Friday, December 11, 2009

Graphic Card


Graphic Card တွေကို ဘယ်အချိန်ကစပြီးပေါ်ပေါက်ခဲ့တာလည်းဆိုရင် Bill Gate က GUI အသုံးပြုလို့ရအောင် စတင်လုပ်ဆောင်နိုင်ခဲ့တဲ့အချိန်ကပဲ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ Graphic Card ဆိုတာနဲ့ တစ်ခုသိစေချင်တာက သူက internal မှာပဲသုံးလို့ရတဲ့ interface ပါ။ External Graphic Card ဆိုပြီးတော့ အခုထက်ထိမပေါ်သေးပါဘူး။နောင်ကိုလည်း ရှိလာမှာလည်း မဟုတ်ပါဘူး။ Graphic Card တွေကို ကျနော်တို့ဟာ expansion slot(ISA , PCI , VGA , PCI - E) တွေမှာ စိုက်ပြီးအသုံးပြုကြရပါတယ်။နောက်တစ်ခုကတော့ Graphic Card ကို computer term အရ VGA(Video Graphic Adapter) လို့လည်းခေါ်ပါသေးတယ်။

Graphic Card တစ်ခုဟာ ဘယ်လို structure တွေနဲ့ဖွဲ့စည်းထားလဲဆိုတာကို ဆက်ပါမယ်။ Graphic Card တစ်ခုမှာ အများအုံးဖြင့် အမည်းရောင် chips တွေပါရှိပါတယ်။ဒါပေမယ့် အဲဒီ့ Chips တွေထဲမှာ အဓိကကြတဲ့ Chip ကသုံးခုပဲရှိပါတယ်။ ဒါပေမယ့် Graphic Card ကိုအပြည့်အ၀သုံးမယ်ဆိုရင်တော့ အရေးကြီးတဲ့အရာ ငါးခုပါဝင်ရန်လိုအပ်ပါတယ်။

In the Graphic Card ,
(1) Video BIOS
(2) Video Processor
(3) Video Memory
(4) Video Bus
(5) Video Driver တို့ပါဝင်ပါတယ်။

ဘယ်အရာတွေက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို မရှင်းခင်မှာ Graphic Card တစ်ခုမှာ BIOS , Processor , Memory တို့ဆိုတာဟာ ကျနော်တို့ PC System ကြီးမှာ ပါဝင်လည်ပတ်နေတဲ့ Processor တို့ Memory တို့ကိုပြောခြင်းမဟုတ်ပါဘူး။ သူတို့ဟာ PC System ကြီးအတွက်အလုပ်လုပ်ပေးတာမဟုတ်ပါဘူး။ Graphic Card ပေါ်မှာသာ ပါရှိပြီး ထို Graphic Card အတွက်ပဲ အလုပ်လုပ်ပေးတဲ့ Processor တွေ Memory တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်လုပ်ပုံ function တွေကတော့ PC ကဟာတွေနဲ့ ဆင်တူပါတယ်။

(1) Video BIOS
Video BIOS ဟာ Graphic နဲ့ပါတ်သတ်တဲ့ signal တွေ Card အပေါ်ကိုသို့ ရောက်လာတာရယ် နောက် သူကိုယ်တိုင် output ပြပန်ထုတ်ပေးလိုက်ရတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးပါတယ်။ ဒီနေရာမှာ BIOS ရဲ့ အရှည်ကောက်ဖြစ်တဲ့ Basic Input Output System ဆိုတာကိုသိရင်တော့ နားလည်လွယ်မှာပါ။ နောက် Graphic Signal တွေဆိုတာကလည်း Graphic Data Electric Signal တွေကိုဆိုလိုတာပါ။

(2) Video Processor
Video Processor တွေကို GPU(Graphic Processing Unit) လို့လည်းခေါ်ပါတယ်။ သူအလုပ်လုပ်တဲ့ပုံကလည်း PC System က CPU နဲ့ ဆင်တူပါတယ်။ ဂရပ်ဖစ်တွေနဲ့ ပါတ်သတ်တဲ့ လုပ်ငန်းတွေကို process လုပ်ပေးပါတယ်။ဒါပေမယ့် သူတစ်ခုတည်းနဲ့ process လုပ်မပေးနိုင်ပါဘူး။

(3) Video Memory
ဂရပ်ဖစ်လုပ်ငန်းစဉ်တိုင်းဟာ Graphic Card ပေါ်မှာရှိတဲ့ Video Memory ပေါ်ကိုတင်ပြီး GPU မှ processing လုပ်ပါတယ်။ကျနော်ပြောတဲ့ ဂရပ်ဖစ်လုပ်ငန်းစဉ်ဆိုတာဟာ လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် အခုကျနော်တို့ monitor မှာမြင်နေရတဲ့ ကာလာတွေ ၊ လှုပ်ရှားမှုတွေကိုဆိုလိုတာပါ။ Graphic Card ဆိုတာနဲ့ လူတိုင်းကြားဖူးမှာ တစ်ခုက ငါ့ ဂရပ်ဖစ် ကတ် က 512 ကွ။ ငါ့ဟာကတော့ 1G.... အဲလိုမျိုးပေါ့။ အဲဒီ့ 512 တို့ 1G တို့ဆိုတာက ကျနော်တို့ video memory ရဲ့ capacity ကိုဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီ့ capacity တွေနဲ့ GPU တွေနဲ့တွဲပြီး အလုပ်လုပ်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲဆိုတော့ ဥပမာ ဂိမ်းတစ်ခုကိုပြောမယ်ဗျာ။ ကျနော်တို့ ဂိမ်းဆော့ရင်မြင်ရတဲ့ လှုပ်ရှားမှုတွေ ၊ ကာလာတွေ ၊ နောက်ခံတွေ ၊ ပစ္စည်းတွေ အားလုံးကို game programmer တွေက ဂိမ်းရဲ့ နေရာတိုင်းမှာ file တွေအဖြစ်နဲ့ ရေးသားလိုက်ပါတယ်။ အဲ့ဒီ့ဖိုင်တွေဟာလည်း သူတို့ဖောမတ်နဲ့ သူတို့ ရှိနေပါတယ်။ အဲဒီ့ဖိုင်တွေရဲ့ size ကအဓိကကျပါတယ်။ ဂိမ်းကြီးရင်ကြီးသလောက် graphic file တွေကလည်းကြီးပါတယ်။ ဒီတော့ GPU က process ကို memory ပေါ်တင်ပြီး လုပ်ရတဲ့အခါမှာ ပြီးပြည့်စုံအောင် process မလုပ်နိုင်ပါဘူး။ ကိုယ့် ဂရပ်ဖစ်က 512 ပဲရှိတယ်။ဒါပေမယ့် ဖိုင်တွေရဲ့ ဆိုဒ်က 600 လောက်ရှိတယ်ဆိုရင် အဲဒီ့ဂိမ်းကို ကိုယ့်ကွန်ပျူတာ မနိုင်တော့ပါဘူး။ကိုယ့် ဂရပ်ဖစ်နဲ့ ဂိမ်းကလိုအပ်တဲ့ ဂရပ်ဖစ် ကွာဟချက်အများကြီးဖြစ်နေတာကို အတင်း install လုပ်မယ်ဆိုရင် black screen တောင်ကျလာနိုင်ပါတယ်။ ကွာဟချက်တွေသိပ်မများဘူးဆိုရင်တော့ ထစ်ထစ်ဖြစ်နေတတ်ပါတယ်။

(4)Video Bus
Video Bus တွေကိုတော့ ထူးထူးထွေထွေမပြောတော့ပါဘူး။ သူတို့ဟာ ဂရပ်ဖစ်ရဲ့ data တွေသွားတဲ့လမ်းကြောင်းပုံစံ ဒါမှမဟုတ် ဂရပ်ဖစ်ကတ်တွေစိုက်ရတဲ့ expansion slot type တွေကိုဆိုလိုတာပါ။ PCI လား AGP လား။ ဒီလိုမျိုးတွေကိုဆိုလိုတာဖြစ်ပါတယ်။

(5) Video Driver
Video Driver ဆိုတာကတော့ အားလုံးသိကြတဲ့ Driver ပါပဲ။ ကျနော်တို့ PC မှာ ဘယ် hardware ကိုမဆိုတပ်ဆင်အသုံးပြုလို့ရအောင် ဒါမှမဟုတ် အဲဒီ့ ဟတ်ဝဲလ်ရဲ့ လုပ်ငန်းကို လုပ်ကိုင်ရမှာ ပိုတွင်ကျယ်အောင် ပေါင်းကူးပေးတဲ့ program လေးတစ်ခုဖြစ်ပါတယ်။ အဲဒါကိုအပြင်လောကမှာ driver တင်တယ် ၊ driver မောင်းတယ်လို့လည်း ခေါ်ကြပါတယ်။ အဲဒီ့ driver ကို ကိုယ်ဝယ်လိုက်တဲ့ hardware နဲ့အတူတူ ပေးလိုက်လေ့ရှိပါတယ်။ Driver CD ခွေပျောက်ခဲ့မယ်ဆိုရင်တော့ ကိုယ့် hardware model no နဲ့ပြန်ရှာပြီး ဒေါလ်းလုတ် လုပ်ရမှာဖြစ်ပါတယ်။

Graphic Card တွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။အဲဒါဟာ ဘာလဲဆိုရင်တော့ driver တင်ခြင်းပါပဲ။ ကျနော်တို့ sound card တွေမှာဆိုရင် driver မတင်ဘူးဆိုရင် အသံလုံးဝမထွက်ပါဘူး။ဒီတော့ မေးစရာတွေရှိလာပြီပေါ့။ Graphic Card မှာ driver မတင်ရင်ရော monitor မှာဘာမှမပေါ်ဘဲနေမှာလား၊ ဒါမှမဟုတ် black & white ကြီးပဲ ပေါ်နေမှာလား။ ဒါပေမယ့် graphic card တွေဟာ driver မတင်ဘဲသုံးလို့ရပါတယ်။ သူ့ကို driver မတင်ဘဲနေရင် ခုနကပြောခဲ့သလိုမျိုး တစ်ခုမှဖြစ်မှာမဟုတ်ပါဘူး။ graphic ကိုအပြည့်အ၀မသုံးနိုင်တာပဲ ရှိမှာပါ။ ဥပမာပြောရရင် ကွန်ပျူတာကို shut down ချရင် သုံးခုတွေ့ရမှာပါ။ အဲဒါက restart , shut down , stand by တို့ပေါ့။ graphic driver မတင်ထားဘူးဆိုရင် stand by ကိုသုံးလို့ရမှာမဟုတ်ပါဘူး။Game တွေကို ဆော့မယ်ဆိုရင်လည်း graphic card ရဲ့ capacity အတိုင်း ဆော့နိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့် ကျနော်တို့ OS ကြီးကိုရောဘာဖြစ်လို့မြင်နေရတာလဲ။ သူလည်း graphic လိုပါတယ်။ ဒါပေမယ့် driver မမောင်းထားရင် stand by ကလွဲလို့ကျန်တာတွေ အကုန်လုံးကို ကောင်းမွန်စွာအသုံးပြုလို့
ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ Video BIOS ကြောင့်ပဲဖြစ်ပါတယ်။Video BIOS ထဲမှာရှိတဲ့ features တွေကြောင့် ကျနော်တို့ဟာ driver မမောင်းဘဲနဲ့ graphic လိုအပ်တဲ့ OS တွေကိုကောင်းကောင်း သုံးနိုင်နေတာဖြစ်ပါတယ်။

Connectors

System Unit ကနေ monitor ကိုသွားတဲ့ connector တွေပေါ်မူတည်ပြီး graphic quality ပြောင်းလဲမှုတွေရှိပါတယ်။Graphic နဲ့ပါတ်သတ်ပြီး Port ငါးခုရှိပါတယ်။

Port
(1)HDMI(High Definition Media Interface)
(2)VGA(Video Graphic Array)
(3)DVI-I(Digital Video Interface - Integrated)
(4)VIVO(Video In Video Out)
(5)TV out တို့ဖြစ်ပါတယ်။

DVI-I နဲ့ VIVO တို့ဟာ ဟိုးအရင်တုန်းကပေါ်ခဲ့တဲ့ technology တွေပါ။DVI-I ရဲ့ connector ခေါင်းက 24 pin ဖြစ်ပါတယ်။ VIVO ကတော့ DB 15 ကိုသုံးထားပါတယ်။

