Showing posts with label ကွန်ပျူတာနည်းပညာက. Show all posts
Showing posts with label ကွန်ပျူတာနည်းပညာက. Show all posts

Sunday, April 15, 2012

Drive တစ်ခု ထပ်ခွဲမယ် ....

Drive တစ်ခု ထပ်ခွဲမယ်
တစ်နေ့က မိတ်ဆွေတစ်ယောက်က သူရဲ့ Hard disk (D:) က ပြည့်နေလို့ ကူညီပါအုံးတဲ့။ ဒါနဲ့ သူစက်ရဲ့ System (C:) ကို ကြည့်လိုက်တော့ ပိုနေတာတွေ ရှိသေးတယ်။ ဒါနဲ့ စိတ်မပူနဲ့ လုပ်ပေးမယ်ဆိုပြီး လုပ်ပေးခဲ့တယ်။ G: drive တစ်ခု ထပ်ပေါ်လာတာပေါ့။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပဲ။

(၁) My Computer ကို Right Click လုပ် Manage ကို ရွေး။
(၂) ပြီးရင် Disk Management ကို Click လုပ်။ ညာဘက်မှာ C: , D: ဆိုတာ ပေါ်လာလိမ့်မယ်။ အောက်ကအတိုင်း။



(၃) C: အကွက်ကို Right Click လုပ်။ Shrink Volume ဆိုတာကို ရွေး။ ခဏစောင့်။

(၄) Box တစ်ခု ကျလာလိမ့်မယ်။ Enter the amount of space to shrink in MB: ဆိုတဲ့အကွက်က C: မှာ လွတ်နေတဲ့ ပမဏာပဲ။ အဲဒီအကွက် အကုန်လုံးကို မယူသင့်တဲ့အတွက် မိမိ လိုချင်သလောက်ခွဲယူ။
(ဥပမာ- C: က 60 GB ဆိုပါတော့။ သုံးထားတာက 30 GB ။ ဒါဆို 30 GB ပိုနေတယ်။ အကုန်လုံး မယူသင့်တဲ့အတွက် 20 GB လောက်ပဲ ခွဲယူပါ။ 20 GB ဆိုရင် 20240 လို ရိုက်ထည့်လိုက်။ ပြီးရင် Shrink ကို နှိပ်။

(၅) ဒါဆို Drive တစ်ခု ထပ်ပေါ်လာလိမ့်မယ်။ အဲဒီ Drive ကို Right Click လုပ်။ New ဆိုတာနဲ့ သူပြောတဲ့ အဆင့်တွေ အတိုင်း လုပ်သွားလိုက်။ ဒါဆို Drive တစ်ခု ပိုထွက်လာပြီပေါ့။

OCCT Personal v17.1.7 <<< Download

OCCT, the free PC stability and stress testing software, available for PC and Linux systems. OCCT is free for personal use. Key Feature...