောင့် လူအများအနေနှင့် အိပ်ရေးပျက်ခံ အလုပ်လုပ်ခြင်းမျိုးကဲ့သို့ အပြုအမူများကို ရှောင်ကြဉ်သင့်ပြီး ကျန်းမာရေးနှင့် သင့်လျော်မည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းမျိုး ပြုလုပ်သင့်ပါကြောင်း ဆရာဝန်များက အတိအလင်း နှိုးဆော်ထားကြောင်း သိရသည်။

Tuesday, August 11, 2009

ညဥ့်အချိန်မတော် ... လှုပ်ခဲ့တဲ့ “ငလျှင်”


ထူးထူးချားချား သတင်းတစ်ခုပါ....

ရန်ကုန်မြို့ _လှိုင်သာယာမြို့နယ် ရဲ့ ညဥ့်အချိန်မတော် လှုပ်သွားတဲ့ ငလျှင်သတင်းပါ...
ဒီကနေ့ မနက်လို့ ပဲပြောရမှာပေါ့....August 11,2009 (Tue)
အချိန်က မနက် 2:40 ( ညဥ့် 2း40 ) လောက်ကပေါ့...
5 မိနစ်လောက်တော့ ကြာမယ်ထင်တယ်...
လူ တော်တော်များများတော့ အိပ်ပျော်နေပြီထင်ပါရဲ့
အဲ့ဒီအချိန်မှာ..ကျနော်ကတော့ Upload လုပ်နေတုန်းပဲ

သတိလေးတွေထားပြီးအိပ်ကြပါ...
ရာသီဥတု နဲ့  သဘာဝဘေးအန္တရာယ် တွေကအချိန်မရွေးကျရောက်နိုင်တယ်နော်...
တော်ကြာ...အိပ်ပျော်နေလို့ ဆိုပြီး
ကျော်မကောင်း...ကြားမကောင်းတွေ ဖြစ်ကုန်မယ်


ဒီဖြစ်ရပ်ကလေးကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရ သူများ...

ဖျတ်မိသွားတာတွေကို အလွယ်တကူ Recovery ယူမယ်

Delete လုပ်မိသွားတဲ့ ဖိုင်တွေကို အလွယ်တကူ ပြန်ရှာလို့ ရတဲ့ ပေါ့ပေါ့ပါးပါး software လေးတစ်ခ်ုပါ်။ ကြာတယ် လေးတယ်၊ သာမာန်ဖိုင်လေးတစ်ခု မှားဖျတ်မိလို့ ချက်ချင်းပြန်လိုချင်ပါတယ်ဆို သူ့ software က လေးနေတာနဲ့ စိတ်ဓါတ်ကျသွားတယ်။ ပြန်ကို မရှာချင်တော့ဘူးဖြစ်သွားတယ်။အခုsoftwareလေးက တော်တော်လေးကောင်းတယ်။မြန်တယ် လွယ်တယ်၊ လှတယ်၊ တကယ်လည်း ချက်ခြင်းကို ပြန်ရှာပေးနိုင်တယ်။ ဒါပေမယ့် NTFS format အတွက်ပဲ ရှာလို့ရမှာဖြစ်ပါတယ်။ အခု ခေတ်မှာတော့ windows သုံးတဲ့ လူတိုင်း NTFS ဖြစ်နေမှာပါ။ အဲဒီအတွက် အရမ်း အသုံးဝင်ပါတယ်။ ပိုအဆင်ပြေတာက portable ဗျ ။ ဆိုဒ်ကလည်း 2 Mb ထဲ ရှိတာဆိုတော့ သိမ်းထားရ အဆင်ပြေတယ်လေ။ Shift+Delete နှိပ်ပြီး မှားဖြတ်မိတာပဲ ဖြစ်ဖြစ်၊ recycle bin ကို clear လုပ်မိတာပဲ ဖြစ်ဖြစ်ပေါ့၊ ပြန်လိုချင်တယ်ဆိုရင် အောက်က .. အတိုင်းလေး အလွယ်တကူ ပြန်ယူရုံပဲဗျ။ အရမ်းအဆင်ပြေပါတယ်။


smart.NTFS.Recovery_4.1

သူက Portable ပဲ ဖြစ်လို့ .exe ဖိုင်တစ်ခုထဲပါပါတယ်။ အဲဒါလေးကို run လိုက်တာနဲ့ အပေါ်ပုံမှာ ပြခဲ့သလို မြင်ရမှာပါ။ မိမိမှာ ခွဲထားသမျှ partitions တွေကို ပြပေးမှာပါ။ ဘယ်အပိုင်းက ဖျတ်မိတာကို ပြန်ယူမလဲပေါ့။ အဲဒါလေးကို ရွေးပေးနိုင်ပါတယ်။



နောက်တစ်ခုက ဘာဖိုင်အမျိုးအစားကို ပြန်ရှာချင်တာလဲပေါ့။ အားလုံးရှာမယ်ဆိုရင်တော့ အပေါ်ဆုံးက All files ကိုပဲ ရွေးပေးလိုက်လို့ရပါတယ်။



အားလုံးရွေးပြီးပြီဆိုရင် Find ကို နှိပ်ပြီး ရှာလိုက်ရုံပါပဲ။



အရမ်းမြန်ပါတယ်။ သူရှာလို့ ပြီးတာနဲ့ အောက်ပါအတိုင်း တွေ့ထားတာတွေကို box ကြီးနဲ့ လာပြပါတယ်။



Restore မိမိ ပြန်ယူမယ့် ဖိုင်တွေကို check ပေးပြီး Restore ကို ပြန်နှိပ်ပေးရုံပါပဲ။ Desktop ပေါ်မှာ Files နာမည်နဲ့ ဖိုဒါတစ်ခု ထဲ ရောက်နေမှာ ဖြစ်ပါတယ်။



တကယ်လို့ Recovery Tool တွေနဲ့ပါ ရှာလို့ မရစေချင်ဘူး ဆိုရင်တော့ Wipe ကို နှိပ်ပြီး ထပ်ဆင့် ဖျတ်ပေးလိုက်ပေါ့ဗျာ။ ဒါဆို တကယ် ရှာမတွေ့နိုင်တဲ့ ဖိုင်တွေဖြစ်သွားပါပြီ။



အသုံးဝင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တကယ်ကို ကြိုက်လို့ အသုံးတည့်တာမို့လို့ တင်ပေးတာ ဖြစ်ပါတယ်။ ကွန်ပျူတာ အသုံးပြုသူတိုင်း မှားဖျတ်တတ်ကြတာဖြစ်လို့ ၊ ခဲတံနောက်မှာ ခဲဖျတ် တပ်ထားသလို ၊ မိမိကွန်ပျူတာမှာလည်း Smart.NTFS.Recovery လေး သိမ်းထားသင့်ပါတယ်။ သုံးကြည့်လိုက်ကြပါဦး။

Monday, August 10, 2009

အချက်အလက်လုံခြုံရေးအတွက် Permission ပေးနိုင်ဖို့



ဘယ်လိုနေရာမှာမဆိုလုံခြုံရေး ဟာအရေးပါလှပါတယ်။ နည်းပညာနယ်ပယ်ထဲမှာလည်းအခြားသောနေရာ တွေလိုဘဲ လုံခြုံရေးဟာအရေးပါ တာကိုတွေ့မြင်ရကြားသိရမှာပါ။ ကိုယ်ရေးကိုယ်တာတွေနဲ့လုပ်ငန်းဆိုင်ရာအချက်အလက်တွေ ကိုယနေခေတ်မှာကိုယ့်ရဲ့ကွန်ပျူတာတွေအ တွင်းစုပြီးထည့်ထားတာကြောင့် ဘယ်သူကမှကိုယ့်ရဲ့အချက်အလက်တွေကို တစ်ပါးသူတွေယူဆောင်သွားမှာလိုလားကြမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့်ဘယ်သူတွေဘယ်လောက်သုံးခွင့်ရမယ်ဆိုတဲ့ ခွင့်ပြုချက် Permission တွေကိုခွဲခြားထားသင့်ပါတယ်။

ကွန်ပျူတာအတွင်းမှာတော့ Permission ကို ပေးရာမှာ account အလိုက်ခွဲခြားပြီးတော့ဘဲပေးနိုင်မှာဖြစ်ပါတယ်။ FAT 32 မှာတော့ Folder အဆင့်ထိသာ Permission ကိုပေးနိုင်ပြီး NTFS မှာတော့ file အဆင့်အထိ Permission ကိုပေးနိုင်ပါတယ်။ NTFS Folder Permission တွေမှာတော့ 1- Read, 2- Write, 3- List folder Contents, 4- Read & Execute, 5- Modify, 6- Full Control ဆိုပြီးခြောက်ခု ရှိပါတယ်။ NTFS File Permission မှာ တော့ 1-Read, 2-Write,3- Read&Execute, 4-Modify နဲ့ 5- Full Control ဆိုပြီးငါးခုသာရှိပါတယ်။ - Read u Read-Only, Hidden, Archive နဲ့ system တို့လို Folder ထဲကဖိုင်တွေနဲ့ Subfolder တွေကိုမြင်တွေ့ခွင့်ပေးမယ်လို့ဆိုတာဖြစ်ပါတယ်။ - Write ကတော့ Folder ထဲ မှာဖိုင်တွေကိုအသစ်ဖန်တီးခွင့်နဲ့ subfolder တွေကိုဖန်တီးခွင့်ပေးမယ်လို့ဆိုတာ ဖြစ်ပါတယ်။ ပြီး တော့ folder attribute တွေကိုပြုပြင်ခွင့်၊ Folder ownership ကို ကြည့်ရှုခွင့်ရမယ်လို့ဆိုတာပါ။ - List Folder Contents ဆိုတာကတော့ Folder ထဲမှာရှိတဲ့ ဖိုင်တွေနဲ့ subfolder တွေရဲ့အ မည်ကိုမြင်တွေ့ သာရမှာမယ်လို့ဆို တာပါ။ - Read & Execute Permission မရှိတဲ့ဖိုင်တွေကိုရော၊ Folder တွေကိုပါကြည့်ခွင့်ရမယ် လို့ဆိုတာပါ။ - Write permission နဲ့ Read & Execute Permission တွေရှိတဲ့အပြင်ဖျက်ခွင့် Delete ပါ လုပ်ခွင့်ရမယ်လို့ဆိုတာပါ။ - Full Control ကတော့ Change prmission, Owner ship ကိုပြောင်းခွင့် Folder နဲ့ဖိုင် ကိုဖျက်ခွင့်နဲ့အခြားသော Permission တွေကိုပါအားလုံးရမယ် လို့ဆိုတာဖြစ်ပါတယ်။ Permission ကိုပေးတော့မယ် ဆိုလျှင်တော့ Folder တစ်ခုကိုဖွင့် ပြီး Tools menu ထဲမှာက Folder Options ကို click ခေါက်ပြီး Views ကို click ခေါက်ပေးရမှာပါ။ ပြီးတော့ Advanced settings ဆိုတဲ့ box ထဲမှာရှိတဲ့ Use Simple file sharing (Recommended) ကို click ခေါက်ပြီး အစိမ်းရောင်အမှတ်ကလေးကို ဖြုတ်ပစ်ရမှာဖြစ်ပါတယ်။ ပြီးလျှင်တော့ Apply နဲ့ OK ကို click ခေါက်ပေးရပါလိ့မ်မယ်။ အဲဒီလိုလုပ်ပြီးတဲ့အခါမှာတော့ Permission ပေးချင်တဲ့ Folder သို့မဟုတ် ဖိုင်ကို right click ခေါက်ပြီး dialog box ပေါ်လာ လျှင် Properties ကို click ခေါက်ပေးလိုက်ပါ။ အဲဒီအခါမှာ tap တွေထဲမှာ Security tap ကိုမြင်ရမှာဖြစ်ပါတယ်။ Security tab ကို click ခေါက်ပါ။ Group or user names ထဲမှာထည့်ချင်တဲ့ user တွေကိုထည့်ပြီးပေးချင်တဲ့ Permission ကို check box မှာ click ခေါက်ပြီးပေးပါ။ ဖယ်ချင် တဲ့ user တွေကိုရွေးပြီး remover လုပ်ပါ။ Advanced ထဲကို ၀င်ပြီး တော့ Add နဲ့ပြုပြင်ခြင်း(Edit) နဲ့ Remove ကိုလည်းပြုလုပ်နိုင်ပါ တယ်။ Advanced ထဲရှိ tap လေးခုထဲကအရှေ့ဆုံး tap ဖြစ်တဲ့ permissions ရဲ့အောက်မှာတော့ check box နှစ်ခုရှိပြီးအပေါ်က check box ထဲကအစိမ်းရောင် အမှတ်ကလေးကို click ခေါက်ပြီး check box ဖြုတ်ခဲ့လျှင် Permission entries ထဲရှိ Permission ပေးထားတဲ့သူတွေကို copy လုပ် နိုင်တာနဲ့ Remove ပြုလုပ်နိုင်တာတို့ကို ရွေးချယ်ခွင့်ရမှာပါ။ ဘာမှမလုပ်ချင်လျှင် Cancel ကို click ခေါက်ပါ။ Remove လုပ်ခဲ့လျှင် Permission entries ထဲရှိ အရာအားလုံးကိုဖယ်ရှားပေးမှာဖြစ် ပြီး permission ပေးချင်သူတွေကို သာထည့်ပေးလို့ရပါတယ်။ Owner ဆိုတဲ့ tap ထဲမှာ တော့ folder သို့မဟုတ်ဖိုင်ကိုပိုင်ဆိုင်ခွင့်ရသူကိုဖော်ပြပေးမှာဖြစ်ပြီး ပြောင်းချင်လျှင် Change owener to အောက်က user သို့ မဟုတ် Group ကိုရွေးပြီး Replace owner on subcontainers and objects ကို click ခေါက်ပြီး ok ကို click ခေါက်ခဲ့လျှင် ပိုင်ရှင်ပြောင်းသွားမှာဖြစ်ပါတယ်။ Effective Permissions tap ထဲမှာတော့ Permission တွေ အတွက် user တွေနဲ့ Group တွေကိုရွေးချယ်ခွင့်ရမှာဖြစ်ပြီး Select ကို click ခေါက်ကာ Select user or Group ဆိုတဲ့ window ပေါ်လာလျှင် Advanced ကို click ခေါက်ခါ find now ကို click ခေါက်ပြီးရွေးချင်တာကို ရွေးချယ်ကာ ok ကိုနှစ်ခါခေါက်ပြီး ထွက်ပေးပါ။ Effective Permission tap ထဲကိုရောက်လျှင် ok ကိုခေါက်ပါ။ ပြီးလျှင် ok ကို ထပ်ခေါက်ပြီးထွက်ပေးပါ။

CARTOON ( ကာတွန်း)

အခုခေတ်နဲ့ တော်တော်အဆင်ပြေတဲ့ ကာတွန်းလေးတွေပါ။
တွေးကြည့်ပေါ့....။



ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ (သို့ ) နိုင်ငံတော်သီချင်း


ခြေဆင်း_တရားမျှတ လွတ်လပ်ခြင်းနဲ့  မသွေ
တို့ ပြည် တို့ မြေ။
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ 
ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ ပြည်
တို့ ပြည် တို့ မြေ။
ပြည်ထောင်စု့ အမွေ အမြဲတည်တံ့စေ
အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့ လေ။

( ကမ္ဘာ မကျေ၊ မြန်မာပြည်
တို့ ဘိုးဘွား အမွေစစ်မို့ 
ချစ်မြတ်နိုးပေ။ )

ပြည်ထောင်စုကို အသက်ပေးလို့ 
တို့  ကာကွယ်မလေ
ဒါတို့ ပြည်၊ ဒါတို့ မြေ တို့ ပိုင်နက်မြေ။
တို့ ပြည်၊ တို့ မြေ အကျိုးကို
ညီညာစွာ တို့ တစ်တွေ
ထမ်းဆောင်ပါစို့ လေ
တို့ တာဝန်ပေ
အဖိုးတန် မြေ။

Saturday, August 8, 2009

မျက်စိဖွင့်ပြီး အိပ်ကြသူများ...


နေမင်းက ခေါင်းပြူကြည့်

နံနက်ခင်း ဆိုတာကိုပေးသိပေမယ့်

အိပ်မက်တွေတခမ်းတနားနဲ့

ငါ တို့တွေ မနိုးတမ်းအိပ်ခဲ့ကြတယ် …။


နောက်မကျဖို့အရေးကြီးတယ်တဲ့

အော်ခေါ်သံအဟောင်းတွေကြားမှာ

နာရီတွေပြောင်းပြန်လည်

ငါတို့ ဘယ်အချိန်ထရမလဲကွယ် …။


နံနက်ခင်းမပါတဲ့ နေ့ရက်တွေထဲက

ကျနေဆဲနေရောင်မှာ

ဘာဒဏ်ရာတွေ ပါလာဦးမှာလဲ

လျှောက်နေကြလမ်းတွေကရော

ဘယ်လို မာယာတွေထဲမျောဦးမှာလဲ …။


အဲဒါတွေထားလိုက်ပါ...

မရှိခြင်းတွေက မွေးဖွားတဲ့

မသိခြင်းတွေများစွာနဲ့ အိပ်

ငါတို့ရဲ့ ညတွေကတော့ …

အလင်းတွေကို ဘေးချပြီး တိတ်ဆိတ်လို့ …။

အချစ် …. ….. ဘဝ



တစ်နေ့မှာ “ပလေတို” က ဆရာဖြစ်သူ “ဆိုကရေးတီး” ကို အချစ်ဆိုတာ ဘာလဲလို့ မေးသတဲ့။ ဆိုကရေးတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။ ဆိုကရေးတီးရှေ့ရောက်တော့ “အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်” လို့ ပြောတော့ ဆိုကရေးတီးက “အဲတာ အချစ်” လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေးတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

“ဒါက အကောင်းဆုံး ထင်းရူးပင်လား” လို့ ဆိုကရေးတီးက မေးတော့ “တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ” လို့ ပြန်တော့ ဆိုကရေးတီးက “အဲတာ လက်ထပ်ခြင်း” လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေးတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

“ဒါက အလှဆုံး ပန်းလား” လို့ ဆိုကရေးတီးက မေးတော့ “၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်” လို့ ပြောတော့ ဆိုကရေးတီးက “အဲတာ တိတ်တိတ်ပုန်း” လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေးတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေးတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေးတီးက လိုက်ရှာတော့ တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

“အလှဆုံးပန်းကို ရှာတွေ့ပြီလား” လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး “ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား” လို့ မေးတယ်။

“ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ”

“ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။ ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ”

“အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ” လို့ ဆိုကရေးတီးက ပလေတိုကို ပြောခဲ့တယ်။