Monday, May 17, 2010

Resize Your Photo

Myanmar မှာလောလောဆယ်အခြေအနေအရ Upload photo file size ဟာ Limitation အနည်းငယ်ပဲရှိပါတယ်။
အဲဒါကြောင့် Photo တွေ ကို Upload လုပ်တဲ့အခါမှာ Photo ကို Re-size လုပ်ရပါတယ်။ အဲလိုလုပ်တဲ့နည်းကို အများစုကသိပြီးသားပါ။
ဒါပေမယ့် တစ်ချို့ Photoshop နဲ့အတွေ့အကြုံမရှိသေးတဲ့သူတွေအတွက် ရေးလိုက်တာပါ။

မိမိ re-size လုပ်ချင်တဲ့ပုံကို Photoshop CS နဲ့ဖွင့်လိုက်ပါ ပြီးရင် keyboard ကနေ Ctrl + Alt + I ကိုတွဲနိုပ်လိုက်ပါ။ ( Image Menu ပြီးတော့ Image Size ကိုနိုပ်လိုက်ပါ။)
ပေါ်လာတဲ့ Image Size Dialog box မှာ Constrain Proportions ကို check လုပ်ထားပါ default ကတော့ check လုပ်ထားပြီးသားပါ။
ပြီးတဲ့အခါ Pixel Dimension ရဲ့ Width ကို 1200 ပြောင်းလိုက်ပါ။ Height auto လိုက်ပြောင်းသွားမှာပါ။ ကျန်တဲ့ setting တွေကိုတော့ Default အတိုင်းထားပါ။
ပြီးသွားတဲ့အခါမှာတော့ JPEG format နဲ့ Save လုပ်လို့ရပါပြီး။ Max file size က 2m ထက်မကျော်ပါဘူး။ ပုံ Quality လည်းမကြပါဘူး။ Width 1200 ဟာ file size လည်းအရမ်းမကြီးသလို monitor အများစုနဲ့ browser တွေပေါ်မှာ ကြည့်ရတာ အဆင်အပြေဆုံး size ပါ။




အပေါ်မှာပြောထားတာက ၁ ပုံခြင်းကို resize လုပ်တာပါ။
( ပုံအများကြီးလုပ်ချင်ရင်တော့ File Menu and then Click the Scripts and then Click the Image Processor
နိုပ်ပြီးသွားရင် Image Processor dialog box ပေါ်လာမှာပါ။ အဲမှာ မိမိပြောင်းချင်တဲ့ Photo ရှိတဲ့ folder ကိုရွေးပေးပါ။ ပြီးတော့ ထွက်လာတဲ့ Photo တွေ
သိမ်းဖို့ folder ကိုရွေးပေးပါ။ File type မှာ JPEG ကိုရွေးပါ။ Re-size to fit ကို Check လုပ်ပြီး Width နဲ့ High value ကိုထည့်လိုက်ပါ။)

ဆိုပါတော့ Width ကတော့ 1200 ထားပြီး သူနဲ့ အချိုးအစားတူတဲ့ High ကိုသိချင်ရင်တော့ အဲဒါတွေမလုပ်ခင် မိမိပြောင်းချင်တဲ့ပုံတစ်ပုံကို Photoshop မှာဖွင့်ပြီး အပေါ်မှာပြောထားတဲ့အတိုင်းလုပ်ကြည့်လိုက်ပါ။
Image Size dialog box ထဲမှာ width value ကိုသိနိုင်ပါတယ်။

ပြီးရင် Quality ကို 1 - 12 အထိ set လုပ်နိုင်ပါတယ်။ ပြီးသွားရင်တော့ Run လိုက်ပေါ။့
နောက်တစ်ခုက ... အဲလို အများကြီးတစ်ခါတည်းပြောင်းတဲ့အခါမှာ ori image ရဲ့ dimension တွေတူမှပိုပြီးအဆင်ပြေမှာပါ။ ပြီးတော့ landscape ဆိုရင် landscape တွေကိုအရင်ပြောင်းပါ။ landscape နဲ့ Portrait နှစ်မျိုးကိုတွဲပြောင်းမယ်ဆိုရင် အဆင်မပြေပါဘူး။

No comments: