Friday, August 14, 2009

ရီလေတီဗီတီ သီအိုရီ နှင့် အချိန်သဘောတရား ။


ရူပဗေဒပညာရှင် Albert Einstein ဟာ သူ့ ရဲ့ Theory of Special Relativity စာတမ်းကို 1905 ခုနှစ်မှာ ဖေါ်ထုတ်တင်ပြခဲ့တယ်။ အဲဒီစာတမ်းမှာ သိပ္ပံပညာရှင်တွေအပါအ၀င် သာမန်လူတွေရဲ့စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အချိန်၊ နေရာနဲ့  ရွေ့ လျားမှူဆိုင်ရာ အတွေးအခေါ် အတော်များများကိုတော်လှန် ပြောင်းလဲပစ်လိုက်တယ်။ _Einstein ဟာ သူ ရဲ့စာတမ်းမှာ အခြေခံကျတဲ့ အတွေးအခေါ် သုံးသပ်မှူ(၂) ခု ထည့်တွင်းခဲ့တယ်။ ပထမသုံးသပ်မှူက အရာဝတ္ထုတစ်ခုဟာ ဘယ်လောက် နှေးတယ်၊ မြန်တယ် ဆိုတာ၊
ရပ်နေသလား၊ ရွေ့ လျားနေသလား ဆိုတာတွေဟာ နှိုင်းရသဘောတွေသာလျှင်ဖြစ်တယ်။ ရောက်နေတဲ့ ရှူထောင့် အပေါ်တည်နေတယ်။ ဥပမာ_ရထားတစ်စင်းဟာတစ်နာရီကိုကီလိုမီတာ(၁၀၀)နှုန်းနဲ့ဘူတာပလက်ဖေါင်းတစ်ခုကိုဖြတ်အသွားမှာပလက်ဖေါင်းပေါ်မှာရပ်နေသူက ရထားဟာရွေ လျားနေတယ်လို့ မြင်မယ်။ ထိုနည်းတူ ရထားပြတင်းပေါက်က ကြည့်နေသူအနေကလည်း



ရထားကြီူကရပ်နေပြီး ဘူတာပလက်ဖေါင်းက ဖြတ်တက်သွားတယ်လို့  ခံစားရမယ်။ ဒီလိုပဲ_ရပ်နေတယ်လို့  ထင်ရတဲ့နေရာနဲ့ _ ရွေ
့လျားနေတယ်လို့  ထင်ရတဲ့နေရာမှာ သိသာမြင်သာတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြောင်းလဲမှူတွေလည်း ဘာတစ်ခုမျှ မဖြစ်တာကိုတွေ ရမယ်။
ဒုတိယသုံးသပ်မှူမှာကတော့_ ထူးဆန်းတဲ့ အကျိုးသက်မှူပါလာပြီ။
အလင်းအလျင်ဟာ တစ်စက္ကန့် မှာ ကီလိုမီတာ 300,000 (300,000 Km/second) ခရီးပေါက်နိုင်တယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ လူသားတွေသိထားတဲ့ နှိုင်းရရွေ့ လျားမှူ(relative motion) မှန်သမျှဟာ အလင်းနဲ့  နှိုင်းစာလိုက်ရင် ရွေ့ လျားမှူမရှိဘဲ ရပ်တန် နေသလိုမျိုး ဖြစ်သွားရတယ်။ အလင်းလွတ်ရာ နေရာတစ်ခုကနေ ဒုံးယာဉ်တစ်ခုစီးပြီး တစ်နာရီကို မိုင်သောင်းချီတဲ့နှုန်းနဲ့  ချဉ်းကပ်သည်ဖြစ်စေ၊ ဝေးရာဘက်ကို သွေဖယ်သည်ဖြစ်စေ ဖြစ်ရပ်နှစ်ခုစလုံးမှာ အလင်းမိမိထံ ရောက်ရှိလာချိန်ဟာ တူညီနေပါလားဆိုတာကိုတွေ ရတယ်။ Einstein ဟာဒီသဘောသဘာဝ သုံးသပ်ချက်တွေကို သင်္ချာပုံစံနဲ့ စုစည်းဆက်စပ် တင်ပြရင်း အချိန်နဲ သက်ဆိုင်တဲ့ ညီမျှခြင်းတစ်ခုကိုပါ ဖေါ်ထုတ်နိုင်ခဲ့တယ်။ အဲ့ဒီ Time Equation ကတော့_


ယခင်က လူတွေလက်ခံထားကြတာက အချိန်ဟာ မည်သည့်အရာပေါ်မှ မတည်ဘူး။ သူ့ ဘာသာသူ တဖြည်းဖြည်း၊ တရွေ့ ရွေ့ နဲ့ မှန်မှန်
ပြောင်းလဲနေတဲ့အရာ absolute time လို သတ်မှတ်ကြတယ်။ Einstein ရဲ့အချိန်ညီမျှခြင်းအရကတော့ အရာဝတ္ထု တစ်ခုရဲ့
အချိန်ဟာ သူရွေ့ လျားနေတဲ့ အလျင်နှုန်းအပေါ်မူတည်နေတယ်။ အလျင်နှုန်း များလေလေ အချိန်ဟာနှေးကွေးလာလေပဲလို့ 
ဖေါ်ပြနေတယ်။ ဒီနေ့ ကမ္ဘာပေါ်မှာ သွားလာနေတဲ့ ယာဉ်ရထားကနေ.. အာကာသသွားယာဉ်တွေအထိ အမျိုးမျိုးသော အလျင် relative motion ဖြစ်ရပ်တွေမှာ အချိန်နှေးသွားသလား၊ မြန်လာသလားဆိုတာဘယ်လိုမှမသိသာနိုင်သေးပါဘူး။_ဒါပေမယ့် အလင်းအလျင်နီးပါးနဲ့  သွားနေတဲ့ အရာဝတ္ထုတစ်ခုရဲ့ အချိန်ကတော့ ရပ်နေသလောက်နီးပါး နှေးကွေးသွားပါမယ်။ အလင်းအလျင်နဲ့  ညီတူဖြစ်ပြီဆိုရင်တော့ အချိန်ဟာ လုံးဝရပ်သွားလိမ့်မယ်လို့  Einstein ဟာသူရဲ့ Theory of Relativity စာတမ်းမှာ ဖေါ်ထုတ်တင်ပြခဲ့ပါတယ်။


Ref: Theory of Special Relativity ,
by Albert Einstein

No comments: