Tuesday, August 18, 2009

Computer Virus


ဗိုင်းရပ်ကို ဆေးပညာလောကတွေင် အလွန် ကူးစပ်လွယ်သော ရောဂါပိုးမွားလို့ အဓိပ္ပါယ်ရပါတယ်။ ကွန်ပျူတာမှာတော့ ဗိုင်းရပ် ကဲ့သို့ ကူးစပ်ပြန့်ပွားလွယ်ကူပြီး ဖျက်ဆီးတတ်တဲ့ ကွန်ပျူတာ ပရိုဂရမ်တစ်မျိုးကို ဗိုင်းရပ်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ ဗိုင်းရပ်သည် ကွန်ပျူတာအသုံးပြုသူ၏ ခွင့်ပြုချက်မရှိပဲ သူအလိုအလျှောက် ကော်ပီပွား၍ လျှင်မြန်စွာ ပြန့်ပွားနိုင်တဲ့ အစွမ်းအစရှိပါသည်။ အဓိကအားဖြင့် ကွန်ပျူတာ တစ်လုံးမှ တစ်လုံးသို့ Data အပြန်အလှန်ရယူခြင်းဖြင့်လည်းကောင်း၊ (သို့မဟုတ်) အင်တာနက်ပေါ်မှ တဆင့် Data များရယူခြင်းဖြင့်လည်းကောင်း၊ Data များကို အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သော Floopy Disk, CD/DVD, USB drive စသည့် Data များကို အထုတ်အသွင်း ပြုလုပ်သော ပစ္စည်းများမှ တဆင့် ကူးစပ်နိုင်ပါသည်။
၁၉၇၀ ခုနှစ်အစောပိုင်းတွင် “I’M THE CREEPER : CATCH ME IF YOU CAN.” ဆိုပြီ ARPANET ကို detected လုပ်တဲ့ Creeper virus တစ်ခု စတင်ပေါ်ထွက်ခဲ့ပါသည်။ ဒါပေမဲ့ စတင်ဖန်တီးသူက နောင်တတရားရစွာဖြင့် အချိန်အနည်းငယ် အတွင်းမှာပင် Creeper virus ကို ပြန်လည်ဖျက်စီးခဲ့သည်ဟု ခန့်မှန်းရပါသည်။
၁၉၈၂ ခုနှစ်တွင်လည်း Richard Skrenta ဆိုသူက သူ၏ Apple DOS 3.3 operating system ကို floopy disk မှတဆင့် ဗိုင်းရက်စ် ကူးစပ်စေသောနည်းဖြင့် “Rother J” ဆိုသည့် ဗိုင်းရက်စ်ကို ရေးသားခဲ့ပါသည်။ ပင်ကိုအားဖြင့် “Rother J” ဗိုင်းရပ်က စနောက်တဲ့ ဗိုင်းရက်စ် တစ်ခုသာ ဖြစ်ခဲ့ပါသည်။ ပထမဆုံး first PC virus ဖြစ်တဲ့ (c)Brain ကိုတော့ ၁၉၈၆ ခုနှစ်တွင် Farooq Alvi ဆိုသည့် ညီအကိုနှစ်ယောက်မှ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ဒီလို သမိုင်းကြောင်းတွေ အရ လေ့လာရမယ်ဆိုရင် ဗိုင်းရပ် ကို အပျော်ဖန်တီးခြင်းကနေ ဖျက်ဆီးခြင်းဆိုတဲ့ ဘက်ကို ကူးပြောင်းလာတယ်လို့ တွေ့ရပါတယ်။

ဗိုင်းရက်စ် အခြေခံ သဘောတရား
ဗိုင်းရက်စ်တစ်ခု ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို နားလည်မှသာ ဗိုင်းရပ် သတ်တဲ့အခါမှာ အဆင်ပြေ လွယ်ကူမှာ ဖြစ်ပါတယ်။ ဗိုင်းရပ် ဆိုတာကလည်း ကွန်ပျူတာ program လေးတစ်ခုဖြစ်တဲ့အတွက် ဗိုင်းရပ် တစ်ခု ဖန်တီးရေးသားတော့မယ်ဆိုရင် programing အပိုင်းကိုတော့ အနည်းငယ် နားလည် တတ်ကျွမ်းဖို့ လိုအပ်ပါတယ်။ ထိုပြင် တိုက်ခိုက်မဲ့ (၀ါ) နှောက်ယှက်ချင်တဲ့ OS(operation system) ကိုလည်း ထည့်သွင်း စဉ်းစားရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် OS တစ်ခုအတွက် ရေးသားထားသော ဗိုင်းရက်စ်သည် အခြား OS တွင် အလုပ်လုပ်နိုင်ခြင်း(၀ါ) တိုက်ခိုက်နိုင်ခြင်း မရှိပါ။ ဥပမာ.. ၀င်းဒိုးအတွက် ရေးသားထားသော .vbs (သို့) .exe အမျိုးအစား virus တစ်ခုကို အခြား OS များဖြစ်သော Linux, Mac အစရှိသည့် OS များပေါ်တွင် အလုပ်လုပ်မည် မဟုတ်ပါ။ ထိုကြောင့် မိမိ ဗိုင်းရပ် ရေးသားချင်လိုသည့် OS တစ်ခုရဲ့ အခြေခံ တည်ဆောက်ပုံကိုလည်း နားလည်ဖို့ လိုအပ်ပါသည်။
အထူးသဖြင့် Window, Linux , Mac တွင် Window ကို တိုက်ခိုက်ခံရတာ အများဆုံး ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် window သည် လူသုံးအများဆုံး OS တစ်ခု ဖြစ်သောကြောင့် ဖြစ်ပါသည်။ programmer အများစုသည်လည်း လူသုံးအများဆုံးဖြစ်တဲ့ Window ကိုသာ ဦးတည်တိုက်ခိုက်ကြတာ များပါတယ်။ ၀င်းဒိုးအတွက် ဗိုင်းရပ် ကို notepad မှသည် Java, C++ ထိ နှစ်သက်ရာ software နဲ့ ရေးသားနိုင်ပါသည်။

ဗိုင်းရပ်က ဘာတွေကို ဖျက်ဆီးတာလဲ၊ ဘယ်လိုအလုပ်လုပ်တာလဲ။
အခြေခံအားဖြင့် ကွန်ပျူတာကို သာမန်ထက်ပိုပြီး အလုပ်လုပ်စေမယ်။ memory ကိုအချိန်ပြည့်ယူထားမယ်။ ကြာလာရင် memory overload ဖြစ်လာမယ်။ စက်ကြီးနှေးလာမယ်။ memory ကိုပါ ပျက်စီးသွားစေနိုင်ပါတယ်။ တစ်ချို့ ဗိုင်းရပ်တွေကြတော့ တဖြည်းဖြည်း များလာပြီး သိမ်းဆည်းထားတဲ့ Data တွေကို ဖျက်ဆီးပစ်မယ်။ တစ်ချို့ဗိုင်းရပ် တွေက ချက်ချင်း မသိသာစေပဲ တဖြည်းဖြည်း တိုက်ခိုက်တတ်သလို၊ တစ်ချို့ဗိုင်းရက်စ်တွေက ကူးစပ်ပြီ ဆိုသည်နှင့် ချက်ချင်း သိသိသာသာ တိုက်ခိုက်တတ်ကြပါသည်။ အများအားဖြင့် ဗိုင်းရက်စ်တွေကို သူတို့ကို လွယ်လင့်တကူ ရှာဖွေ ဖျက်ဆီးနိုင်တဲ့ Task Manager , Folder Option နှင့် register တွေကို ဖျောက်ပစ်တတ်ကြပါတယ်။ တစ်ချို့ဆို command prompt ကိုပါ ခေါ်မရအောင် ဖျောက်ထားတတ်ကြပါတယ်။ ထိုပြင် ထိုဗိုင်းရပ် အလုပ်လုပ်နေတာကိုလည်း ပိတ်မရအောင် ထည့်သွင်းစဉ်းစား ရေးသားထားတတ်ပါသည်။ ဗိုင်းရပ် တစ်ခုတွင် ပုံမှန်အားဖြင့် ပရိုဂရမ် ၂ ခု ပါရှိတတ်ပြီး တစ်ခုမှာ ဗိုင်းရပ် ပရိုဂရမ်ဖြစ်ပြီး နောက်တစ်မျိုးမှာ ထို ဗိုင်းရပ်ကို အထောက်အပံ့ပေးသော ပရိုဂရမ် (support) တစ်ခုဖြစ်ပါသည်။ ထိုပရိုဂရမ်နှစ်ခုသည် တစ်ခုနှင့် တစ်ခုလည်း အပြန်အလှန် အထောက်အပံ့ ပေးနိုင်စေရန် စီစဉ်ထားပါသည်။ ထို ပရိုဂရမ်နှစ်ခုသည် အဆင့်ဆင့် ပွားနေပြီး backup လုပ်ထားမယ်။ ဗိုင်းရပ်ဖိုင်ကို ကျွန်တော်တို့ ပိတ်လိုက်တဲ့အချိန်မှာ support ဖိုင်က အခြား ဗိုင်းရပ်ဖိုင်ကို ရှာပြီး ထပ် run မယ်။ support ဖိုင်ကို ဖျက်လိုက်ရင် ဗိုင်းရပ်ဖိုင်က အခြား support ဖိုင်တစ်ခုကို ပြန်ရှာပြီး ထပ် run ပေးမယ်။ တစ်ခုပိတ်ရင် တစ်ခုက ပြန်ဖွင့်ပေး စသည်ဖြင့် လှည့်ပတ် အလုပ်လုပ်နေ တတ်ပါတယ်။

ဒါလေးတွေကိုလည်း သိထားရန် လိုအပ်ပါသည်။

Windows စစခြင်းမှာ virus တက်လာဖို့အတွက် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\Current Version\Run မှာ virus ရဲ့ ပတ်လမ်းကြောင်းကို သွားရောက် ထည့်သွင်းထားတတ်ပါသည်။

Folder Option
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\ Explorer မှာ ညာဘက်က D Word Value ဖြစ်တဲ့ No Folder Options ဆိုတာလေးထဲမှာ 0 ရှိနေရင်တော့ show ဖြစ်နေမှာဖြစ်ပြီး 1 ဖြစ်နေရင်တော့ Hide ဖြစ်နေမှာပါ။

Registry
HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\Current Version\Policies\System မှာ ညာဘက်က D Word Value ဖြစ်တဲ့ Disable Registry Tools ဆိုတာလေးထဲမှာ 0 ဆိုရင် ဖွင့်ခွင့်ပေးထားပြီး 1 ဆိုရင်တော့ ဖွင့်ခွင့်မရှိတော့ပါဘူး။

Task Manager
HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\Current Version\Policies\System မှာ ညာဘက်က D Word Value ဖြစ်တဲ့ Disable Task Mgr မှာ 0 ဆိုရင် ဖွင့်လို့ရပြီး 1 ဆိုရင်တော့ ဖွင့်လို့မရတော့ပါဘူး။

Command Prompt
HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System မှာ ညာဘက်က D Word Value ဖြစ်တဲ့ Disable CMD မှာ 0 ဆိုရင် ဖွင့်လို့ရပြီး 1 ဆိုရင်တော့ ပိတ်လိုက်ပါတယ်။

ဗိုင်းရပ်အကြောင်း ဆွေးနွေးပြောဆိုမယ်ဆိုရင် အန်တီဗိုင်းရပ်ကိုလည်း ချန်လှပ်ထားရန် မသင့်တော်ပါဘူး။ အန်တီဗိုင်းရပ်တွေကတော့ ဗိုင်းရပ်တွေ အလုပ်လုပ်တတ်တဲ့ပုံစံ သဘောတရားကို နားလည်သိရှိကာ ပိတ်ဆို့ကာကွယ်တဲ့ program အမျိုးအစား တစ်ခုဖြစ်ပါတယ်။ သာမန် သမရိုးကျ ဗိုင်းရပ်များကို မည်သို့ပင် အမည်ပြောင်းလဲ အလုပ်လုပ်နေပါစေ အန်တီဗိုင်းရပ်က သိရှိပိတ်ဆို့ သတ်ဖြတ်နိုင်မှာ ဖြစ်ပါသည်။ သို့သော် တမူကွဲပြားသော သမရိုးကျမဟုတ်သည့် ဗိုင်းရပ်များကိုတော့ အန်တီဗိုင်းရပ်က ကာကွယ် ပိတ်ဆို့နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် အန်တီဗိုင်းရပ် ကုမ္ပဏီ၏ ကျွမ်းကျင်မှု စကေးအပေါ်မူတည်၍ ကာကွယ်သတ်ဖြတ်နည်းကို အချိန်တိုအတွင်း ဖြေရှင်းတတ်ကြသဖြင့် မိမိတို့ ကွန်ပျူတာတွင် အသုံးပြုထားသော အန်တီဗိုင်းရပ်ကို အစဉ်အမြဲ Update ပေးခြင်းနည်းဖြင့် ဗိုင်းရပ်များ၏ အန္တရာယ်ကို ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။

http://yemankstu.co.cc/ ကပါ..။

No comments: