Thursday, January 21, 2010

Virus အကြောင်း

Virusများ နှင့် မိတ်ဆက်ခြင်း
Virus ဆိုတာ အခြား programs တွေ ဖိုင်တွေ နဲ့ သူတို့ရဲ့ အပြုအမူတွေကို ကိုယ်တိုင်ပုံတူပွားတဲ့ Program ဖြစ်ပါတယ်။
Viruses တွေကို သူတို့ရဲ့ ဖိုင်တွေ၊ တိုက်ခိုက်တဲ့နည်းလမ်းတွေ ကြည့်ခြင်းအားဖြင့် အောက်ပါအတိုင်း တွေ့ရပါတယ်။

* Boot Viruses
* Program Viruses
* Multipartite Viruses
* Stealth Viruses
* Polymorphic Viruses
* Macro Viruses
* Active X
* FAT(File Allocation Table)
* COM Viruses တို့ပဲဖြစ်ကြပါတယ်။

Viruses အမျိုးအစားခွဲခြားခြင်း
Virusတွေကို သူတို့ရဲ့ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ၃ မျိုးခွဲခြားထားပါတယ်။
(၁) Tiny Virus
(size ၅၀၀ bytes နဲ့ အောက် )
(၂) Large Virus
(size ၁၅၀၀ bytes နဲ့ အထက်)
(၃) Other Virus တို့ဖြစ်ပါတယ်။

Virus တစ်ခု တိုက်ခိုက်ခြင်းရဲ့ လက္ခဏာရပ်များ
Virusတစ်ခု တိုက်ခိုက်ခြင်းရဲ့ လက္ခဏာရပ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

* ကြီးမားသော program ကို loading လုပ်နေရသလို အချိန်ကြာခြင်း၊
* ဖိုင် နဲ့ Folders များကို ဖွင့်ရန် ခက်ခဲခြင်း၊
* ထူးခြားစွာ floppy (သို့) Hard disk မှ အချက်အလက်များကိုလက်ခံနေခြင်း၊
* disk spaceအသုံးပြုမှုတိုးလာခြင်း နဲ့ ဖိုင်အရွယ်အစားများ ကြီးမားလာခြင်း၊
* ပုံမှန်မဟုတ်သော write-protect errors များဖြစ်ခြင်း၊
* ဖိုင်နာမည်များရဲ့ directory list အတွင်းတွင် ထူးခြားသော စာလုံးများပေါ်နေခြင်း၊
* ထူးခြားပြီး မျှော်လင့်မထားသော messagesများတွေ့ရခြင်း၊
* ထူးခြားသော ပုံရိပ်များဖော်ပြနေခြင်း၊
* Programနဲ့ systemတို့ hang သွားခြင်း တို့ပဲဖြစ်ပါတယ်။

Virusesရေးခြင်းအတွက် မရှိမဖြစ်ရှိထားရမယ့် အချက်များ
(၁) assembly language ဗဟုသုတ

* memory management ကို နားလည်ခြင်း၊
* registery ပိုင်းကို နားလည်ခြင်း။

(၂) C language နဲ့ပတ်သတ်တဲ့ ဗဟုသုတ

* Pointers ရဲ့ အယူအဆများ
* Function နဲ့ procedure calling

လိုအပ်သော Tool နဲ့ Utilitie များ
(၁) C compiler ( Borland Turbo Assembler (သို့) Borland C++)
(၂) Norton Utilities
(၃) Memory management utilities

* MAPMEM
* PMAP
* MARK/RELEASE

Virus ကူးစက်ခြင်းအဆင့်အဆင့်ပြပုံ

No comments: