Friday, January 29, 2010

Windows Explorer ရဲ့ Start folder ကိုဘယ်လိုပြောင်းသုံးမလဲ…။

_ လူအတော်များများဟာ Windows Explorer ရဲ့ Start Folder လမ်းကြောင်းကို ပြောင်းလဲအသုံးပြု့နိုင်တယ်ဆိုတာကို မသိကြပါဘူး…။
ပုံမှန်အားဖြင့်တော့- ကိုယ်အသုံးပြု့တဲ့ Folder ဆီကိုရောက်ဖို့  Windows Explorer ကနေအဆင့်ဆင့် ၀င်ရောက်ရပါတယ်။
ဒါပေမယ့်… ဒီနည်းလမ်းကတော့- မိမိအသုံးပြု့တဲ့ Folder ဆီကို Click တစ်ချက်တည်းဖြင့် ရောက်ရှိစေမှာဖြစ်ပါတယ်။ လုပ်ဆောင်ပုံကတော့ လွယ်ကူ ရိုးရှင်းပါတယ်…။
ပြု့လုပ်ပုံ….။
-Windows Explorer ရဲ့ Shortcut ကို Desktop ပေါ်မှာထားရပါမယ် ။
-အကယ်၍ Windows Explorer ရဲ့ Shortcut ဟာ Desktop ပေါ်မှာ မရှိပါက…
( Start Menu ရဲ့ All Programs က Accessories ထဲမှာရှိတဲ့ Windows Explorer ကို Right Click လုပ်ပြီး ပေါ်လာတဲ့ Context Menu တွင် Send to ကိုနှိပ်ပြီး Desktop (create shortcut) ကိုရွေးပြီးပြု့လုပ်နိုင်ပါတယ်။ )
-ထိုနောက်… Windows Explorer Shortcut Icon ကို Righ Click လုပ်ပြီး… ပေါ်လာတဲ့ Menu တွင် Properties ကိုရွေးချယ်ရပါမယ် ။
-Windows Explorer Properties Box ကျလာတာကို တွေ့ ရပါမယ် ။ -၎င်း Box ရှိ Shortcut Tab ကို ရွေးရပါမယ် ။ Target Box တွင် %SystemRoot%\explorer.exe လိုရေးထားတာကိုတွေ့ ရပါမယ်…။ အဲ့ဒီစာသားရဲ့နောက်တွင် /n,/e, နဲ့  Start Folder အဖြစ်ထားရှိလိုတဲ့ Folder ရဲ့Location ကိုရိုက်ထည့်ရပါမယ်။
( ဥပမာ- Drive D ထဲက Music Folder ဆိုပါစို့ ….
%SystemRoot%\explorer.exe/n,/e,d:\music … ပေါ့ ပြီးရင် Apply … OK
ပေါ့။)
အဲ့ဒါဆိုရင်-
Windows Explorer Icon ကိုနှိပ်လိုက်တဲ့အခါ့ မိမိအလိုရှိတဲ့ Folder ထံသို့
တိုက်ရိုက်ရောက်သွားမှာ ဖြစ်ပါတယ်။ ... အဆင်ပြေပါစေ ။

No comments: