Thursday, December 31, 2009

“တို့တိုင်းပြည်”


ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်
မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ
များလဲများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ
ကာလကြာလျှင်
မြင်သာမြင်ရ
မစားရ၍
တောကပြိတ္တာ
ဖြစ်မည်တည်း။

ဆရာဇော်ဂျီ

ရှိသမျှ mail အကုန် backup လုပ်ကြစို့ ( DOWNLOAD)



နည်းက နှစ်နည်းရှိတယ်...

1. Outlook express (သို့) thunder bird ကိုသုံးပြီး မိမိရဲ့ gmail account နဲ့ဝင်လိုက် . အဲ့ဒါဆိုရင် အထဲမှာ ရှိတဲ့ မေးလ်တွေ အားလုံး မိမိ ကွန်ပျူတာထဲကို ရောက်လာလိမ့်မယ်...။
2. နောက်တစ်နည်းကတော့ backup program ကို သုံးပြီးတော့ backup လုပ်တာပါ...။

gmail backup program တင်ပေးလိုက်တယ် . Download လုပ်လိုက်ပါ... အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်...။

mail ကို အခုမပို့ဘဲ နောက်မှ ဘယ်လို ပို့မလဲ နှင့် Outlook express မဟုတ်တဲ့ Thunderbird

(၁) ပထမဦးဆုံး Thunderbird ကို Download(http://www.mozillamessaging.com/en-US/thunderbird/) လုပ်ယူလိုက်ပါ။
(၂) ပြီးတာနဲ့ ရလာတဲ့ Thunderbird ကို install လုပ်လိုက်ပါ။
(၃) Outlook express မသုံးချင်သူများနှင့် အဆင်မပြေသူများ လဲ ဒီ Thunderbird ကို Outlook express နည်းတူ အသုံးပြုလို့ရပါတယ်။ ကျွန်တော့်အထင် Outlook express ထက်ကို ပိုကောင်းသေးတယ်ဗျ… သူ့မှာက add-on ပါတယ်လေ…။
(၄) အခုဆိုရင် Thunderbird အတွက်တော့ အိုကေသွားပြီ . ပြီးရင် အောက်ကပေးထားတဲ့ sl8tr.xpi Add-on ကို Download ထပ်လုပ်လိုက်ပါ…လင့်ကတော့ …
(http://www.mediafire.com/?xaffz3cdzt5)
ပြီးသွားရင် Thunderbird ကို ဖွင့်လိုက်ပါ...။
(၅) ပုံထဲမှာပြထားသလိုမျိုး Tools >> add-on ကို သွားလိုက်ပါ။
(၆) ပြီးရင် Add-ons >> install ကို နှိပ်ပြီး အပေါ်က Download လုပ်ယူထားတဲ့ sl8tr.xpi ကို ရွေးလိုက်ပါ။
(၇) Open ကို နှိပ်ပြီး Add-on ကို install လုပ်လိုက်ပါ။
(၈) Thunderbird ကို restart လုပ်လိုက်ပါ။

အားလုံးအိုကေသွားရင် အောက်ကအတိုင်း စလုပ်ပါတော့မယ် .
(၁) Write ကို နှိပ်ပြီး mail စပို့ပါတော့မယ်…။
(၂) သူက ကို့အကောင့်ကို တောင်းရင် ပို့မယ့် email အကောင့်ကို ဖြည့်ပေးလိုက်ပါ…gmail ဆိုလဲ gmail ပေါ့…။

(၃) ပို့မယ့်မေးလိပ်စာဖြည့် ပို့မယ့်စာသားရေးသားတဲ့နေရာမှာ ကျွန်တော်တို့ ရေးသားမယ့် font ကို ပြောင်းလို့လဲ ရပါတယ်… zawgyi ဆိုလဲ zawgyi ကို ရွေးပေးလိုက်ပါ
(၄) File >> sent later (ctrl + shift + return) ကို ရွေးလိုက်ပါ…။
(၅) ကဲ အဲ့မယ်ပေါ်လာတဲ့ Sent this email later ကိုတဲ့ Box အကွက်မှာ စာဖတ်သူပို့ချင်တဲ့ အချိန် ရက်စွဲ တွေကို ဖြည့်ပြီးပို့လိုက်လို့ရပါပြီ . အားလုံးပဲ အဆင်ပြေနိုင်ကြပါစေဗျာ…အောက်မှာ ပုံတွေနဲ့ ရှင်းပြထားပါတယ်…။






Outloook Express နဲ့ မေးလ်စစ်ရအောင်

ကျွန်တော်တို့အနေနဲ့ gmail ကို http://gmail.com ထဲကို မ၀င်ပဲနဲ့ . တစ်ခါတည်း ကွန်ပျူတာထဲကို ရောက်အောင် ချိတ်ဆက်တဲ့နည်းလေးပါ…။ တစ်ခြားသူတွေ သုံးနေတာလဲ မြင်ဖူးချင်မြင်ဖူးမှာပါ...။ အဲ့ဒါကတော့ Microsoft ကနေ ပြုလုပ်ထားတဲ့ Outlook express ကို အသုံးပြုနည်းပါ…။အခုကျွန်တော်က gmail နဲ့ ချိတ်ပြပါ့မယ်…။ လွယ်ပါတယ်…တစ်ဆင့်ချင်းသာ လုပ်သွားပါ…အဆင်ပြေသွားမှာပါ…။

(၁) Outlook သို့မဟုတ် Outlook Express ကိုဖွင့်လိုက်ပါ။
(၂) Menu ကနေ Tool >> Accounts ကို နှိပ်လိုက်ပါ။
(၃) Add ကို နှိပ်ပြီး Mail ကို ရွေးလိုက်ပါ။


(၄) Display name မှာ ကို ကြိုက်နှစ်သက်ရာကို ရိုက်ထည့်ပြီး Next ကို နှိပ်လိုက်ပါ။
(၅) Incoming mail (POP3, IMAP or HTTP) နေရာမှာ pop.gmail.com လိုရိုက်ထည့်ပြီး Outgoing mail (SMTP) server ဆိုတဲ့နေရာမှာတော့ smtp.gmail.com ဆိုတာကို ရိုက်ထည့်လိုက်ပါ။



(၈) Next ကိုနှိပ်ပါ။
(၉) ကိုအသုံးပြုမယ့် gmail ရဲ့ username နဲ့ password ကို ရိုက်ထည့်လိုက်ပါ။


(၁၀) ပြီးတာနဲ့ Finish ကိုနှိပ်လိုက်ပါ။
(၁၁) ပြီးရင် အောက်ကပုံထဲမှာပြထားသလို pop.gmail.com လေးကို Highlight ပေးထားပြီး properties ကို ရွေးလိုက်ပါ။


(၁၂) ပြီးရင် Advanced ကို ရွေးပြီး This server requires a secure connection (SSL) စာသား ကို အမှန်ခြစ်ပေးထားပြီး သူ့အပေါ်က Outgoing Mail (SMTP) ဆိုတဲ့နေရာမှာ 465 ကို ဖြည့်ပေးလိုက်ပါ။

(၁၃) This server requires a secure connection (SSL)ကို အမှန်ခြစ်ပေးထားပြီး Incoming mail (POP3)မှာ 995 ကိုဖြည့်ပေးလိုက်ပါ။


(၁၄) ပြီးတာနဲ့ ကိုဖြည့်ထားတာ မှန်ရဲ့လားဆိုတာကို server ကို သေချာပြန်စစ်ဆေးလိုက်ပါ . မသေချာရင် password နေရာမှာ ပြန်ရိုက်လိုက်ပါ။
(၁၅) My server requires authentication ဆိုတာ ကို အမှန်ခြစ်ပေးပြီးတာနဲ့ ok ကို နှိပ်လိုက်ပါ။
မေးလ်ဝင်လားမ၀င်လားဆိုတာ send/receive ကို နှိပ်လိုက်ပါ . မေးလ်တွေဝင်လာပါလိမ့်မယ်။


အားလုံးပဲအဆင်ပြေကြပါစေဗျာ ...။

“ ကြိုမတိုက်ထားတဲ့ဇတ် ”

အလွမ်းသဲ့သဲ့ စိုက်ပျိုးဖို့
အလင်းတစ်ချို့ကို ထွန်းညှိလိုက်မိတာ

တကယ်တမ်းဆို ဒီပြဇတ်က
မတီးခင်စပြီး မပြီးခင်ဆုံးခဲ့ပေါ့

ကဗျာနောက်ကျန်လှိုင်းအချို့ကြောင့်
ငါယိမ်းယိုင် သွားခဲ့တာဆိုရင်
ငါပြိုကျတဲ့အထိဝန်ခံပါတယ်

ဒီအိမ်မက်တွေ အသက်သွင်းဖို့ငါမကြိုးစားတော့ဘူး . .

ရင်တံခါးကိုပိတ်ပီး ဒဏ်ရာအချို့ကို ဆားခတ်လိုက်တယ်

ဒီနေရာမှာပဲ ဒီပြဇတ်ကို အဆုံးသတ်ကြရအောင်

ငါတို့ဟာ ရှိတ်စပီးယားအပြောအရ

(ဇတ်ကောင်များ)ဖြစ်ကြတယ် . .



နိမ်း(ဒ)
- - ၈ ရက်မြောက်နေ့ - -

Sunday, December 27, 2009

Ip address searcher 2.12 ( DOWLOAD )


Ip address searcher က တစ်ကယ့်ကို ကောင်းမွန်တဲ့ searcher program တစ်ခုပါ . ၀ဘ်ဆိုက်တစ်ခုရဲ့ လိပ်စာ(url) ကို သိတာနဲ့ အဲ့ဒီ့ ၀ဘ်ဆိုက်ရဲ့ Domain name ကို ဘယ်ကနေ ၀ယ်တယ် ပြီးတော့ အဲ့ဒီ့ဆိုက်ကို ဘယ် ip address က ၀ယ်ထားတယ် . ping a host, trace IP, MAC အချက်အလက်များအပြင် ip address ရဲ့ တည်နေရာ ကိုပါ ဖော်ပြပေးနိုင်ပါတယ် . Windows 98/XP/Vista အပြင် အခု window 7 ကိုပါ support လုပ်ပေးပါတယ်...။ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်... စမ်းကြည့်လိုက်ပါ . အဲ့လို Tools တွေပေါ်လာ တာတော့ တစ်ခု ကောင်းပါတယ်... ကိုသိချင်တာကို သိရတာပေါ့...။

* ဘယ်ဝဘ်ဆိုက်ကို ဘယ်ကနေ ရေးနေတယ် .
* သူ့ရဲ့ ip address က ဘာ စတာတွေကို သိနိုင်တာပေါ့ .

ဒါနဲ့ တစ်လက်စတည်းပဲ သူ့ကိုလှည့်စားနိုင်မယ့် နည်းကိုပါ တစ်ခါတည်း ရေးပေးလိုက်ပါမယ် . တစ်ချို့ ဘုမသိ ဘမသိနဲ့ နားမလည်တဲ့သူများ စိုးရိမ်နေမှာ စိုးလို့ပါ...။ ဒီကောင်ကို လှည့်စားနိုင်တာကတော့ ip hider လို ip address ကို cover လုပ်ပေးတဲ့ program နဲ့ မိမိ ip address ကို ဖျောက်ပေး၊ ပြောင်းပေးနိုင်တဲ့ program မျိုးကိုသုံးထားလိုက်ပါ . တော်ရုံလူ မိမိ ip ကို မသိနိုင်ပါဘူး တစ်ချို့လူတွေက ကောင်းတဲ့ နေရာတွေမှာ အကျိုးရှိရှိ အသုံးချပေမယ့် တစ်ချို့တွေ ကျတော့လဲ သူများဒုက္ခ ရောက်အောင် စိတ်အနှောက် အယှက် ဖြစ်အောင် အချိန်ကုန် လူအပင်ပန်းခံပြီး... ဆိုက်ပေါင်းဆုံးကို နည်းလမ်းပေါင်းစုံနဲ့ လိုက်နှောက်ယှက် နေကြတဲ့ သူတွေကိုလဲ ၀မ်းနည်းစွာနဲ့ တွေ့နေရပါသေးတယ်...အခုဆိုရင် ၀ဘ်ဆိုက်တွေရေးဖို့နဲ့ ကိုယ်ပိုင်ဆိုက်တွေ ဖြစ်လာဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာကို လူငယ် တော်တော်များများ စိတ်ဝင်စားလာတာ တွေ့ရတော့ ၀မ်းသာပါတယ်...။ကဲ Download လုပ်လိုက်ပါဦး... keygen ပါ ထည့်ပေးထားပါတယ်...အဆင်ပြေနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...တစ်ခါတည်း ပြောလိုက်ပါဦးမယ် အခု keygen ပါတဲ့ Download ဖိုင်ကို မဖြေခင် မိမိစက်မှာ တင်ထားတဲ့ antivirus program ကို ခဏလောက် ပိတ်ထားပေးပါ။ antivirus program ကနေ virus ဆိုပြီး Delete လုပ်သွားပါလိမ့်မယ်...Delete မလုပ်ရင်တောင်မှ keygen ကို ဖွင့်လို့ရမှာမဟုတ်ပါဘူး...။

Thursday, December 24, 2009

အသက်တွေ ခန္ဒာတွေ ကိုမေ့လျော့

ကျောက်တုန်းနံရံတွေထက်မှာ
ငါ့လက်တွေကပ်ထားတယ်

အသက်ကိုမြှင်းမြှင်းရှုတော့
လေတိုးသံကြားရတယ် . .

ဒီတံတိုင်းအပြင်ဘက်မှာ
အလင်းမနက်တွေရှိတယ်

ဒီသံတံတိုင်းတွေက
ငါမမှားပဲငါ့ကိုမှားစေတယ် . .
ဒါပေမယ့်ငါမမှားဘူး

ပေးဆပ်သူတွေအတွက် အပြင်မှာက

ပူစပ်စပ် show ပွဲတွေ
ပူစပ်စပ် fashion walk တွေ
ပူစပ်စပ် အတွေးအခေါ်တွေ
ပူစပ်စပ် စားသောက်ကုန်တွေ
ပူစပ်စပ် ခံယူချက်တွေ
ပူစပ်စပ် ကိုယ်ချင်းရင်းနှီးမှုတွေ

အော်
လူဟာအတ္တဗဟိုပြုခံလိုက်ရတဲ့အခါ
အရာရာကျဆုံးသွားတယ် .
အသိမဲ့တဲ့လောကကြီးက
သူ့ကိုယ်သူတော့သိတယ်ထင်တာ
သဘာဝပဲလေ
နောင်
မှ
သိ
လာ
မှာ
သူများနောက်လိုက်ဘ၀နဲ့
သေ
ဆုံး

တော့
မှ


နိမ်း(3) 12:31 PM 12/17/2009

Friday, December 11, 2009

About Sound Card

Sound Card တွေကို အဓိကအားဖြင့်ကတော့ Gaming အတွက်ဦးစားပေးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ 1989 ခုနှစ်မှာ Creative Lab ကနေ SoundCard တွေရဲ့ပထမဆုံးဖြစ်သော Sound Blaster Card ကို ထုတ်လုပ်ခဲ့ပါတယ်။

Sound Card တွေကို အဓိကအားဖြင့်ကတော့ နှစ်မျိုးခွဲခြားထားပါတယ်။
(1) Internal Sound Card
(2) External Sound Card တို့ပဲဖြစ်ပါတယ်။

(1) Internal Sound Card တွေကို အားလုံးသိကြမှာပါ။ သူ့ကို Motherboardပေါ်က ISA slot , PCI slot , PCIE - slot တွေမှာ စိုက်၍အသုံးပြုနိုင်ပါတယ်။ဒါပေမယ့် အခုမြန်မာပြည်မှာကတော့ PCI slotမှာစိုက်လို့ရတဲ့ sound card တွေကိုအလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။

(2) External Sound Card တွေကတော့ USB နဲ့တွဲသုံးကြတာများပါတယ်။သူကကျနော်တို့ အပြင်မှာ မြင်နေရတဲ့ modem တွေနဲ့ပုံသဏ္ဍန်ချင်းဆင်တူပါတယ်။ဒါပေမယ့် modem တွေက ပုံစံအမျိုးမျိုးဖြစ်သလိုexternal sound card တွေကလည်း အမျိုးမျိုးဖြစ်ပါတယ်။ တစ်ချို့ USBဆိုဒ်လောက်သာ လာတဲ့ external sound card တွေလည်းရှိပါတယ်။ဒါပေမယ့်
မြန်မာမှာ ကတော့ နည်းနည်းရှားပါတယ်။လူသုံးလည်း နည်းကြပါတယ်။ဒါပေမယ့် ဘယ်Sound Card မဆို Driver တင်ပေးရပါမယ်။ Driver မတင်ရင်တော့အသံလုံးဝမထွက်ပါဘူး။

Sound လို့ပြောလိုက်ပြီဆိုတာနဲ့ သူ့မှာ အခြေခံအားဖြင့် port သုံးခုပါပါတယ်။
(1)Line in(Blue)
(2)Line out(Green)
(3)Mice(Pink)

Line in port ကတော့ လွယ်လွယ်ကူကူ ပြောရရင်တော့ ကွန်ပျူတာထဲကိုအသုံးဝင်မယ့် device တွေအားလုံးတပ်ဆင်တဲ့ နေရာဖြစ်ပါတယ်။ကတ်ဆက်ကိုကွန်ပျူတာနဲ့ join ပြီး အသံဖမ်းတဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်လို့ရပါတယ်။ကတ်ဆက်မှ မဟုတ်ပါဘူး တစ်ခြား ကိုယ့်ကွန်ပျူတာထဲကို အသံထည့်သွင်းမယ့်device တော်တော်များများကို ထည့်သွင်းလို့ရပါတယ်။ ဆိုလိုတာကတော့ analog todigital ပေါ့။ Line in port ရဲ့ အရောင်က အပြာရောင်လို့ပြောပေမယ့်အပြာဖျော့ရောင်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

Line out port ကတော့ speaker , hear phone တို့တပ်ဆင်တဲ့နေရာပါ။ဒါကိုတော့ထွေထွေထူးထူးပြောစရာမလိုပါဘူး။ သူက digital to analog ပါ။ အရောင်ကလည်းအစိမ်းဖျော့ရောင်ပါ။

Mice port ကတော့ Line in port နဲ့သဘောတရားချင်းဆင်တူပါတယ်။ သူ့မှာတော့mice , joy stick တို့တပ်ဆင်အသုံးပြုလို့ရပါတယ်။ သူကလည်းပန်းရောင်ဖျော့ဖျော့ပါပဲ။

တစ်ခြား port တွေကတော့ အမည်းရောင်တို့ ဘာတို့ပေါ့။ဒါပေမယ့် တစ်ခြားadvance နေရာမှာသုံးဖို့ထားတဲ့ port တွေပါ။ အသုံးလည်းသိပ်မများသလိုဈေးကလည်းကြီးပါတယ်။ဒီအတွက် မဖော်ပြတော့ပါဘူး။

ကျနော်တို့ line in ,line out ,mice port တွေဟာအသံကူးပြောင်းတဲ့အခါမှာcopper ပေါ်ကနေကူးပြောင်းလေ့ရှိပါတယ်။port တွေပုသဏ္ဍာန်က အ၀ိုင်းလေးတွေပါ။နောက် ဆိုနီနဲ့ ဖိလစ်တို့ကထုတ်တဲ့ port တစ်ခုရှိပါတယ်။သူ့ကိုတော့ SPDIF
လို့ခေါ်ပါတယ်။ သူ့ရဲ့ အရှည်ကတော့ Sony / Philips Digital Interfaceဖြစ်ပါတယ်။သူ့ရဲ့ port ပုံစံက လေးထောင့်ပါ။ အထူးသဖြင့် DVDစက်တိုင်းနီးပါးမှာ ပါဝင်လေ့ရှိပါတယ်။ port ရဲ့ အပေါ်က သားရေဖက် ကိုဆွဲခွာပြီး SPDIF ရတဲ့ speaker နဲ့တွဲသုံးရမှာဖြစ်ပါတယ်။အသံထွက်တာကတော့ ကိုယ့်ဘေးနားမှာလာပြီး ပြောနေရတယ်လို့ထင်ရလောက်အောင်အထိ
ကောင်းမွန်ပါတယ်။ တစ်ခြား copper port တွေနဲ့ယှဉ်ရင်လည်းအတော်ကြီးကိုသာလွန်ကောင်းမွန်ပါတယ်။ SPDIF ကအသံကူးပြောင်းတဲ့အခါတဲ့အခါမှာcopper ပေါ်မှာ သွားတာမျိုးမဟုတ်ဘဲ optical နဲ့သွားတာပါ။ ဒါပေမယ့်သူ့ရဲ့အားနည်းချက်က SPDIF ရတဲ့ speaker က တော်တော်ကြီးကိုရှားပါတယ်။ဈေးကလည်း အနည်းငယ်ကြီးတဲ့ အတွက်ကြောင့် အသုံးမပြုနိုင်ကြပါဘူး။

Sound Card တွေမှာ အဓိကကြတဲ့ အခြေခံ Chipset ငါးမျိုးရှိပါတယ်။

(1)DSP(Digital Signal Processor)
(2)RAM(Random Access Memory)
(3)DAC(Digital Analog Converter)
(4)ADC(Analog Digital Converter)
(5)ROM(Read Only Memory) တို့ဖြစ်ပါတယ်။

Sound Card တွေရဲ့ အလုပ်လုပ်ပုံဟာ ဒီ chipset ပေါ်မှာအခြေခံပြီးအလုပ်လုပ်ကြတာဖြစ်ပါတယ်။ Sound Card တွေရဲ့ အောက်က pin လေးတွေကနေ Computerထဲမှ Digital Audio File တွေကို DSP လို့ခေါ်တဲ့ Digital Signal Processorပေါ်သို့တင်ပါတယ်။ DSP ဆိုတာကလည်း CPU တစ်မျိုးပါပဲ။ ဒါပေမယ့် သူက SoundCard တစ်ခုတည်းပေါ်မှာပဲ အလုပ်လုပ်တဲ့ CPU အမျိုးအစားပါ။Central Processingတော့ မဟုတ်ပါဘူး။ထို့အပြင် ကွန်ပျူတာဟာ digital audio တွေကိုပဲ support လုပ်ပါတယ်။

အလုပ်လုပ်ပုံကတော့ Sound card ပေါ်ကpin လေးတွေကနေကွန်ပျူတာပေါ်မှာရှိတဲ့အသံဖိုင်တွေကို DSP ပေါ်တင်ပါတယ်။ထို DSP ကသူ့ရဲ့လုပ်ငန်းတာဝန်အားလုံးကို RAM ပေါ်သို့ တင်ပြီး အလုပ်လုပ်ပါတယ်။RAMဆိုတာကလည်း sound card မှာပဲ အလုပ်လုပ်တဲ့ memory တစ်မျိုးပဲဖြစ်ပါတယ်။ဒီမှာသတိပြုရမှာက DSP ဆိုတာကလည်း Sound Card ပေါ်မှာပဲ အလုပ်လုပ်တဲ့ CPU ဖြစ်ပြီး RAM ကလည်း Sound Card ပေါ်မှာပဲ အလုပ်လုပ်တဲ့ Memoryတစ်မျိုးဖြစ်ပါတယ်။ သူတို့တွေအားလုံးဟာ Sound Card ပေါ်မှာပဲအလုပ်လုပ်နိုင်ပြီး လက်ရှိကွန်ပျူတာမှာ ခေါ်ဝေါ်နေတဲ့ CPU တွေ Memory တွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ဒီနှစ်ခုကို ရော မသွားဖို့အရေးကြီးပါတယ်။ နောက်ဆုံး RAMကမှတစ်ဆင့် DAC (Digital Analog Converter) ပေါ်သို့ရောက်ပြီး Line out နဲ့Speaker port တွေကတစ်ဆင့် ကျနော်တို့ကြားရတာဖြစ်ပါတယ်။

Line in နဲ့ mice port တွေက၀င်လာတဲ့ analog အသံဖိုင်တွေကတော့ ADC chipsetကနေ RAM ပေါ်သို့ရောက်ပြီး နောက်ဆုံး sound card ပေါ်မှ pin လေးတွေကတစ်ဆင့်ကွန်ပျူတာထဲသို့ပြန်လည်ရောက်ရှိတာဖြစ်ပါတယ်။ ဒါကတော့ Sound Card တွေရဲ့
အလုပ်လုပ်ပုံဖြစ်ပါတယ်။

ကျနော်တို့ Audio မှာ အဓိကအားဖြင့် (၂) မျိုးခွဲခြားနိုင်ပါတယ်။
(1)Digital Audio
(2)Midi Audio(Musical Instrument Digital Interface) တို့ဖြစ်ပါတယ်။

Digital Audio ကတော့ format တွေအများကြီးပါ။ VCD format က .DAT , DVDformat က .VOB တို့လိုမျိုးပေါ့။ format
တွေကတော့အများကြီးပါ။ရေတွက်ရင်တော့ တော်တော်လေးမောနိုင်တယ်။ အော် နောက် MP3 ဆိုတာက MPEG 3 ပါ။ MPEG 3 ဆိုတာကတော့ Moving Picture Expert GroupVersion 1 , Layer 3 ဖြစ်ပါတယ်။ .cda ဆိုတာတစ်ခုရှိပါသေးတယ်။ သူကတော့ CD ပေါ်မှာပဲ run နိုင်တဲ့ format ဖြစ်ပါတယ်။သူကတော့ ကွန်ပျူတာပေါ်မှာ လုံးဝအလုပ်မလုပ်ပါဘူး။

Midi Audio ဆိုတာကတော့ ROM ထဲမှာထည့်ထားတဲ့ အသံဖိုင်တွေပါ။ROM ဆိုတာကလည်းsound card ပေါ်မှာပဲ အလုပ်လုပ်နိုင်တဲ့ Sound card ROM ဖြစ်ပါတယ်။ကွန်ပျုတာ system က ROM နဲ့ဘာမှမဆိုင်ဘာဘူး။ နောက် ROM chip ထဲမှာ wave table လို့ခေါ်တဲ့ အသံ sample file တွေကိုထည့်ထားပါတယ်။

သူ့ကို ဘယ်လိုသုံးလဲဆိုတော့ midi audio file တွေဟာ sound card ပေါ်က ROM chip ထဲမှာထည့်ထားတဲ့ အသံဖိုင်တွေပါ။
အခုနောက်ပိုင်းကျနော်တို့ ဂိမ်းတွေဟာ အရမ်းအဆင့်မြင့်လာပါပြီ။ဒီတော့ သစ်ပင်ခုတ်သံ၊ သစ်ရွက်လှုပ်သံ တွေကိုပါ အနုစိတ်လုပ်လာ ကြပါတယ်။ဒီတော့ ဂိမ်းအကြီးကြီးတစ်ခုမှာ အသံအမျိုးမျိုး ထွက်နေကြပါတယ်။ ဒီအသံတွေတစ်ခုချင်းကိုသာ အသံဖိုင်တွေနဲ့ ဂိမ်းထဲကိုထည့်ထားရင် ကျနော်တို့ ဂိမ်းတစ်ခုရဲ့ size ဟာ တော်တော်ကြီးကိုကြီးမားပါလိမ့်မယ်။ ဒီတော့ gameprogrammer တွေဟာ ဒီလိုထည့်မယ့်အစား ROM chip ထဲက ဘယ်အသံ sample ဖိုင်ကိုဘယ်လောက် frequency နဲ့ထွက်လိုက်ပါဆိုတာ မျိုးတွေကို ရေးလိုက်ပါတယ်။ကျနော်တို့ဟာ ဘယ်အသံကိုမဆို frequency တိုးလိုက်ရင်နောက်တစ်ခြားအသံတစ်မျိုးထွက်ပြီး frequency မြှင့်လိုက်ရင် နောက်တစ်ခြားမတူတဲ့ အသံတစ်မျိုးထွက်ပါတယ်။ဒီသဘောတရားကို game programmer
တွေက သဘောချပြီး အသုံးပြုထားတာဖြစ်ကြပါတယ်။

Graphic Card


Graphic Card တွေကို ဘယ်အချိန်ကစပြီးပေါ်ပေါက်ခဲ့တာလည်းဆိုရင် Bill Gate က GUI အသုံးပြုလို့ရအောင် စတင်လုပ်ဆောင်နိုင်ခဲ့တဲ့အချိန်ကပဲ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ Graphic Card ဆိုတာနဲ့ တစ်ခုသိစေချင်တာက သူက internal မှာပဲသုံးလို့ရတဲ့ interface ပါ။ External Graphic Card ဆိုပြီးတော့ အခုထက်ထိမပေါ်သေးပါဘူး။နောင်ကိုလည်း ရှိလာမှာလည်း မဟုတ်ပါဘူး။ Graphic Card တွေကို ကျနော်တို့ဟာ expansion slot(ISA , PCI , VGA , PCI - E) တွေမှာ စိုက်ပြီးအသုံးပြုကြရပါတယ်။နောက်တစ်ခုကတော့ Graphic Card ကို computer term အရ VGA(Video Graphic Adapter) လို့လည်းခေါ်ပါသေးတယ်။

Graphic Card တစ်ခုဟာ ဘယ်လို structure တွေနဲ့ဖွဲ့စည်းထားလဲဆိုတာကို ဆက်ပါမယ်။ Graphic Card တစ်ခုမှာ အများအုံးဖြင့် အမည်းရောင် chips တွေပါရှိပါတယ်။ဒါပေမယ့် အဲဒီ့ Chips တွေထဲမှာ အဓိကကြတဲ့ Chip ကသုံးခုပဲရှိပါတယ်။ ဒါပေမယ့် Graphic Card ကိုအပြည့်အ၀သုံးမယ်ဆိုရင်တော့ အရေးကြီးတဲ့အရာ ငါးခုပါဝင်ရန်လိုအပ်ပါတယ်။

In the Graphic Card ,
(1) Video BIOS
(2) Video Processor
(3) Video Memory
(4) Video Bus
(5) Video Driver တို့ပါဝင်ပါတယ်။

ဘယ်အရာတွေက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို မရှင်းခင်မှာ Graphic Card တစ်ခုမှာ BIOS , Processor , Memory တို့ဆိုတာဟာ ကျနော်တို့ PC System ကြီးမှာ ပါဝင်လည်ပတ်နေတဲ့ Processor တို့ Memory တို့ကိုပြောခြင်းမဟုတ်ပါဘူး။ သူတို့ဟာ PC System ကြီးအတွက်အလုပ်လုပ်ပေးတာမဟုတ်ပါဘူး။ Graphic Card ပေါ်မှာသာ ပါရှိပြီး ထို Graphic Card အတွက်ပဲ အလုပ်လုပ်ပေးတဲ့ Processor တွေ Memory တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်လုပ်ပုံ function တွေကတော့ PC ကဟာတွေနဲ့ ဆင်တူပါတယ်။

(1) Video BIOS
Video BIOS ဟာ Graphic နဲ့ပါတ်သတ်တဲ့ signal တွေ Card အပေါ်ကိုသို့ ရောက်လာတာရယ် နောက် သူကိုယ်တိုင် output ပြပန်ထုတ်ပေးလိုက်ရတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးပါတယ်။ ဒီနေရာမှာ BIOS ရဲ့ အရှည်ကောက်ဖြစ်တဲ့ Basic Input Output System ဆိုတာကိုသိရင်တော့ နားလည်လွယ်မှာပါ။ နောက် Graphic Signal တွေဆိုတာကလည်း Graphic Data Electric Signal တွေကိုဆိုလိုတာပါ။

(2) Video Processor
Video Processor တွေကို GPU(Graphic Processing Unit) လို့လည်းခေါ်ပါတယ်။ သူအလုပ်လုပ်တဲ့ပုံကလည်း PC System က CPU နဲ့ ဆင်တူပါတယ်။ ဂရပ်ဖစ်တွေနဲ့ ပါတ်သတ်တဲ့ လုပ်ငန်းတွေကို process လုပ်ပေးပါတယ်။ဒါပေမယ့် သူတစ်ခုတည်းနဲ့ process လုပ်မပေးနိုင်ပါဘူး။

(3) Video Memory
ဂရပ်ဖစ်လုပ်ငန်းစဉ်တိုင်းဟာ Graphic Card ပေါ်မှာရှိတဲ့ Video Memory ပေါ်ကိုတင်ပြီး GPU မှ processing လုပ်ပါတယ်။ကျနော်ပြောတဲ့ ဂရပ်ဖစ်လုပ်ငန်းစဉ်ဆိုတာဟာ လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် အခုကျနော်တို့ monitor မှာမြင်နေရတဲ့ ကာလာတွေ ၊ လှုပ်ရှားမှုတွေကိုဆိုလိုတာပါ။ Graphic Card ဆိုတာနဲ့ လူတိုင်းကြားဖူးမှာ တစ်ခုက ငါ့ ဂရပ်ဖစ် ကတ် က 512 ကွ။ ငါ့ဟာကတော့ 1G.... အဲလိုမျိုးပေါ့။ အဲဒီ့ 512 တို့ 1G တို့ဆိုတာက ကျနော်တို့ video memory ရဲ့ capacity ကိုဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီ့ capacity တွေနဲ့ GPU တွေနဲ့တွဲပြီး အလုပ်လုပ်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲဆိုတော့ ဥပမာ ဂိမ်းတစ်ခုကိုပြောမယ်ဗျာ။ ကျနော်တို့ ဂိမ်းဆော့ရင်မြင်ရတဲ့ လှုပ်ရှားမှုတွေ ၊ ကာလာတွေ ၊ နောက်ခံတွေ ၊ ပစ္စည်းတွေ အားလုံးကို game programmer တွေက ဂိမ်းရဲ့ နေရာတိုင်းမှာ file တွေအဖြစ်နဲ့ ရေးသားလိုက်ပါတယ်။ အဲ့ဒီ့ဖိုင်တွေဟာလည်း သူတို့ဖောမတ်နဲ့ သူတို့ ရှိနေပါတယ်။ အဲဒီ့ဖိုင်တွေရဲ့ size ကအဓိကကျပါတယ်။ ဂိမ်းကြီးရင်ကြီးသလောက် graphic file တွေကလည်းကြီးပါတယ်။ ဒီတော့ GPU က process ကို memory ပေါ်တင်ပြီး လုပ်ရတဲ့အခါမှာ ပြီးပြည့်စုံအောင် process မလုပ်နိုင်ပါဘူး။ ကိုယ့် ဂရပ်ဖစ်က 512 ပဲရှိတယ်။ဒါပေမယ့် ဖိုင်တွေရဲ့ ဆိုဒ်က 600 လောက်ရှိတယ်ဆိုရင် အဲဒီ့ဂိမ်းကို ကိုယ့်ကွန်ပျူတာ မနိုင်တော့ပါဘူး။ကိုယ့် ဂရပ်ဖစ်နဲ့ ဂိမ်းကလိုအပ်တဲ့ ဂရပ်ဖစ် ကွာဟချက်အများကြီးဖြစ်နေတာကို အတင်း install လုပ်မယ်ဆိုရင် black screen တောင်ကျလာနိုင်ပါတယ်။ ကွာဟချက်တွေသိပ်မများဘူးဆိုရင်တော့ ထစ်ထစ်ဖြစ်နေတတ်ပါတယ်။

(4)Video Bus
Video Bus တွေကိုတော့ ထူးထူးထွေထွေမပြောတော့ပါဘူး။ သူတို့ဟာ ဂရပ်ဖစ်ရဲ့ data တွေသွားတဲ့လမ်းကြောင်းပုံစံ ဒါမှမဟုတ် ဂရပ်ဖစ်ကတ်တွေစိုက်ရတဲ့ expansion slot type တွေကိုဆိုလိုတာပါ။ PCI လား AGP လား။ ဒီလိုမျိုးတွေကိုဆိုလိုတာဖြစ်ပါတယ်။

(5) Video Driver
Video Driver ဆိုတာကတော့ အားလုံးသိကြတဲ့ Driver ပါပဲ။ ကျနော်တို့ PC မှာ ဘယ် hardware ကိုမဆိုတပ်ဆင်အသုံးပြုလို့ရအောင် ဒါမှမဟုတ် အဲဒီ့ ဟတ်ဝဲလ်ရဲ့ လုပ်ငန်းကို လုပ်ကိုင်ရမှာ ပိုတွင်ကျယ်အောင် ပေါင်းကူးပေးတဲ့ program လေးတစ်ခုဖြစ်ပါတယ်။ အဲဒါကိုအပြင်လောကမှာ driver တင်တယ် ၊ driver မောင်းတယ်လို့လည်း ခေါ်ကြပါတယ်။ အဲဒီ့ driver ကို ကိုယ်ဝယ်လိုက်တဲ့ hardware နဲ့အတူတူ ပေးလိုက်လေ့ရှိပါတယ်။ Driver CD ခွေပျောက်ခဲ့မယ်ဆိုရင်တော့ ကိုယ့် hardware model no နဲ့ပြန်ရှာပြီး ဒေါလ်းလုတ် လုပ်ရမှာဖြစ်ပါတယ်။

Graphic Card တွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။အဲဒါဟာ ဘာလဲဆိုရင်တော့ driver တင်ခြင်းပါပဲ။ ကျနော်တို့ sound card တွေမှာဆိုရင် driver မတင်ဘူးဆိုရင် အသံလုံးဝမထွက်ပါဘူး။ဒီတော့ မေးစရာတွေရှိလာပြီပေါ့။ Graphic Card မှာ driver မတင်ရင်ရော monitor မှာဘာမှမပေါ်ဘဲနေမှာလား၊ ဒါမှမဟုတ် black & white ကြီးပဲ ပေါ်နေမှာလား။ ဒါပေမယ့် graphic card တွေဟာ driver မတင်ဘဲသုံးလို့ရပါတယ်။ သူ့ကို driver မတင်ဘဲနေရင် ခုနကပြောခဲ့သလိုမျိုး တစ်ခုမှဖြစ်မှာမဟုတ်ပါဘူး။ graphic ကိုအပြည့်အ၀မသုံးနိုင်တာပဲ ရှိမှာပါ။ ဥပမာပြောရရင် ကွန်ပျူတာကို shut down ချရင် သုံးခုတွေ့ရမှာပါ။ အဲဒါက restart , shut down , stand by တို့ပေါ့။ graphic driver မတင်ထားဘူးဆိုရင် stand by ကိုသုံးလို့ရမှာမဟုတ်ပါဘူး။Game တွေကို ဆော့မယ်ဆိုရင်လည်း graphic card ရဲ့ capacity အတိုင်း ဆော့နိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့် ကျနော်တို့ OS ကြီးကိုရောဘာဖြစ်လို့မြင်နေရတာလဲ။ သူလည်း graphic လိုပါတယ်။ ဒါပေမယ့် driver မမောင်းထားရင် stand by ကလွဲလို့ကျန်တာတွေ အကုန်လုံးကို ကောင်းမွန်စွာအသုံးပြုလို့
ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ Video BIOS ကြောင့်ပဲဖြစ်ပါတယ်။Video BIOS ထဲမှာရှိတဲ့ features တွေကြောင့် ကျနော်တို့ဟာ driver မမောင်းဘဲနဲ့ graphic လိုအပ်တဲ့ OS တွေကိုကောင်းကောင်း သုံးနိုင်နေတာဖြစ်ပါတယ်။

Connectors

System Unit ကနေ monitor ကိုသွားတဲ့ connector တွေပေါ်မူတည်ပြီး graphic quality ပြောင်းလဲမှုတွေရှိပါတယ်။Graphic နဲ့ပါတ်သတ်ပြီး Port ငါးခုရှိပါတယ်။

Port
(1)HDMI(High Definition Media Interface)
(2)VGA(Video Graphic Array)
(3)DVI-I(Digital Video Interface - Integrated)
(4)VIVO(Video In Video Out)
(5)TV out တို့ဖြစ်ပါတယ်။

DVI-I နဲ့ VIVO တို့ဟာ ဟိုးအရင်တုန်းကပေါ်ခဲ့တဲ့ technology တွေပါ။DVI-I ရဲ့ connector ခေါင်းက 24 pin ဖြစ်ပါတယ်။ VIVO ကတော့ DB 15 ကိုသုံးထားပါတယ်။

VGA ကတော့ 15pin 3role female ဖြစ်ပြီး အခုအသုံးများနေတာဖြစ်ပါတယ်။ သူ့ရဲ့ cable က copper တစ်မျိုးနဲ့ပြုလုပ်ထားပြီး graphic နဲ့ပါတ်သတ်တဲ့ data တွေက digital state ကနေ cable ပေါ်ကိုဖြတ်တဲ့အခါမှာ analog state သို့ကူးပြောင်းရပါတယ်။ ထို့အတွက် graphic ရဲ့ quality ကျသွားရခြင်းဖြစ်ပါတယ်။

Latest တစ်ခုဖြစ်တဲ့ HDMI ကတော့ 19 pin (A/V) connector ခေါင်းကို သုံးထားပါတယ်။ HDMI ဟာ တကယ့် pure digital ဖြစ်ပါတယ်။ HDMI ရဲ့ cable ဟာ optical နဲ့ data transfer လုပ်ပြီး analog state ကိုမပြောင်းရတဲ့ အတွက် quality အရမ်းကောင်းပါတယ်။ Notebook တွေဝယ်မယ်ဆိုရင် HDMI ကို support လုပ်ထားတာလား VGA ကို support လုပ်တာလားဆိုတာကို စဉ်းစားသင့်ပါတယ်။ ဒါပေမယ့် Cable အစစ်တစ်ချောင်းကို ခြောက်သောင်းနီးပါးရှိပါတယ်။ China made တွေဆိုရင်တော့ လေးထောင် ငါးထောင်နဲ့တင်ရပါတယ်။

Note :::: Graphic Card ကိုအခုနောက်ပိုင်း တစ်ခုတည်းမစိုက်တော့ဘဲ နှစ်ခု ဒါမှမဟုတ် လေးခု စိုက်တာတွေလည်းရှိလာပါပြီ။ လေးခုစိုက်ဖို့အတွက်ဆိုတာကတော့ motherboard မှာ PCI-E slot လေးခုပါမှရမှာပါ။ နောက်ပြီး Graphic Card ကိုအများကြီးစိုက်ချင်ရင် AGP တို့လို slot မျိုးတွေမှာ စိုက်လို့မရပါဘူး။ PCI-E slot မှာစိုက်ရမယ့်အပြင်ကို ဂရပ်ဖစ်ကတ် အများကြီးစိုက်နိုင်ဖို့ရည်ရွယ်ပြီးထုတ်ထားတဲ့ ဂရပ်ဖစ်ကတ်တွေနဲ့သာအဆင်ပြေနိုင်မှာပါ။
ဥပမာအနေနဲ့ပြောရရင်တော့ Graphic Card Company ဖြစ်တဲ့ NVIDIA company ကနေ SLI ဆိုတဲ့ နည်းပညာကိုတီထွင်ထားပါတယ်။ Graphic Card နှစ်ခု သို့မဟုတ် လေးခု စိုက်ပြီးအသုံးပြုနိုင်ပါတယ်။ SLI Bridge ကိုသုံးပြီးစိုက်တာဖြစ်ပါတယ်။ စိုက်ထားတဲ့ Graphic Card နှစ်ခုကို အပေါ်ကနေ တံတားလိုမျိုး အတန်းလေးတစ်တန်းထည့်ပြီးအသုံးပြုတာ ဖြစ်ပါတယ်။ နောက် ATI company ကတော့ Crossfire Technology ကိုသုံးပါတယ်။ Crossfire မှာ External Crossfire နဲ့ Internal Crossfire ဆိုပြီးနှစ်မျိုးရှိပါတယ်။Internal ကတော့ SLI Bridge လိုမျိုး တံတားလေးပုံစံ အတန်းလေးထိုးထားတာပါ။ဒါပေမယ့် အပေါ်မှာ အကွေးလေးတစ်ခုပါပါတယ်။ External Crossfire ကတော့ Y cable ကိုသုံးပြီး ဆက်သွယ်အသုံးပြုတာဖြစ်ပါတယ်။ဒီလိုပြောတာကတော့ ရှင်းမှာမဟုတ်ပါဘူး။ နောက်မှ...

Thursday, December 10, 2009

g-talk virus


ဒီလိုပါ...
g-talk ဖွင့်ပြီး ခဏလောက်ကြာရင်
If you want truly to understand something, try to change it http://h1.ripway.com/poojasharma/index.html

ဆိုပြီး ပေါ်ပေါ်လာတယ်။ နောက်ပြီးတော့...

asl please
I am 23 Female, Delhi (India)
and you?

အဲ့ဒါမျိုးလာပေါ်ပြီး ဖုန်းခေါ်ပါတယ်
ဖုန်းခေါ်လည်း လက်မခံပါနဲ့ သူပေးသမျှ website address တွေကိုလည်းသွားမနှိပ်မိပါစေနဲ့...။
အဲ့ဒါဆို မလွယ်ဘူးတဲ့ အဲ့ဒီပေါ်လာတဲ့ အကောင့်ကို ခဏဘလော့ထားလိုက်ပါတဲ့ နောက်နေ့လောက် ပြန် unblock လုပ်လိုက်ပါ...။
နောက်တစ်မျိုးက အဲ့ဒါမျိုးပေါ်လာရင် ကိုယ်က ချက်ချင်း sign out လုပ်လိုက်ပါတဲ့ ပီးမှပြန်ဝင်လိုက်ပါ..။
အဲ့နည်းက ဟုတ်မဟုတ်တော့မသိဘူး virus ပေါ်တာတော့ တစ်ကယ်ပျောက်သွားပါတယ်...။
( ဟုတ်မဟုတ်တော့မသိဘူးနော်... တစ်ကယ်မှာတော့အဆင်ပြေတယ် )

G-mail ခိုးခံရတယ်ဆိုတာ..


ဂျီမေးလ်ခိုးခံရတယ်ဆိုတာ တော်တော်ကိုကြားလာရပြီ..ဒါဟာ ဘာလို့လဲဆိုရင်တော့ ဖြေစရာ အဖြေက နှစ်ချက်ပဲရှိတယ်….

(၁) PACမှာ အင်တာနက်သုံးသူအများစုဟာ မေးလ်စစ်ရင် ကိုယ့်အကောင့်ကိုကိုယ်ကောင်းကောင်းမထိန်းသိမ်းတတ်ြ ကလို့..
(၂) မတောက်တခေါက် လူငယ်ပညာရှင်(ဖျက်ဆီးရေးသမားဆိုပိုမှန်မယ်ထင်တယ်)များရဲ့ ဒုက္ခပေးမှု

ဆိုပြီးတော့ပါ….

မြန်မာနိုင်ငံမှာ ဂျီမေးလ်သုံးတဲ့ ယူဇာတွေများပါတယ်..သူတို့အားလုံးဟာ ဒီမေးလ်ကို အလကားရပြီး မြန်ဆန်တာကြောင့်သုံးတာပါ..အလကားရတဲ့အတွက်တန်ဖိုးထား လေ့မရှိပါဘူး….အကောင့်တစ်ခုပျက်ရင် နောက်တစ်ခုလုပ်ပါတယ်.
ပြီးတော့သူတို့ဟာ မေးလ်ကိုဘယ်လိုကာကွယ်ရမယ်ဆိုတာလဲ သိရှိထားခြင်းမရှိပါဘူး…
ဥပမာ… ယူဇာနိမ်းနဲ့ ပက်စ်ဝက်ဒ်ကို ရိုက်ထည့်လိုက်ပြီးရင် browser က မေးပါတယ်…Password ကို Remember လုပ်မလား.. Never For This Site လုပ်မလား.. ဒါမှမဟုတ် Not Now (အခုမလုပ်သေးဘူး) ဆိုပြီးတော့ပေါ့.. ဒါကို Remember ပေးထားလိုက်မိရင်တော့ သွားပြီသာမှတ်လိုက်ပါ..နောက်လူက မလိုချင်တောင်မှ သူ့ရဲ့ ယူဇာနိမ်းနဲ့ ပက်စ်ဝက်ဒ်က ဂျီမေးလ်ကို auto fill လုပ်ပါတယ်.. ဒီတော့…..
ပြီးတော့ ကိုယ့်မေးလ်ကိုတန်ဖိုးမထားမှုအပိုင်းပါ….
ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲ.. ကောင်မလေးတစ်ယောက် သူ့အကောင့်ကို Remember လုပ်ပြီး ထွက်သွားပါတယ်.. ကျွန်တော်ကသူပြီးတော့ထိုင်တော့ မေးလ် ယူဇာနိမ်းနဲ့ ပက်စ်ဝက်ဒ်က သူ့အလိုလိုပေါ်လာပါတယ်.. ဒါနဲ့ ကျွန်တော်လဲဝင်လိုက်ပါတယ်.. (ခိုးတာဟုတ်သေးဘူးနော်.. စပ်စုကြည့်တာ ) ပြီးတော့ ပြန်ထွက်ပါတယ်..ပြန်ပေါ်လာပါတယ်..ဒါနဲ့ ပြန်ဝင်ပြီး Password ပြောင်းလိုက်ပါတယ်.. အလွယ်တကူပဲပြောင်းလို့ရသွားပါတယ်..
ဒါနဲ့ ကျွန်တော် password ပြောင်းပြီး ယူထားလိုက်ပါတယ်.. ပြီးတော့ remember မလုပ်ထားတဲ့ အတွက် သူ့အကောင့်ကို သူရော တခြားသူပါ ၀င်မရတော့ပါဘူး (ကျွန်တော်ကလွဲပြီးတော့ပေါ့ ) ဒါပေမယ့် သူ့အကောင့်ကို မလိုချင်တဲ့အတွက် သူ့သူငယ်ချင်းကို မေးလ်ပို့ပြီး ပက်စ်ဝဒ်ပြောင်းထားလိုက်ပြီ… သိချင်ရင် ဒီမေးလ်ကိုဆက်သွယ်ပြီး ပြန်တောင်းပါလို့ပြောပါတယ်.. ဒါပေမယ့် အခုထက်ထိ သုံးပတ်ကျော်ပါပြီ..ဘာမေးလ်မှ ရောက်မလာပါဘူး… ဒါကိုကြည့်ရင် မြန်မာပြည်က လူတွေက ကိုယ့်အကောင့်ကို ကိုယ်ကောင်းကောင်းမထိန်းသိမ်းဘူး..အကောင့်ဟက်ခံရရင်လဲ..အကောင့်ကိုပြန်ယူဖို့မကြိုးစားဘဲ နောက်တစ်ခုကို ဖွင့်တတ်ကြတယ်ဆိုတာရှင်းနေပါတယ်.. ပြန်ပေးပါမယ်ဆိုတာတောင် မယူတာကို အံ့သြလို့မဆုံးပါဘူး…

Police ဆိုသည်မှာ..

Police ဆိုတာ ရဲမှန်းတော့ နှစ်တန်းလောက်ရှိတဲ့ ကလေးတွေတောင် သိပါတယ်.။ ဒါပေမယ့် စာလုံးကို ဘယ်လိုဖွဲ့စည်းထားသလဲ ဆိုတာတော့ သေချာမသိကြပါဘူး.. အားလုံး ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်..။ :)

“POLICE”ဆိုသည်မှာ Polite ပြည်သူတွေနဲ့ ဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့ ရပါတယ်၊ Obey တရားမျှတစွာနဲ့  ဥပဒေကို လိုက်နာရသလို ကျင့်ဝတ်တရားကိုလည်း မှန်ကန်စွာ လိုက်နာစောင့်ထိန်းရပါတယ်၊ Loyal ပြည်သူအပေါ်မှာ သစ္စာစောင့်ထိန်းရပါတယ်၊ Intelligence အသိဥာဏ်ပညာ ပြည့်ဝ ရပါတယ်၊ Courageous ဖြောင့်မတ်တည်ကြည် ရဲရင်ပြတ်သားရပါတယ်၊ Empathy ပြည်သူလူထုအပေါ်မှာ ညှာတာထောက်ထားမှု ရှိရပါတယ်။

Wednesday, December 9, 2009

RECYCLER virus ကို ဘယ်လိုသတ်မလဲ (Unlocker ဒီမှာဒေါင်းပါ)

၁။ Tools >>Folder Options >> View ကိုသွားပြီး အောက်မှာပြထားတဲ့နံပါတ်တွေကို အမှန်ခြစ်လေးပြန်ဖြုတ်ပေးလိုက်ပါ။
-- (I) display the contets of system folders
-- (II) hide extensions for known file types
-- (III) hide protected operating system files(Recomended)

၂။ Download unlocker ကို Download လုပ်လိုက်ပါ . ပြီးတာနဲ့ recycler ဆိုတဲ့ဖိုင်ကို unlock လုပ်ပြီး ဖျက်ပစ်လိုက်ပါ . Unlocker ကို တစ်ခါတည်း တင်ထားပေးပါတယ်...။
Download ifile.it ၊ Download mediafire ၊ Download 4shared ၊ Download megaupload

၃။ သတ်တဲ့အချိန်မှာ " can not delete RECYCLER:access is denied." ဆိုပြီး error message ပေါ်လာတဲ့အခါမှာ OK ပေးလိုက်ပြီး unlocker ပေါ်လာတတ်ပါတယ် . အဲ့လိုပေါ်လာတဲ့အခါ "noaction","delete","rename","move" ထဲက Delete ကိုပေးလိုက်ပြီး ဖျက်ပစ်ပါ .. RECYCLER virus ပျက်သွားပါလိမ့်မယ် ..

Tuesday, December 8, 2009

Google Earth ပေါ်မှ ဗုဒ္ဓလက်ထက် တိုင်းဌာနများ

ညက ကျွန်တော့် ဆရာသမားတစ်ယောက်နဲ့ Online မှာ ဆုံရင်း သူပို့ပေးလို့ BuddhaPlace.kmz ဆိုတဲ့ File လေးရတယ်။ သူ့ကို GoogleEarth install လုပ်ပြီး ဖွင့်ကြည့်ရင်ရပါတယ် ။ မြတ်စွာဘုရားလက်ထပ်က နေရာတွေပေါ့ ဥပမာ သကျတိုင်း (Sakya)၊ ကောလိယတိုင်း(Koliya) တို့ နောက် သာဝတ္ထိ (Savatthi) တို့ အဲဒါတွေပါတယ် ။ ဒီနေရာမှာထူးဆန်းတာတစ်ခု့က မြင်းမိုရ်တောင်(Meru Mount) နဲ့ အနောတက်ရေအိုင်(Lake Anotatta) ပဲ
အဲဒီမှာ ဆရာသမားနဲကစဆွေးနွေးဖြစ်တယ် ။ အဓိကပြောတာကတော့သူပေါ့ ကျွန်တော်က တော့သူပြောတဲ့နေရာတွေလိုက်ကြည့်ဖြစ်တာပါ။ (၁) က မြင်းမိုရ်တောင်ဖြစ်နိုင်မဖြစ်နိုင်။ ရိုးရိုးစဉ်းစားကြည့်တာ ကတော့(နတ်တွေဘာတွေဖယ်ထားပြီး) အဲဒီမှာနေတဲ့သူတွေ(ဒေ၀လို့ခေါ်တဲက အိန္ဒိယလူမျိုး [ ယောင်္ကျားကို ဒေ၀လို့ခေါ်ပီး မိန်းမ ကို ဒေ၀ီလို့သုံး]) ကိုသွားတရားဟောတာလားပေါ့ နောက်ပြီး ဘုရားရှင်ပြန်ကြွလာတဲ့နေရာ သင်္ကဿနဂိုရ်ပြည်(Sangkayasa) နဲ့ Mile တိုင်းကြည့်တယ်။ Wiki မှာသွားကြည့်တော့ သျှီဝလိင် ( Mount Kailash) ဆိုတာပဲတွေ့တယ်။ တောင်ရဲ့ဘေးမှာလဲ စောင်းတန်းလိုတောင်နံရံ ရှိတယ်ဆိုပဲ။ ဒီကိစ္စကတော့ သိပ်ဥာဏ်မမှီတော့ဘူး။(၂) ဒါပေမယ့် အနောတက်အိုင်(Lake Anotatta) ကိုတော့ Wiki မှာတွေ့ရတယ် နောက်အချက်တော်တော်များများကလည်း စာတွေထဲမှာနဲ့တူသလိုလိုရှိတယ် ဥပမာ စွယ်စုံကျော်ထင်ထဲမှာ "မြောက်ကိုသိဘွယ် မြစ်ကြီးငယ် ဘယ်မှာသည်ကရှိသနည်း" "တခြားကျွန်းဝယ်၊ တို့ကျွန်းနှယ်၊ အိုင်ကျယ်နောတတ် ရှိလိမ့်နည်း" တို့ အဲဒီခေါင်းစဉ်အောက်တွေအောက်မှာ အနောတက်ရေအိုင်ကနေ ဂင်္ဂါမြစ် စီးလာတာတို့ ရေးထားတာတွေရတယ်။ မြေပုံထဲမှာလည်း ဂင်္ဂါမြစ်က အောက်နားမှာစီးနေတယ်။ နောက်ဆုံးကတော့ အနော်မာမြစ်ပေါ့ ခြောက်ပြီးသဲချောင်းလိုကောသွားတော့ ကာလနဂါးကြီးပဲ အိမ်ပြောင်းသွားပြီလား ဒါမှမဟုတ် ရေမရှိလို့ မာလကီးယားသွားပြီးလား ဆိုပြီး သနားတောင်သနားမိသေးတယ်။

ဘာပဲပြောပြောခုလို Google Earth ကနေ ဒါတွေကိုကြည့်လို့ရတာမဆိုးဘူးဗျ။ ကောင်းတကာအကောင်းဆုံးကတော့ ဘုရားလက်ထက်ကနေရာတွေနဲ့ အခု့လက်ရှိနေရာတွေကို ယှဉ်ပြီးကြည့်လို့ရတာပဲ၊ ဥပမာ တခြားတယောက်ယောက်က လုမ္မနီ(Lumbani) ဘယ်မှာလဲလို့ မေးလို့ရှိရင် ရဲရဲကြိး Google Earth ပေါ်မှာလက်ညှိုးထိုးပြလို့ရတာပေါ့

ref link: http://en.wikipedia.org/wiki/Lake_Manasarovar
http://en.wikipedia.org/wiki/Mount_Kailash

Thursday, December 3, 2009

“ ဆုတောင်း ”


နင်ကို ငါသတိရနေတဲ့အချိန်မှာ

နင်က တစ်ခြားတစ်ယောက်ကို

သတိရနေကောင်း သတိရနေလိမ့်မယ်...။

နင်ကို ငါလွမ်းနေတဲ့အချိန်မှာ

နင်က တစ်ခြားတစ်ယောက်ကို

လွမ်းနေကောင်း လွမ်းနေလိမ့်မယ်...။

နင်ကြောင့် ငါငိုခဲ့ရသလို

တစ်ခြားတစ်ယောက်ကြောင့်

နင် ငိုခဲ့ရကောင်း ငိုခဲ့ရလိမ့်မယ်...။

နင်အကြောင်း စဉ်းစားမိတဲ့အခါ

ငါ နာကျင်ရသလို

တစ်ခြားတစ်ယောက်အတွက်

နင် နာကျင်ရကောင်း နာကျင်ရလိမ့်မယ်...။

နင့်စိတ်ထဲမှာ တစ်ခြားတစ်ယောက်ရှိတာ သိနေပေမယ့်

နင့်ကို မမေ့နိုင်တဲ့

ငါရဲ့ စိတ်ကို မုန်းနေမိတယ်...။

ဒါပေမယ့်…နင့်နှလုံးသားတစ်ထောင့်တစ်နေရာမှာ

ငါ မရှိခဲ့ဘူးဆိုရင်

ငါ့ရဲ့ နောက်ဆုံးထွက်သက်ထိ

နင်နဲ့ငါ ပြန်လည်တွေ့ဆုံခွင့် မရပါစေနဲ့လို့

နောက်ဆုံးအနေနဲ့

နာကျင်စွာ ဆုတောင်းနေမိတယ်...။

“ အရှုံးတွေနဲ့ ငိုနေတဲ့ ငါကို

မမြင်စေချင်လို့ပါ ” ...။ ။

( 1996-97 အမှတ်တရ )

“ နတ်သမီးအတွက် ကဗျာ ”


Find more photos like this on myanmarITpro.com



မိုင်တွေမိုင်တွေ

ငါတို့ကြားမှာ

မိုင်တွေဝေးကြပေါ့ ခလေးရေ..။

ထိမ်းထိမ်းသိမ်းသိမ်းလေး

ငါ့မှာကြေကွဲနေရ

သိုသိုသိပ်သိပ်လေး

ငါ့မှာနာကျင်နေရ

တို့ တွေ ခြားနားခဲ့ကြတယ်...။

အချစ်ဆိုတာလိုက်ရင်ပြေးတယ်

အချစ်ဆိုတာပြေးရင်လိုက်တယ်

ငါ့်ကိုချစ်လို့များ ထွက်ပြေးနေရော့။

လွမ်းနေတာတွေ ချရေးလိုက်ဖို့

ဒီကဗျာကို စတင်ခဲ့တယ်။

မင်းမဖတ်ပေမယ့်

ဒါကို ငါစပ်တယ်...။

စောင့်မျှော်ခြင်းတွေသာ

မီးကျွမ်းလု

လည်ပင်းထိဝါးမျိုထားတဲ့အလွမ်းနဲ့

အအိပ်ပျက် ကျွံကျနေတဲ့မျက်တွင်းတစ်စုံနဲ့

ရောက်မလာတဲ့ရထားကို

ရပ်စောင့်မိတဲ့ သူရှုးတစ်ယေက်လို

နာရီတွေကိုအတိုင်းသား ငေးမောကြည့်နေရ။

ဟော့ဒီ့သတင်းခေတ်ကြီးထဲ

ငါတို့ဝေးနေကြတာအံ့သြစရာ...။

တို့နှစ်ယောက်ကြားမှာမှ ကမ္ဘာကြီးကလာခြားနား

အရပ်ရှစ်မျက်နှာ

ဆက်သွယ်ရေးကွန်ယက်တွေကြား

အလွမ်းကို ဆိုမြည်တမ်းတလိုက်ဖို့

ဖုန်းနံပါတ်ကလေး တစ်ခုတစ်လေ

ဘာလို့ မရှိခဲ့တာလဲ...။

Tuesday, December 1, 2009

''နင်မွှေနှောက်သွားတဲ့..ငါ့ရင်ဘတ် ဘယ်ဘက်အခြမ်းအခန်း''

ငါ့ရင်ဘတ် ဘယ်ဘက် အခြမ်းကအခန်း
မွေးကတည်းက ကန်ရေပြင်အလား
ငြိမ်သက်စွာနဲ့ စီးချက် မှန်မှန်
ရှိနေ ခဲ့တာ
နင်နဲ့မတွေ့ခင် အချိန်ကအထိပေါ့
သူ့အ လုပ် သူ့လုပ် လို့ ..တကယ်ပါ....ငါလေ...
ဂရုတောင် မစိုက်မိ ဘူး.........။

........................
အဲ့ဒီတနေ့ ကပေါ့
ရီဝေဝေ မျက်လုံးလှလှ
ပြုံးချိုချို နှုတ်ခမ်းပါးနဲ့
ရှတတ စကားသံ ကြောင့်
ငါ့ရင် ဘတ် ဘယ် ဘက်အခြမ်းကအခန်း
ရုတ်တရက် နဲ့ရှူပ်ရှက်ခတ် သွား
စီး ချက် တွေ ပျောက် ပြီး
တီးချက် တွေမှောက်လို့
တဒိတ်ဒိတ် ဆူညံ ငါ့ရင်ခုန်သံ ငါပြန်ကြားတယ်
ပိတ် မထားပေမဲ့
မဖွင့် ခဲ့တဲ့ ငါ့ အခန်း
နင့် ခလုတ် တချက်မှာ လုံးဝ ပွင့်သွားခဲ့ တာ....

...............................
ငါ့ရင်ဘတ် ဘယ်ဘက် အခြမ်းအခန်း
နင်ရောက်လာတော့ နင်လျှောက်သွား
ငါ့အတွေး အားလုံး ကိုထိန်းချုပ် ဆင်ခြင်ညဏ်ကင်းမဲ့လို့
စေညွန်ရာဖြစ်စေခဲ့တာ
နင် ဟာ တကယ် Virus တစ်ကောင်ပါလား

....................................
ငါ့ရင်ဘတ် ဘယ်ဘက် အခြမ်းအခန်း
နင်ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်
ငါ့အခန်း တံခါးလည်း တကျွိုကျွိုနဲ့
အင်အားချိနဲ့နေပြီ
ငါ့စိတ်တွေ ကမောက်ကမနဲ့.
ငါလေ.
နင့် နောက်က တ ကောက်ကောက်လိုက်လို့ပါလား

...................................
ငါ့ရင်ဘတ် ဘယ်ဘက် အခြမ်းအခန်း
နင် ကြမ်းချင် တိုင် ကြမ်း
ရမ်းချင် တိုင်း ရမ်း ပြီး
ငါ့ နှလုံး သွေး နင် သောက်လို့
ငါ့ ဦးနှောက် ကိုဖောက် ဖျက်ခဲ့ပါလား
နင်ကစား လို့ ဝ
နင်အားရ တော့
''အချစ်'' နင်ကလေ
ငါ့ ရင်ကို စုန်ကန် ခုန်ပျံ လို့
ထွက်ပြေး
ခုတလော ငါ လေ
ငါ့ရင်ဘတ် ဘယ်ဘက်အ ခြမ်းအခန်း
ငါ့အ ခန်း လေ
တ ဆစ်ဆစ် နဲ့ လွမ်းနေရ ပါလား.....။

“ငါ...ငါ..ဆိုတဲ့ စိတ်နဲ့ အငှား ခန္ဒာ”

* “နေ့” ကုန်လို့“ ည ”ရောက်
“ည”ကုန်တော့“ နေ့” ရောက်
တစ်ရက် ပြီး တစ်ရက်
တစ်နေ့ ပြီးတစ်နေ့ အကူးမှာ
အသက်နဲ့ ခန္ဒာ မြဲ လျှက်
ငါ .. အသက် ရှိနေသေးတယ်....
***************************
*ငါ့ ...အသားအရေတွေ
တစ်နေ့ ပုတ် မှာသိလည်း
ငါ...ငါ.....ဆိုတဲ့ စိတ်နဲ့
အလှတွေ ပြင် နေဆဲ ပဲ
***************************
*ငွေ ကြေးဥစ္စာ ဓနတွေ
ကိုယ့် နောက် မပါမှာ သိလည်း
သမုဒ္ဒရာ ၀မ်း တစ်ထွာမို့
ငါ...ငါ....ဆို တဲ့စိတ်နဲ့
ကြိုးစား ရှာဖွေ နေဆဲပဲ
***************************
*၁၅၀၀ ကိလေသာ ၅၂၈ မေတ္တာစစ်နဲ့
ဒီသံယောဇဉ်တွေ
တစ်နေ့ ခွဲ ရမှာသိလည်း
ငါ...ငါ....ဆိုတဲ့စိတ်နဲ့
တစ်ရစ် ပြီး တစ်ရစ် ...
ရစ်ပတ်နေဆဲပဲ
****************************
*နေ့ စေ့ လို့ ကံကုန်
ငါ့ အသက်နဲ့ ခန္ဒာ
ကွဲသွားချိန် မှာတော့
ငါ...ငါ....ဆိုတဲ့ ငါ့နောက်ပါတာ
ငါ ပြု့ပြု့ ခဲ့ သမျှ
ကုသိုလ်..အကုသိုလ် များပါပဲလား
*****************************