Sunday, January 31, 2010

USB STORAGE DEVICE ခေါ် flash drive များကို ဘယ်လိုပိတ် ထားနိုင်မလဲ...။

ကျွန်တော်တို့ ပိတ်မယ့် usb port မှာ နှစ်မျိုးရှိတယ်လို့ အကြမ်းဖျင်း မှတ်ထားပေးပါ။ usb port မှန်သမျှကို ပိတ်လို့ရတဲ့ နည်းလဲရှိပါတယ်။ အခု ကျွန်တော်က အဲ့ဒီ့နည်းကို မသုံးချင်ဘူး virus ၀င်မှာစိုးလို့ flash drive တွေကိုပဲ ပိတ်ထားမယ် Printer, Scanner, webcom, စတဲ့ port တွေကိုတော့ အသုံးပြုခွင့်ပေးထားမယ်။ ပိတ်မှာက storage device တစ်ခုတည်းကိုပဲ ပိတ်မယ်။ storage device မှာ flah drive တင်မဟုတ်ပါဘူး တစ်ခြား external storage device တွေဖြစ်တဲ့ MP3 (or) MP4 Player, ipot, iphone, external HDD , Digital Camera စတာတွေကိုလဲ ပိတ်ထားမှာ ဖြစ်ပါတယ်။ program မလိုဘဲ လတ်တလော menual နည်း နဲ့ လုပ်ကြည့်ကြရ အောင်ပါ…။

လုပ်နည်း
• Start >> Run ကို ခေါ်ပါ။
• regedit ကိုရိုက်ထည့်ပြီး OK ပေးလိုက်ပါ။
• Registry Editor Box ပေါ်လာရင် အောက်က အတိုင်း သွားလိုက်ပါ။ အောက်မှာ
• ပုံ(၁) နှင့် (၂) မှာ ပြထားပေးပါတယ်။ မရှင်းရင် ပုံတွေကို ကလစ်နှိပ်လိုက်တာနဲ့ ပုံကြီးပေါ်လာ ပါလိမ့်မယ်။ HKEY LOCAL MACHINE >> SYSTEM >> CurrentControlSet >> Services >> USBSTOR ကို သွားပြီး ပုံနှစ်ထဲကအတိုင်း 2 ချက်နှိပ်လိုက်ပါ။ box တစ်ခု ပေါ်လာပါလိမ့်မယ်။
• အဲ့ဒီ့ Box မှာ ပေါ်နေတဲ့ နံပါတ်ကို "3" ကနေ "4" ကိုပြောင်းပေးလိုက်ပါ။

အဲ့ဒါဆိုရင် usb storage device များကို ပိတ်ထားပြီးသား ဖြစ်သွားပါပြီ...။ သူ့ကို အသုံးပြုခွင့် ပြန်ပေးမယ်ဆိုရင် "4" ကနေ "3" ကို ပြန်ပြောင်း ပေးလိုက်ပါ...။


Friday, January 29, 2010

Network Password Recovery 1.23



ဒီဆော့ဖ်ဝဲလေးက 48.2 KB ပမာဏရှိတယ်။
Windows 2003,
Windows Vista,
Windows 7 နဲ့ 
Windows XP - တို့ မှာ အသုံးပြု့နိုင်ပါတယ်။

ဒီဆော့ဖ်ဝဲဟာ LAN ကွန်ရက် ( ဒါမှမဟုတ် )
.NET Passport Account ဖြင့်ဆက်သွယ်တဲ့အခါမှာ-
Windows မှာ သိမ်းဆည်းထားတဲ့ Password များကိုပြန်လည် ရှာဖွေပေးနိုင်ပါတယ်။

LAN Password များ၊
Exchanged Server ရဲ့ Mail Account များ၊
Windows Messenger ရဲ့ MSN Messenger Account တို့ ရဲ့ Password များ....
စသည်တို့ ကိုပြန်လည်ရှာဖွေပေးနိုင်ပါတယ် ။
( အဆင်ပြေပါစေ....။)

Windows Explorer ရဲ့ Start folder ကိုဘယ်လိုပြောင်းသုံးမလဲ…။

_ လူအတော်များများဟာ Windows Explorer ရဲ့ Start Folder လမ်းကြောင်းကို ပြောင်းလဲအသုံးပြု့နိုင်တယ်ဆိုတာကို မသိကြပါဘူး…။
ပုံမှန်အားဖြင့်တော့- ကိုယ်အသုံးပြု့တဲ့ Folder ဆီကိုရောက်ဖို့  Windows Explorer ကနေအဆင့်ဆင့် ၀င်ရောက်ရပါတယ်။
ဒါပေမယ့်… ဒီနည်းလမ်းကတော့- မိမိအသုံးပြု့တဲ့ Folder ဆီကို Click တစ်ချက်တည်းဖြင့် ရောက်ရှိစေမှာဖြစ်ပါတယ်။ လုပ်ဆောင်ပုံကတော့ လွယ်ကူ ရိုးရှင်းပါတယ်…။
ပြု့လုပ်ပုံ….။
-Windows Explorer ရဲ့ Shortcut ကို Desktop ပေါ်မှာထားရပါမယ် ။
-အကယ်၍ Windows Explorer ရဲ့ Shortcut ဟာ Desktop ပေါ်မှာ မရှိပါက…
( Start Menu ရဲ့ All Programs က Accessories ထဲမှာရှိတဲ့ Windows Explorer ကို Right Click လုပ်ပြီး ပေါ်လာတဲ့ Context Menu တွင် Send to ကိုနှိပ်ပြီး Desktop (create shortcut) ကိုရွေးပြီးပြု့လုပ်နိုင်ပါတယ်။ )
-ထိုနောက်… Windows Explorer Shortcut Icon ကို Righ Click လုပ်ပြီး… ပေါ်လာတဲ့ Menu တွင် Properties ကိုရွေးချယ်ရပါမယ် ။
-Windows Explorer Properties Box ကျလာတာကို တွေ့ ရပါမယ် ။ -၎င်း Box ရှိ Shortcut Tab ကို ရွေးရပါမယ် ။ Target Box တွင် %SystemRoot%\explorer.exe လိုရေးထားတာကိုတွေ့ ရပါမယ်…။ အဲ့ဒီစာသားရဲ့နောက်တွင် /n,/e, နဲ့  Start Folder အဖြစ်ထားရှိလိုတဲ့ Folder ရဲ့Location ကိုရိုက်ထည့်ရပါမယ်။
( ဥပမာ- Drive D ထဲက Music Folder ဆိုပါစို့ ….
%SystemRoot%\explorer.exe/n,/e,d:\music … ပေါ့ ပြီးရင် Apply … OK
ပေါ့။)
အဲ့ဒါဆိုရင်-
Windows Explorer Icon ကိုနှိပ်လိုက်တဲ့အခါ့ မိမိအလိုရှိတဲ့ Folder ထံသို့
တိုက်ရိုက်ရောက်သွားမှာ ဖြစ်ပါတယ်။ ... အဆင်ပြေပါစေ ။

Thursday, January 28, 2010

BIOS password Bypass & Reset (CMOS password recovery tool 4.8-Download)

BIOS မှာ Password ထားရင်ကျော် ဖို့၊ Reset လုပ်ဖို့ နည်းလမ်းလေးပါ။ ဒီpost အတွက် BIOS, CMOS, နဲ့ IBM BIOS ဆိုတဲ့ အသုံးနှုန်းတွေ မြင်ရမှာပါ။ အသေးစိတ်တော့ ကျနော် မရေးနိုင်တော့ပါဘူး။ ကျော်တဲ့ နည်းပဲ ရေးမှာ မို့ပါ။
TOSHIBA laptop နဲ့ Desktop အများစု မှာ BIOS password ကို ကျော်ဖို့ အတွက် … Boot တတ်နေစဉ် အတွင်း ဘယ်ဘက်မှ Shift key(left Shift) ကို နိုပ်ထားပေးပါ။


IBM BIOS မှာဆိုရင် …. Boot တက်နေစဉ် mouse ရဲ့ Buttons ၂ ခု စလုံးကို တစ်ပြိုင်ထဲ ထပ်ခါ ထပ်ခါ နိုပ်ပေးပါ။

# BIOS password ကို သုံးခါထက် ပိုပြီး မှားရိုက်မိရင် locked ဖြစ်တတ်ပါတယ်။ #
PC Locked ဖြစ်သွားရင် BIOS password ကို crack or reset လုပ်ဖို့ software(CMOS password recovery tool 4.8) သုံးလို့ရပါတယ်။

Jumper ကို ဖြုတ်ရင်လည်း CMOS password ကို Clear ဖြစ်စေပါတယ်။ Jumper ကတော့ Motherboard အမျိုးအစားကို လိုက်ပြီး နေရာကွဲပြားတတ်ပါတယ်။ များသောအားဖြင့် Motherboard အစွန်းက CMOS Battery နဲ့ ကပ်လျက် ဒါမှမဟုတ် Processor နဲ့ ကပ်လျက်မှာ ရှိတတ်ပါတယ်။ ရေးထားတတ်တဲ့ အမည်တွေကတော့ CLEAR – CLEAR CMOS – CLR – CLRPWD – PASSWD – PASSWORD – PWD တို့ပဲ ဖြစ်ပါတယ်။(Laptop တွေမှာဆိုရင် jumper ဟာ keyboard ရဲ့ အောက် (သို့) laptop အောက်ခြေ မှာရှိတဲ့ အကန့်လေးတွေမှာ တွေ့နိုင်ပါတယ်။)



* ကွန်ပျူတာကို power ပိတ် plug ဖြုတ်ပြီးရင် jumper ကိုဖြုတ်ပါ။ ပြီးရင် ကွန်ပျူတာကို power ဖွင့်ပြီး ခဏထားပြီး ပြန်ပိတ်လိုက်ပါ။ ပြီးရင်တော့ jumper ကို ပြန်တပ်လိုက်ရင် password reset ဖြစ်သွားပါပြီ။ *

Wednesday, January 27, 2010

Card Recovery v5.30 Build 1206 (Download)

ဒါကတော့ ကျွန်တော်တို့ memory card ထဲက ပုံတွေ မှားပြီး ဖျက်မိတာမျိုးတွေ...။ ဖျက်မိပြီးခါမှ ပြန်လိုချင်တာမျိုးတွေ အတွက်ပါ...။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်...။

Features:

Recover deleted photos from memory cards.
Recover lost photos from memory cards.
Recover photos from formatted memory cards.
Recover photos from damaged, unreadable or defective memory cards.
Recover pictures from removable storage including floppy disks, Zip disks etc.
Recover images, audio/video, MP3/MP4 files from cellular phones, MP3 players, PDAs.

window တင်ပြီးခါမှ HDD ကို partition ဘယ်လို ပြန်ပိုင်းမလဲ EASEUS Partition Master Pro 4.1.1(Download)





ဒါကတော့ ကျွန်တော်တို့ window တင်ပြီးခါ ကျမှ partition ပြန်ပိုင်းချင်တယ် တစ်နည်းအားဖြင့် HDD ကို ထပ်ပြီးတော့ တစ်ပိုင်း ထပ်ခွဲချင်တာမျိုး ပေါင်းချင်တာမျိုး လုပ်ချင်တယ် အခက်အခဲ ဖြစ်နေတယ် ဆိုရင်တော့ အခု တင်ပေးလိုက်တဲ့ EASEUS Partition Master နဲ့ ပိုင်းလို့ ရပါတယ်...။ XP/Vista/Windows 7 32/64 bit စတဲ့ window operation system အတွက်ပါ...။ တစ်ခြား os တွေတော့ မရပါဘူး...။

valentine အတွက် card လှလှလေးများ(Download valentine card)

ကဲ ချစ်သူများနေ့လဲ နီးလာပြီဆိုတော့ မိမိနှစ်သက်တဲ့ သူတွေကို ပေးဖို့ valentine card လေးတွေ လိုအပ်မယ်ထင်ပါတယ်...။ လိုအပ်တဲ့ သူများအတွက် ကဒ်လှလှလေးတွေ တင်ပေးလိုက်ပါတယ်...။ အဆင်ပြေကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်...။

Tuesday, January 26, 2010

rapidshare ကနေ download လုပ်နည်း (movie ရှင်းပြချက်) DOWNLOAD



ကျွန်တော် ရှင်းပြချက်တွေကို movie ဖိုင်နဲ့တင်ပေးထားပါတယ်...။ ဘာ့ကြောင့်လဲ ဆိုရင်တော့ လိုက်ပြီး လုပ်တဲ့သူအတွက်လဲ ပိုပြီး နားလည်လွယ်တာက တစ်ကြောင်း၊ ဓါတ်ပုံတွေ တင်ရတဲ့ ဒုက္ခအတွက်က တစ်ကြောင်းကြောင့် ကျွန်တော် movie နဲ့ပဲတင်ပေးရခြင်း ဖြစ်ပါတယ်...။ အခု ပထမဦးဆုံး rapidshare ကနေ ဘယ်လို Download လုပ်ယူရမလဲဆိုတာကို ရှင်းပြထားတဲ့ movie ကို တင်ပေးထားပါတယ်...။ Download လုပ်ယူလိုက်ပါ...။

အင်တာနက် speed မြန်စေမယ့် SpeedConnect Internet Accelerator 7.5 ( Download )




SpeedConnect Internet Accelerator is a powerful Windows application designed to optimize your network connection and speed up all your internet activities. This translates into a faster internet connection, faster browsing and email, faster downloads, faster online gaming, improved Skype connection.

Local area connetion မပေါ်ရင် ဘယ်လိုလုပ်ရမလဲ...

ကွန်ပျူတာကို restart ပေးလိုက်ပါ...။ ပထမဦးဆုံး ကွန်ပျူတာစဖွင့်ပြီး ၄ စက္ကန့်လောက်ကြတာနဲ့ delete key ကိုပဲ ဆက်တိုက်နှိပ်ထားလိုက်ပါ(ဆိုက်တိုက်ခေါက်နေပါ) ခဏနေကျရင် BIOS SETTING ပေါ်လာပါလိမ့်မယ် (ဖွင့်ပြီးပြီးချင်းနော် ၄ စက္ကန့်နော်)...



power management setup ကို ရွေးလိုက်ပါ... ပြီးလျှင် အောက်မှာပြထားတဲ့ Lan ကို Disable ဖြစ်နေရင် Enable ပြန်ပြီးလုပ်လိုက်ပါ...။ အောက်မှာပုံလေးနဲ့ပြထားပါတယ်...။ အဲ့လို ရေးပြီးတာနဲ့ ...



F10 ကိုနှိပ်လိုက်ပါ...။ box ပေါ်လာတာနဲ့ သူမေးတာနဲ့ y ကိုနှိပ်လိုက်ပါ...။ ပြီးရင် enter ကိုခေါက်လိုက်ပါ...။ ကွန်ပျူတာ restart လုပ်ပါလိမ့်မယ်...။ ပြီးတာနှင့် lan မှာ local area connetion ပေါ်လာပါလိမ့်မယ်...။ အဆင်ပြေပါစေဗျာ...။

Invisible Browsing 7 ( Download )


Invisible Browsing ကတော့ ကျွန်တော်တို့ proxy ကိုကျော်ပြီးတော့ ကြည့်ချင်သူများအတွက်ပါ...။ သိကြလိမ့်မယ်လို့ထင်ပါတယ်...။ ကျွန်တော်တို့မြန်မာပြည်အနေနဲ့ဆိုရင်တော့ ကျော်ရခွရတဲ့သူတွေကများပါတယ်...။ အဲ့ဒီလိုလူတွေအတွက် ကျော်ခွတဲ့ဆိုက်တွေကနေ တစ်ဆင့်ခံသွားစရာမလိုအောင်လို့ software လေးပါ...။ ပြည်ပမှာရောက်နေကြတဲ့သူများအတွက် အသုံးမ၀င်ဘူးဆိုပေမယ့် မြန်မာပြည်လို ပိတ်ထားတဲ့ဆိုက်တွေကြားထဲမှာ သုံးနေကြရတဲ့ သူတွေအတွက်ကတော့ အတော်လေးကို အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်...။ ကဲ ကျော်နိုင်ခွနိုင်ကြပါစေဗျာ...။

Monday, January 25, 2010

Password Recovery All In One ( DOWNLOAD )

သူကတော့ AIO tools လိုပါပဲ...။ recovery tools အတော်များများကို program တစ်ခုတည်းဖြစ်အောင် ပေါင်းပြီးတော့ ရေးထားတာပါ...။

(1) Password Recovery all in oneList :
(2) Office Password Recovery Magic 6.1.1.129 Portable
(3) Password Recovery Bundle 2010 v1.30 Portable'
(4) Office Password Recovery Magic v6.1.1.129
(5) RAR Password Recovery Magic 6.1.1.153 ( Portable)
(6) ZIP Password Recovery Magic v6.1.1.97

Command မှ Folder ဖျောက်နည်း

ဒီနည်းကလည်းလွယ်ပါတယ်...။
ပထမဦးဆုံး....Run ကနေပြီးတော့ cmd လို့ရိုက်ပြီး enter ခေါက်လိုက်ပါ...။
cmd box ပေါ်လာပါလိမ့်မယ်
အဲဒီလိုပေါ်လာပြီဆိုရင် မိမိဖျောက်ချင်တဲ့ Folder ရှိတဲ့ location ကိုသွားလိုက်ဗျာ

ဥပမာ- C ထဲမှာဆိုရင် C: ၊ D ထဲမှာဆိုရင် D:ပေါ့ဗျာ....။

ပြီးသွားရင် Dir လို့ရိုက်ထည့်လိုက်ပါ....C: ဆိုရင် C: ထဲမှာရှိတဲ့ Folder တွေကို တွေ့ရပါလိမ့်မယ်..D: ဆိုရင်တော့ D: ထဲက Folder တွေပေါ့ဗျာ
ပြီးရင် attrib +s +h (မိမိဖျောက်လိုသော Folder အမည်) အဲဒါကို ရိုက်ပြီးတော့ enter ခေါက်လိုက်ပါ....

ဥပမာ- မိမိဖျောက်လိုသော Folder အမည်က Music ဆိုလျှင် attrib +s +h Music ပေါ့ဗျာ...။ (သတိပေးချင်တာက ကိုယ်ဖျောက်ချင်တဲ့ Folder Location ကို အရင်ရိုက်ဖို့မမေ့ပါနဲ့)

အဲဒါဆိုရင် Music ဆိုတဲ့ Folder ပျောက်သွားမှာဖြစ်ပါတယ်....။ အကယ်လို့ပြန်ဖော်ချင်ရင်တော့ cmd ကနေပဲ ခုနက Music Folder ရှိတဲ့ Location ကိုပြန်ရိုက်ပါ။
D: ဆို D: ပေါ့ဗျာ....။
ပြီးရင် attrib -s -h Music လို့ပြန်ရိုက်ပေးလိုက်ရင် Folder ပြန်ပေါ်လာပါပြီ ...။

မြန်မာနိုင်ငံတွင် A/H1N1 တုပ်ကွေးကူးစက်ခံရသူ ၅၆ဦးရှိ

မြန်မာနိုင်ငံတွင် A/H1N1တုပ်ကွေး ကူးစက်ခံရသူ (၅၆)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ (၉)ရက်နေ့က ကျန်းမာရေး ၀န်ကြီးဌာနက ယခုနှစ် ဧပြီလမှစကာ ကမ္ဘာနှင့်တ၀ှမ်း ပျံ့နှံ့လာသည့် ကပ်ရောဂါကြီး ကူးစက်ခံရသူ အရေအတွက်ကို (၅၆)ဦးထိ ရှိနေပြီဟု အတည်ပြု ကြေညာသွားသည်။ လူနာ(၅၀)သည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်သော်လည်း ကျန်(၆)ဦးကိုမူ ဆေးရုံတွင် စနစ်တကျ ကြပ်မတ်ကုသမှုများ ပြုလုပ်ပေးနေပြီး အခြေအနေ တိုးတက်ကောင်းမွန်လာကြောင်း သိရသည်။ ၀န်ကြီးဌာန တာဝန်ရှိသူများက ကမ္ဘာကို ခြိမ်းခြောက်နေသည့် ကပ်ရောဂါကြီးကြောင့် နိုင်ငံအတွင်း သေဆုံးသူ လုံးဝမရှိကြောင်း ပြောကြားထားသည်။ မြန်မာနိုင်ငံသည် A/H1N1တုပ်ကွေး ကူးစက်မှုကို ဇွန်လ(၂၇)ရက်နေ့က ပထမဆုံး တွေ့ကြုံခဲ့ပြီး စင်္ကာပူမှ ပြန်လာသည့် (၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးတွင် ရောဂါလက္ခဏာများ တွေ့ရှိသဖြင့် စစ်ဆေးရာမှ ယင်းရောဂါ မြန်မာ့မြေသို့ စတင်ရောက်ရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ မြန်မာ့ကျန်းမာရေး အာဏာပိုင် ပုဂ္ဂိုလ်များသည် A/H1N1တုပ်ကွေး ကူးစက်မှုကို ထိန်းချုပ်ရန် စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြား တိုင်းပြည်မှ ပြန်ရောက်လာသူများကို မှတ်တမ်းပြုစု စောင့်ကြည့်နေသည်။ အစိုးရ ဆေးရုံများနှင့် ကျန်းမာရေး ဌာနများတွင်လည်း တုပ်ကွေးကူးစက်မှု တားဆီးရေး သုတေသန လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ သတင်းများအရ အောက်တိုဘာ (၈)ရက်နေ့အထိ ကမ္ဘာနှင့်တ၀ှမ်း တုပ်ကွေးကူးစက်မှု ခံရသူ အရေအတွက်သည် (၄၇၄၆၅၀)ဦးထိ ရှိလာခဲ့ပြီး သေဆုံးသူ ဦးရေမှာမူ (၅၁၇၇)ဦး ရှိသွားပြီဟု သိရှိရသည်။





Source: XinhuaNet

Sunday, January 24, 2010

အန်ဒဲဗားအာကာသလွန်းပျံယာဉ် ဖေဖေါ်ဝါရီလတွင် လွှတ်တင်မည်



အာကာသ လွန်းပျံယာဉ် အန်ဒဲဗားအား လာမည့်လအတွင်း လွှတ်တင်ရန် အသင့်ဖြစ်နေပြီဟု သိရသည်။ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် လွှတ်တင်မည့် အန်ဒဲဗားသည် NASAအဖွဲ့က (၂၀၁၀)ခုနှစ်အတွင်း နောက်ဆုံးလွှတ်တင်ရန် စီစဉ်ထားသည့် အာကာသ ခရီးစဉ် (၅)ခုအနက် ပထမဆုံးဖြစ်သည်။ ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်း ပစ်စင်တွင် ဒုံးပျံအား အသင့်အနေအထား ပြင်ဆင်ထားပြီဖြစ်ပြီး ဖေဖော်ဝါရီလ (၇)ရက်နေ့သည် ရာသီဥတု ခန့်မှန်းချက်များအရ အကောင်းဆုံး၊ အသင့်တော်ဆုံးဟု ယူဆထားကြောင့် အန်ဒဲဗား လွှတ်တင်ရေး စီမံကိန်း ဒါရိုက်တာ ဒါနာဟတ်ချာဆန်က ပြောကြားခဲ့သည်။ မလွှတ်တင်မီ တစ်လခန့်အတွင်း လိုအပ်သော အစီအစဉ်များကို စနစ်တကျ ရေးဆွဲနေကြောင်း၊ လွှတ်တင်ရေး ကိစ္စနှင့် ပတ်သက်ပြီး ကြီးကြီးမားမား စိုးရိမ်စရာ မရှိကြောင်းလည်း ဒါနာက ပြောကြားခဲ့သည်။
လွန်းပျံယာဉ်တွင် လိုက်ပါမည့် ယာဉ်မှူးများအဖြစ် ဦးစီးမှူး ဂျော့ဂ်ျဇမ်ကာ၊ ပိုင်းလော့ တယ်ရီဗာ့စ်၊ ကက်သရင်းဟိုင်ရာ၊ စတီဖင် ရော်ဘင်၊ နစ်ကိုလက်စ်ပက်ထရစ်နှင့် ရောဘတ်ဘန်ခန်တို့အား ရွေးချယ်ထားပြီး ၎င်းတို့သည် ကနေဒီ လေတပ်စခန်းသို့ ဇန်န၀ါရီလ (၁၉)ရက်နေ့တွင် ရောက်ရှိလာမည်ဖြစ်သည်။ ယခုအာကာသ ခရီးစဉ်သည် NASAမှ လွန်းပျံယာဉ် လွှတ်တင်မှုများအနက် အကြိမ်(၁၃၀)မြောက်လည်းဖြစ်သည်။ လွန်းပျံယာဉ်တွင် နိုင်ငံတကာ အာကာသစခန်း ISS၌ အမေရိကန်က တပ်ဆင်ပေးမည် Nod 3ခေါ် နေထိုင်မှု ထောက်ပံ့ရေး ပစ္စည်းများနှင့် ဂီယာစနစ်များအား ပေးပို့ရန်ဖြစ်သည်။ လွန်းပျံယာဉ်သည် ISSသို့ ဇန်န၀ါရီလ (၉)ရက်နေ့တွင် ရောက်ရှိရန် မျှော်မှန်းထားပြီး ယာဉ်မှူး ဘန်ခန်နှင့် ပက်ထရစ်တို့က အာကာသထဲ လမ်းလျှောက်ကာ ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် Nod 3အား တပ်ဆင်မည်ဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီလ (၁၂)ရက်နှင့် (၁၅)ရက်နေ့များတွင်လည်း အာကာသအတွင်း လမ်းလျှောက်မှုများ ပြုလုပ်သွားရန် စီစဉ်ထားပြီး ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ISSမှ ပြန်လာကာ နှစ်ရက်အကြာတွင် ကမ္ဘာမြေသို့ ပြန်ရောက်မည်ဟု ခန့်မှန်းထားသည်။ NASAသည် ပိုမိုကောင်းမွန်သော နည်းစနစ်၊ တည်ဆောက်ပုံများဖြင့် တီထွင်ထားသည့် လွန်းပျံယာဉ်များအား လက်ရှိကမ္ဘာပါတ် လွန်းပျံယာဉ်များနေရာတွင် အပြည့်အ၀ အစားထိုးသွားတော့မည်ဖြစ်ပြီး ယခုခရီးစဉ် အပါအ၀င် (၅)ကြိမ်ပျံသန်းပြီးပါက လွန်းပျံယာဉ် အဟောင်းများအား အပြီးတိုင် အနားပေးတော့မည်ဖြစ်သည်။ (၂၀၁၀)ခုနှစ်အတွင်း လက်ရှိသုံးစွဲနေသည့် လွန်းပျံယာဉ်များ နောက်ဆုံးပျံသန်းမည့် ခရီးစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

အန်ဒဲဗား - ဖေဖော်ဝါရီလ (၇)ရက်နေ့

ဒစ်စကာဗာရီ - မတ်လ (၁၈)ရက်နေ့

အတ္တလန္တစ် - မေလ (၅)ရက်နေ့

အန်ဒဲဗား - ဇူလိုင်လ (၂၇)ရက်နေ့

ဒစ်စကာဗာရီ - စက်တင်ဘာ (၁၆)ရက်နေ့

Source: CNet

အွန်လိုင်းမှကြေးနန်းပေးပို့သည့်စနစ် စတင်အသုံးပြုနိုင်ပြီ


ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ အွန်လိုင်းအသုံးပြု၍ ကြေးနန်းပေးပို့နိုင်သော e-Telegram စနစ်တစ်ခုအား The 8th Myanmar ICT Week 2009 ဖွင့်ပွဲနေ့မှ စတင်ကာ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ယခုစနစ်အား အသုံးပြုလိုပါက e-Telegram prepaid ကတ်ကို ဦးစွာဝယ်ယူရမည်ဖြစ်သည်။ ထို့နောက် www.etelegram.net.mmသို့ဝင်ရောက်ပြီး prepaidကတ်တွင် ပါဝင်သော username, passwordကို သက်ဆိုင်ရာနေရာတွင် ရိုက်ထည့်ကာ ကြေးနန်းပေးပို့နိုင်မည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆိုပါဝန်ဆောင်မှုအတွက် prepaid ကတ်တစ်ကတ်လျှင် တစ်နှစ်စာအတွက် ကျပ်တစ်သောင်းသတ်မှတ်ထားပြီး အဆိုပါတစ်နှစ်အတွင်းတွင် ကြေးနန်းပေးပို့မည်ဆိုပါက မြန်မာစာလုံးအရေအတွက် ငါးရာအား ကြေးနန်းစာမျက်နှာ တစ်မျက်နှာသတ်မှတ်ထားပြီး၊ အင်္ဂလိပ်စာလုံးအရေအတွက် သုံးရာအား ကြေးနန်းစာမျက်နှာတစ်မျက်နှာသတ်မှတ်
ထားကြောင်း သိရသည်။ အွန်လိုင်းမှပေးပို့နိုင်သော ကြေးနန်းစာမျက်နှာ တစ်မျက်နှာအတွက် မြန်မာကျပ်ငွေ သုံးရာကျသင့်မည်ဖြစ်ပြီး prepaid ကတ်တန်ဖိုးအတွက် ပေးသွင်းထားသည့် ကျပ်တစ်သောင်း မကုန်မချင်း တစ်နှစ်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အွန်လိုင်းမှပေးပို့နိုင်သော ကြေးနန်းစာမျက်နှာ တစ်မျက်နှာအတွက် ကျသင့်ငွေ သုံးရာကျပ်ကို ကြေးနန်းတစ်ကြိမ်ပေးပို့တိုင်း တစ်ပါတည်း နှုတ်ယူသွားမည်ဖြစ်ပြီးအကယ်၍ လက်ကျန်ငွေ မရှိတော့ပါက e-Telegram စနစ်၏ softwareမှ ကြေးနန်းပေးပို့ခြင်းကို ပိတ်ပင်ထားမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ e-telegram prepaid စနစ်သည် အဆိုပါကဒ်ကိုင်ဆောင်သူ အချင်းချင်းလည်းအသုံးပြုနိုင်သော prepaid to prepaid စနစ်ဖြစ်ပြီး ကဒ်ရှိသူမှ ကဒ်မရှိသူထံသို့လည်း ကြေးနန်းပေးပို့နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ e-telegram prepaid ကဒ်ရှိသူမှ အဆိုပါကဒ်မရှိသူအား ကြေးနန်းပေးပို့လိုပါက မိမိကြေးနန်းပေးပို့လိုသော ပုဂ္ဂိုလ်တည်ရှိရာမြို့နယ်ရှိ ကြေးနန်းရုံးကို ကြားခံပြီးဆောင်ရွက်နိုင်မည် ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ e-Telegramစနစ်အား အင်တာနက်ဆက်သွယ်မှု ရရှိသော ပြည်နယ်နှင့်တိုင်းအသီးသီးရှိ မြို့နယ်၈၉ခုတွင် ဆောင်ရွက်နိုင်နေပြီဖြစ်သည်။ e-Telegram prepaid ကတ်စနစ်ကို အသုံးပြုခြင်းဖြင့် ပြည်တွင်းပြည်ပ ကြေးနန်းပေးပို့သည့် လုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောက်ရွက်လာနိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ကုမ္ပဏီများမှ အခမ်းအနား ဖိတ်စာများ၊ Marketing Letter များ၊ Share Holder များထံ ပေးစာများအား ဖိတ်စာ Template များတည်ဆောက်ကာ အချက်အလက် များဖြည့်ဆည်းပေး၍ အွန်လိုင်းမှတစ်ဆင့် အချိန်မီပေးပို့သော Electronic Invitation လုပ်ငန်းများကိုလည်း မကြာမီ တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Credit: ယုဇနကိုကို (7Day News Journal)

Saturday, January 23, 2010

ချက်တင် သင်္ကေတ လေးတွေ

ချက်တင် သင်္ကေတ လေး တွေ

ATM = At the moment = ဒီခဏ၊ အခု၊ အခိုက်အတန့်မှာ
;-) = wink = သိတယ် မဟုတ်လား
:-{ = sad face = ၀မ်းနည်းနေတယ်။
10Q = thank you = ကျေးဇူး
24/7 = 24 hours a day, 7 days a week = တစ်ပတ်မှာခုနှစ်ရက်၊ တစ်ရက်မှာ၂၄နာရီ
brb = be right back = အခု ပြန်လာခဲ့မယ်
B4 = before = ...မတိုင်ခင်
B/C = because = ဘာဖြစ်လို့လဲဆိုတော့
afaik = as far as I known = ငါသိထားတာနဲ့ ဝေးလွန်းတယ်
asap = as soon as possible = ဖြစ်နိုင်ရင် အခုချက်ချင်း
cu18R = see you later = နောက်မှ တွေ့မယ်
u = you = သင်



esp = especially = အထူးသဖြင့်
18R = later = နောက်မှ
MYOB = mind your own business = ကိုယ့်လုပ်ငန်းကိုယ် အာရုံစိုက်ပါ
ppl = people = လူများ
FYI = for your information = မင်းရဲ့ သတင်းအတွက်
IH8U = I hate you = မင်းကိုမုန်းတယ်
wtg = way to go = သွားဖို့ နည်းလမ်း
wtrdo'n = what are you doing = ဘာလုပ်နေလဲ
wuteva = what ever = ဘာပဲဖြစ်ဖြစ်
wuz = was = N/A
xcuz = excuse = ခွင့်ပြုပါ
whoz = who is = ဘယ်သူရဲ့
xqzme = excuse me = င့ါကို ခွင့်ပြုပါ
xlnt = excellent = အကောင်းဆုံး
yw = you are welcome = ကြိုဆိုပါတယ်
yvw = you are very welcome = ကြိုဆိုပါတယ်
yt = you there = မင်းဒီမှာ လား
yrs = years = နှစ်များ
ya = yes = ဟုတ်ကဲ့
uno = you know = မင်းသိတယ်
U/I = upload = file ကို web ပေါ်တင်ခြင်း
da = the = N/A
hw = home work = အိမ်စာ
d/l = download = web ပေါ်မှ file ကို ရယူသည်
duz = does = N/A
့h/o = hold on = ဆက်လုပ်
h8 = hate = မုန်းတယ်
goin = going = သွားခြင်း
goz = go to = သွားရန်
gn = good night = မင်္ဂလာညပါ
duz = does = N/A
duznt = doesn't = N/A
e1 = everyone = လူတိုင်း
ez = easy = အလွယ်လေး
fu = follow up = နောက်ဆက်တွဲ
gbu = god bless you = ဘုရားသခင် ကောင်းချီးပေးပါစေ
gimme = give me = ပေးပါ
gi = good job = အလုပ်ကောင်း
8 = ate = စားသည်
BB = bye bye = တာ့တာ
KK = OK = အိုကေ
obtw = oh..by the way = ဒါနဲ့ ..စကားမစပ်
lol = laugh out loud = ရယ်လိုက်ရတာ
BRB = be right back = ပြန်လာခဲ့ပါ
coz = cause = အကြောင်းက
noob = = လူသစ်
m4dskIIIZ = တစ်ခုခုတွင် အထူးကျွမ်းကျင်သည့်လူ
joo = ဗန်းစကားပြောခြင်း
IMHO = In my honest opinion = ငါ့ရဲ့ အရိုးဆုံးဆန္ဒက
b4k4 = တစ်ကိုယ်ကောင်းဆန်သူ
gg = good game = ပွဲကြီးပွဲကောင်း
pron = porn ကို ကျော်သည်
pwn = လွှမ်းမိုးခြင်း
ub3r = ကျော်လွှားရယူသည်
woot = ၀မ်းသာအံ့သြစွာ ပျော်ရွှင်မှု...
ull = you'll = N/A
uno? = you know? = မင်းသိလား
ur = you are = မင်းဟာ...
v v = vice vesa = အပြန်အလှန်အားဖြင့်
w8 = wait = စောင့်ပါ
w/ = with = ..နှင့်..
w/e = whatever = ဘာပဲဖြစ်ဖြစ်
w-end = weekend = နောက်ဆုံးရက်သတ္တပတ်
w/o = without = မပါဘဲ
wazzup = what up? = ဘာဖြစ်တာလဲ
wanna = want to = ဆန္ဒရှိတယ်
wb = welcomeback = ပြန်လာတာ ကြိုဆိုပါတယ်
ltnc = long time no see = မတွေ့တာကြာပြီ
u'd = you had = N/A
wnwu = what new with you = ဘာသတင်းတွေ မင်းမှာရှိသလဲ
wru = who are you? = မင်းဘယ်သူလဲ
Ruok = are you ok? = အဆင်ပြေလား
PAW = parents are watching = မိဘတွေ ကြည့်နေတယ်
OIC = oh, I see = ငါသိပြီ
NP = no problem = ပြဿနာမရှိ
NO1 = no one = ဘယ်သူမျှ
NE1 = anyone = လူတစ်ယောက်မျှ
NE = any = N/A
Lv = love = အချစ်
>^,,^< = cat = ကြောင်
CYA = see ya = တွေ့မယ်လေ
%-) = confused = ...
:-> = hay = (အော်..ခေါ်တဲ့အသံ)
:-| = hmm = ဟမ်!
#:-o = oh! no = အို..ဟင့်အင်း
{ } = no comment = ထင်မြင်ချက် မပေး
: - x = tongue-tied = ပါးစပ်ချုပ်ထားတယ်
: - # = my lips are sealed = ပါးစပ် ကော်ကပ်ထားတယ်
:- e = dissapointed = အားငယ်တယ်
:- (*) = sick comment = ဖျားနာနေတယ်
:^D" = great! I like it = ကောင်းတယ် ကြိုက်တယ်
:-( = totally inbelievale = မယုံကြည်နိုင်လောက်အောင် ၀မ်းနည်း
:-@ = screaming = အလွန်
(:-) = blad = ထိပ်ပြောင်ပြောင်နဲ့
:-|| = angry = ဒေါသဖြစ်တယ်
<3 you =" ချစ်တယ်
(:-...= broken = အသည်းကွဲနေတယ်
@}..\.,..=rose=နှင်းဆီသင်္ကေတ
:-v=talking=စကားပြောလေ
:-(o)=shouting = အော်နေတယ်
>:-( = very angry=အရမ်းစိတ်ဆိုးတယ်
|-| = sleeping = အိပ်ပျော်နေတယ်
gt8 = great = ခမ်းနားတယ်
hb = hurry back = အမြန်ပြန်ခဲ့
hud = how you doing? = ဘယ်လို လုပ်တာလဲ
ibyp = I beg your pardon = တောင်းပန်ပါတယ်
idk = I don't know = ငါမသိဘူး
Ilu = I love you = မင်းကိုချစ်တယ်
gonna=going to= သွားတော့မလို့...
gl=good luck=ကံကောင်းပါစေ
gm=good morning=မင်္ဂလာနံနက်ခင်း
ROFL=rolling on floor laughing=လူးလိမ့်နေအောင် ရယ်သည်
tgif=thank god it's friday = -
w8ing=waiting = စောင့်စိုင်းခြင်း
piss-->=piss off= ထွက်သွား
runu?=Are you nuts?= မင်းရူးနေလား
BCNU=be seeing you= တွေ့ရတာ
B2B=business to business= စီးပွားရေးဆန်သော ဆက်သွယ်မှု
P2P=peer to peer= P2P connection
g2g=google to guy= google မှ မှာကြားမှု
gtg=got to go= သွားလို့ရပြီ
GR8=great= ကြီးကျယ်ခမ်းနားတယ်
g2g=guy to girl= ယောကျာ်းလေးမှ မိန်းကလေး
IYQ=I Like you= မင်းကို နှစ်သက်တယ်
HQ=hate= မုန်းတယ်
HAND=have a nice day= မင်္ဂလာရှိသော နေ့ဖြစ်ပါစေ
sos=save our doul =ကယ်ပါ
soz=sorry= ၀မ်းနည်းပါတယ်
DYLM=do you like me= မင်းငါ့ကို ကြိုက်ရဲ့လား
f2T=free to talk = လွတ်လွတ်လပ်လပ်ပေါ့
k=okay= အိုကေ
Pls=please= ကျေးဇူးပြု၍
asl=age, sex, location= အသက်၊ လိင်၊ တည်နေရာ
%-}=intoxicated= ထိန်းမနိုင် သိမ်းမရပါလား
|-o=snoring= အိပ်ပျော်ရင်း ဟောက်တတ်သူ



=|:-) = uncle sam = အမေရိကန် သင်္ကေတ
@:-) = using a turban = ပန်ချာပီခေါင်းပေါင်းနဲ့ပါလား
MM = Myanmar = မြန်မာသင်္ကေတ
<:-| = Monk/Nun = ဘုန်းကြီး
<|-) = chinese = တရုတ်သင်္ကေတ
:-{) = with a moustache = နှုတ်ခမ်းမွေးကြီးနဲ့
:-{} = lip strick = နှုတ်ခမ်းနီ
:-? = smoking a pipe = ဆေးတံသောက်နေတယ်
:-)))) = a person with multiple chins = မေးအထပ်ထပ်နဲ့လူ (အတ္တကြီးတဲ့လူ)
£$£:-) = I m rich! = လူချမ်းသာ
}:-(= = dracula = သွေးစုပ်ဖုတ်ကောင်
B-) = sunglasses = နေကာမျက်မှန်များ
B:-) = sunglasses on head = မျက်မှန်ခေါင်းပေါ်တင်ထားတယ်
o||o = cock = မအား
('}{') = kissing lovers = ချစ်သူတွေအနမ်း
:* = kiss = အနမ်း
:o* = kiss = အနမ်း
:x = secret's safe = လျှို့ဝှက်ချက်ရှိတယ်
o:- = Angel = နတ်သမီး
:*)? = Are you drunk? = သောက်ထားလား
:-ozz zz ZZ = bored or tired = ပျင်းနေလား၊ မောပန်းနေလား
}):(} = butterfly = လိပ်ပြာ သင်္ကေတ
e=:-) = chef = လူကြီး
>:-) = devil = နတ်ဆိုး
};-)> = devil = နတ်ဆိုး
9) = taog = N/A
5:-) = prestey = ပရက်စလေ
@:-) = presley = ပရက်စလေ (အဆိုတော် ပရက်စလေ၏ သင်္ကေတ)
:-% = get lost = ရှုံးခဲ့ပြီ
:-]= =goofy = ကြောင်တောင်တောင်ပဲ
:-s = not making sense = အာရုံမရှိ
(-.-)Zzz = Sleep = အိပ်ပျော်နေတယ်
:***~) = wearing body glitter = ကိုယ်ရောင်ကိုယ်ဝါ ထွက်နေပါလား
:'-) = crying = ငိုမိတယ်
:-{} = wearing lipstick = နှုတ်ခမ်းနီ ဆိုးထားတယ်
8(:-) = Mickey Mouse = ကြွက်
:-p = naughty = လူဆိုးလေး (စနောက်ခြင်း)
=^) = open minded = ကျယ်ပြန့်တယ်
:@) = pig = ၀က်
(8-) = Alternative! = ဟော့ရှော့
^(00)^ = spider = ပင့်ကူ
(:::[]:::) = plaster = ပလာစတာ
9) = frog = ဖား

Internet Download Manager 5.18 Build 7 ( Download )

ဒါကတော့ (Jan 20, 2010) က ထုတ်တဲ့ 5.18 build 7 ပါ...။ window 7 ကို support လုပ်ပါတယ်...။ အဆင်ပြေကြပါစေ...။ လိုချင်ရင်တော့ Download လုပ်လိုက်ပါ...။

Friday, January 22, 2010

လှလှပပ Animation ပုံလေးတွေ စုပေါင်းစပ်ပေါင်း(DOWNLOAD)

လှလှပပ ပုံလေးတွေ ကို တင်ပေး လိုက်ပါတယ်...။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်...။ ဟန်းဖုန်း ထဲကိုလဲ ထည့်ထားလို့ ရပါတယ်။ အခုပုံလေး တွေကို အဆင်ပြေမယ် ဆိုရင် Download လုပ်လိုက်ပေါ့...။ ဥပမာ တစ်ပုံ ပြလိုက်ပါတယ်...။

Uninstall Tool 2.9.5 ( DOWNLOAD )

တစ်ချို့ program တွေ မိမိ pc ကနေ uninstall လုပ်ပေးတဲ့ program တစ်ခုပါပဲ...။
လိုချင်ရင် Download လုပ်လိုက်ပါ .
Windows 2000, XP, 2003, Vista and Windows 7 ( 64-bit အပါအ၀င်) အားလုံးကို support လုပ်ပါတယ်...။

Thursday, January 21, 2010

Virus အကြောင်း

Virusများ နှင့် မိတ်ဆက်ခြင်း
Virus ဆိုတာ အခြား programs တွေ ဖိုင်တွေ နဲ့ သူတို့ရဲ့ အပြုအမူတွေကို ကိုယ်တိုင်ပုံတူပွားတဲ့ Program ဖြစ်ပါတယ်။
Viruses တွေကို သူတို့ရဲ့ ဖိုင်တွေ၊ တိုက်ခိုက်တဲ့နည်းလမ်းတွေ ကြည့်ခြင်းအားဖြင့် အောက်ပါအတိုင်း တွေ့ရပါတယ်။

* Boot Viruses
* Program Viruses
* Multipartite Viruses
* Stealth Viruses
* Polymorphic Viruses
* Macro Viruses
* Active X
* FAT(File Allocation Table)
* COM Viruses တို့ပဲဖြစ်ကြပါတယ်။

Viruses အမျိုးအစားခွဲခြားခြင်း
Virusတွေကို သူတို့ရဲ့ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ၃ မျိုးခွဲခြားထားပါတယ်။
(၁) Tiny Virus
(size ၅၀၀ bytes နဲ့ အောက် )
(၂) Large Virus
(size ၁၅၀၀ bytes နဲ့ အထက်)
(၃) Other Virus တို့ဖြစ်ပါတယ်။

Virus တစ်ခု တိုက်ခိုက်ခြင်းရဲ့ လက္ခဏာရပ်များ
Virusတစ်ခု တိုက်ခိုက်ခြင်းရဲ့ လက္ခဏာရပ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

* ကြီးမားသော program ကို loading လုပ်နေရသလို အချိန်ကြာခြင်း၊
* ဖိုင် နဲ့ Folders များကို ဖွင့်ရန် ခက်ခဲခြင်း၊
* ထူးခြားစွာ floppy (သို့) Hard disk မှ အချက်အလက်များကိုလက်ခံနေခြင်း၊
* disk spaceအသုံးပြုမှုတိုးလာခြင်း နဲ့ ဖိုင်အရွယ်အစားများ ကြီးမားလာခြင်း၊
* ပုံမှန်မဟုတ်သော write-protect errors များဖြစ်ခြင်း၊
* ဖိုင်နာမည်များရဲ့ directory list အတွင်းတွင် ထူးခြားသော စာလုံးများပေါ်နေခြင်း၊
* ထူးခြားပြီး မျှော်လင့်မထားသော messagesများတွေ့ရခြင်း၊
* ထူးခြားသော ပုံရိပ်များဖော်ပြနေခြင်း၊
* Programနဲ့ systemတို့ hang သွားခြင်း တို့ပဲဖြစ်ပါတယ်။

Virusesရေးခြင်းအတွက် မရှိမဖြစ်ရှိထားရမယ့် အချက်များ
(၁) assembly language ဗဟုသုတ

* memory management ကို နားလည်ခြင်း၊
* registery ပိုင်းကို နားလည်ခြင်း။

(၂) C language နဲ့ပတ်သတ်တဲ့ ဗဟုသုတ

* Pointers ရဲ့ အယူအဆများ
* Function နဲ့ procedure calling

လိုအပ်သော Tool နဲ့ Utilitie များ
(၁) C compiler ( Borland Turbo Assembler (သို့) Borland C++)
(၂) Norton Utilities
(၃) Memory management utilities

* MAPMEM
* PMAP
* MARK/RELEASE

Virus ကူးစက်ခြင်းအဆင့်အဆင့်ပြပုံ

ဓါတ်ပုံတွေကို Photoshop မသုံးပဲ အလွယ်ဆုံးပြင်ဆင်ချင်တယ်ဆိုရင်

ဓါတ်ပုံတွေကို Photoshop မသုံးပဲ အလွယ်ဆုံးပြင်ဆင်ချင်တယ်ဆိုရင်
Photo editor Software ဆိုတာရှိပါတယ်
အဲ့ဒါကို ဒေါင်းလုတ်ဆွဲပြီး အသုံးပြုပါဗျာ အားလုံးအဆင်ပြေပါတယ်
ပုံကတော့ အောက်မှာကြည့်ပါ...။



Photo Web Album ,
Photo 3 D Album,
Photo 3D Screensaver များကို လိုချင်သေးရင်
အောက်ကလင့်မှာ သွားရောက်ယူဆောင်နိုင်ပါတယ်

http://pho.to/editor/installed.php?Version=1.1

Wednesday, January 20, 2010

Command မှ Folder ဖျောက်နည်း

ဒီနည်းကလည်းလွယ်ပါတယ်...
ပထမဦးဆုံး....Run ကနေပြီးတော့ cmd လို့ရိုက်ပြီး enter ခေါက်လိုက်ပါ...
cmd box ပေါ်လာပါလိမ့်မယ်
အဲဒီလိုပေါ်လာပြီဆိုရင် မိမိဖျောက်ချင်တဲ့ Folder ရှိတဲ့ location ကိုသွားလိုက်ဗျာ

ဥပမာ- C ထဲမှာဆိုရင် C: ၊ D ထဲမှာဆိုရင် D:ပေါ့ဗျာ....

ပြီးသွားရင် Dir လို့ရိုက်ထည့်လိုက်ပါ....C: ဆိုရင် C: ထဲမှာရှိတဲ့ Folder တွေကို တွေ့ရပါလိမ့်မယ်..D: ဆိုရင်တော့ D: ထဲက Folder တွေပေါ့ဗျာ
ပြီးရင် attrib +s +h (မိမိဖျောက်လိုသော Folder အမည်) အဲဒါကို ရိုက်ပြီးတော့ enter ခေါက်လိုက်ပါ....

ဥပမာ- မိမိဖျောက်လိုသော Folder အမည်က Music ဆိုလျှင် attrib +s +h Music ပေါ့ဗျာ....(သတိပေးချင်တာက ကိုယ်ဖျောက်ချင်တဲ့ Folder Location ကို အရင်ရိုက်ဖို့မမေ့ပါနဲ့)

အဲဒါဆိုရင် Music ဆိုတဲ့ Folder ပျောက်သွားမှာဖြစ်ပါတယ်....အကယ်လို့ပြန်ဖော်ချင်ရင်တော့ cmd ကနေပဲ ခုနက Music Folder ရှိတဲ့ Location ကိုပြန်ရိုက်ပါ
D: ဆို D: ပေါ့ဗျာ....
ပြီးရင် attrib -s -h Music လို့ပြန်ရိုက်ပေးလိုက်ရင် Folder ပြန်ပေါ်လာပါပြီ

ခေါက်မကြည့်နဲ့.....။

နေပါစေ
ဖြေသိမ့်ရင်း
ငါ့ဘ၀ကို
လှေကားထစ်လိုခင်းကျင်း
ခပ်ရဲရဲ နင်းလိုက်စမ်းပါကွာ...။
မင်းတက်ချင်တဲ့ အမြင့်လောက်တော့
ငါ...မတင်စွမ်းပါတယ်။
ဒါပေမယ့်
ဂလိုင်ပေါက်ဖြစ်နေတဲ့
ငါ့ရင်ကိုတော့
ခေါက်မကြည့်ကြေးပေါ့...။

Thursday, January 7, 2010

ကမ်းနားသစ်ပင်


ဒီမှာ
ကမ်းနားသစ်ပင်ဆိုတာ
အမြစ်မကျွတ်ခင် အရာဝင်တာပါ

သစ္စာမဲ့သူအတွက် သစ္စာဖောက်သူတွေဟာ
သူ့ဝမ်း သူကျောင်းပြီး
သူ့လမ်း သူသွားတယ်ဆိုပေမယ့်
တစ်မိုးအောက်ထဲမှာဆိုတော့
မတွေ့ချင်ပေမယ့် မြင်နေရတတ်တယ်
မြင်တဲ့အခါ ကျောခိုင်းလိုက်ပါ
နောက်ပြီး "ငယ်စားရင်း" ဖျက်လိုက်ပါ
ဒါဟာ...တရားမျှတတဲ့ အလုပ်တစ်ခုပဲဖြစ်တယ်...။
ကဗျာဆရာ မောင်စိမ်းနီ
(သူငယ်ချင်းသို့ ချစ်ခြင်းများစွာ ကဗျာမှ)

Monday, January 4, 2010

မြန်မာ့ လွတ်လပ်ရေးနေ့ ....( ဇန်န၀ါရီလ ၄ ရက်နေ့ .... )






“ ဂုဏ်ပြုကဗျာ ”


ဟိုရှေးယခင် အရှင်များနဲ. ၊
ကိုယ့်ထီးကိုယ့်နန်း ရွှင်လန်းပျော်။
ကျူးကျော်ရန်ရှာ မိစ္စာများကြောင့်၊
တိုင်းတစ်ပါးအောက် ရောက်ခဲ.သနော်။

အမေကျော်ကာ ဒွေးတော် မလွမ်းနဲ.၊
တို.ပြည်တစ်ဝှမ်း သာလို.မော်။
ပထွေးကိုနော် အဖေမမှတ်နဲ.၊
အသဲမှာ ဆက်ဆက်မှတ်ထားနော်။

တို.ဘိုးဘွားတွေ တိုက်ခဲ့ပေးလို.၊
လွတ်လပ်ရေးဟာ ရခဲ.သနော်။
တိုင်းကျော်ပြည်ကျော် ဆင်ယဉ်နွှဲလို.၊
ပျော်ပွဲရွှင်ပွဲ ခြိမ့်သဲပျော်။

မှန်းမျှော်ရည်ကာ လွတ်လပ်ရေးနေ.၊
ကမ္ဘာတည်သရွေ. မေ့မရသနော်။
မေ့မရသနော် မေ့မရသနော်။

(ဒီအပေါ်က ကဗျာလေးကတော့ လွတ်လပ်ရေးရပြီး တိုင်းရင်းသားတွေ ပျော်နေကြတဲ့ ကဗျာလေးပါနော်)။

ဆောင်းနှင်းမြူတို. မှုန်ကာမှိုင်း၊
နယ်ရပ် ရှစ်ခွင်တိုင်း။
ရပ်တိုင်းရွာတိုင်း နွှဲပျော်၇ွှင် ၊
အိုးစည်ဒိုးပတ် လွင်။

လွတ်လပ်သဘင် ဆင်ယဉ်နွှဲ၊
အောင်လံ လေမှာဝဲ။

လက်တွဲညီကြ သားချင်းတွေ၊
လွတ်လပ်ရေး အမွေ။
ဇန်န၀ါရီ (၄) ၇က်နေ.၊
တစ်သက် တို.မမေ့၊
အလေးပြုပါပေ.။

(ဒီကဗျာလေး နှစ်ပုဒ်နဲ. လွတ်လပ်ရေးကို ရယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ၊ ကျ ဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုပါ၏ ….. )။

Sunday, January 3, 2010

အချစ်ဗေဒင် ကြေးမုံပြင်

“မွေးသင်္ချာဗေဒင် အဟောများ”

မြန်မာသတ်ပုံ

ကိုစိုးမင်းရဲ့ မြန်မာသုံးအဘိဓာန် ( DOWNLOAD )

လုံခြုံမှု နံပါတ်(၁)နေရာ ယူထားတဲ့ BitDefender



ဒီ antivirus program ကတော့ ကမ္ဘာမှာ နံပါတ်(၁) နေရာကို ချိတ်ထား ပြီး ထောက်ခံမှု မဲအများဆုံးရထား ပါတယ်...။ kaspersky က ဒုတိယပေါ့...။ antivirus program တွေရဲ့ အားနည်းချက် အားသာချက် တွေနဲ့ လုံခြုံမှုအဆင့်တွေကို_ ဒီမှာ(http://anti-virus-software-review.toptenreviews.com) သွားကြည့်လို့ရပါတယ်...။ သုံးချင်တဲ့ သူများအတွက် တင်ပေး လိုက်ပါတယ်...။ အဆင်ပြေကြ ပါစေဗျာ...။

Download Link:
Part(1) http://ifile.it/1iay5sn
Part(2) http://ifile.it/6dakquv
Part(3) http://ifile.it/xknhzqw
Part(4) http://ifile.it/iz4ut76

မိမိ ip address ကို ဖျောက်ပေးမည့် Auto Hide IP 4.6.2.6 ( DOWNLOAD )



ကဲဒါကတော့ သိထားတဲ့အတိုင်း မိမိ ip address ကို ဖမ်းလို့မမိအောင် ip address အစစ်အမှန်ကို ဖျောက်ပေးနိုင်တဲ့ program ပါပဲ...။ လိုချင်သည့်သူများ Download လုပ်ယူနိုင်ပါတယ်...။ ip hider တင်ပေးခါမှ_ ဒီကောင်လေးကို သုံးပြီး လျှောက်ပြီးတော့တော့ ဘလောဂ်တွေကို လိုက်နှောက်ယှက်တဲ့သူများ အဲ့လိုမလုပ်ကြပါနဲ့...။ အကျိုးရှိတဲ့နေရာ တွေမှာပဲ သုံးစေချင်တာ ကျွန်တော့်စေတနာပါ...။

WinRar ရဲ့ Password ကို ပြန်ယူကြမယ်...။ DOWNLOAD



တစ်ချို့ Rar ဖိုင်တွေမှာ password တွေ မေ့နေရင် ပြန်ပြီး ရှာဖို့ပါ...။ JUNE 2009 ထုတ် WinRar Password Remover version 1.1 ပါ။ နောက်ဆုံး version ပါ...။ သော့ခတ်ထားတဲ့ Rar ဖိုင်တွေကိုဆိုရင် password ပြန်ရှာတာ နှစ်စက္ကန့် လောက်ပဲ ကြာတယ်...။စမ်းကြည့် လိုက်ပါ...။ အဆင်ပြေ ကြပါစေဗျာ...။

Saturday, January 2, 2010

အငွေ့ပျံသွားသော "...."


......................................................................................................................................................
လွမ်းမယ်ထင်လား ...
ကျိန်စာတွေပြည့်နှက်နေတဲ့
ဟောဒီ ရင်ဘတ်ထဲမှာ
အတိတ်ဆိုတာ သင်ခန်းစာ..။

ဘ၀ကို မျှားချိတ်ပြီး
နှလုံးသားကိုမှ ကျုံးသွင်းရက်သူရေ...
ပင်လယ်ဟာလည်း...
တစ်ခါတစ်ရံ လှိုင်းထန်တတ်တယ်...။

ပုံသေမရှိတဲ့ ဘ၀ရဲ့ကျားကွက်တွေထဲ
ချိနဲ့နေတဲ့ ငါ့ကို...
ဘယ်နှစ်ကြိမ်မြောက် ထိုးကြွေးဦးမှာလဲ..
သံသယတွေ ချေဖျက်ဖို့လေ....။

ကဲ..ကျောချင်းကပ်ထားခဲ့တဲ့
ချစ်ခြင်းတွေ....
အခုဆို ကွင်းပြင်ကျယ်ကြီးထဲမှာ
တစ်ရေးနိုးညတွေမှာတောင်
ဖမ်းဆုပ်မရနိုင်တော့ဘူး...။ ။

Happy Birthday Google !


ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဂူးဂဲကြီး အခုဆို ၁၁ နှစ်မြောက်သွားပါပြီ။ နောင်ကိုလည်း အလကားပေးနေ သော လက်ရှိ ၀န်ဆောင်မှုများကို အမြဲတမ်းပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဂူးဂဲသည်လည်း နောင်နှစ်ပေါင်းများစွာ သားစဉ်မြေးဆက် ကြာရှည်စွာဖြင့် ယခုလို အောင်မြင်မှုကိုဆက်လက် ထိန်းသိမ်းထားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကဲ..မိတ်ဆွေတို့လဲ ချစ်သော ဂူးဂဲကြီး အတွက် ဆုတောင်းပေးကြပါဦး။

အင်တာနက်ပေါ်က မြန်မာဂျာနယ်များ


ဒီပို့စ်က ပြည်တွင်းကလူတွေအတွက် မရည်ရွယ်ပါဘူး။ နိုင်ငံရပ်ခြားဒေသတွေမှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာဂျာနယ်တွေနဲ့ ဝေးနေရတဲ့အခါ အင်တာနက်မှာ ဖတ်နိုင်အောင်လို့ ရှာဖွေစုဆောင်း ပေးထားတာ ဖြစ်ပါ တယ်။ တစ်ချို့ ဂျာနယ်တွေလဲ ကျန်နေပါသေးတယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ ဂျာနယ်တွေက လူဖတ် အများဆုံး ဂျာနယ်တွေဖြစ်တာရယ်၊ ကျွန်တော်ပုံမှန်ဖတ်လေ့ရှိတာရယ်ကြောင့် ဒီလောက်ပဲသိတာပါ။ ပေဖူးလွှာ နဲ့ First Eleven တွေကတော့ ကျွန်တော်အမြဲဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် ပေဖူးလွှာပေါ့။ ငယ်ငယ်တုန်း ကတည်းက ပေဖူးလွှာမှာ (ဦး) ဘထွေးဆွဲတဲ့ ကာတွန်းတွေကို အရမ်းကြိုက်တာကြောင့်ပါ။ သူငယ်ချင်းတို့ နောက်ထပ် အွန်လိုင်းဂျာနယ်တွေကို သိတယ် ဆိုရင် ကော်မန့်မှာ ရေးထားခဲ့ပေးပါ။

http://myanmar.mmtimes.com/ (မြန်မာတိုင်းမ်)
http://paephuhlwarmagazine.asia/ (ပေဖူးလွှာ)
http://facesmagazine.asia/ (မုခ) တည်ဆောက်ဆဲ
http://shweamyutay.com/ (ရွှေအမြုတေ)
http://zaygwet.com/ (ဈေးကွက်ဂျာနယ်)
http://alinkarmusicjournal.com/alinkar/ (အလင်္ကာဂီတဂျာနယ်)
www.themyanmarpost.com (မြန်မာပို့စ်)
http://first-11.com/ ( Eleven Media Group-အားကစားနှင့် နိုင်ငံတကာ)
http://www.snapshot-news.com/ss/ (လျှပ်တပြက် သတင်းဂျာနယ်)
http://yangonmedia.com/news/ (ရန်ကုန်တိုင်းမ်)
http://www.planet.com.mm/7daynews/ (7Day News)
http://www.myanmarinternetjournal.com/ (အင်တာနက် ဂျာနယ်)

အန္တရာယ်ရှိသော ၀ဘ်ဆိုက်များစာရင်း

software များကို တွေ့ကရာ ဆိုက်တွေကနေ Download မလုပ်မိဖို့နှင့် install မလုပ်မိကြဖို့ပါ...။ ကျွန်တော်တို့ နည်းပညာစတင်လေ့လာ သူများအနေဖြင့် မ၀င်ရောက်သင့် Download မလုပ်သင့်သော နေရာများ အများအပြား ရှိသည့်အနက် လတ်တလော တစ်ကယ့်ကို software များကို မက်မက်မောမောနှင့် Download လုပ်ချင်စဖွယ် ဖြစ်အောင် တင်ပေးထားသည့် ၀ဘ်ဆိုက် စာရင်းကို ကျွန်တော် ရေးပေးပါ့မယ်...။ ထပ်မံပြီး သတိပေးလိုက်ပါသည်...လုံးဝ(လုံးဝ) Download မလုပ်မိပါစေနှင့်၊ အဆိုပါ ၀ဘ်ဆိုက်မှာ link များကို ကူးယူပြီး ပို့စ်တင်ထားသူများ ရှိပါက ဖျက်ပေးစေလိုပါသည်။ မိမိကွန်ပျူတာအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးများသာ ဖြစ်ပေါ်စေနိုင်ပါတယ်...။ တစ်ချို့က မ၀င်နဲ့ မလုပ်နဲ့ဆိုလျှင် ပိုပြီး လုပ်ချင် စမ်းချင်ကြပါတယ်...။ ကျွန်တော်ပြောတာကို မယုံကြည်သူများ စမ်းသပ်နိုင်ပါတယ်...။ ဒါက လူတိုင်းသိသင့်တယ်ထင်လို့ ကျွန်တော် ပို့စ်အနေနဲ့ တမင်တင်ပေးလိုက်တာပါ...။ Google ကနေ ရှာလို့ရတယ် ဆိုပေမယ့် ရှာတွေ့တဲ့ ဆိုက်တိုင်း Download မလုပ်သင့်ပါဘူး...။ မိမိရှာတဲ့ ဆိုက်ရဲ့ post (web စာမျက်နှာ) တိုင်းမှာ Download လုပ်တဲ့သူတွေရေးခဲ့တဲ့ comments ဆိုတာရှိပါတယ်...။ အဲ့ဒီ့ ဖိုင်ဟာ တစ်ကယ့်ကို အလုပ်လုပ်သလား . အစစ်အမှန်လား ဆိုတာကို ဆိုက်တွေရဲ့ comments တွေကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်...။ မရိုးသားတဲ့ ဆိုက်တွေမှာ comments ပေးဖို့အတွက် မထည့်ပေးထားပဲ...တမင်ဖြုတ်ပေးထားတတ်ပါတယ်...။ ဘာ့ကြောင့် အဲ့လိုမျိုး ဆိုက်တွေရှိတာလဲ ဘာ့ကြောင့်လုပ်သလဲဆိုရင် အလွယ်ကူဆုံးနှင့် အဓိက ဦးတည်ချက်က အသုံးပြုသူရဲ့ Bank accout နှင့် အခြားသော အချက်အလက်တွေကို ခိုးယူဖို့ပါ...။ အဓိကကတော့ ဘဏ်အကောင့်တွေပါပဲ...။ လူတိုင်းဟာ မိမိရဲ့ ကိုယ်ပိုင်ကွန်ပျူတာ (သို့) ယုံကြည်စိတ်ချရတဲ့ internet cafe တွေမှာဆိုရင် ဘဏ်အကောင့်ကို သုံးကြပါတယ်...။ ဥပမာ hlahla ပေါ့ဗျာ ကျွန်တော့်မှာ hlahla account ရှိတယ်ဆိုရင် ကျွန်တော်က online ကနေ တစ်ခြားတစ်နိုင်ငံကို သွားမယ်...။ ဥပမာ မြန်မာနိုင်ငံဗျာ... မြန်မာနိုင်ငံကိုလာဖို့ Trader hotel မှာ booking လုပ်မယ်...အဲ့တော့ ထိုင်းအင်တာနက် ဆိုင်ကနေ ပြီးတော့ hlahla account ကို သုံးပြီး ပိုက်ဆံလှမ်းချေ လိုက်တယ်...ကိုယ်ပိုင်ကွန်ပျူတာ မပါလာလို့ လမ်းဘေး internet cafe ဆိုင်ကနေ သုံးလိုက်ရတယ် ဆိုပါစို့။ အဲ့လို ရိုက်ပြီးသုံးလိုက်တာနဲ့ အဲ့ဒီ့ computer မှာ ကျွန်တော် သုံးခဲ့တဲ့ hlahla ရဲ့ email address and password က ကျန်ခဲ့ပြီ ဥပမာ " အဲ့ဒီ့ ဆိုင်မှာ keylogger (သို့) အဲ့ဒီ့ထက် မြင့်တဲ့ အဆင့်မြင့် အချက်အလက် သိမ်းဆည်းနိုင်တဲ့ program" ကို Install လုပ်ထားမယ်ဆိုရင် . ကျွန်တော် သေပြီပေါ့...။ ပင်ပင်ပန်းပန်း ရှာထားသမျှ ဘဏ်ထဲမှာ ရှိသမျှပိုက်ဆံ ကျွန်တော့်အကောင့်ကို သိတာနဲ့ ကုန်ပြီ... hlahla မှာ က အကောင့်ကိုသိရင် မိမိရဲ့ ဘဏ်အကောင့်ထဲကို ငွေလွှဲလို့ရတယ် . နောက်တစ်ခုက ငွေမလွှဲချင်ဘူးဆိုတာတောင်မှ Online ကနေ လျှောက်ပြီး ၀ယ်ပစ်မယ်...။ online မှာ အခုဆိုရင် ပစ္စည်းမှန်သမျှကို online စနစ်ကနေ ပေးပြီး ၀ယ်လို့ရနေပါပြီ...။ ဆိုင်ကယ် ကား အကုန်လုံးမှာလို့ရတယ်...။ လိပ်စာတစ်ခုသာ ပေးလိုက်...ငွေချေပြီးတာနဲ့ အဲ့ဒီ့နေရာကို ပစ္စည်းလာပို့ပေးတယ်...။

http://loweimages.com ဆိုက်ဟာဆိုရင် တစ်ကယ့်ကို တမင်တကာ အပင်ပန်းခံပြီး လုပ်ထားတယ်လို့ ကျွန်တော်တော့ ထင်တယ် . မြင်သမျှ program တွေကလဲ latest version ချည်းပဲ... မသိတဲ့သူအဖို့တော့ သွားရည်ယိုစရာချည်းပါပဲ...။

1. http://loweimages.com
2. http://amprox.com
3. http://villashibiscus.com
4. http://winobrowne.com
5. http://vc-ll.org

Portable PIMOne Software DiaryOne v6.8 ( Download )

PIM ONE ပါ...။ အခုဟာက portable လေးပါ...။ flash drive လေးနဲ့ ထည့်ပြီးတော့ သိမ်းထားလို့ရပါတယ်...။ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ဖုန်းနံပါတ်တွေနဲ့ အခြား အကြောင်းအရာ တွေကို Diary မှတ်စု သဘောမျိုး ရေးသားထားလို့ရပါပြီ . ကိုပြန်ကြည့်ချင်မှ ပေးထားတဲ့ password နဲ့ နာမည်နဲ့ကို ရိုက်ထည့်ပြီး ပြန်ကြည့်လို့ ရပါတယ်...။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်...။

Friday, January 1, 2010

WISH YOU A HAPPY NEW YEAR 2010

(၁) အောက်ကပေးထားတဲ့ ဆက်သွယ်ရမဲ့နံပါတ်တွေအားလုံးကို copy ကူးပြီး notepad တခုမှာ paste လုပ်လိုက်ပါ။
(၂) Paste လုပ်ပြီးသွားရင် (Ctrl + H) ကိုနှိပ်လိုက်ပါ။
(၃) Replace ဆိုတဲ့ box ကျလာတာ တွေ့ရပါလိမ့်မယ်။ အပေါ်က Find what မှာ အင်္ဂလိပ်လို ခြောက် (6) ရိုက်လိုက်ပါ။
အောက်က Replace with မှာတော့ _ (Under score)ကိုရိုက်လိုက်ပါ။
(၄) နောက်ဆုံး Replace all ဆိုတာကို click လုပ်လိုက်ပါ။

6666666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 666666666666
6669966666996699669 9999999669966666 9966666669966666 6996699999999669 9666699666666666 6666696666666666 666666666666
6669966666996699669 9999999669966666 9966666666996666 9966699999999669 9666699666666666 6666999666666666 666666666666
6669966666996699669 9666666669966666 9966666666699669 9666699666699669 9666699666666666 6669969966666666 666666666666
6669966966996699669 9999999669999999 9966666666669999 6666699666699669 9666699666666666 6699666996666666 666666666666
6669969996996699669 9999999669999999 9966666666666996 6666699666699669 9666699666666666 6999999999666666 666666666666
6669999699996699666 6666699669966666 9966666666666996 6666699666699669 9666699666666666 9999999999966666 666666666666
6669996669996699669 9999999669966666 9966666666666996 6666699999999669 9666699666666669 9666666666996666 666666666666
6669966666996699669 9999999669966666 9966666666666996 6666699999999669 9999999666666699 6666666666699666 666666666666
6666666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 666666666666
6666666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 666666666666
6666666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 666666666666
6699666669966666666 6966666666699999 9996699999999669 9666666996666666 6996666699669999 9999669966666996 666666666666
6699666669966666666 9996666666699999 9996699999999666 9966669966666666 6999666699669999 9999669966666996 666666666666
6699666669966666669 9699666666699666 6996699666699666 6996699666666666 6999966699669966 6666669966666996 666666666666
6699999999966666699 6669966666699999 9996699999999666 6699996666666666 6996996699669999 9999669966966996 666666666666
6699999999966666999 9999996666699999 9996699999999666 6669966666666666 6996699699669999 9999669969996996 666666666666
6699666669966669999 9999999666699966 6666699666666666 6669966666666666 6996669999669966 6666669999699996 666666666666
6699666669966699666 6666669966699666 6666699666666666 6669966666666666 6996666999669999 9999669996669996 666666666666
6699666669966996666 6666666996699666 6666699666666666 6669966666666666 6996666699669999 9999669966666996 666666666666
6666666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 666666666666
6666666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 666666666666
6666666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 666666666666
6669966666699669999 9999666666666966 6666666999999996 6666666999999966 9999999966699966 6699999999666666 666666666666
6666996666996669999 9999666666669996 6666666999999996 6666666999999996 9966669966669966 6699666699666666 666666666666
6666699669966669966 6666666666699699 6666666996666996 6666666666666996 9996669966669966 6699966699666666 666666666666
6666669999666669999 9999666666996669 9666666999999996 6666666666669966 9969669966669966 6699696699666666 666666666666
6666666996666669999 9999666669999999 9966666999999996 6666666666699666 9966969966669966 6699669699666666 666666666666
6666666996666669966 6666666699999999 9996666996996666 6666666669966666 9966699966669966 6699666999666666 666666666666
6666666996666669999 9999666996666666 6699666996699666 6666666999999996 9966669966669966 6699666699666666 666666666666
6666666996666669999 9999669966666666 6669966996666996 6666666999999996 9999999966699996 6699999999666666 666666666666
6666666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 6666666666666666 666666666666