
ရင်ထဲမှာ ဘာမှမရှိဘူး
(ဒါပေမယ့်) ---
တခုခု ရှိနေတယ်ဆိုတဲ့
အသိက ရှိတယ်။
အဲ့ဒီ ရှိခြင်းဟာ
မရှိခြင်းက လာတယ်....ဆိုတဲ့
အသိတရားတချို့ လည်း ရှိတယ်။
လူဟာ...
လူတောထဲ ၀င်ဆန့် ဖို့ 
ရိုးသားမှု အရေခွံတွေ
ခွာပစ်ဖို့ လိုတယ်
အပေါ်ယံ သကြားဖြူးထားတဲ့
လူမူရေးပညာ တတ်မြောက်ရမယ်
ယုန်သူငယ် နားစေးတဲ့နည်း
သိဖို့ လိုတယ်။
ဘောလီဘောလည်း ပုတ်တတ်ရမယ်။
ဘက်စကက်ဘောလည်း ပင့်တင်တတ်ရမယ်။
ဘ၀အတွက်--- ကျားကွက်ရွေ့ တတ်ရမယ်။
ဝင်္ကပါလို ကွေ့ ကောက်နေရင်တော့
အလှဆုံးပေါ့။
အဲ့ဒီတော့ကွယ်---ကိုယ့်ရဲ့ သိခြင်းနဲ့ ရှိခြင်းတွေအတွက်
ကိုယ့်လိပ်ပြာကိုယ် အားနာမိတယ်။
တကယ်တော့
ဘ၀ဆိုတာ
အနိမ့် အမြင့် မညီမျှတဲ့ 
တောင်တန်းပြာလို
အလှမျိုးနဲ့  လှနေခဲ့တာလေ။ ။
တော်ဝင်နန်း
No comments:
Post a Comment