Wednesday, February 24, 2010

Running Multiple Instances of Google Talk

Gmail Address နှစ်ခု ရှိတယ်ဆိုကြပါဆို့။ ဒါပေမဲ့ GTalk မှာ ချက်တင် ၀င်တဲ့အခါ Primary mail နဲ့ပဲ ၀င်နေရတယ်။ နောက် mail adress တစ်ခုနဲ့ပါ တပြိုင်နက် (polygamy) ထပ်ဝင်ပြီး ချက်ချင်သေးတယ်ဆိုရင် ဒီတိုင်းလုပ်ပေးလို့ ရပါတယ်။
၁။ Destkop ပေါ်က GTalk icon ကို right click လုပ်ပါ။
၂။ Properties ကိုရွေးပါ။
၃။ Target(location of file) ဆိုသောနေရာကို ရှာပါ။



၎။ ထို့နောက် Target Address ၏နောက်ဆုံးတွင် space ခြားပြီး /nomutex ဆိုသော စာသားလေးကို ရိုက်ထည့်ပေးလိုက်ပါ။



၅။ ထို့နောက် Apply ကို Click လုပ်ပါ။ primary gamil address နှင့် GTalk သို့ Login လုပ်ပါ။ ဒုတိယအကြိမ်ဝင်ရန်အတွက် Desktop ပေါ်တွင်ရှိသော GTalk icon ကို Click နှိပ်ပြီး secondary gmai address နှင့် username ကိုထည့်ပါ။ ဒါဆို သင့်တွင် GTalk window နှစ်ခု ပေါ်လာပြီး …။

Monday, February 22, 2010

language ပြောင်းချင်ရင်…။

language ပြောင်းဖို့ကတော့ အောက်ကနည်းအတိုင်း စမ်းကြည့်လိုက်ပါ
(၁) start >> control panel ကို သွာ်းပါ။( Run>control > Enter)
(၂) Clock, Language and Region >> change display language ကို ရွေးလိုက်ပါ။
(၃) Formats မှာ English (united states) ကို ပြောင်းလိုက်ပါ။
(၄) Keyboards and languages >> change keyboards ကိုရွေးပါ
(၅) General မှာ အောက်ကို ကြည့်လိုက်ပါ။ Default input language မှာ English(united states) - us ကို ရွေးပေးလိုက်ပါ…။
(၆) ပြီးရင် သူ့အောက်က installed services မှာ ကျွန်တော်တို့သုံးမှာက keyboard က နှစ်မျိုးပဲ သုံးမှာ ဖြစ်တဲ့အတွက် us နှင့် Zawgyi နှစ်မျိုးပဲ သုံးမှာဖြစ်တဲ့အတွက် us keyboard နဲ့ zawgyi keyboard နှစ်ခုပဲ ချန်ထားပြီး ကျန်တဲ့ keyboard တွေကို remove ပေးလိုက်ပါ။ ပြီးတာနဲ့ Ok ပေးလိုက်ပါ။
(၇)restartတောင်းရင်restartပေးလိုက်ပါ။အဆင်ပြေသွားမှာပါ….။

Wednesday, February 17, 2010

HDD ရဲ့ bad sector ကို ဘယ်လို Fixed ပြန်လုပ်မလဲ .




HDD ရဲ့ bad sector ကို fixed လုပ်ဖို့အတွက်ဆိုရင်တော့

* My computer ကို ဖွင့်လိုက်ပါ . ပထမဦးဆုံး C:/ ကို right click နှိပ်ပါ။
* properties >> Tools ကို ရွေးလိုက်ပါ...။
* Error-checking အကွက်က check Now ကို နှိပ်လိုက်ပါ...။
* Automatically fix file system errors နှင့် Scan for and attempt recovery of bad sectors ရှိတဲ့အထဲက Scan for and attempt recovery of bad sectors ဆိုတာကို အမှန်ခြစ် ပေးလိုက်ပြီး start ရွေးပေးလိုက်ပါ။ သူ့ဟာသူ scan ဖတ်ပြီး စစ်ဆေးနေပါလိမ့်မယ်...
* 4 ဆင့် စစ်ပါလိမ့်မယ် အဲ့ဒါပြီးသွားရင် ok ပေးလိုက်ပါ . ပြီးတာနဲ့ ကွန်ပျူတာကို restart လုပ်လိုက်ပါ။
အဆင်ပြေသွားပါလိမ့်မယ်...

Sunday, February 14, 2010

Windows XP ကို ပိုမြန်စေမယ့်နည်းလမ်းများ

Prefetcher ကို Tweak လုပ်ခြင်း
Windows XP တွင် Prefetcher ဟုခေါ်သောကြိုတင်စုဆောင်းသည့်စနစ်ပါရှိပါသည်။ ထို Prefetcher သည် မကြာခဏ
အသုံးပြုသော Application များဖွင့်ရာတွင် လိုအပ်သော Files များကိုကြိုတင်စုဆောင်းထားသောကြောင့် နောင်တစ်ဖန် ထို
Application များကို ဖွင့်ရာတွင် နှောင့်နှေးကြန့်ကြာခြင်းမရှိတော့ပေ။
Prefecher ၏ Value ကိုဤကဲ့သို့ပြောင်းလဲနိုင်သည်။
Registry Editor ကိုဖွင့်ပါ။ ( Run Box ထဲမှာ Regedit ရိုက်ထည့်ပြီး Enter ခေါက်ပေါ့...။ )
HKEY_LOCAL_MACHINE\SYSTEM\ControlSet001\Control\Session Manager\Memory Management\PrefetchParameters
သို့သွားပါ။
EnablePrefetcher Value ကို ပြောင်းပါ။

1 သည် Application Files များကို Prefetch လုပ်ခိုင်းခြင်းဖြစ်သည်။

2 ဟုရိုက်ထည့်ပါက Boot Files များကို Prefetch လုပ်ပေးလိမ့်မည်။

3 ဆိုပါက မိမိအသုံးပြုသော Files များကို တတ်နိုင်သလောက် Prefetch လုပ်ပေးပါလိမ့်မည်။

Saturday, February 13, 2010

ClearType သုံးကြပါ...။

ကျွန်တော်တို့တွေ အင်တာနက်သုံးကြသည်။ မြန်မာဘလော့ခ်တွေ ကြည့်ကြသည်။ အိမ်မှာသုံးတဲ့သူကတော့ ထားပါတော့။ အင်တာနက်ဆိုင်မှာသုံးသူတွေတော့ သတိထားမိမလားမသိဘူး။ တချို့စက်ကိုင်ရင် မြန်မာစာလုံးလေးတွေကြည့်ရတာ ကြည်လင်ပြတ်သားနေပြီး တချို့စက်မှာကျတော့ စာလုံးတွေက ဖွာတာတာဖြစ်နေမျိုးကိုလေ။ အဲဒါဘာကြောင့်ပါလဲ။
...အဲဒါဘာကြောင့်လဲဆိုတော့ Windows XP မှာပါတဲ့ ClearType ကို သုံးထားတဲ့စက်နဲ့ သုံးမထားတဲ့စက်..ကွာခြားချက်ကတော့ အဲဒါပါပဲ။ အဲဒီတော့ မော်နီတာပေါ်တဲ့ စာလုံးတွေ ပြတ်သားရှင်းလင်းစွာပေါ်အောင် ClearType ကို အသုံးချလိုက်ပါ။ (မှတ်ချက်- LCD မော်နီတာသုံးပါက မဖြစ်မနေ လုပ်ဆောင်သင့်ပါသည်။)

ClearType ကို Apply လုပ်နည်း

၁။ Desktop ပေါ်တွင် Right Click လုပ်ပြီး Properties ကိုရွေးပါ။

၂။ Apperance Tab ပေါ်တွင် တစ်ချက်နှိပ်ပါ။

၃။ ပြီးရင် Effect button ပေါ်တွင်နှိပ်ပါ။

၎။ Use the following method to smooth..... က အမှန်ခြစ်ပြုတ်နေရင် ထည့်လိုက်ပါ။

၅။ ပြီးရင် သူ့အောက်က drop-down list box မှာ ClearType ကိုရွေးလိုက်ပါ။

၆။ OK တွေ နှိပ်ပြီး ထွက်လိုက်ပါ။ မော်နီတာပေါ်က စာလုံးတွေ ချက်ချင်းပဲ ကြည်လင်ပြတ်သားသွားပါလိမ့်မယ်။

DVD/CD-ROM စက်မပိတ်ပဲ ဖြုတ်မယ်...။




CD Drive ကို စက်မပိတ်ပဲ ဖြုတ်လို့ရတယ်ဆိုတာလေးပြောပြချင်လို့ ပါ။ Device Manager ထဲက DVD/CD-ROM drives ကို ဖွင့်ချလိုက်ပြီး ဖြုတ်ချင်တဲ့ Drive ကို right click နှိပ်ပြီး Uninstall ကိုရွှေးပြီး စိတ်ချလက်ချသာဖြုတ် စက်လုံးဝလုံးဝ မဟန်း ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် ...။

စက်ထဲက program တွေကို တစ်ခြားသူ သုံးမရအောင် password ဘယ်လိုပေးထားမလဲ။ (DOWNLOAD)

ကျွန်တော်တို့ အနေနဲ့ မိမိ တင်ထားတဲ့ program တွေကို တစ်ခြားသူ မသုံးစေချင် ဘူးဆိုရင် ဘာလုပ်ကြမလဲ လွယ်လွယ်လေးပါ ဒီကောင်လေး သုံးပြီးတော့ password ပေးပြီး သော့ခတ် ထားလိုက်ပါ password မမှန်သရွေ့ ပွင့်မှာမဟုတ်ဘူး စိတ်ချ။ လုပ်နည်းက လွယ်ပါတယ်…။
• start >> program ကို သွား မိမိတင်ထားတဲ့ program ကို ဥပမာ photoshop ဆိုရင် Photoshop shortcut လေးကို right click ပေးပြီး password protect ပေးလိုက်ပါ…။ password ပေးတဲ့နေရာမှာ နှစ်ခါ ရိုက်ထည့် ပေးရပါတယ်…။အဲ့ဒီ့ နှစ်ခု တူပါစေ…။မဟုတ်ရင် အဆင်မပြေပါဘူး…။
• အဲ့လို ရိုက်တဲ့အခါ error ပေါ်လာတတ်ပါတယ်။ ဘာမှ စဉ်းစားမနေပါနဲ့ အဲ့လိုပေါ်လာတယ်ဆိုရင် အဲ့ဒီ့ program က ဖွင့်ထားပြီးသား မို့လို့ သူက သော့ခတ်မရတာ။
• Task manager (ctrl+alt+delete) ကို ခေါ်လိုက်ပါ။
• processes ကို ရွေးပြီး အထဲမှာ photoshop.exe ဆိုတဲ့ ဖိုင်လေးပွင့်နေတာကို တွေ့ရမှာပါ။အဲ့လိုတွေ့တာနဲ့ သူ့ကို click တစ်ချက်နှပ်ပြီး end process ပေးလိုက်ပါ။ အဲ့ဒါဆိုရင်တော့ password ပေးလို့ရသွားပါပြီ။ လိုအပ်ရင် ဒေါင်းလိုက်ပါ။

How to trace email



Email ဘယ်က ပို့လိုက်တာလဲ ဆိုတာကို Google map နဲ့ ကြည့်လို့ရပါတယ်။ http://www.ip-adress.com/trace_email/ ကိုသွားလိုက်ပါ။ How to view the email header မှာ Click here ကို နှိပ်လိုက်ပါ။ ကိုယူထားတဲ့ email services အလိုက် header ရယူနည်းတွေ ရှိပါတယ်။ ပြီးရင် တော့ mail box ကို ဖွင့်ပြီး။ ကိုသိချင်တဲ့လူ ပို့ထားတဲ့ mail ကိုဖွင့်ပြီး Header ရယူလိုက်ပါ။ http://www.ip-adress.com/trace_email/ ကိုပြန်သွားပြီး Copy and Paste the email header in this field: မှာ ရလာတဲ့ email က header ကို past လုပ်ပေးလိုက်ပါ။ Google map မှာ ရှာပေးပါလိမ့်မယ်။

Gmail To IP, IP To Location




Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

1.Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။

2.နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။

3.Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။

4.ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

5.အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။

6.ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။

ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။
အင်တာနက်မှာ ဆိတ်ကွယ်ရာမရှိပါဘူး။

Last Account Activity At Gmail

Gmail မှာ Last Account Activity ဆိုတဲ့ Feature တစ်ခု ပါလာပါပြီ။ Gmail Page ရဲ့ အောက်ဆုံးနားမှာ Gmail သုံးခဲ့တဲ့ နောက်ဆုံးအချိန်ကို ဖော်ပြပေးပါတယ်။ အောက်ကပုံကို ကြည့်ပါ။



ဘေးက Details ကို နှိပ်လိုက်မယ်ဆိုရင်တော့ ဒီ Gmail Account ကို ဘယ်အချိန်တုန်းက ဘယ် IP ကနေ ဘယ်လို Browser ကို သုံးပြီး Access လုပ်ခဲ့ပါတယ်ဆိုပြီး အသေးစိတ်ဖော်ပြထားပေးပါတယ်။

ဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ Gmail ကို တစ်ယောက်ယောက်က ခိုးကြည့်နေသလား ဆိုတာ စစ်ဆေးနိုင်သွားပါပြီ။ Last Account Activity ရဲ့ Details မှာ ပေါ်နေတာက ကိုယ့် IP မဟုတ်ဘူး၊ ဒါမှမဟုတ် ကိုယ်သုံးခဲ့ဖူးတဲ့ အချိန်မဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က ကျွန်တော်တို့ Gmail ကို ခိုးသုံးနေတာ သေချာပြီပေါ့။ Password ကိုသာ ချက်ချင်း ပြောင်းပစ်လိုက်တော့ပေါ့။

ကိုယ့် Gmail ကို နေရာမျိုးစုံကနေ သုံးခဲ့ဖူးမယ်ဆိုပါစို့။ တခါတလေမှာ မေ့သွားတာမျိုးကြောင့် Sign Out မလုပ်ခဲ့ရဖူးဆိုရင်လည်း Detail Page မှာ Sign Out All Other Sessions Button ကို နှိပ်ပြီး Sign Out လုပ်လို့ ရပါတယ်။ တကယ်လို့များ အဲဒီလို Button လေး မပါဘူးဆိုရင်တော့ Sign Out လုပ်ဖို့ မမေ့ခဲ့ဘူးလို့ပါ။ Concurrent Sessions လို့ပေါ်နေရင်တော့ ဒီ Gmail Account ကို တချိန်တည်းမှာ နှစ်ယောက်သုံးနေလို့ပါ။

Gmail ကို ဖွင့်ပြီး အောက်ဆုံးနားမှာပါတဲ့ Last Account Activity ကို ကြည့်လိုက်ပါဦး။
ဘယ်သူတွေ ကိုယ့်အကောင့်ကို ခိုးသုံးနေသလဲလို့ ပေါ့...။

Gmail Inbox preview - ဘယ်လိုပြုလုပ်မလဲ...။

gmail သုံးတဲ့ လူတိုင်း mail ဖွင့်လိုက်တာနဲ့ ကိုယ့် ဆီ ကို ဘယ်သူတွေ ဘာတွေပို့ထားမလဲ လို့ သိချင်ကြမှာပေါ။့ ဒါပေမယ့် mail က တော်တော်နဲ့မပွင့်နိုင်။ ဒီတော့ ကျွန်တော်ကတော့ google Lab ထဲက inbox preview ဆိုတာကို enable လုပ်ပေးထားလိုက်တယ်။ ဖွင့်ကြည့်လို့ မရပေမယ့် ဘယ်သူတွေ ဘာတွေပို့ထားတယ် ဆိုတာလောက်တော့ သိရတာပေါ့။
လုပ်ပုံလုပ်နည်းက
gmail ရဲ့ setting ထဲက Labs ကိုသွား ပြီး Inbox preview မှာ Enable လုပ်ပေးထားလိုက်ရုံပါပဲ။
နောက်တစ်ကြိမ် gmail ဖွင့်တဲံ အချိန် ကြရင် ပုံမှာအတိုင်း ပေါ်လာပါလိမ့်မယ်။

gmail နှစ်ခုပြိုင်ဖွင့်ကြမယ်..

mozilla firefox ရဲ့ add-ons တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် IE Tab ဆိုတာလေးပါ။ IE ရဲ့ rendering engine ကို Tab တစ်ခု အနေနဲ့ သုံးနိုင်စေပါတယ် ဒီတော့ gmail ပြိုင် သုံးလို့ရသွားတာပေါ့ နောက်ပြီး firefox နဲ့ ဖွင့်ထားတဲ့ tab ပေါ်မှာ right click နှိပ် ပြီးတော့လဲ rending engine ကို ပြောင်းလို့ရပါသေးတယ်။
IE Tab add-ons ကို ဒီနေရာကနေ https://addons.mozilla.org/en-US/firefox/addon/1419 ယူ၍ install လုပ်လိုက်ပါ နောက်ပြီး Navigation Toolbar ပေါ် right click နှိပ် customize ရွေးပြီး icon လေး ဆွဲတင်ပေးလိုက်ပါအုံး icon လေးက သူ့ပေါ်ကို left click နှိပ် ရင် လက်ရှိ firefox နဲ့ ပွင့်နေတဲ့ tab ကို IE နဲ့ပြောင်းပေးမယ် middle click ဆို နောက်ထပ် tab တစ်ခုနဲ့ ပြောင်းပြီး ပွင့်လာပါမယ် right click ဆိုရင်တော့ option dialog box ပေါ်လာမှာပါ။



gmail account နှစ်ခုပြိုင်ဖွင့်ဖို့ အတွက် tab နှစ်ခု နဲ့ https://mail.google.com ကို အရင်ဖွင့်လိုက်ပါ IE tab iconပေါ်ကို left click နှိပ်လိုက်ပါ ဒါဆို ရပါပြီ username password တွေဖြည့်ပြီး ပြိုင်သုံးလို့ရပါပြီ...။

Friday, February 12, 2010

G-Talk Idle လုပ်ဖို့ ... ( DOWNLOAD )

ကွန်ပျူတာနားမှာ မရှိဘူးပေါ့...။ အဲ့လိုမျိုး မီးအ၀ါရောင်ဟာ ကီးဘုတ်နှင့် မောက်စ်ကို မထိဘဲ အကြာကြီးဖြစ်မှ မီးက၀ါတာပါ။ မဟုတ်ရင် စိမ်းနေပါတယ်...။ အဲ့ဒါကို ကွန်ပျူတာကို သုံးနေရင်းနှင့် မီးကို ၀ါခိုင်းဖို့ (တနည်းအားဖြင့် idle လုပ်ဖို့) အတွက်ပါ။ လိုချင်သူများ Download လုပ်ယူလိုက်ပါ...။

လုပ်နည်းကလွယ်ပါတယ်...
အခုပုံလေးအတိုင်းပေါ့...။ Task Bar ညာဖက်အခြမ်းမှာ gtalk ကို သုံးထားရင် သူ့ရဲ့ icon လေး ရှိပါတယ်။အဲဒီ့ Icon လေးကို rightclick ပေးလိုက်ပြီးတော့ Always Idle ကို အမှန်ခြစ်ပေးလိုက်ပါ မီးဝါသွားပါလိမ့်မယ်။ အဆင်ပြေပါစေဗျာ...

*သိပြီးတဲ့လူတွေများအတွက်မရည်ရွယ်ပါဘူး...။ *

Thursday, February 11, 2010

Driver CD ပျောက်ဆုံးနေသူများအတွက် Driver Updater Pro 2.2.8.0



အကြောင်း အမျိုးမျိုးကြောင့် window 7 ကို မသုံးနိုင်သူများ၊ window xp ကို သံယောဇဉ် မပြတ်သူများ အနေဖြင့်တော့ Driver ဆိုတာ လိုအပ်နေဦးမှာပါ...။ အဲ့တော့ window xp ကိုလဲ သုံးချင်တယ် Driver ကလဲ ပျောက်သွားပြီ ဆိုရင် ဘယ်လိုလုပ်မလဲ။ ကိစ္စ မရှိပါဘူး...။ Driver Updater ဆိုတဲ့ program ရှိပါတယ်...။ သူက Driver မရှိလျှင် ရှာပေးပြီးတော့...Driver ရှိသူများအတွက် ကိုတော့ Driver များကို update လုပ်ပေးနိုင် ပါတယ်။ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။ လိုအပ်ရင် Download လုပ်လိုက်ပါ...။

Wednesday, February 10, 2010

USB Security Tool (DOWNLOAD)



ကျွန်တော်တို့ USB ပေါက်တွေနဲ့ သုံးနေတဲ့ Memory stick ကိစ္စပါ။ ဗိုင်းရပ်စ် ပိုးများစွာကို သယ်ဆောင်တဲ့ နေရာမှာ နံပါတ်(၁)လို့ ပြောလို့ ရတဲ့ Memory Stick တွေပါ။ သူက ပြိုင်ဘက် မရှိပါ။ ဖိုင်တွေကို ဟိုပို့ ဒီပို့ လုပ်ရာမှာ လွယ်ကူစွာ လုပ်နိုင်တာ သူတစ်ခုထဲဆိုတော့လဲ သူက နံပါတ်(၁) ရတာပေါ့။ ;)

