ကျွန်တော်တို့ အနေနဲ့ မိမိ တင်ထားတဲ့ program တွေကို တစ်ခြားသူ မသုံးစေချင် ဘူးဆိုရင် ဘာလုပ်ကြမလဲ လွယ်လွယ်လေးပါ ဒီကောင်လေး သုံးပြီးတော့ password ပေးပြီး သော့ခတ် ထားလိုက်ပါ password မမှန်သရွေ့ ပွင့်မှာမဟုတ်ဘူး စိတ်ချ။ လုပ်နည်းက လွယ်ပါတယ်…။
• start >> program ကို သွား မိမိတင်ထားတဲ့ program ကို ဥပမာ photoshop ဆိုရင် Photoshop shortcut လေးကို right click ပေးပြီး password protect ပေးလိုက်ပါ…။ password ပေးတဲ့နေရာမှာ နှစ်ခါ ရိုက်ထည့် ပေးရပါတယ်…။အဲ့ဒီ့ နှစ်ခု တူပါစေ…။မဟုတ်ရင် အဆင်မပြေပါဘူး…။
• အဲ့လို ရိုက်တဲ့အခါ error ပေါ်လာတတ်ပါတယ်။ ဘာမှ စဉ်းစားမနေပါနဲ့ အဲ့လိုပေါ်လာတယ်ဆိုရင် အဲ့ဒီ့ program က ဖွင့်ထားပြီးသား မို့လို့ သူက သော့ခတ်မရတာ။
• Task manager (ctrl+alt+delete) ကို ခေါ်လိုက်ပါ။
• processes ကို ရွေးပြီး အထဲမှာ photoshop.exe ဆိုတဲ့ ဖိုင်လေးပွင့်နေတာကို တွေ့ရမှာပါ။အဲ့လိုတွေ့တာနဲ့ သူ့ကို click တစ်ချက်နှပ်ပြီး end process ပေးလိုက်ပါ။ အဲ့ဒါဆိုရင်တော့ password ပေးလို့ရသွားပါပြီ။ လိုအပ်ရင် ဒေါင်းလိုက်ပါ။
No comments:
Post a Comment