Monday, August 10, 2009

အချက်အလက်လုံခြုံရေးအတွက် Permission ပေးနိုင်ဖို့



ဘယ်လိုနေရာမှာမဆိုလုံခြုံရေး ဟာအရေးပါလှပါတယ်။ နည်းပညာနယ်ပယ်ထဲမှာလည်းအခြားသောနေရာ တွေလိုဘဲ လုံခြုံရေးဟာအရေးပါ တာကိုတွေ့မြင်ရကြားသိရမှာပါ။ ကိုယ်ရေးကိုယ်တာတွေနဲ့လုပ်ငန်းဆိုင်ရာအချက်အလက်တွေ ကိုယနေခေတ်မှာကိုယ့်ရဲ့ကွန်ပျူတာတွေအ တွင်းစုပြီးထည့်ထားတာကြောင့် ဘယ်သူကမှကိုယ့်ရဲ့အချက်အလက်တွေကို တစ်ပါးသူတွေယူဆောင်သွားမှာလိုလားကြမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့်ဘယ်သူတွေဘယ်လောက်သုံးခွင့်ရမယ်ဆိုတဲ့ ခွင့်ပြုချက် Permission တွေကိုခွဲခြားထားသင့်ပါတယ်။

ကွန်ပျူတာအတွင်းမှာတော့ Permission ကို ပေးရာမှာ account အလိုက်ခွဲခြားပြီးတော့ဘဲပေးနိုင်မှာဖြစ်ပါတယ်။ FAT 32 မှာတော့ Folder အဆင့်ထိသာ Permission ကိုပေးနိုင်ပြီး NTFS မှာတော့ file အဆင့်အထိ Permission ကိုပေးနိုင်ပါတယ်။ NTFS Folder Permission တွေမှာတော့ 1- Read, 2- Write, 3- List folder Contents, 4- Read & Execute, 5- Modify, 6- Full Control ဆိုပြီးခြောက်ခု ရှိပါတယ်။ NTFS File Permission မှာ တော့ 1-Read, 2-Write,3- Read&Execute, 4-Modify နဲ့ 5- Full Control ဆိုပြီးငါးခုသာရှိပါတယ်။ - Read u Read-Only, Hidden, Archive နဲ့ system တို့လို Folder ထဲကဖိုင်တွေနဲ့ Subfolder တွေကိုမြင်တွေ့ခွင့်ပေးမယ်လို့ဆိုတာဖြစ်ပါတယ်။ - Write ကတော့ Folder ထဲ မှာဖိုင်တွေကိုအသစ်ဖန်တီးခွင့်နဲ့ subfolder တွေကိုဖန်တီးခွင့်ပေးမယ်လို့ဆိုတာ ဖြစ်ပါတယ်။ ပြီး တော့ folder attribute တွေကိုပြုပြင်ခွင့်၊ Folder ownership ကို ကြည့်ရှုခွင့်ရမယ်လို့ဆိုတာပါ။ - List Folder Contents ဆိုတာကတော့ Folder ထဲမှာရှိတဲ့ ဖိုင်တွေနဲ့ subfolder တွေရဲ့အ မည်ကိုမြင်တွေ့ သာရမှာမယ်လို့ဆို တာပါ။ - Read & Execute Permission မရှိတဲ့ဖိုင်တွေကိုရော၊ Folder တွေကိုပါကြည့်ခွင့်ရမယ် လို့ဆိုတာပါ။ - Write permission နဲ့ Read & Execute Permission တွေရှိတဲ့အပြင်ဖျက်ခွင့် Delete ပါ လုပ်ခွင့်ရမယ်လို့ဆိုတာပါ။ - Full Control ကတော့ Change prmission, Owner ship ကိုပြောင်းခွင့် Folder နဲ့ဖိုင် ကိုဖျက်ခွင့်နဲ့အခြားသော Permission တွေကိုပါအားလုံးရမယ် လို့ဆိုတာဖြစ်ပါတယ်။ Permission ကိုပေးတော့မယ် ဆိုလျှင်တော့ Folder တစ်ခုကိုဖွင့် ပြီး Tools menu ထဲမှာက Folder Options ကို click ခေါက်ပြီး Views ကို click ခေါက်ပေးရမှာပါ။ ပြီးတော့ Advanced settings ဆိုတဲ့ box ထဲမှာရှိတဲ့ Use Simple file sharing (Recommended) ကို click ခေါက်ပြီး အစိမ်းရောင်အမှတ်ကလေးကို ဖြုတ်ပစ်ရမှာဖြစ်ပါတယ်။ ပြီးလျှင်တော့ Apply နဲ့ OK ကို click ခေါက်ပေးရပါလိ့မ်မယ်။ အဲဒီလိုလုပ်ပြီးတဲ့အခါမှာတော့ Permission ပေးချင်တဲ့ Folder သို့မဟုတ် ဖိုင်ကို right click ခေါက်ပြီး dialog box ပေါ်လာ လျှင် Properties ကို click ခေါက်ပေးလိုက်ပါ။ အဲဒီအခါမှာ tap တွေထဲမှာ Security tap ကိုမြင်ရမှာဖြစ်ပါတယ်။ Security tab ကို click ခေါက်ပါ။ Group or user names ထဲမှာထည့်ချင်တဲ့ user တွေကိုထည့်ပြီးပေးချင်တဲ့ Permission ကို check box မှာ click ခေါက်ပြီးပေးပါ။ ဖယ်ချင် တဲ့ user တွေကိုရွေးပြီး remover လုပ်ပါ။ Advanced ထဲကို ၀င်ပြီး တော့ Add နဲ့ပြုပြင်ခြင်း(Edit) နဲ့ Remove ကိုလည်းပြုလုပ်နိုင်ပါ တယ်။ Advanced ထဲရှိ tap လေးခုထဲကအရှေ့ဆုံး tap ဖြစ်တဲ့ permissions ရဲ့အောက်မှာတော့ check box နှစ်ခုရှိပြီးအပေါ်က check box ထဲကအစိမ်းရောင် အမှတ်ကလေးကို click ခေါက်ပြီး check box ဖြုတ်ခဲ့လျှင် Permission entries ထဲရှိ Permission ပေးထားတဲ့သူတွေကို copy လုပ် နိုင်တာနဲ့ Remove ပြုလုပ်နိုင်တာတို့ကို ရွေးချယ်ခွင့်ရမှာပါ။ ဘာမှမလုပ်ချင်လျှင် Cancel ကို click ခေါက်ပါ။ Remove လုပ်ခဲ့လျှင် Permission entries ထဲရှိ အရာအားလုံးကိုဖယ်ရှားပေးမှာဖြစ် ပြီး permission ပေးချင်သူတွေကို သာထည့်ပေးလို့ရပါတယ်။ Owner ဆိုတဲ့ tap ထဲမှာ တော့ folder သို့မဟုတ်ဖိုင်ကိုပိုင်ဆိုင်ခွင့်ရသူကိုဖော်ပြပေးမှာဖြစ်ပြီး ပြောင်းချင်လျှင် Change owener to အောက်က user သို့ မဟုတ် Group ကိုရွေးပြီး Replace owner on subcontainers and objects ကို click ခေါက်ပြီး ok ကို click ခေါက်ခဲ့လျှင် ပိုင်ရှင်ပြောင်းသွားမှာဖြစ်ပါတယ်။ Effective Permissions tap ထဲမှာတော့ Permission တွေ အတွက် user တွေနဲ့ Group တွေကိုရွေးချယ်ခွင့်ရမှာဖြစ်ပြီး Select ကို click ခေါက်ကာ Select user or Group ဆိုတဲ့ window ပေါ်လာလျှင် Advanced ကို click ခေါက်ခါ find now ကို click ခေါက်ပြီးရွေးချင်တာကို ရွေးချယ်ကာ ok ကိုနှစ်ခါခေါက်ပြီး ထွက်ပေးပါ။ Effective Permission tap ထဲကိုရောက်လျှင် ok ကိုခေါက်ပါ။ ပြီးလျှင် ok ကို ထပ်ခေါက်ပြီးထွက်ပေးပါ။

No comments: