Monday, June 7, 2010

Pen Drive ကို virus မ၀င်အောင် ဘယ်လိုလုပ်မလဲ။

Pen Drive ကို virus မ၀င်အောင် ဘယ်လိုလုပ်မလဲ။
ပထမဦးဆုံးအနေနဲ.=>
Pen drive ထဲက DATA တွေကို တနေရာမှာ Backup လုပ်ပြီး Format ရိုက်လိုက်ပါ။ Format ရိုက်တာက တော့ သိပ်ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ My computer ဖွင့်ပြီး ကိုယ် Pen Drive ပေါ်မှာ ညာဘက်က လစ် လုပ်ပြီး Format ပေါ့။ ပြီးရင် start ။ Data တွေပျောက် ကုန်မယ်လို. သူက သတိပေးရင် ok လုပ်လိုက်။ သူ.ဘာသာ Format ရိုက်သွားလိမ့်မယ်။ Format complate လို.ပြောရင် ok လို့ ပြောလိုက်။
start => run > cmd လို့ ရိုက်ပြီး Enter ။ command box လေး ပေါ်လာပြီဆိုရင် convert e:/fs:ntfs ဆိုပြီး Enter ခေါက်၊ e: ဆိုတဲ့နေ ရာမှာ ကိုယ့်ရဲ့ Pen Drive Latter ကိုရေးပေးရမှာနော်။ ပြီးရင် သူ. ဘာသာ NTFS File system ပြောင်းသွားလိမ့်မယ်။ ပြီးရင် ကိုယ့်ထည့် ချင်တဲ့ DATA တွေကို ကိုယ် Pen Drive ထဲကို ပြောင်း ထည့်လို.ရပါပြီ။ ပြီးရင် My computer ထဲမှာ Tools ထဲက Folder Option ကိုဖွင့် ပါ။ View Tab ထဲမှာ အောက်ဆုံးက Use simple file sharing ဆိုတာကို အမှန်ခြစ် ဖြုတ်ပေးပါ။ ပြီးရင် Apply , OK ပေါ့။ ပြီးရင် My computer ထဲက ကိုယ်ရဲ့ Pen Drive ပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး Properties ပေါ့။ security Tab ထဲမှာ ပုံမှန်အားဖြင့် Full control ဖြစ်နေလိမ့်မယ်။ အဲဒီမှာ Full Control ဆိုတာရယ်။ Modify ဆိုတာရယ်။ write ဆိုတာရယ်ကို အမှန်ခြစ် ဖြုတ်ပေးရပါမယ်။ ပြီးရင် Apply , Ok ပေါ့။ အားလုံးပြီးသွားရင်တော့ Full Control ပြန်မလုပ်သရွေ. ဖိုင်တွေ ထပ်ထည့်လို့ မရတော့ပါဘူး။ အထဲက ဖိုင်တွေကိုတော့ ပုံမှန်
ယူသုံးလို့ ရနေမှာပါ။ Full Control ပြန်မလုပ်သရွေ့  ဗိုင်းရပ်တွေကလည်း Pen Drive ထဲကိုဝင်လာနိုင်စရာမ ရှိတော့ပါဘူး ။



Thanks !!!
Hbone Kyaw

Show Hidden File and Folder

Show Hidden File and Folder



Show Hidden File and Folder လို့ ပြောလိုက်တိုင်း Apply တောင် မလုပ်ရသေးဘူး Do not Show Hidden File and Folder ဆိုပြီးပြန်ပြန် ဖြစ်နေတာ တစ်ချို့ ကြုံဖူးကြပါလိမ့်မယ်။
အဲဒါဆိုရင်တော့…
Run > Regedit လိုက်ပြီး Registry Editor ပေါ်လာရင် ဘယ်ဘက်ခြမ်းမှာ HKEY_CURRENT_USER
အောက်က Software အောက်က Microsoft အောက်က Windows အောက်က CurruntVersion
အောက်က Explorer အောက်က Advanced ဆိုတဲ့ ဖိုဒါပေါ်မှာ select မှက် လိုက်ရင် ညာဘက်ခြမ်းမှာ Hidden ဆိုတာလေးကို တွေ့ လိမ့်မယ်။
Hidden ဆိုတာလေးပေါ်မှာ ကလစ်နှစ်ချက်နှိပ်လိုက်ရင်။ Value Data အောက်မှာ 1 ဆိုရင် show hidden file and folder ပါ။ 2 တို့  0 တို့  ဖြစ်နေရင် ဖိုဒါတွေ ဖိုင်တွေ မှိန်ပြီး Do not show hidden file and folder ဖြစ် နေပါလိမ့်မယ်။
အဲဒါမှမပေါ်သေးဘူးဆိုရင်။ Virus ကို မရမ်းအောင်လုပ်ရပါမယ်။ startup ထဲမှာ ဗိုင်းရပ်ကို ပိတ်ထားတာမျိုး။ Bat ဖိုင်တွေနဲ.သတ်တာမျိုး အရင်လုပ်ပေးပါ။ ဗိုင်းရပ် နဲနဲ ငြိမ်သွားပြီဆိုရင်…
Registry Editor ထဲမှာ အောက်ကလမ်းကြောင်းအတိုင်း ဘယ်ဘက်ခြမ်းမှာ ဖိုဒါတွေကို ဖွင့်ပေးပါ။
HKEY_LOCAL_MACHINE \ software \ Mirosoft \ windows\ Currentversion \Explorer \ Folder \ Hidden \ Showall ဆိုတဲ့ ဖိုဒါပေါ်မှာ select မှက်ပြီး ညာဘက်ခြမ်းမှာ ကြည့်ပါ။
Checkedvalue ဆိုတာကို တွေ.ပါလိမ့်မယ်။ ကလစ်နှစ်ချက်နှိပ် ပေးလိုက်ပါ။ Value Data ကို 0 တို. 2 တို. ဖြစ်နေတယ်ဆိုရင် 1 ကို ပြန်ထားပေးရပါမယ်။ ဒါဆိုရင်တော့ show Hidden file and Folder လုပ်ရင် အဆင်ပြေသွားပါပြီ။

Thanks !!!
Hbone Kyaw

Autorun – Disable လုပ်ချင်ရင်။

Autorun – Disable
USB Drive မထိုးခင် သတိပြုစရာ
၁။ Auturun ကို disable လုပ်မယ်။ Run ထဲကနေ gpedit.msc ကိုသွားရမယ်။။ Local Computer Policy \ User Configuration \ Administrative Templates \ System \ Turn off Autoplay ဒါဆို autorun
ရန်က အတော်အသင့် လုံခြုံသွားပါပြီ။
၂။ Folder option မှ show hidden file and folder ကို ရွေး၊ hide protected operating system file ကို
ဖြုတ်ထားသင့်ပါတယ်။ (ဒါမှ Autorun.inf ဖိုင်ကို မြင်ရမှာပါ။)
၃။Drive ထဲကို ၀င်တဲ့အခါ Explorer ရဲ့ address ကနေ သူ့ရဲ့ drive root (eg. E:, F:) စသည်ဖြင့် ရိုက်ပြီးမှ ၀င်သင့်ပါတယ်။ (ဒါမှ Autorun မတက်မှာပါ။။)
၎။ အရင်ဆုံး Autorun.inf ဖိုင်ကို ရှာပါ။ သင်ဟာ virus ကိုသိလိုတယ်ဆိုရင်တော့ ၄င်း Auturun.inf ကို notepad နဲ့ဖွင့်ပြီးဖတ်ကြည့်နိုင်ပါတယ်။ open = \*any* လို့ ရေးထားတာ တွေ့ရလိမ့်မယ်။ ၄င်းဖိုင် ကို ရှာပြီးဖျက်ပစ်နိုင်ပါတယ်။ တချို့ virus များဟာ folder ယောင်ဆောင်နေတာကိုလဲ သတိပြုရပါမယ်။ ဒါကို သိဖို့ က explorer မှာ detail view နဲ့ ကြည့်ရင် မြင်နိုင်ပါမယ်။ သင်ရဲ့ folder အမှန်ဟာ hidden ဖြစ်နေပြီး folder ယောင်ဆောင် virus ဟာ file type – Application ဖြစ်နေမှာပါ။ သေချာချင်ရင်တော့ ၄င်း folder ပုံစံ တစ်ဖြစ် လဲ virus ပေါ်မှာ R-Click \ Property ၀င်ပြီး ကြည့်နိုင်ပါတယ်။ (တချို့ မျက်စိ လျှင်သူများကတော့ folder ယောင်ဆောင် virus ဟာ တစ်ကယ့် folder icon ထက် resolution နည်းတဲ့ (graphic ကိုပြောတာ) ပုံစံဖြစ် နေတာ တွေ့နိုင်ပါတယ်။)
Thumbs.db, Desktop.ini တို့ဟာ system file များဖြစ်တာကိုတော့ သိကြမယ်ထင်ပါတယ်။
ဥမာပေးလိုတဲ့ virus ပုံစံတွေက- KillVBS, thG, 911(folder), Updater(folder), chrome စတဲ့ အမည်တွေ ပါ။
*(တကယ်လို့ AntiVirus တခုခု တင်မထားဘူး၊ ဒါမှမဟုတ် AntiVirus ဟာ out of date ဖြစ်နေမယ်ဆိုရင် ဒါ ဟာအသုံးဝင်မှာပါ။)*


Thanks !!!
Hbone Kyaw