Sunday, January 31, 2010

USB STORAGE DEVICE ခေါ် flash drive များကို ဘယ်လိုပိတ် ထားနိုင်မလဲ...။

ကျွန်တော်တို့ ပိတ်မယ့် usb port မှာ နှစ်မျိုးရှိတယ်လို့ အကြမ်းဖျင်း မှတ်ထားပေးပါ။ usb port မှန်သမျှကို ပိတ်လို့ရတဲ့ နည်းလဲရှိပါတယ်။ အခု ကျွန်တော်က အဲ့ဒီ့နည်းကို မသုံးချင်ဘူး virus ၀င်မှာစိုးလို့ flash drive တွေကိုပဲ ပိတ်ထားမယ် Printer, Scanner, webcom, စတဲ့ port တွေကိုတော့ အသုံးပြုခွင့်ပေးထားမယ်။ ပိတ်မှာက storage device တစ်ခုတည်းကိုပဲ ပိတ်မယ်။ storage device မှာ flah drive တင်မဟုတ်ပါဘူး တစ်ခြား external storage device တွေဖြစ်တဲ့ MP3 (or) MP4 Player, ipot, iphone, external HDD , Digital Camera စတာတွေကိုလဲ ပိတ်ထားမှာ ဖြစ်ပါတယ်။ program မလိုဘဲ လတ်တလော menual နည်း နဲ့ လုပ်ကြည့်ကြရ အောင်ပါ…။

လုပ်နည်း
• Start >> Run ကို ခေါ်ပါ။
• regedit ကိုရိုက်ထည့်ပြီး OK ပေးလိုက်ပါ။
• Registry Editor Box ပေါ်လာရင် အောက်က အတိုင်း သွားလိုက်ပါ။ အောက်မှာ
• ပုံ(၁) နှင့် (၂) မှာ ပြထားပေးပါတယ်။ မရှင်းရင် ပုံတွေကို ကလစ်နှိပ်လိုက်တာနဲ့ ပုံကြီးပေါ်လာ ပါလိမ့်မယ်။ HKEY LOCAL MACHINE >> SYSTEM >> CurrentControlSet >> Services >> USBSTOR ကို သွားပြီး ပုံနှစ်ထဲကအတိုင်း 2 ချက်နှိပ်လိုက်ပါ။ box တစ်ခု ပေါ်လာပါလိမ့်မယ်။
• အဲ့ဒီ့ Box မှာ ပေါ်နေတဲ့ နံပါတ်ကို "3" ကနေ "4" ကိုပြောင်းပေးလိုက်ပါ။

အဲ့ဒါဆိုရင် usb storage device များကို ပိတ်ထားပြီးသား ဖြစ်သွားပါပြီ...။ သူ့ကို အသုံးပြုခွင့် ပြန်ပေးမယ်ဆိုရင် "4" ကနေ "3" ကို ပြန်ပြောင်း ပေးလိုက်ပါ...။


No comments: