Monday, January 25, 2010

Command မှ Folder ဖျောက်နည်း

ဒီနည်းကလည်းလွယ်ပါတယ်...။
ပထမဦးဆုံး....Run ကနေပြီးတော့ cmd လို့ရိုက်ပြီး enter ခေါက်လိုက်ပါ...။
cmd box ပေါ်လာပါလိမ့်မယ်
အဲဒီလိုပေါ်လာပြီဆိုရင် မိမိဖျောက်ချင်တဲ့ Folder ရှိတဲ့ location ကိုသွားလိုက်ဗျာ

ဥပမာ- C ထဲမှာဆိုရင် C: ၊ D ထဲမှာဆိုရင် D:ပေါ့ဗျာ....။

ပြီးသွားရင် Dir လို့ရိုက်ထည့်လိုက်ပါ....C: ဆိုရင် C: ထဲမှာရှိတဲ့ Folder တွေကို တွေ့ရပါလိမ့်မယ်..D: ဆိုရင်တော့ D: ထဲက Folder တွေပေါ့ဗျာ
ပြီးရင် attrib +s +h (မိမိဖျောက်လိုသော Folder အမည်) အဲဒါကို ရိုက်ပြီးတော့ enter ခေါက်လိုက်ပါ....

ဥပမာ- မိမိဖျောက်လိုသော Folder အမည်က Music ဆိုလျှင် attrib +s +h Music ပေါ့ဗျာ...။ (သတိပေးချင်တာက ကိုယ်ဖျောက်ချင်တဲ့ Folder Location ကို အရင်ရိုက်ဖို့မမေ့ပါနဲ့)

အဲဒါဆိုရင် Music ဆိုတဲ့ Folder ပျောက်သွားမှာဖြစ်ပါတယ်....။ အကယ်လို့ပြန်ဖော်ချင်ရင်တော့ cmd ကနေပဲ ခုနက Music Folder ရှိတဲ့ Location ကိုပြန်ရိုက်ပါ။
D: ဆို D: ပေါ့ဗျာ....။
ပြီးရင် attrib -s -h Music လို့ပြန်ရိုက်ပေးလိုက်ရင် Folder ပြန်ပေါ်လာပါပြီ ...။

No comments: