Wednesday, September 30, 2009

့HDD- ရဲ့ Bad sector ကို ဘယ်လို Fixed လုပ်မလဲ


HDD ရဲ့ bad sector ကို fixed လုပ်ဖို့အတွက်ဆိုရင်တော့_

* My computer ကို ဖွင့်လိုက်ပါ . ပထမဦးဆုံး C:/ ကို right click နှိပ်ပါ .
* properties >> Tools ကို ရွေးလိုက်ပါ ..
* Error-checking အကွက်က check Now ကို နှိပ်လိုက်ပါ ..
* Automatically fix file system errors နှင့်
Scan for and attempt recovery of bad sectors ရှိတဲ့အထဲက
Scan for and attempt recovery of bad sectors ဆိုတာကို အမှန်ခြစ် ပေးလိုက်ပြီး start ရွေးပေးလိုက်ပါ .. သူ့ဟာသူ
Scan ဖတ်ပြီး စစ်ဆေးနေပါလိမ့်မယ် .
*(4) ဆင့် စစ်ပါလိမ့်မယ် အဲ့ဒါပြီးသွားရင်_
OK ပေးလိုက်ပါ... ပြီးတာနဲ့ ကွန်ပျူတာကို_ restart လုပ်လိုက်ပါ... .
အဆင်ပြေသွားပါလိမ့်မယ် .

HJSplit ဖြင့် ဖိုင်ဖြေနည်း ..(ဒီမှာဒေါင်းပါ)

ပထမဦးဆုံး Program ကို အရင် Download လုပ်လိုက်ပါဦး . အရင်က ဒီပို့စ်မှာ တင်ထားပေးပါတယ် . Download လုပ်ပြီးတာနဲ့ အောက်ကပုံအတိုင်း ကိုဖြေမယ့်ဖိုင်တွေကို တစ်နေရာတည်းမှာ စုထားလိုက်ပါ .. ပုံနဲ့တစ်ပုံချင်းစီပြထားပါတယ် ....။




Monday, September 28, 2009

“ ခြားနားခြင်းမဲ့ သီအိုရီများ ”




စစ် ။
တစ်ဘက်နှင့် တစ်ဘက်
ညှာတာကင်းမဲ့ တရားပျက်သုန်း
ကြင်နာဗလာ အနိုင်အရှုံးကြား
သူနိုင် ကိုယ်နိုင်
အပြိုင်အဆိုင် ရင်ဆိုင်နွှဲကြ
နှလုံးသွေး ပွက်ပွက်ယို
အမုန်းလေး ဆက်ဆက်ပြို........။

အချစ် ။
စစ်ဖြစ်စေဖို့  လုံလောက်စေသည်
ရန်သူမဟုတ်လည်း လက်နက်တွေပြင်
ဓားတွေဆင်လို့  စစ်တစ်ခုနယ်
တိုက်ပွဲဝင်သည်။
သမုဒယတွေယိုင်လဲ နှလုံးသားတွေဖယိုဖရဲ
အချစ်စစ်တို့ သည် အကွဲအပြဲ........။

စစ်နှင့်မခြား ချစ်တိုက်ပွဲကြား
နှလုံးသားတွေ မွမွကြေ၍
သမုဒယ မြေမကျအောင်
သတိဖြင့်သာ တွန်းကန်ထားမည်
အားတင်းထားစမ်း သူငယ်ချင်း.......။


HboneKyaw

Sunday, September 20, 2009

ဂဏန်းဗေဒင်

ဗေဒင်ပညာဆိုတာ...
လူသားတွေ ကိုးကွယ်မှူကိုမတွေ့ ရှိခင်ကတည်းက...
နိမိတ်တွေကို ပုံဖေါ်ခဲ့ကြရာကနေ စပြီး တည်ရှိလာခဲ့တာပါ။
ဒါကြောင့်မို့ ... ဗေဒင်ပညာရဲ့သက်တမ်းဟာလည်း ခန့် မှန်းရမလွယ်လှပါ။
တကယ်တော့... ဗေဒင်ပညာဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ခန့် မှန်းပြီးပြောရတာမို့ 
ရာနှုန်းပြည့် မှန်ဖို့ ဆိုတာတော့ သိပ်တော့မလွယ်ပါဘူး။ တစ်ချို့ လူတွေထင်နေသလို...
လိမ်ညာနေတဲ့ ပညာတော့ မဟုတ်ပါဘူး။ သူ့ အတိုင်းအတာနဲ့ သူတော့ ရပ်တည်မှူတစ်ခုတော့ရှိပါတယ်...။
ဟောပြောတဲ့သူတွေရဲ့ တတ်မြောက်ကျွမ်းကျင်တဲ့ အတိုင်းအတာပေါ်မူတည်ပါတယ် ။
ဘာတွေဘယ်လိုဖြစ်နေပါစေ... လူအယောက်တစ်ရာမှာတော့ ၇၅% လောက်ကတော့ ဗေဒင်ပညာကို သက်ဝင်ယုံကြည်ကြပါတယ်။
( အထူးသဖြင့်... အမျိုးသမီးတွေပေါ့နော် )
စိတ်ဝင်စားသူများ ... လေ့လာစမ်းသပ်ကြည့်ပါ။

Saturday, September 19, 2009

မြန်မာပြည်မှာအသုံးပြုခဲ့တဲ့ ငွေကြေးများ

Currency: Rupee













.............................................................................................
Colonial Government's Paper Money













.............................................................................................

“အခုခေတ်မှာတွေ့ ဖူးမြင်ဖူးတဲ့ သူတွေလဲအတော်ရှားပါးသွားပြီလို့ ထင်ပါတယ်။
ကျွန်တော်တို့ လဲမတွေဘူး မမြင်ဘူးတာတွေပါတယ်။
ဗဟုသုတ ရစေချင်လို့ ပါ။ ”

Friday, September 18, 2009

အမေ့ရဲ့...မေတ္တာ



ငွေလ၀န်းရဲ့ အလင်းအိမ် မှေးမှိန်တဲ့အခါရှိပေမယ့် ...
အမေ့မေတ္တာ သာယာနေမှာအမြဲပါ။

အမြဲစီးတဲ့စမ်းချောင်းလည်း ခမ်းခြောက်တဲ့အခါရှိပေမဲ့ ...
အမေ့မေတ္တာ စီဆင်းနေမှာအမြဲပါ။

သုံးရာသီမှာပွင့်တဲ့ပန်းတွေလည်း ညှိုးနွမ်းတဲ့အခါရှိပေမဲ့ ...
အမေ့မေတ္တာ လန်းဆန်းနေမှာ အစဉ်အမြဲပါ။

မသေချာတဲ့လောကထဲ မသေချာခြင်းတွေရှိနေပေမဲ့ ...
အမေ့မေတ္တာသေချာနေမှာ အစဉ်အမြဲပါ။

hbonekyaw

မိဘဂုဏ်(၁၂)ပါး



မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

ဂုဏ်တွေသိတော့ပိုပြီးလေးစားတက်လာတာပေါ့။

( မေမေကို... သတိရမိလို့ ပါ။ မိဘတို့ ရဲ့ ဂုဏ်ကျေးဇူးတော်တွေကို သေသေချာချာ
သိလိုက်ရတော့ ... “အန္တမေတ္တာရှင်” တွေရဲ့ နက်ရှိုင်းလှတဲ့ မေတ္တာတရားတွေကို
ပိုပြီးလေးစား ၊ နားလည် ၊ ခံစား မိလာတယ်။ အဝေးတနေရာကိုရောက်နေပေမယ့် ထာဝစဉ်
ဦးထိပ်ပန်ဆင် ကန်တော့လျက်ပါ ... “မေမေ” ။)

Monday, September 14, 2009

“အတ္တလွတ်မြောက်ရာနယ်မြေ”


သူငယ်ချင်း
မင်းတွေးထင်ကြည့်
တို့ငယ်စဉ်ကသင်အံရသည်
အနန္ဒသူရိယ
ရေးဖွဲ့အပ်သည့် သံဝေဂလင်္ကာ
ကြားယောင်လာပြီး
စိတ်မှာစွဲငြိ
သတိသမ္ပဇဉ်အတွေးဝင်ခဲ့


ရွှေအိမ်နန်းနှင့်ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်
စည်းစိမ်မကွာမင်းချမ်းသာကား
သမုဒ္ဒရာထက်
ခဏတက်သည့်ရေပွက်ပမာ
တစ်သက်လျာတည်းတဲ့


သူငယ်ချင်း
မတည်ငြိမ်ခြင်းမမြဲခြင်းကို
ရင်တွင်းငြိအောင်

သတိဆောင်ဖို့
ပုံဆောင်ညွှန်ကြား
သည်စာသားကိုမင်းလည်းနားလည်
ငါနားလည်ခဲ့

သူငယ်ချင်း
မင်းမြင်အောင်ကြည့်
အပုပ်ကောင်ကရုပ်ဆောင်ပြပြီး
ဟုတ်လှပြီထင်
လူ့ဘ၀င်ကို
ဆင်ခြင်တုံဘိ

ပညာရှိသည်သတိနှင့်ယှဉ်
ဥာဏ်ဖြင့်မြင်လော့
လူနှင့်လူချင်း
ပေါင်းဖေါ်ခြင်းတွင်
ရင်တွင်းမေတ္တာဂရုဏာထား
ဆက်ဆံငြားမှ
အများလူတွင် ဘ၀င်ငြိမ်းချမ်း
ရွှင်ကြည်လန်းလိမ့်


နိမ့်လျှင်လှံစိုက်

မြှင့်လျှင်ကြိုက်သည့်
စရိုက်ဥာဉ်ဆိုးရိုက်ပယ်ချိုးပြီး
ကိုယ်ကျိုးစွန့်ကာလက်တွဲပါမှ
သာယာရွှေပြည်
ရောက်လေမည်မှာ
မလွှဲပါတည်း

(တော်ဝင်နန်း)

Friday, September 11, 2009

လူ


ရင်ထဲမှာ ဘာမှမရှိဘူး
(ဒါပေမယ့်) ---
တခုခု ရှိနေတယ်ဆိုတဲ့
အသိက ရှိတယ်။
အဲ့ဒီ ရှိခြင်းဟာ
မရှိခြင်းက လာတယ်....ဆိုတဲ့
အသိတရားတချို့ လည်း ရှိတယ်။

လူဟာ...
လူတောထဲ ၀င်ဆန့် ဖို့ 
ရိုးသားမှု အရေခွံတွေ
ခွာပစ်ဖို့ လိုတယ်
အပေါ်ယံ သကြားဖြူးထားတဲ့

လူမူရေးပညာ တတ်မြောက်ရမယ်
ယုန်သူငယ် နားစေးတဲ့နည်း
သိဖို့ လိုတယ်။
ဘောလီဘောလည်း ပုတ်တတ်ရမယ်။
ဘက်စကက်ဘောလည်း ပင့်တင်တတ်ရမယ်။
ဘ၀အတွက်--- ကျားကွက်ရွေ့ တတ်ရမယ်။
ဝင်္ကပါလို ကွေ့ ကောက်နေရင်တော့
အလှဆုံးပေါ့။
အဲ့ဒီတော့ကွယ်---ကိုယ့်ရဲ့ သိခြင်းနဲ့ ရှိခြင်းတွေအတွက်

ကိုယ့်လိပ်ပြာကိုယ် အားနာမိတယ်။

တကယ်တော့
ဘ၀ဆိုတာ
အနိမ့် အမြင့် မညီမျှတဲ့ 
တောင်တန်းပြာလို
အလှမျိုးနဲ့  လှနေခဲ့တာလေ။ ။

တော်ဝင်နန်း

Sunday, September 6, 2009

The Windows XP Welcome Screen

The Windows XP welcome screen is what you will most probably see when you power-up your Windows XP computer.



If your Windows XP welcome screen won't come up when you start your computer, your Windows is probably set to show the "logon screen" at startup.



You can easily switch between the welcome screen and the "logon screen" :

* Click the Start button
* Select "control panel"
* Select "user accounts"
* Select "Change the way users log on or off"
* (Un)check the "Welcome Screen" option
* Click "Apply options"

The next time you log on to your computer, you will logon through the welcome screen.


တစ်ခါတစ်လေမှာတော့ အသုံးဝင်မှာပါ။
#မသိသေးတဲ့ သူများအတွက်ပါ။#

Saturday, September 5, 2009

Manage Visual Effects

Theme လှလှလေးတွေ run ပြီး ပြဿနာ တက်တယ်။ Theme တွေ ရှာပြီး Run တယ်။ ပြီးတော့ ဘာတွေလုပ်မိမှန်းမသိပဲ Windows Classic Style ပဲပေါ်တော့တယ်။ ပြန်ပြောင်းလို့လည်း မရတော့ဘူး ။ အဲလိုဖြစ်လာရင် ပြန်ပြင်လို့ရတဲ့နည်းလေးပါ။
My Computer ကို R-Click လုပ်ပြီး Properties ကိုသွားပါ။



System Properties ရဲ့ Advanced ဆိုတဲ့ Tab ထဲက _ Performance ရဲ့ Settings ကို Click နှိပ်ပါ။



Performance Options က Visual Effects tab ကို ရွေးပြီး Custom ကို နှိပ်လိုက်ပါ။



အဲဒီထဲမှာပါတာလေးတွေ ဖတ်ပြီး အားလုံးကို check ပေးလိုက်ပါ။ ဒါမှ မဟုတ် တစ်ခုခြင်းဖတ်ကြည့်ပြီး စမ်းကြည့်လို့လည်းရပါတယ်။ check ပေးလိုက် OK ကို နှိပ်ပြီး ဘာပြောင်းလဲ ကြည့်လိုက် ။ အဲလိုစမ်းလို့လည်း ရပါတယ်။ ဘာပြဿနာမှ မရှိပါဘူး ။ Windows Classic Style ပဲပေါ်တော့တာ ဆိုရင်တော့ အားလုံး check ပေးလိုက်ပါ။ ပြီးရင် Desktop မှာ R-Click လုပ် Properties နှိပ်ပြီး Appearance မှာ Window XP Style ပြန်ပြောင်းပေးလိုက်ပါ။ အဲဒါဆိုရင် ပုံမှန်ပြန်ဖြစ်ပါပြီ။

တကယ်လို့ VGA က မလိုက်နိုင်လို့ စက်ကို ပေါ့အောင် မြန်အောင် သုံးချင်ရင်တော့ Performance Options က Visual Effects tab ကို ရွေးပြီး Adjust for best performance ကို နှိပ်ပေးလိုက်ပါ။ အားလုံး unchecked ဖြစ်သွားပါမယ်။ မလှတော့ပေမယ့် သိသိသာသာ သုံးရမြန်လာပါလိမ့်မယ်။




“လှတာလေးတွေကြောင့် ဒုက္ခတွေဖြစ်တတ်ကြပါတယ်...။
ဒါကြောင့်... အလှကြိုက်တဲ့ ဘော်ဒါတွေအတွက် ဒုက္ခမရောက် ရအောင်ပါ။”
အဆင်ပြေလား.......................

Folder နဲ့  Drive ကို D_Click နှိပ်လို့  Open နဲ့ မပွင့်ရင်

အောက်က ပို့စ်မှာ ပြောခဲ့တာကို စမ်းလုပ်ကြည့်လိုက်ပါ။ File Folder ကိုရော၊ Drive ကိုရော icon ပြောင်းလိုက်လို့ D-Click နိုပ်ရင် Open မဖြစ်တော့ပါ search ဆိုပြီး ဖြစ်နေပါတယ်။ Folder ကို အောက်ပါနည်းအတိုင်း ပြန်ပြင်နိုင်ပါတယ်။
Run မှာ regedit လို့ ရေးပြီး Registry Editor ကို ၀င်ပါတယ်။ အောက်ပါ D Tree အတိုင်းသွားပါတယ်။
HKEY_CLASSES_ROOT\ Directory\ shell
shell ကို click ပြီး ညာဘက်ကပေါ်လာတဲ့ သူ့ရဲ့ Default ဆိုတဲ့ item လေးကို D-Click ပေးပြီး Value ကို none လို့ရေးပေးလိုက်ပါတယ်။ ဒါဆို Folder က အဆင်ပြေသွားပါပြီ။



Drive ကို ပြောင်းမိလို့ search နဲ့ ပွင့်နေရင် Run မှာ အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။
regsvr32 /i shell32.dll
အဲလိုရေးလိုက်ရင် အောက်ပါအတိုင်း Alert ပေါ်လာပါမယ် ။ Ok ပေးလိုက်ပါ။



Drive က Open (explorer) နဲ့ ပြန်ဖွင့်လို့ ရသွားပါလိမ့်မယ်။

အဆင်ပြေမှာပါ...စမ်းလုပ်ကြည့်ကြပါ။
သန်လျင်က သူငယ်ချင်းရေ လုပ်ကြည့်လိုက်ပါဦး....။


မသိသေးတဲ့သူများအတွက်ပါသည်။

Friday, September 4, 2009

Multiple GTalk {Gtalk ကိုအများကြီးပွားတဲ့နည်းလေး}


Gtalk logoရှိတဲ့နေရာမှာ Right clickနှိပ်လိုက် ပြီးရင်အောက်ဆုံးက Propertiesကိုရွေးလိုက်နော်။
အဲဒါနှိပ်လို့ နောက်ထပ် Boxတခုပေါ်လာရင် အပေါ်ဆုံးမှာ Shortcut ဆိုတာကိုထပ်ရွေးပါဦး။
Targed ဆိုတဲ့အကွက်ရဲ့ နောက်ဆုံး \startmenuဆိုတဲ့နေရာမှာ /nomutex ဆိုတာလေးထည့်ပေးပြီး Apply , ok လုပ်လိုက်ရင်တော့ Gtalkကို တခုထက်မက ပွားသုံးလို့ရပြီပေါ့ရှင်။



*မသိသူများအတွက်ရည်ရွယ်ပါသည်။*