ယနေ့ခေတ်မှာ Memory Stick ကို မသုံးလို့ကလဲ မရပါဘူး။ သုံးရင်လဲ ဗိုင်းရပ်စ်က ၀င်နိုင်သေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သုံးနေကြရတာပဲ ဆိုတော့ ကိုယ်စက်ထဲကို ဗိုင်းရပ်စ် အလွယ်တကူ မ၀င်နိုင်အောင် ယခု ဖော်ပြတဲ့ ဆော့ဝဲလ်လေးကို သုံးစွဲစေချင်ပါတယ်။ USB Security Tool လေးပါ။ မိမိစက်ထဲ USB Memory Stick ထိုးလိုက်တာနဲ့ ဗိုင်းရပ်စ် ရှိမရှိကို စစ်ပေးပါတယ်။ အကယ်၍ မိမိစက်မှာ ကောင်းမွန်းတဲ့ Anti Virus ဆော့ဝဲလ် တစ်ခုခုတင်ထားရင် တစ်ခါတည်း ဗိုင်းရပ်စ်ကို ရှင်းပစ်နိုင်ပါတယ်။ လိုအပ်ရင်တော့ Download ဆွဲယူလိုက်ပါ။ အဆင်ပြေစေချင်တဲ့ ...။

Clusapi.dll ပြဿနာ

Local Area Connection Status ကို ဖွင့်လို့ရတယ်။ Properties ရယ် Disable ခလုပ်တွေကို နှိပ်လို့ မရဘူး။
အဲ့ဒါကတော့ Clusapi.dll ဖိုင်ပျောက်နေတာ ။ ဒါကြောင့် Network ပြဿာနာ တက်တာ။ အင်တာနက်မှာ ရိုက်ရှာလိုက်ရင်လည်း Clusapi.dll ဖိုင်ကို တွေ့ရမှာပါ။ ဒေါင်းလုပ်ယူလိုက်ပါ။ ဘယ်ကို ထည့်ရမှန်း မသိ ဖြစ်နေရင်... Microsoft ဆိုက်မှာ သွားရှာလိုက်ရင်လည်းရတယ်။ လမ်းကြောင်းပြထားတယ်တယ်။ System 32 ထဲမှာ ထည့်ရမှာ။

System 32 ထဲပြန်ထည့်ပေးလိုက်ရင် ပျောက်နေတဲ့ Properties ရော Disable ရော ပြန်လုပ်လို့ ရသွားတယ်။ သိတော့လဲ လွယ်လွယ်လေးပဲနော်။ မသိရခင်လေးပဲ ခက်နေတာပါ...။

Photo to Change from Folder

Folder တွေမှာ မိမိပြု့လုပ်ထားတဲ့ ဓါတ်ပုံလေးနဲ့ အစားထိုးချင်ရင်...

အဆင့်(၁)

၁) Start က All Programs ကနေ Paint ကို ဖွင့်ပါ။
၂) Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။
၃) ဓါတ်ပုံပေါ်လာရင် Save As လုပ်။ Save As Box ပေါ်လာရင် File name မှာ ပေးချင်ရာပေး။ နောက်က ico လေး ထည့်ပေး။ (ဥပမာ - myphoto.ico ပေါ့)
၎) Save as type မှာ 24-bit Bitmap (*bmp,*dib) ကိုရွေးပြီး မိမိနှစ်သက်ရာမှာ Save လိုက်ပါ။

အဆင့်(၂)

၁) မိမိတို့ ပြောင်းချင်တဲ့ Folder ကို Right Click လုပ်ပါ။ Properties ကို ရွေး။
၂) Box ကျလာရင် Costoumize ကို ရွေး။ Change Icon ကို နှိပ်။ Brown ထဲမှာ ပထမက မိမိတို့လုပ်ထားတဲ့ ပုံကို ရွေးလိုက်။
၃) Ok ။ Apply ။ Ok ပေါ့။ ဒါဆို ပြီးပြီ။

Saturday, February 6, 2010

Copy & Paste , Ctrl + C / V ကိုသတိထားရန်

ကျွန်တော်တို့တွေ Ctrl + C/ Copy လုပ်တယ် ပြီးရင် past လုပ်ပါတယ်။ ဒီတော့ ဒီလိုလုပ်လိုက်တဲ့ဟာ အားလုံးကို clipboard မှာယာယီသိမ်းပေးသွားတယ်။
ဒါကိုအင်တာနက်ကနေပြီးတော့ အလွယ်တကွယ် Javascripts & ASP တွေနဲ့ပေါင်းပြီး ကြည့်လို့ရပါတယ်။

ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်
1) Copy any text by ctrl+c
2) Click the Link: www.friendlycanadian.com/applications/clipboard.htm
3) ဒါဆိုရင် မိမိ copy ကူးထားလိုက်တဲ့ စာသားကို ၄င်း webpage မှာမြင်ရပါလိမ့်မယ်။

ဒါကြောင့် မိမိရဲ့ password, creditcard numbers, pin စသည်တို့ကို မိမိအင်တာနက် သုံးနေစဉ် copy မလုပ်ပါနဲ့။ မိမိရဲ့ clipboard မှ အလွယ်တကူ ခိုးယူနိုင်တယ်ဆိုတာ သိစေချင်လို့ပါ။
ဒါကလည်း အခုအချိန်မှာ firefox မှ လွဲပြီး အခြား browser တွေမှာ ဖြစ်တာများပါတယ်။ Browser တိုင်းမှာ လုံခြုံရေးဆိုင်ရာ script တွေကို access လုပ်မယ် မလုပ်ဘူးဆိုတာ Inform လုပ်ပေမဲ့ user တိုင်းက message ကိုတော်တော်နဲ့ မဖတ်တတ်ပါဘူး။ yes or no ဆိုရင် " yes" လိုက်တာပဲ။ allow or disallow ဆိုရင် "allow" လိုက်တာပဲ။

ဒါကိုကာကွယ်ဖို့ IE မှာဆိုရင်
အောက်ပါအပိုင်း setting လုပ်မယ်။

1. Go to internet options->security



2. Press custom level



3.Inthesecuritysettings,selectdisable under Allow paste operations via script.
ဒါဆိုရင် လုံခြုံသွားပါပြီ။

Supper Hidden Folder

အရင် Windows 98 တွေကို ကိုင်တုန်းက Folder တွေ နာမည်ပေးတဲ့အခါ Alt key ကိုဖိထားပြီး 0255 လို့ရိုက်၊ Enter ခေါက်လိုက်ရင် Folder ဟာ နာမည်မပေါ်ပဲနဲ့ တည်ဆောက်လို့ရသွားပါတယ်။ windows xp စပေါ်တော့ အဲဒီလို စမ်းကြည့်သေးတယ်။ မရဘူး။ 0255 လို့ မရိုက်ဘဲ 255 ရိုက်ရင် ရတယ်ဆိုတာသိသွားတယ်။ အဲဒီနည်းလမ်းလေးကို သုံးပြီး Folder တွေကို Program မသုံးဘဲ ဖျောက်နည်းလေးတစ်ခုကို တင်ပြလိုက်ပါတယ်။

၁။ ပထမဆုံး Folder အသစ်တစ်ခု ဖန်တီးပါ။ Folder အမည်ပေးတဲ့အချိန်မှာ Alt ကိုဖိထားပြီး Numeric Keypad ကနေ 255 လို့ ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Folder နာမည်မပေါ်ပဲ Folder တစ်ခုဖန်တီးပြီးသား ဖြစ်သွားပါပြီ။

၂။ ပြီးရင် Folder ပေါ် Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Customize Tab ကိုဆက်နှိပ်ပါ။

၃။ Change Icon button ကိုနှိပ်ပါ။

၎။ Icon ပုံလေးတွေ ရွေးတဲ့အခါကျရင် blank icon ကိုရွေးပေးပါ။ အောက်ပါပြထားတဲ့ပုံအတိုင်းလိုပေါ့။



၅။ OK နှိပ်ပါ။ OK ထပ်နှိပ်ပါ။ ပြီးရင် ကိုယ့် Folder လေးကို ကြည့်လိုက်ပါဦး။ အောက်ကပုံလေးလို ဖြစ်သွားပါပြီ။



ပုံမှာ ပေါ်နေတဲ့ အပြာရောင်တုံးလေးက Folder ပေါ် တစ်ချက်နှိပ်ထားလို့။ နိုမို့ဆို ဘာမှမမြင်ရဘူး။ နောက်တစ်ခါ ဖွင့်ချင်ရင် Folder ရှိမဲ့နေရာကိုသာမှန်းပြီး Double click နှိပ် ဖွင့်နိုင်ပါပြီ။ တစ်ခုသတိပြုရမှာက အဲဒီ Folder လေးကို ကြိုက်တဲ့နေရာမှာ ထားနိုင်ဖို့ Folder Windows ရဲ့ လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး Arrang Icons By> Auto Arrange အမှန်ခြစ်ကို ဖြုတ်ထားလိုက်ပါ…။

Friday, February 5, 2010

ကွန်ပျူတာအမြန်နှုန်းမြင့်စေဖို့ လုပ်ဆောင်သင့်သောအချက်များ



၁။ File Indexing ကို Disable လုပ်ထားပါ
ဖိုင်တွေရှာဖွေတဲ့အခါမှာ ပိုပြီး မြန်ဆန်စေဖို့ သုံးတဲ့ windows xp ရဲ့ component တစ်ခုဖြစ်ပါတယ်။ ဖိုင်ရှာဖွေတဲ့အလုပ်ကို ခဏခဏမလုပ်ဘူးဆိုရင်တော့ ပိတ်ထားတာက သင့်တော်ပါလိမ့်မယ်။ Disable လုပ်တဲ့နည်းကတော့ Control Panel>Add/Remove Windows Components မှာ Indexing Service ရှေ့က အမှန်ခြစ် ကလေးကို ဖြုတ်ရုံပါပဲ။

၂။ Start up program တွေကို ဖြုတ်ပစ်ပါ
Start up program ဆိုတာက Windows တက်တက်ချင်း run တဲ့ program ပါ။ အများအားဖြင့် မလိုအပ်တာတွေပဲများပြီး စောင့်နေရတာပဲ ပိုပါတယ်။ အဲဒါတွေကို Disable လုပ်မယ်ဆိုရင်တော့…Start>Run မှာ msconfig လို့ရိုက်ပါ။ ပြီးရင် startup tab ကို နှိပ်ပြီး Disable All ကို နှိပ်ပါ။ တစ်လက်စတည်း Service tab ကိုလည်း နှိပ်ပါ။ Hide All Microsoft Service ရှေ့မှာ အမှန်ခြစ်ပေးပါ။ ကျန်နေတဲ့ service တွေရဲ့ ရှေ့က အမှန်ခြစ်တွေကို ဖြူတ်ပစ်ပါ။ Antivirus service တွေကိုတော့ မဖြုတ်မိပါစနေဲ့။