VGA ကတော့ 15pin 3role female ဖြစ်ပြီး အခုအသုံးများနေတာဖြစ်ပါတယ်။ သူ့ရဲ့ cable က copper တစ်မျိုးနဲ့ပြုလုပ်ထားပြီး graphic နဲ့ပါတ်သတ်တဲ့ data တွေက digital state ကနေ cable ပေါ်ကိုဖြတ်တဲ့အခါမှာ analog state သို့ကူးပြောင်းရပါတယ်။ ထို့အတွက် graphic ရဲ့ quality ကျသွားရခြင်းဖြစ်ပါတယ်။

Latest တစ်ခုဖြစ်တဲ့ HDMI ကတော့ 19 pin (A/V) connector ခေါင်းကို သုံးထားပါတယ်။ HDMI ဟာ တကယ့် pure digital ဖြစ်ပါတယ်။ HDMI ရဲ့ cable ဟာ optical နဲ့ data transfer လုပ်ပြီး analog state ကိုမပြောင်းရတဲ့ အတွက် quality အရမ်းကောင်းပါတယ်။ Notebook တွေဝယ်မယ်ဆိုရင် HDMI ကို support လုပ်ထားတာလား VGA ကို support လုပ်တာလားဆိုတာကို စဉ်းစားသင့်ပါတယ်။ ဒါပေမယ့် Cable အစစ်တစ်ချောင်းကို ခြောက်သောင်းနီးပါးရှိပါတယ်။ China made တွေဆိုရင်တော့ လေးထောင် ငါးထောင်နဲ့တင်ရပါတယ်။

Note :::: Graphic Card ကိုအခုနောက်ပိုင်း တစ်ခုတည်းမစိုက်တော့ဘဲ နှစ်ခု ဒါမှမဟုတ် လေးခု စိုက်တာတွေလည်းရှိလာပါပြီ။ လေးခုစိုက်ဖို့အတွက်ဆိုတာကတော့ motherboard မှာ PCI-E slot လေးခုပါမှရမှာပါ။ နောက်ပြီး Graphic Card ကိုအများကြီးစိုက်ချင်ရင် AGP တို့လို slot မျိုးတွေမှာ စိုက်လို့မရပါဘူး။ PCI-E slot မှာစိုက်ရမယ့်အပြင်ကို ဂရပ်ဖစ်ကတ် အများကြီးစိုက်နိုင်ဖို့ရည်ရွယ်ပြီးထုတ်ထားတဲ့ ဂရပ်ဖစ်ကတ်တွေနဲ့သာအဆင်ပြေနိုင်မှာပါ။
ဥပမာအနေနဲ့ပြောရရင်တော့ Graphic Card Company ဖြစ်တဲ့ NVIDIA company ကနေ SLI ဆိုတဲ့ နည်းပညာကိုတီထွင်ထားပါတယ်။ Graphic Card နှစ်ခု သို့မဟုတ် လေးခု စိုက်ပြီးအသုံးပြုနိုင်ပါတယ်။ SLI Bridge ကိုသုံးပြီးစိုက်တာဖြစ်ပါတယ်။ စိုက်ထားတဲ့ Graphic Card နှစ်ခုကို အပေါ်ကနေ တံတားလိုမျိုး အတန်းလေးတစ်တန်းထည့်ပြီးအသုံးပြုတာ ဖြစ်ပါတယ်။ နောက် ATI company ကတော့ Crossfire Technology ကိုသုံးပါတယ်။ Crossfire မှာ External Crossfire နဲ့ Internal Crossfire ဆိုပြီးနှစ်မျိုးရှိပါတယ်။Internal ကတော့ SLI Bridge လိုမျိုး တံတားလေးပုံစံ အတန်းလေးထိုးထားတာပါ။ဒါပေမယ့် အပေါ်မှာ အကွေးလေးတစ်ခုပါပါတယ်။ External Crossfire ကတော့ Y cable ကိုသုံးပြီး ဆက်သွယ်အသုံးပြုတာဖြစ်ပါတယ်။ဒီလိုပြောတာကတော့ ရှင်းမှာမဟုတ်ပါဘူး။ နောက်မှ...

No comments: