Tuesday, May 25, 2010

တို့ဗမာသီချင်းစာသား နှင့် ဖြစ်ပေါ်ပုံ


တို့ဗမာ သီချင်း ဖွင့်ပွဲကို ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ရွှေတိဂုံစေတီတော်ကြီး၏ ရာဟုထောင့်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် သခင်ဘသောင်းက တို့ဗမာသီချင်း၏ အနက်အဓိပါယ်ကို အကျယ်တ၀င့် ရှင်းပြ၏။ ရာဇ၀င်သမိုင်းနှင့် ခင်းကျင်း ဖော်ထုတ်၏။ ထို့နောက် ဂီတစာဆို သီချင်းရေးဆရာ ၀ိုင်-အမ်-ဘီ-အေ သခင်တင် က ခေတ်ပေါ်တူရိယာများနှင့် တွဲဖက်လျှက် ကိုယ်တိုင် ကိုယ်ကျ သီဆိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ပရိသတ်က အထူးနှစ်ခြိုက်သဖြင့် ထပ်မံပွဲတောင်းကြသည်။ ထပ်မံသီဆိုကြရပြန်သည်။ သီချင်းအဆုံးတွင်မူ “သခင်မျိုးဟေ့ - တို့ဗမာ” ဟူသော ကြွေးကြော်သံလွမ်းမိုးသွားတော့သည်။ ဂီတနယ်ပယ်မှ ရအပ်သည့် ဇာတိမာန်စိတ် ဖြစ်လေသည်။ တို့ဗမာသီချင်း စာသားမှာ ဖော်ပြပါအတိုင်းဖြစ်၏။ ဇာတိမာန် သီချင်း ကို ချင့်တွက် နိုင်ပါသည်။
တကောင်း အဘိရာဇာ၊ တို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ ၊ ယိုးဒယားနှင့် ကုလားကိုပါ၊ တိုက်ခိုက်ကာ အောင်ခဲ့တာ တို့ဗမာ ၊ စိန်မှန်ကင်းစစ် ၊ အဖြစ်ကြီးဖြစ်လျှက် ထင်းတလှည့်ကြုံရ ၊ ထုံးနှင့် မသွေ ၊ လောကဓမ္မတာပေ၊ ငါတို့ ကံခေပြန်ရသလေ ၊ သို့သော် အရင်းကို စစ်လျှင်၊ ဗမာပြေ ၊ ငါတို့ ငါတို့ပြေ။
နောင်ဥဒါန်း ဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား ၊ မျိုးရိုးနွယ်လာ၊ ကမ္ဘာတစ်ခွင်မှာဖြင့် ဗမာ အထင်အရှား၊ တို့ ခေတ်တွင်မှ ညံ့ကြတော့မှာလား ။တို့ဗမာ ၊ တို့ဗမာမဟုတ်လေသလား။ (တို့ဗမာ ၊ငါတို့ဗမာ)၂(ဒါ- ငါတို့ဗမာ)၂ အားလုံးညီညီ၊ ယောင်္ကျားဘသား တို့ဗမာ၊ နောင်လာနောက်သား ကောင်းစားဖို့ရာ ၊ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာ ပီပီ ဗမာပြေ၊ တို့ဗမာတို့ပါ။ သခင်ကျင့် ကို ကျင့်ကြပါ။ သခင်မျိုးဟေ့ တို့ဗမာ၊ မိုးအောက် မြေပြင်မှာ ၊ အထက်တန်းနှင့် စာမရီသွေး ၊ တို့ဗမာ။

(သံပြိုင်) ကမ္ဘာမကြေ ၊ ဗမာတစ်တွေ ( ဒါတို့ပြေ ဒါတို့မြေ ဒါ ငါတို့ပြေ)၃ (တို့ဗမာ)၃ ကို တိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင် ၊တို့ဝတ္တရားပင် တို့ဗမာ သခင်။

အမျိုးသားရေး ကြိုးပမ်းကြပါ၊ တို့ဗမာဟေ့ ...တို့ဗမာ ၊ သြော် အမျိုးသားရေး ကို ကြိုးပမ်းကြပါ။ တို့ဗမာ ၊အရှေ့က နေ၀န်းထွက်သည့်ပမာ၊ တို့ ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ။ တို့ဗမာဟေ့ တို့ဗမာ၊ ဗမာပြည်တစ်ဝန်းအကုန် ၊ တို့အိမ်မှတ်ပါ ၊ တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ။ ။

တို့ဗမာ သီချင်းသည် ထူးခြားပြောင်မြောက်သည့် သီချင်းဖြစ်သည်။ စကားလုံးရွေးချယ်မှု ပညာပါသည်။ စာသားအနေဖြင့် ဂုဏ်မြောက်သည်။လေးနက်သည့် အဓိပ္ပါယ်ဆောင်သည်။ သမိုင်းနောက်ခံ အကြောင်းအရာ ရှိသည်။ အားမာန်ပါသည်။ ခေတ်အမြင် ခေတ်အတွေးပါသည်။ နိုင်ငံ နှင့် လူမျိုးအတွက် ရေရည် မျှော်မှန်းချက်တွေထားသည်။ စည်းဝါးကာရံကောင်းသည် နှင့် အမျှ ဆိုရာတွင် အားမာန်ပြည့်စေ သည်။ သံပြိုင်များ ထည့်ထားသဖြင့် အများပြည်သူများ ပါဝင်သည်။ မြန်မာ တမျိုးသားလုံးနှင့် သက်ဆိုင်ကြောင်း ညွန်ပြနေသည်။

နိုးကြားခြင်း ၊ တက်ကြွခြင်း၊ ပြင်းထန်ခြင်း ၊ တစ်သွေးတည်း တစ်သားတည်း စိတ်ရှိုခြင်း ၊ ဇာတိမာန်သွေးတို့ သည် ဟူးဟူးပြောင်ပြောင် တောက်လောင်သည်နှင့် တူလာ၏။ မီးခဲပြာဖုံးစိတ်ဓါတ်များ နိုးကြားလာသည်။ ထို့ကြောင့် နယ်ချဲ့တို့ တုန်လှုပ်လာရသည်။ သီချင်းက ပေးလိုက်သော မြန်မာ့သမိုင်း ၊ မြန်မာဇာတိ၊ မြန်မာ့ အစဉ်အလာ၊ မြန်မာ့စိတ်ဓါတ်၊ မြန်မာ့အားမာန် ကို သိရှိသွားကြသည်။ အောင်မြင်သော ဇာတိမာန်တေး အဖြစ်သမိုင်းတွင်ရစ်ပေသည်။

သီချင်းဖြစ်ပေါ်ပုံမှာ လည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ ရေးစပ်တီးကွက်ရှာသူမှာ မန္တလေးဂီတလောက မှ ရန်ကုန်သို့ ဆင်းလာသော ၀ိုင်- အမ် -ဘီ-အေ ဆရာတင်ဖြစ်သည်။ ရန်ကုန်ရောက်သောအခါ သခင်ဘသောင်း ၊ သခင်လှဘော်တို့ နှင့်ပေါင်းမိသည်။ ၀ိုင် - အမ်-ဘီ -အေ ဆရာတင်မှ သခင်တင် ဘ၀သို့ ကူးပြောင်းသွား၏။ သခင်ပုဂ္ဂိုလ်များနှင့် စာသားညှိနိုင်း ရယူပြီးမှ ဥဒါန်းတွင်ရစ်သည့် တို့ဗမာသီချင်းကို ပြောင်မြောက်အောင်မြင်စွာ ရေးဖွဲ့ခဲ့ကြ ခြင်းဖြစ်ပေတော့သည်။

Monday, May 24, 2010

နာဂစ်ဗိုင်းရပ်စ်ကို ဘယ်လိုသတ်မလဲ...<<< Download Now

သူက ဘာတွေ Problem ပေးလဲဆိုတော့… Windows ထဲကို ၀င်တဲ့ Password ကို မသိတော့အောင်လုပ်တာ။

ကိုယ်ပေးထားတဲ့ Password မဟုတ်တော့ပဲ…ပြောင်းသွားသလို လုပ်တာ။ တကယ်တော့ မပြောင်းဘူး…

အဲ့ဒီလိုဖြစ်နေရင် Download ဆွဲပြီး Run ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

Internet Download Manager v5.19 Portable <<< Download Link

ဒါကတော့ Internet Download Manager v5.19 Portable လေးပါ၊
လိုချင်ရင် ဒေါင်းယူလိုက်ပါ။ 13.9mb

Friday, May 21, 2010

Driver Back UP Software <<< Download Now

စက်ကို မဖြစ်မနေ Format ရိုက်ရတော့မယ် Driver လည်းမရှိဖြစ်နေသော သူများအတွက် ရည်ရွယ်ပါတယ်။
တော်တော်လေး အဆင်ပြေပါတယ်...။

Folder တွေကို စိတ်ကြိုက် Color ချိန်းကြမယ် <<< Download Software



မိမိ ကွန်ပျူတာမှာ folder လေးတွေကို ဒီအတိုင်းထားထားရင် Default အရောင်လေးနဲ့ပဲပေါ်နေမှာပါ။ အဲ့ဒါကြောင့် မိမိ PC ထဲက folder လေးတွေ လှပသွားဖို့  ကိုယ်ကြိုက်တဲ့ အရောင်လေးတွေ နဲ့ ပြောင်းကြည့်ရအောင်...

ဘာမှ အများကြီးလုပ်စရာ မလိုပါဘူး။ FolderHighLight ဆိုတဲ့ ဟာလေးကို Install လိုက်ရုံနဲ့ ရပါပြီ။.ပြီးရင် ပြောင်းချင်တဲ့ folder ပေါ်မှာ right click -> folder high light ထဲက ကြိုက်တဲ့ အရောင်လေးတွေ ရွေးပေးလိုက်ရင် ရပါပြီ။

Monday, May 17, 2010

Resize Your Photo

Myanmar မှာလောလောဆယ်အခြေအနေအရ Upload photo file size ဟာ Limitation အနည်းငယ်ပဲရှိပါတယ်။
အဲဒါကြောင့် Photo တွေ ကို Upload လုပ်တဲ့အခါမှာ Photo ကို Re-size လုပ်ရပါတယ်။ အဲလိုလုပ်တဲ့နည်းကို အများစုကသိပြီးသားပါ။
ဒါပေမယ့် တစ်ချို့ Photoshop နဲ့အတွေ့အကြုံမရှိသေးတဲ့သူတွေအတွက် ရေးလိုက်တာပါ။

မိမိ re-size လုပ်ချင်တဲ့ပုံကို Photoshop CS နဲ့ဖွင့်လိုက်ပါ ပြီးရင် keyboard ကနေ Ctrl + Alt + I ကိုတွဲနိုပ်လိုက်ပါ။ ( Image Menu ပြီးတော့ Image Size ကိုနိုပ်လိုက်ပါ။)
ပေါ်လာတဲ့ Image Size Dialog box မှာ Constrain Proportions ကို check လုပ်ထားပါ default ကတော့ check လုပ်ထားပြီးသားပါ။
ပြီးတဲ့အခါ Pixel Dimension ရဲ့ Width ကို 1200 ပြောင်းလိုက်ပါ။ Height auto လိုက်ပြောင်းသွားမှာပါ။ ကျန်တဲ့ setting တွေကိုတော့ Default အတိုင်းထားပါ။
ပြီးသွားတဲ့အခါမှာတော့ JPEG format နဲ့ Save လုပ်လို့ရပါပြီး။ Max file size က 2m ထက်မကျော်ပါဘူး။ ပုံ Quality လည်းမကြပါဘူး။ Width 1200 ဟာ file size လည်းအရမ်းမကြီးသလို monitor အများစုနဲ့ browser တွေပေါ်မှာ ကြည့်ရတာ အဆင်အပြေဆုံး size ပါ။




အပေါ်မှာပြောထားတာက ၁ ပုံခြင်းကို resize လုပ်တာပါ။
( ပုံအများကြီးလုပ်ချင်ရင်တော့ File Menu and then Click the Scripts and then Click the Image Processor
နိုပ်ပြီးသွားရင် Image Processor dialog box ပေါ်လာမှာပါ။ အဲမှာ မိမိပြောင်းချင်တဲ့ Photo ရှိတဲ့ folder ကိုရွေးပေးပါ။ ပြီးတော့ ထွက်လာတဲ့ Photo တွေ
သိမ်းဖို့ folder ကိုရွေးပေးပါ။ File type မှာ JPEG ကိုရွေးပါ။ Re-size to fit ကို Check လုပ်ပြီး Width နဲ့ High value ကိုထည့်လိုက်ပါ။)

ဆိုပါတော့ Width ကတော့ 1200 ထားပြီး သူနဲ့ အချိုးအစားတူတဲ့ High ကိုသိချင်ရင်တော့ အဲဒါတွေမလုပ်ခင် မိမိပြောင်းချင်တဲ့ပုံတစ်ပုံကို Photoshop မှာဖွင့်ပြီး အပေါ်မှာပြောထားတဲ့အတိုင်းလုပ်ကြည့်လိုက်ပါ။
Image Size dialog box ထဲမှာ width value ကိုသိနိုင်ပါတယ်။

ပြီးရင် Quality ကို 1 - 12 အထိ set လုပ်နိုင်ပါတယ်။ ပြီးသွားရင်တော့ Run လိုက်ပေါ။့
နောက်တစ်ခုက ... အဲလို အများကြီးတစ်ခါတည်းပြောင်းတဲ့အခါမှာ ori image ရဲ့ dimension တွေတူမှပိုပြီးအဆင်ပြေမှာပါ။ ပြီးတော့ landscape ဆိုရင် landscape တွေကိုအရင်ပြောင်းပါ။ landscape နဲ့ Portrait နှစ်မျိုးကိုတွဲပြောင်းမယ်ဆိုရင် အဆင်မပြေပါဘူး။

Sunday, May 16, 2010

“ နွားများနှင့်...”



တစ်ဝက်တစ်ပျက် သုံးရာသီနဲ့
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုက
ငါ့ကိုဂြိုလ်ဆိုးမေသလို
ဒီနွေကပူလိုက်တာ...။

အအေးခန်းယဉ်ကျေးမှု ကမ္ဘာ့စံချိန်နဲ့
အသိပညာအသွင်ပြောင်းလဲလာတဲ့ အယ်လ်ဂိုးစံချိန်
ဘယ်သူအားသာမလဲ...။

အနာဂါတ်အပေါ်ဘယ်လောက်စေတနာရှိလဲ
ကြည့်ကြရအောင်...။

ခုလောလောဆယ်တော့
အအေးခန်းကုန်တိုက်တွေမှာလူများလာတယ်...
အအေးခန်းတည်းခိုရိပ်သာတွေမှာလူများလာတယ်...
အအေးခန်းစားသောက်ဆိုင်တွေမှာလူများလာတယ်...

အေး

အအေးခန်းကုန်စည်နဲ့ ၀န်ဆောင်မှုတွေသုံးစွဲနေသရွေ့
မနက်ဖြန်အပြင်ထွက်ရင် ပူတဲ့အကြောင်း
လာမပြောနဲ့ ................။

နိမ်း(ဒ)

Saturday, May 15, 2010

Regedit ကိုဖွင့်ရအောင် ပြုလုပ်နည်း။

မိမိ သွင်းသမျှ ဆော့ဝဲလ်တိုင်းဟာ Regedit မှာ အကုန်ဝင်ပါတယ်။ ဗိုင်းရပ်စ်လဲ အပါအ၀င်ပေါ့။ ဗိုင်းရပ်စ်ကို Run မိရင် Regedit ထဲရောက်သွားတာပါပဲ။
ဗိုင်းရပ်စ်က အကောင်ကြီးရင် Regedit ကို ဖွင့်မရအောင် ပိတ်လိုက်တော့တယ်။ ဒီတော့ အကြမ်းမျဉ်းအနေနဲ့ Regedit ဖွင့်မရရင် ဗိုင်းရပ်စ် ၀င်နေတယ်ဆိုတာ သိဖို့ပါပဲ။
Regedit ပြန်ဖွင့်ဖို့ မခက်ပါဘူး။ အောက်က နည်းအတိုင်း လုပ်ဆောင်သွားပါ။

၁) Start မှ Run ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ထည့်၍ ဖွင့်ပါ။ Group Policy Box ကျလာလိမ့်မည်။
၃) User Configuration မှ Administrative Templates ကို Click လုပ်ပါ။
၎) ပြီးလျှင် System ကို Select မှတ်ပါ။ ညာဘက်အကွက်တွင် Prevent access to registry edition tools စာသားကို ရှာပါ။
တွေ့ပါက Double Click လုပ်ပါ။ Not Configured ကို Enabled လုပ်ပါ။ Apply လုပ်ပါ။ Ok ။
၅) Regedit ပြန်ဖွင့်ကြည့်ပါ။ ဖွင့်၍ မရသေးပါက Not configured ကို ပြန်ပေးပြီး Ok လုပ်ပါ။
၆) Regedit ပြန်ဖွင့်ကြည့်ပါ။ ရပါလိမ့်မည်။

Friday, May 14, 2010

mgy.exe Virus (or) mgy Virus (or) Magway Fc Virus Removal <<< Download Now



mgy.exe virus က Task manager , cmd.exe , search , regedit , Administrator account စတာတွေကို ပိတ်တယ်။ Folder option ကိုတော့ပေးဖွင့်ပါတယ်။ ဒါပေမယ့် Show Hidden File ကိုဘယ်လိုမှပြောင်းလို့မရဘူး။ Apply , OK လုပ်ပြီးတာနဲ့ ပြန် hidden ဖြစ်သွားရော...။
Memory Stick ထိုးလိုက်ရင် အဲဒီ စတစ်က မနားရတော့ဘူး၊ သူ့ထဲမှာ ဖိုင်တွေထိုင်ပွါးပါလေရော...။

mgy.exe Virus တိုက်ခိုက်ခံရသော ကွန်ပျူတာသည်...>>>

(၁) ကွန်ပျူတာသည် နှေးကွေးသွားခြင်း။
(၂) Memory Stick များတွင်းမှ Folder များပျောက်သွားက ထိုပျောက်သွားသော Folder များ၏ အမည်များဖြင့် .exe File များအစားထိုးဝင်ရောက်နေခြင်း.
(၃) Folder Option၊ Taskmanager ပျောက်သွားခြင်း။
(၄) cmd.exe ဖွင့်လိုက်သည်နှင့် ချက်ချင်းပြန်ပိတ်သွားခြင်း။
(၄) .vbs script များ Run ၍မရခြင်း။
(၅) Desktop ၏ ညာဘက်အောက်ထောင့် ( အချိန်ဖော်ပြသောနေရာ ) တွင် အထက်ပါ ဖော်ပြထားသော Magway Fc ပုံ တက်တက်လာခြင်း။တို့ပဲဖြစ်ပါသည်။

mgy.exe Virus တိုက်ခိုက်ခြင်းခံနေရပါက ..>>>

(၁) ကွန်ပျူတာတွင် ရှိသော AntiVirus ကို ခေတ္တ ပိတ်လိုက်ပါ။
(၂) Virus ကိုဖယ်ရှားခြင်းပြုလုပ်ရာတွင် System ကို Restart ပြုလုပ်ရန်လိုအပ်သည့် အတွက် လုပ်လက်စအလုပ်များရှိပါက Save ပြုလုပ်ထားရန်လိုအပ်ပါသည်။
(၃) Virus ဝင်ရောက်ခြင်းခံထားရသော Memory Stick များကို ကွန်ပျူတာတွင် တပ်ဆင်ထားပါ။
(၄) Myanmar Chat Online မှ Download ယူထားသော mgyVirusRemoval.exe ကို Runလိုက်ပါ။
(၅) System Restart ဖြစ်၍ ပြန်လည်တက်လာသည့် အချိန်အတွင် mgy.exe Virus သည် သင့်ကွန်ပျူတာတွင်းနှင့် Memory Stick များတွင်းမှ ရှင်းလင်းပြီးဖြစ်သွားသည်ကို တွေ့ရပါလိမ့်မည်။
(၆) Nod32 AntiVirus အသုံးပြုသူများအနေဖြင့် Nod32 ကို Virus မှ နေရာဝင်ရောက်ယူသွားသဖြင့် Nod32 ကိုပြန်လည် ထည့်သွင်းပေးရန် လိုအပ်ပါသည်။

Wednesday, May 5, 2010

Creating a webpage E - book >>> Download Now

Creating a webpage ဆိုတဲ့ စာအုပ်ကလေးပါ။ အဲဒီ့ အထဲမှာ html နဲ့ ပါတ်သတ်ပြီးတော့ စုံစုံလင်လင်ကလေးရှင်းပြထားပါတယ်။ webpage တစ်ခု တည်ဆောက်ပုံကလေးကိုပါ ရှင်းပြထားပါတယ်။ html နဲ့ ပါတ်သတ်ပြီးတော့ လေ့လာနေသူများအတွက် အဆင်ပြေပါတယ်။



လေ့လာချင်တယ်ဆိုရင် ဒေါင်းသွားနိုင်ပါတယ်။

G_Talk ကို သူများတွေမသိအောင်ဖွက်ပြီးတော့ သုံးမယ်ဆိုရင်

ဒီနည်းကလေးကတော့ သူများတွေ ကိုယ့်စက်မှာ လာပြီးတော့ chat မယ်ဆိုရင် မ chat စေချင်လို့ပဲဖြစ်ဖြစ်/ ဘာပဲ ဖြစ်ဖြစ် သူ့အတွက်လည်း ရှာရဖွေရ ဖြစ်အောင်ပေါ့။
gtalk ကို run box ကနေခေါ်ပြီးတော့ သုံးတဲ့နည်းလေးပါ။
g talk ကို shortcut ထုတ် > ပြီးရင် rename ပြောင်း > ဥပမာ .. hello ဆိုရင် hello ပေါ့။ ပြောင်းလိုက်တဲ့ နာမည်ကိုတော့ မှတ်ထားနော်။ အများကြီးသုံးချင်ရင်တော့ nomutex ရိုက်ထည့်ထားပေါ့။ ပြီးရင် >>>

C:\ ကို ဖွင့်လိုက်ပါ။ window \ system 32 ကိုဖွင့်ပြီး စောစောက hello shortcut ကလေးကို ထည့်ပေးလိုက်ပါ။ အဲဒါဆိုရင် run box ကနေပြီးတော့ hello လို့ရိုက်ထည့်လိုက် gtalk ကလေးပေါ်လာမှာပါ။
အဆင်ပြေပါစေ ...

Tuesday, May 4, 2010

G mail account ကို ဖျက်မယ်ဆိုရင်

G talk ကို မသုံးချင်တော့ဘူးဆိုပါတော့…။ အဲဒီ့ အကောင့်ကို ဖျက်လိုက် ချင်ရင် ဖျက်လိုက်လို့ ရပါတယ်။ g talk > setting > account setting ကိုသွားလိုက်ပါ။ အဲဒါ ဆိုရင် firefox မှာ မိမိနဲ့ ပါတ်သတ်တဲ့ data တွေကိုတွေ့ ပါလိမ့်မယ်။ အဲဒီကနေမှ MY Product ဆိုတာရဲ့ ဘေးလေးမှာ Edit ဆိုတာလေးကိုနှိပ်လိုက်ပါ။ Delete Account ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲဒီအောက်က Close account and delete all services and info associated with it အဲဒီ့စာသားလေးကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ အကုန်လုံးကို အမှန်ခြစ်ကလေးတွေပေး၊ ပြီးရင် ယခုသုံးနေတဲ့ password ကိုထည့်ပြီးပြီ ဆိုရင်တော့ Delete google account ကိုနှိပ်လိုက်ပါ။ အဲဒါဆိုရင်ကိုယ့်ရဲ့-account-ဖျက်ပြီးသွားပါပြီ။
Account တစ်ခုလုံးကို မဖျက်ပဲနဲ့ အဲဒီ့ account နဲ့ တခြား အရေးကြီးတဲ့ website တွေကို ၀င်ပြီးသွားပြီ ဒါပေမယ့် g mail ကိုတော့ မသုံးချင်တော့ဘူးဆိုရင်လည်း G mail နဲ့ ဆိုင်တာကိုပဲ ဖျက်မယ်ဆိုရင် တော့ Remove Gmail permanently ဆိုတာကလေးကို ပဲ နှိပ်ပြီးတော့ G mail ကို အသုံးမပြုပဲနဲ့ Web နဲ့ ဆိုင်တာတွေမှာပဲ account ကို အသုံးပြုနိုင်ပါတယ်။
(မှတ်ချက်။ ။ အဲဒီ account က ဖျက်နေတဲ့ အချိန်အတွင်းမှာ သုံးနေတုန်းဆိုရင်တော့ မပျက်သေးပါဘူး။ Sign out လုပ်ပြီးရင်တော့ ပြန်ဝင်လို့ မရတော့ ပါဘူး။)

Sunday, May 2, 2010

Sunday, April 18, 2010 iCare Data Recovery Software 3.5 <<< Download Now

ဒီ iCare Data Recovery Software 3.5 ပါ။ USB/HDD တွေကို မှားပြီး Formart/Delete ပေးမိသွားတာမျိုး ရှိခဲ့ရင် ဒီဆော့လ်ဝဲလေး နဲ့စမ်းကြည့်လိုက်ပါ။ တော်တော် ကောင်းပါတယ် Video ဖိုင်တွေ တောင်ပြန်ရှာ ပေးနိုင်တယ် ဆိုတော့ တစ်ချား ဖိုင်တွေကိုတော့ ပြောစရာမလိုဘူးလို့ ထင်ပါတယ်။ ဒေါင်းယူလိုက်ပါ 2.88mb

“ကွန်ပျူတာကို ပုံမှန် ကလေး လုပ်ပေးသင့်တဲ့အချက်များ”

ကိုယ့် ကွန်ပျူတာကို မြန်အောင် လုပ်တဲ့ နေရာ မှာ software တွေ အကူ အညီနဲ့ မြန်အောင်လုပ်တာတွေ ရှိသလို regedit ပိုင်းတွေ ကနေပြီးတော့ ၀င်ပြင် လိုက် ပြီးတော့ မြန်အောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်။ ဒီနည်းလမ်းကလေးကတော့ ကွန်ပျူတာမှာ ပါ တာ ကလေးတွေ ကိုပဲသုံးပြီးတော့ လုပ်တာပါ။ ဒီအချက်တွေကို မှန်မှန် ကလေးသာလုပ်ပေးပါ။ ကိုယ့် ရဲက ကွန်ပျူတာ ကိုအဆင်ပြေပြေ သုံးရတာပေါ့…။

၁။ disk cleanup ပြုလုပ်ခြင်း

disk space ကို ရှင်းရှင်းလင်းလင်း ကလေး ထားမယ်ဆိုရင် ကိုယ် ကွန်ပျူတာရဲ့ performance ကို မြှင့်တင်နှိုင်ပါတယ်။ ကိုယ့် ကွန်ပျူတာရဲ့ disk space ကို ရှင်းမယ်ဆိုရင်တော့ disk cleanup လုပ်ပြီးတော့ ရှင်းလင်းနိုင်ပါတယ်။ ရိုးရိုးတမ်းတမ်း ကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk cleanup ဆိုပြီးတော့ သွားနိုင်ပါတယ်။ အဲဒီ့လို disk cleanup လုပ်ရင် ကိုယ် ဖျက်ခင်တဲ့  file ကလေးတွေ ကို ဖျက်ခိုင်းဖို့ အတွက် သူက choose ခိုင်းပါတယ်။ ဘာတွေ ကို ကိုယ့် အနေနဲ့ ဖျက်ချင်သလဲ/ဘာတွေက ကိုယ် အတွက် အရေး မကြီးဘူးလဲ ဆိုတာကလေးကို ရွေး ရမှာပါ။ ဥပမာအနေနဲ့ ကတော့…
temporary Internet files.
downloaded program files
Empty the Recycle Bin
Windows temporary files
အဲဒီ့ အပေါ် ကနေရာကလေး တွေကို check ပေးပြီးတော့ ဖျက်လိုက်ပါ ။။
**internet temporary file တွေကတော့ ကိုယ့် သွားခဲ့ တဲ့ webpage (browser cache ) တွေကိုမှတ်ထားတဲ့ အတွက်ကြောင့် ပိုပြီးတော့ များနိုင်ပါတယ်။


၂။ data တွေကို မြန်မြန် ကလေး သုံးနိုင်အောင်

Disk fragment ကို လုပ်တာပါ။Disk fragment လုပ်ခြင်းဖြင့်လည်း ကိုယ့် ရဲ့ ကွန်ပျူတာကို performance ကို မြှင့်တင်နုငိပါတယ်။Disk fragment လုပ်ထားမယ်ဆိုရင်… ကွန်ပျူတာမှာ ရှာချင်တာတွေ ရှိရင် အရင် ကထက်ပိုပြီးတော့ ရှာ နိုင်တာတို့/တခြား ဖိုင်တွေ ကနေပြီးတော့ မလိုတော့ဘူး ပြန်ထွက်တာတို့ဘာတို့ ဆိုရင် မီးလုံး လေး လှိမ်နေတာလေးတွေဘာတွေ မြင်ဖူးမှာပါ။ အဲဒီလိုကလေးတွေမဖြစ်အောင်လည်း ဖြေရှင်းနိုင်ပါတယ်။ ကွန်ပျူတာရဲ့ response လုပ်တဲ့ အချိန်တွေကို မြန်စေမှာပါ။ disk defrag လုပ်တာကို ရိုးရိုးတမ်းတမ်းကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk defragmenter ဆိုပြီးတော့ လုပ်နိုငပါတယ်။ အဲဒါကလေးကို ဖွင့်ပြီးသွားပြီဆိုရင်တော့ အရင်ဆုံး ကိုယ်လုပ်မယ့် disk ကို analyze လုပ်လိုက်ပါ။ ပြီးရင်တော့ fragment လုပ်လိုက်ပါ။ ဒါပေမယ့် window က ပါတဲ့ defragment လုပ်တာတွေ က ကြာတော့ကြာပါတယ်။ disk derag ကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့ အတွက် သူ့ အတွက် သီးသန့် ဆိုပြီးတော့ လုပ်ထားတဲ့ software တွေလည်းရှိပါတယ်။ အဲဒါကလေးတွေကို သုံးပြီးတော့ လုပ်ရင် လည်းရပါတယ်။ defrag လုပ်ပြီးလို့ ကိုယ် က သူ ဘယ် file တွေကို စီလိုက်သလဲ ဆိုတာကို ကြည့်ချင်တယ်ဆိုရင် View Report ကို ကြည်နိုင်ပါတယ်။


၃။ Disk Error များကို ရှာဖွေခြင်းး ပြု ပြင်ခြင်း

disk cleanup နဲ့ disk defrag လုပ်တာတွေကို ကွန်ပျူတာရဲ့ performance ကို optimize လုပ်ပေးတာလေးပါ။ စက်ထဲမှာ ဖြစ် ပေါ်လာတဲ disk error တွေကို စစ်ဆေးပြီးတော့ ဖြေရှင်းတာပါ။ ကွန်ပျူတာမှာ Hard drive မှာ bad sectors တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ Bat sector တွေ များလာရင် ကိုယ့် ကွန် ပျူတာကို အနည်းနဲ့ အများ လေးစေပါတယ်။ နောက်ပိုင်းမှာ ကိုယ့်ရဲ့ Hard drive မှာ Bad sector တွေက များလာပြီဆိုရင်တော့ Hard drive ကို ထိခိုင်လာနိုင်ပြီးတော့ Hard drive မှာမီးအကြာကြီးလင်းနေ တာတွေဖြစ်လာနိုင်ပါတယ်။ နောက်ပိုင်းဆို ပိုပို ဆိုးလာပါတယ်။ အဲဒါကြောင့် စစ်ဆေး ပြီးတော့ bad sector တွေများလာတာတွေကို ဖြေရှင်း ခိုင်း ထားတာ ပို ကောင်းမှာပါ။ Error Checking utility ဆိုတာကို လုပ်ထားပြီးတော့ စစ် ဆေး နိုင်ပါတယ်။ ဘယ် drive ကို စစ်မလဲ ဆိုတာကို ရွေးချယ်ပေးရပါ့မယ်။ တစ်ရက် ကို တစ်ခါဆိုရင်တော့ နဲနဲ အလုပ်ရှုပ်နိုင်ပါတယ်။ ကွန်ပျူတာ စဖွင့်ဖွင့်ခြင်း ကို အပြာရောင် screen နဲ့ စစ်နေမယ် နဲနဲတော့ကြာတာပေါ့။။ Error Checking ကို ဘယ်လို ဖွင့်မလဲဆိုတော့ အရင် ဆုံးဖွင့်ထားတဲ့ Program တွေ အားလုံးကို ပိတ်လိုက်ပါ။
My computer ကို ဖွင့်လိုက်ပါ။
ပြီးရင်တော့ ကိုယ် စစ်ချင်တဲ့ drive ကို R click ထောက်လိုက်ပါ။
properties ကို သွားလိုက်ပါ။ drive ရဲ့ properties dialog box ကလေး ပေါ်လာပါ့မယ်။။
Tool tab ကို သွားလိုက်ပါ။
အဲဒီ့မှာ Error checking ဆိုတာကို တွေ့မှာပါ။ Check Now ဆိုတာကလေးကို Clck ပေးလိုက်ပါ။
အဲဒီ့ အခါ ကျရင် dialog box ကလေး နောက်တစ်ခု ပေါ်လာပါ့မယ်။
Scan for and attempt recovery of bad sectors ဆိုတာကလေးကို Check ပေးလိုက်ပါ။ ပြီးရင်တော့ start
ပေးလိုက်ရင် သူ့ဘာသာ သူ စစ်ပါလိမ့်မယ်။ စစ်ပြီးရင် Bat sectors တွေ့ပြီဆိုရင် တော့ Fix ပေးလိုက်ပေါ့။
Automatically fix file system errors ဆိုတာကို တော့ ကွန်ပျူတာ ထဲမှာ Bad sectors တွေများနေတယ် ထင်ရင် ပေးထားလိုက်ပါ။သူဘာသာ စစ်ပြီးတော့ ဖြေရှင်းပေးပါလိမ့်မယ်။

၎ ။ အမှိုက် ရှင်းလင်း ခြင်း

ကွန်ပျူ တာမှ အမှိုက် တွေ ဖြစ်နိုင်တဲ့ နေရာတွေကို သွားပြီးတော့ ရှင်းတာပါ။အဲဒါ ကလေးတွေ ရှင်းခြင်းအားဖြင့်လည်း ကွန်ပျူတာကို အနည်း ငယ် သွက်လက်စေပါတယ်။

>>> start => run ကို သွားလိုက်ပါ။
ပြီးရင် prefetch ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ။ box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့ သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ။

>>> start => run = > recent ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ။ box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့အထဲ မှာ တွေ့ သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ။

>>> start => run = > %temp% ( %tmp% ) ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ။ box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့ သမျှ ဖိုင်တွေအားလုံးကို ဖျက်လိုက်ပါ။

>>> start => run => temp ဆိုပြီးရိုက်လိုက်ပါ။ box တစ်ခုကျလာပါလိမ့်မယ်၊ အဲ့ဒီအထဲမှာ ရှိသမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ။

အခုနည်း ကလေးတွေ ကို ပုံမှန် ကလေး ကွန်ပျူတာမှာ ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ ကွန်ပျူ တာအနေ နဲ့ ရှင်းရှင်းလင်းလင်း နဲ့ သွက် သွက် လက်လက်ကလေး ဖြစ်ပြီးတော့ သုံးရတာ အဆင်ပြေလာမှာပါ။

Saturday, May 1, 2010

G mail back up >>> Download Now

ဒါကလေး ကတော့ အသုံးဝင်ရင်လည်း ၀င်မယ်၊ ကိုယ့် Gmail တွေကို back up ယူထားလိုက်တဲ့ ဟာလေးပါ။ သူကို သုံးပြီးတော့ ကိုယ့် account ထဲ က ဟာလေးတွေ ကို backup လုပ်မယ်ဆိုရင် အဲဒီ့ account ထဲက ဟိုး စကတည်း က ပြောထားတာတွေ အကုန်လုံးကို မေးလ်တွေ အကုန်လုံးကို Date ကလေးတွေ နဲ့ Download ချပေးပါတယ်။ ပြီးတော့ ချထားတာလေးတွေကိုဖွင့်မယ်ဆိုရင်တော့ outlook express နဲ့ဖွင့်ရပါတယ်။ ဓါတ်ပုံတွေဘာတွေဆိုရင်လည်း ရပါတယ်။ Gmail ထဲမှာ အရေးကြီး Data တွေ ရှိတဲ့လူတွေ အတွက်တော့ အသုံးဝင်လောက်မယ်ထင်ပါတယ်...။