၃။ Temp Folder ကို အလိုအလျောက်ဖျက်စေဖို့
Temporary ဖိုင်တွေဟာ program တွေက လိုအပ်လို့ ဖန်တီးလိုက်ပြီးတဲ့နောက်ပိုင်း ကျန်နေခဲ့တဲ့ မလိုအပ်တဲ့ဖိုင်တွေပဲ ဖြစ်ပါတယ်။ ဒီဖိုင်တွေကို အလိုအလျောက်ရှင်းစေချင်ရင်တော့…Start>Run ကနေ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပြီးရင် Computer configuration> Administrative Templates> Windows Components> Terminal Services> Temporary Folder အတိုင်း သွားပါ။ ပြီးရင် ညာဘက်မှာ Do Not Delete Temp Folder Upon Exit ပေါ်မှာ Double Click နှိပ်ပြီး Disable ကို ရွေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါတော့။

၎။ Virtual Memory တိုးပေးပါ
Virtual Memory ဆိုတာက RAM မလုံလောက်တဲ့အခါ Hard disk ထဲမှာ နေရာတစ်ခုသတ်မှတ်ပြီး Memory အတုအဖြစ် သတ်မှတ်သုံးစွဲတာဖြစ်ပါတယ်။ သင့်ကွန်ပျူတာက RAM ပမာဏများနေရင်တော့ ကိစ္စမရှိပေမဲ့ RAM နည်းနေရင်တော့ Virtual Memory ကို တိုးပေးပါ။ တိုးနည်းကတော့...Start>Run ကနေ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advanced tab ကို နှိပ်ပါ။ အပေါ်ဆုံးက Setting button ကို နှိပ်ပါ။ Advanced ကို နှိပ်ပါ။ Change ကို နှိပ်ပါ။ initial size text box ထဲမှာ လက်ရှိ RAM ပမာဏရဲ့ ၁.၅ ဆရိုက်ထည့်ပါ။ Maximum size text box ထဲမှာတော့ လက်ရှိ RAM ပမာဏရဲ့ ၃ဆ ရိုက်ထည့်ပါ။ ပြီးရင် Set ကို နှိပ်ပါ။ OK နှိပ်ပြီး ထွက်လိုက်ပါ။

၅။ မလိုအပ်တဲ့Font တွေကို ဖျက်ပစ်ပါ
Program တစ်ခုတင်လိုက်တိုင်း Font တွေ တိုးတိုးသွားတာကို သင်သတိပြုမိရဲ့လား။ Fonts တွေ အများကြီးရှိနေရင် Windows တက်တာကအစ Program တွေ ဖွင့်တာအဆုံး ကြာနေတတ်ပါတယ်။ ဒါကြောင့် မသုံးတဲ့ font တွေကို ဖျက်ပစ်ပါ။ ဖျက်နည်းကတော့ Start>Run ကနေ fonts လို့ရိုက်ပြီး Enter ခေါက်ပါ။ Fonts တွေ ပေါ်လာပါလိမ့်မယ်။ မသုံးတဲ့ font ကို select လုပ်ပြီး Delete Key ကိုသာ နှိပ်လိုက်ပါ။ Windows က သုံးတဲ့ Font တွေ မဖျက်မိတော့ သတိထားပါ။

၆။ Visual Effect တွေကို လျှော့ချပါ
Windows XP မှာ အမြင်လှပအောင်လုပ်ပေးနေတဲ့ Visual Effect တွေကို လျော့ချပေးပါ။ လုပ်နည်းကတော့…Start>Run မှာ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advaned ကိုနှိပ် အပေါ်ဆုံးက Setting ဆီ သွားပြီး Adjust for best performance ကို ရွေးပေးပါ။

ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။

Thursday, February 4, 2010

internet sharing ဘယ်လို ခွဲသုံးမလဲ…။



• အင်တာနက် ခွဲယူသုံးစွဲဖို့ရာ နှစ်လုံးစလုံးမှာ Lan card ရှိဖို့လိုပါတယ်။ ဒါက အလွယ်ကူဆုံး နည်းပါ…။ မူရင်းအလုံးက PC ဖြစ်ပြီး ခွဲယူသုံးမယ့်တစ်လုံးက notebook ဆိုလဲ ရပါတယ်။ notebook မှာ wireless ပါထားပြီးသားပါ။ ခွဲပုံခွဲနည်းလေးကို အောက်မှာ ပြထားပါတယ်…။

ခွဲပေးမည့် မူရင်းအလုံး ကို ဘယ်လို setting ချမလဲ…။

_ Start >> Setting >> Network Connections ကို သွားလိုက်ပါ။ မိမိလက်ရှိသုံးနေသည့် wireless icon လေးကို တွေရမှာပါ…။ ခွဲပေးမယ့် အလုံးကနေ wireless ကို ဖွင့်လိုက်ပါ…။ ပြီးလျှင် Right click >> properties ကို ၀င်လိုက်ပါ…။


Advance ကို ကလစ်လိုက်ပြီး ပုံထဲကအတိုင်း Allow other network user to connect through this computer's internet connection ဆိုတာကို အမှန်ခြစ်ကလေး ပေးလိုက်ပါ…။



အဲ့လို အမှန်ခြစ်ပေးပြီးတာနဲ့ ပထမ wireless icon လေးဟာ အခုလို ပုံလေးပြောင်းသွားမှာပါ။ ပထမ တစ်လုံးက အင်တာနက် သုံးစွဲလို့ ရနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေဖြင့် ပထမအလုံးရဲ့ DNS ကို သိဖို့လိုအပ်ပါတယ်။ အဲ့ဒါက ဒုတိယအလုံးမှာ ဖြည့်ရမှာမို့ပါ…။ wireless to wireless (notebook) မှာတော့ Notebook တော်တော်များများဟာ dns ကို auto config လုပ်ပေးပါတယ်။ မလုပ်ပေးတော့လဲ လက်နဲ့ ရိုက်ထည့်ပေါ့။
တစ်ကယ်လို့ ဒုတိယတစ်လုံးက PC ဖြစ်နေပြီး lan card ဖြင့် ချိတ်လို့ DNS server address ကို မသိဘူး ဖြစ်နေတယ်…။ ဖြည့်မတတ်ဘူးဖြစ်နေရင် မခက်ပါဘူး . အောက်ကအတိုင်း ပထမတစ်လုံးရဲ့ dns address ကို ယူလိုက်ပါ…။





ပထမတစ်လုံးကနေ Dns server address ဘယ်လိုယူမလဲ ။
• start>>>> run>>>cmd လို့ ရိုက်ထည့်ပြီး ipconfig /all လို့ ရိုက်ထည့်ပေးပါ
• ပြီးရင် enter ခေါက်လိုက်ပါ။
• အဲ့ဒီ့မှာ ယခုလက်ရှိ သုံးနေတဲ့ Ip ရဲ့ DNS လိပ်စာကို တွေ့ရမှာပါ။ အဲ့ဒီ့တွေ့ရတာဟာ ကျွန်တော်တို့ ဒုတိယအလုံးမှာ ဖြည့်ထည့်ရမယ့် dns ပါ။ ip address မတူပေမယ့် dns ကတော့ တူမှ ရပါမယ်။ ဒါလေးတစ်ချက်ကို သတိထားမိဖို့ပဲ လိုတာပါ။ ကျန်တာကတော့ သိပ်အရေးမကြီးပါဘူး…။ အခု ပထမအလုံးရဲ့ dns ကိုလဲသိပြီဆိုရင် ဒုတိယအလုံးမှာ သွားဖြည့်မယ်ဗျာ . သွားဖြည့်တဲ့နေရာမှ တစ်ချက်ကလေး သတိထားပေးပါ။



ဒုတိယတစ်လုံးမှာ ဖြည့်ရမှာက
• IP address = "192.168.0.1" (ကဲဒီနေရာမှာ ပြောပြစရာရှိတာက . 192.168.0.1 ဆိုတာနဲ့ အဲ့ဒီ့ Private ip ကိုပဲ အသေ မတွက်ထားပါနဲ့ IP Address = "192.168.0.0" ကနေ "192.168.255.255" အထိ ဖြည့်ထည့်လို့ရပါတယ် . နောက်ဆုံးကဂဏန်းမှာ "0.0" ကနေ "255.255" အထိ ထည့်နိုင်ပါတယ်)
• Subnet mask = "255.255.255.0" ဆြိုပီးထည့်ပါ မထည့်ချင်လဲ TAB ခုန်လိုက်တာနဲ့ auto ဖြည့်ပေးပါလိမ့်မယ် . မဖြည့်ပေးတော့လဲ ဖြည့်ထည့်လိုက်ပေါ့…။
• Dns : --. -- . -- . -- ကတော့ အပေါ်မှာ ပြထားတဲ့အတိုင်း ပထမတစ်လုံး ip ရဲ့ dns ကို ဖြည့်ပေးရမှာပါ ဘယ်လို dns ကို ရယူမလဲဆိုတာကိုလဲ ပြောပြထားပြီးပါပြီ။
• အားလုံးပြီးရင်တော့ Ok ပေးလိုက်ပါ။

Monday, February 1, 2010

flash drive ကို format ချမရရင်...။ ( DOWNLOAD )

မိမိတို့ flash drive များကို format ချမရတဲ့ အခါမျိုးမှာ အခုတင်ပေးတဲ့ hp usb disk storage format tool ကို သုံးပြီး စမ်းကြည့်လိုက်ပါ။ အသုံးပြုနည်းကတော့ လွယ်ပါတယ်... software ကို install လုပ်ပြီးတာနဲ့ ဖွင့်လိုက်ပါ။ ပြီးတာနဲ့ မိမိ format ချမရတဲ့ storage device ရဲ့ Port ကို ရွေးပြီး type မှာ NTSC ကို ရွေးပြီးတော့ start ကို နှိပ်ပေးလိုက်ပါ...။ လွယ်ပါတယ်...လိုချင်ရင် Download လုပ်လိုက်ပါ...။
(မှတ်ချက်။ ။pc တစ်လုံးတွင် format ချမရပါက တစ်ခြား pc တွင် အဆိုပါ program ကို install လုပ်ပြီး တစ်ခြား pc ဖြင့် format ချကြည့်ပါ။ )