Friday, December 11, 2009

About Sound Card

Sound Card တွေကို အဓိကအားဖြင့်ကတော့ Gaming အတွက်ဦးစားပေးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ 1989 ခုနှစ်မှာ Creative Lab ကနေ SoundCard တွေရဲ့ပထမဆုံးဖြစ်သော Sound Blaster Card ကို ထုတ်လုပ်ခဲ့ပါတယ်။

Sound Card တွေကို အဓိကအားဖြင့်ကတော့ နှစ်မျိုးခွဲခြားထားပါတယ်။
(1) Internal Sound Card
(2) External Sound Card တို့ပဲဖြစ်ပါတယ်။

(1) Internal Sound Card တွေကို အားလုံးသိကြမှာပါ။ သူ့ကို Motherboardပေါ်က ISA slot , PCI slot , PCIE - slot တွေမှာ စိုက်၍အသုံးပြုနိုင်ပါတယ်။ဒါပေမယ့် အခုမြန်မာပြည်မှာကတော့ PCI slotမှာစိုက်လို့ရတဲ့ sound card တွေကိုအလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။

(2) External Sound Card တွေကတော့ USB နဲ့တွဲသုံးကြတာများပါတယ်။သူကကျနော်တို့ အပြင်မှာ မြင်နေရတဲ့ modem တွေနဲ့ပုံသဏ္ဍန်ချင်းဆင်တူပါတယ်။ဒါပေမယ့် modem တွေက ပုံစံအမျိုးမျိုးဖြစ်သလိုexternal sound card တွေကလည်း အမျိုးမျိုးဖြစ်ပါတယ်။ တစ်ချို့ USBဆိုဒ်လောက်သာ လာတဲ့ external sound card တွေလည်းရှိပါတယ်။ဒါပေမယ့်
မြန်မာမှာ ကတော့ နည်းနည်းရှားပါတယ်။လူသုံးလည်း နည်းကြပါတယ်။ဒါပေမယ့် ဘယ်Sound Card မဆို Driver တင်ပေးရပါမယ်။ Driver မတင်ရင်တော့အသံလုံးဝမထွက်ပါဘူး။

Sound လို့ပြောလိုက်ပြီဆိုတာနဲ့ သူ့မှာ အခြေခံအားဖြင့် port သုံးခုပါပါတယ်။
(1)Line in(Blue)
(2)Line out(Green)
(3)Mice(Pink)

Line in port ကတော့ လွယ်လွယ်ကူကူ ပြောရရင်တော့ ကွန်ပျူတာထဲကိုအသုံးဝင်မယ့် device တွေအားလုံးတပ်ဆင်တဲ့ နေရာဖြစ်ပါတယ်။ကတ်ဆက်ကိုကွန်ပျူတာနဲ့ join ပြီး အသံဖမ်းတဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်လို့ရပါတယ်။ကတ်ဆက်မှ မဟုတ်ပါဘူး တစ်ခြား ကိုယ့်ကွန်ပျူတာထဲကို အသံထည့်သွင်းမယ့်device တော်တော်များများကို ထည့်သွင်းလို့ရပါတယ်။ ဆိုလိုတာကတော့ analog todigital ပေါ့။ Line in port ရဲ့ အရောင်က အပြာရောင်လို့ပြောပေမယ့်အပြာဖျော့ရောင်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

Line out port ကတော့ speaker , hear phone တို့တပ်ဆင်တဲ့နေရာပါ။ဒါကိုတော့ထွေထွေထူးထူးပြောစရာမလိုပါဘူး။ သူက digital to analog ပါ။ အရောင်ကလည်းအစိမ်းဖျော့ရောင်ပါ။

Mice port ကတော့ Line in port နဲ့သဘောတရားချင်းဆင်တူပါတယ်။ သူ့မှာတော့mice , joy stick တို့တပ်ဆင်အသုံးပြုလို့ရပါတယ်။ သူကလည်းပန်းရောင်ဖျော့ဖျော့ပါပဲ။

တစ်ခြား port တွေကတော့ အမည်းရောင်တို့ ဘာတို့ပေါ့။ဒါပေမယ့် တစ်ခြားadvance နေရာမှာသုံးဖို့ထားတဲ့ port တွေပါ။ အသုံးလည်းသိပ်မများသလိုဈေးကလည်းကြီးပါတယ်။ဒီအတွက် မဖော်ပြတော့ပါဘူး။

ကျနော်တို့ line in ,line out ,mice port တွေဟာအသံကူးပြောင်းတဲ့အခါမှာcopper ပေါ်ကနေကူးပြောင်းလေ့ရှိပါတယ်။port တွေပုသဏ္ဍာန်က အ၀ိုင်းလေးတွေပါ။နောက် ဆိုနီနဲ့ ဖိလစ်တို့ကထုတ်တဲ့ port တစ်ခုရှိပါတယ်။သူ့ကိုတော့ SPDIF
လို့ခေါ်ပါတယ်။ သူ့ရဲ့ အရှည်ကတော့ Sony / Philips Digital Interfaceဖြစ်ပါတယ်။သူ့ရဲ့ port ပုံစံက လေးထောင့်ပါ။ အထူးသဖြင့် DVDစက်တိုင်းနီးပါးမှာ ပါဝင်လေ့ရှိပါတယ်။ port ရဲ့ အပေါ်က သားရေဖက် ကိုဆွဲခွာပြီး SPDIF ရတဲ့ speaker နဲ့တွဲသုံးရမှာဖြစ်ပါတယ်။အသံထွက်တာကတော့ ကိုယ့်ဘေးနားမှာလာပြီး ပြောနေရတယ်လို့ထင်ရလောက်အောင်အထိ
ကောင်းမွန်ပါတယ်။ တစ်ခြား copper port တွေနဲ့ယှဉ်ရင်လည်းအတော်ကြီးကိုသာလွန်ကောင်းမွန်ပါတယ်။ SPDIF ကအသံကူးပြောင်းတဲ့အခါတဲ့အခါမှာcopper ပေါ်မှာ သွားတာမျိုးမဟုတ်ဘဲ optical နဲ့သွားတာပါ။ ဒါပေမယ့်သူ့ရဲ့အားနည်းချက်က SPDIF ရတဲ့ speaker က တော်တော်ကြီးကိုရှားပါတယ်။ဈေးကလည်း အနည်းငယ်ကြီးတဲ့ အတွက်ကြောင့် အသုံးမပြုနိုင်ကြပါဘူး။

Sound Card တွေမှာ အဓိကကြတဲ့ အခြေခံ Chipset ငါးမျိုးရှိပါတယ်။

(1)DSP(Digital Signal Processor)
(2)RAM(Random Access Memory)
(3)DAC(Digital Analog Converter)
(4)ADC(Analog Digital Converter)
(5)ROM(Read Only Memory) တို့ဖြစ်ပါတယ်။

Sound Card တွေရဲ့ အလုပ်လုပ်ပုံဟာ ဒီ chipset ပေါ်မှာအခြေခံပြီးအလုပ်လုပ်ကြတာဖြစ်ပါတယ်။ Sound Card တွေရဲ့ အောက်က pin လေးတွေကနေ Computerထဲမှ Digital Audio File တွေကို DSP လို့ခေါ်တဲ့ Digital Signal Processorပေါ်သို့တင်ပါတယ်။ DSP ဆိုတာကလည်း CPU တစ်မျိုးပါပဲ။ ဒါပေမယ့် သူက SoundCard တစ်ခုတည်းပေါ်မှာပဲ အလုပ်လုပ်တဲ့ CPU အမျိုးအစားပါ။Central Processingတော့ မဟုတ်ပါဘူး။ထို့အပြင် ကွန်ပျူတာဟာ digital audio တွေကိုပဲ support လုပ်ပါတယ်။

အလုပ်လုပ်ပုံကတော့ Sound card ပေါ်ကpin လေးတွေကနေကွန်ပျူတာပေါ်မှာရှိတဲ့အသံဖိုင်တွေကို DSP ပေါ်တင်ပါတယ်။ထို DSP ကသူ့ရဲ့လုပ်ငန်းတာဝန်အားလုံးကို RAM ပေါ်သို့ တင်ပြီး အလုပ်လုပ်ပါတယ်။RAMဆိုတာကလည်း sound card မှာပဲ အလုပ်လုပ်တဲ့ memory တစ်မျိုးပဲဖြစ်ပါတယ်။ဒီမှာသတိပြုရမှာက DSP ဆိုတာကလည်း Sound Card ပေါ်မှာပဲ အလုပ်လုပ်တဲ့ CPU ဖြစ်ပြီး RAM ကလည်း Sound Card ပေါ်မှာပဲ အလုပ်လုပ်တဲ့ Memoryတစ်မျိုးဖြစ်ပါတယ်။ သူတို့တွေအားလုံးဟာ Sound Card ပေါ်မှာပဲအလုပ်လုပ်နိုင်ပြီး လက်ရှိကွန်ပျူတာမှာ ခေါ်ဝေါ်နေတဲ့ CPU တွေ Memory တွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ဒီနှစ်ခုကို ရော မသွားဖို့အရေးကြီးပါတယ်။ နောက်ဆုံး RAMကမှတစ်ဆင့် DAC (Digital Analog Converter) ပေါ်သို့ရောက်ပြီး Line out နဲ့Speaker port တွေကတစ်ဆင့် ကျနော်တို့ကြားရတာဖြစ်ပါတယ်။

Line in နဲ့ mice port တွေက၀င်လာတဲ့ analog အသံဖိုင်တွေကတော့ ADC chipsetကနေ RAM ပေါ်သို့ရောက်ပြီး နောက်ဆုံး sound card ပေါ်မှ pin လေးတွေကတစ်ဆင့်ကွန်ပျူတာထဲသို့ပြန်လည်ရောက်ရှိတာဖြစ်ပါတယ်။ ဒါကတော့ Sound Card တွေရဲ့
အလုပ်လုပ်ပုံဖြစ်ပါတယ်။

ကျနော်တို့ Audio မှာ အဓိကအားဖြင့် (၂) မျိုးခွဲခြားနိုင်ပါတယ်။
(1)Digital Audio
(2)Midi Audio(Musical Instrument Digital Interface) တို့ဖြစ်ပါတယ်။

Digital Audio ကတော့ format တွေအများကြီးပါ။ VCD format က .DAT , DVDformat က .VOB တို့လိုမျိုးပေါ့။ format
တွေကတော့အများကြီးပါ။ရေတွက်ရင်တော့ တော်တော်လေးမောနိုင်တယ်။ အော် နောက် MP3 ဆိုတာက MPEG 3 ပါ။ MPEG 3 ဆိုတာကတော့ Moving Picture Expert GroupVersion 1 , Layer 3 ဖြစ်ပါတယ်။ .cda ဆိုတာတစ်ခုရှိပါသေးတယ်။ သူကတော့ CD ပေါ်မှာပဲ run နိုင်တဲ့ format ဖြစ်ပါတယ်။သူကတော့ ကွန်ပျူတာပေါ်မှာ လုံးဝအလုပ်မလုပ်ပါဘူး။

Midi Audio ဆိုတာကတော့ ROM ထဲမှာထည့်ထားတဲ့ အသံဖိုင်တွေပါ။ROM ဆိုတာကလည်းsound card ပေါ်မှာပဲ အလုပ်လုပ်နိုင်တဲ့ Sound card ROM ဖြစ်ပါတယ်။ကွန်ပျုတာ system က ROM နဲ့ဘာမှမဆိုင်ဘာဘူး။ နောက် ROM chip ထဲမှာ wave table လို့ခေါ်တဲ့ အသံ sample file တွေကိုထည့်ထားပါတယ်။

သူ့ကို ဘယ်လိုသုံးလဲဆိုတော့ midi audio file တွေဟာ sound card ပေါ်က ROM chip ထဲမှာထည့်ထားတဲ့ အသံဖိုင်တွေပါ။
အခုနောက်ပိုင်းကျနော်တို့ ဂိမ်းတွေဟာ အရမ်းအဆင့်မြင့်လာပါပြီ။ဒီတော့ သစ်ပင်ခုတ်သံ၊ သစ်ရွက်လှုပ်သံ တွေကိုပါ အနုစိတ်လုပ်လာ ကြပါတယ်။ဒီတော့ ဂိမ်းအကြီးကြီးတစ်ခုမှာ အသံအမျိုးမျိုး ထွက်နေကြပါတယ်။ ဒီအသံတွေတစ်ခုချင်းကိုသာ အသံဖိုင်တွေနဲ့ ဂိမ်းထဲကိုထည့်ထားရင် ကျနော်တို့ ဂိမ်းတစ်ခုရဲ့ size ဟာ တော်တော်ကြီးကိုကြီးမားပါလိမ့်မယ်။ ဒီတော့ gameprogrammer တွေဟာ ဒီလိုထည့်မယ့်အစား ROM chip ထဲက ဘယ်အသံ sample ဖိုင်ကိုဘယ်လောက် frequency နဲ့ထွက်လိုက်ပါဆိုတာ မျိုးတွေကို ရေးလိုက်ပါတယ်။ကျနော်တို့ဟာ ဘယ်အသံကိုမဆို frequency တိုးလိုက်ရင်နောက်တစ်ခြားအသံတစ်မျိုးထွက်ပြီး frequency မြှင့်လိုက်ရင် နောက်တစ်ခြားမတူတဲ့ အသံတစ်မျိုးထွက်ပါတယ်။ဒီသဘောတရားကို game programmer
တွေက သဘောချပြီး အသုံးပြုထားတာဖြစ်ကြပါတယ်။

No comments: