My Computer ကို R-Click လုပ်ပြီး Properties ကိုသွားပါ။

System Properties ရဲ့ Advanced ဆိုတဲ့ Tab ထဲက _ Performance ရဲ့ Settings ကို Click နှိပ်ပါ။

Performance Options က Visual Effects tab ကို ရွေးပြီး Custom ကို နှိပ်လိုက်ပါ။

အဲဒီထဲမှာပါတာလေးတွေ ဖတ်ပြီး အားလုံးကို check ပေးလိုက်ပါ။ ဒါမှ မဟုတ် တစ်ခုခြင်းဖတ်ကြည့်ပြီး စမ်းကြည့်လို့လည်းရပါတယ်။ check ပေးလိုက် OK ကို နှိပ်ပြီး ဘာပြောင်းလဲ ကြည့်လိုက် ။ အဲလိုစမ်းလို့လည်း ရပါတယ်။ ဘာပြဿနာမှ မရှိပါဘူး ။ Windows Classic Style ပဲပေါ်တော့တာ ဆိုရင်တော့ အားလုံး check ပေးလိုက်ပါ။ ပြီးရင် Desktop မှာ R-Click လုပ် Properties နှိပ်ပြီး Appearance မှာ Window XP Style ပြန်ပြောင်းပေးလိုက်ပါ။ အဲဒါဆိုရင် ပုံမှန်ပြန်ဖြစ်ပါပြီ။
တကယ်လို့ VGA က မလိုက်နိုင်လို့ စက်ကို ပေါ့အောင် မြန်အောင် သုံးချင်ရင်တော့ Performance Options က Visual Effects tab ကို ရွေးပြီး Adjust for best performance ကို နှိပ်ပေးလိုက်ပါ။ အားလုံး unchecked ဖြစ်သွားပါမယ်။ မလှတော့ပေမယ့် သိသိသာသာ သုံးရမြန်လာပါလိမ့်မယ်။

“လှတာလေးတွေကြောင့် ဒုက္ခတွေဖြစ်တတ်ကြပါတယ်...။
ဒါကြောင့်... အလှကြိုက်တဲ့ ဘော်ဒါတွေအတွက် ဒုက္ခမရောက် ရအောင်ပါ။”
အဆင်ပြေလား.......................
No comments:
Post a Comment