Wednesday, January 20, 2010

ခေါက်မကြည့်နဲ့.....။

နေပါစေ
ဖြေသိမ့်ရင်း
ငါ့ဘ၀ကို
လှေကားထစ်လိုခင်းကျင်း
ခပ်ရဲရဲ နင်းလိုက်စမ်းပါကွာ...။
မင်းတက်ချင်တဲ့ အမြင့်လောက်တော့
ငါ...မတင်စွမ်းပါတယ်။
ဒါပေမယ့်
ဂလိုင်ပေါက်ဖြစ်နေတဲ့
ငါ့ရင်ကိုတော့
ခေါက်မကြည့်ကြေးပေါ့...။

No comments: