Monday, September 28, 2009

“ ခြားနားခြင်းမဲ့ သီအိုရီများ ”




စစ် ။
တစ်ဘက်နှင့် တစ်ဘက်
ညှာတာကင်းမဲ့ တရားပျက်သုန်း
ကြင်နာဗလာ အနိုင်အရှုံးကြား
သူနိုင် ကိုယ်နိုင်
အပြိုင်အဆိုင် ရင်ဆိုင်နွှဲကြ
နှလုံးသွေး ပွက်ပွက်ယို
အမုန်းလေး ဆက်ဆက်ပြို........။

အချစ် ။
စစ်ဖြစ်စေဖို့  လုံလောက်စေသည်
ရန်သူမဟုတ်လည်း လက်နက်တွေပြင်
ဓားတွေဆင်လို့  စစ်တစ်ခုနယ်
တိုက်ပွဲဝင်သည်။
သမုဒယတွေယိုင်လဲ နှလုံးသားတွေဖယိုဖရဲ
အချစ်စစ်တို့ သည် အကွဲအပြဲ........။

စစ်နှင့်မခြား ချစ်တိုက်ပွဲကြား
နှလုံးသားတွေ မွမွကြေ၍
သမုဒယ မြေမကျအောင်
သတိဖြင့်သာ တွန်းကန်ထားမည်
အားတင်းထားစမ်း သူငယ်ချင်း.......။


HboneKyaw

No comments: