
နင်ကို ငါသတိရနေတဲ့အချိန်မှာ
နင်က တစ်ခြားတစ်ယောက်ကို
သတိရနေကောင်း သတိရနေလိမ့်မယ်...။
နင်ကို ငါလွမ်းနေတဲ့အချိန်မှာ
နင်က တစ်ခြားတစ်ယောက်ကို
လွမ်းနေကောင်း လွမ်းနေလိမ့်မယ်...။
နင်ကြောင့် ငါငိုခဲ့ရသလို
တစ်ခြားတစ်ယောက်ကြောင့်
နင် ငိုခဲ့ရကောင်း ငိုခဲ့ရလိမ့်မယ်...။
နင်အကြောင်း စဉ်းစားမိတဲ့အခါ
ငါ နာကျင်ရသလို
တစ်ခြားတစ်ယောက်အတွက်
နင် နာကျင်ရကောင်း နာကျင်ရလိမ့်မယ်...။
နင့်စိတ်ထဲမှာ တစ်ခြားတစ်ယောက်ရှိတာ သိနေပေမယ့်
နင့်ကို မမေ့နိုင်တဲ့
ငါရဲ့ စိတ်ကို မုန်းနေမိတယ်...။
ဒါပေမယ့်…နင့်နှလုံးသားတစ်ထောင့်တစ်နေရာမှာ
ငါ မရှိခဲ့ဘူးဆိုရင်
ငါ့ရဲ့ နောက်ဆုံးထွက်သက်ထိ
နင်နဲ့ငါ ပြန်လည်တွေ့ဆုံခွင့် မရပါစေနဲ့လို့
နောက်ဆုံးအနေနဲ့
နာကျင်စွာ ဆုတောင်းနေမိတယ်...။
“ အရှုံးတွေနဲ့ ငိုနေတဲ့ ငါကို
မမြင်စေချင်လို့ပါ ” ...။ ။
( 1996-97 အမှတ်တရ )
No comments:
Post a Comment