Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, October 24, 2015

မိဘ


သေမယ့်နေ့လေးတော့ အားနေအောင် လုပ်ထားကြ ***

အမြဲတမ်း မအားဘူးဖြစ်နေတဲ့ မိတ်ဆွေတို့

*** ဘယ်မသာမှ အားလို့သေတာမရှိဘူး
        မအားတဲ့ကြားထဲကပဲ သေရတာ ***

*** ဒါကြောင့် ***

*** မိတ်ဆွေတို့အလှည့်ကြရင်
        သူများတွေလိုမဖြစ်အောင်    
        သေမယ့်နေ့လေးတော့  
        အားနေအောင် လုပ်ထားကြ ***

(ဆရာတော်တစ်ပါး ကျနော့်ကို ဆုံးမထားတာ လေး အမှတ်ရလို့ပါ။)    

Thursday, April 23, 2015

အမေ ....

ဆံပင်တွေဖြူနေလဲ
အကြင်နာတွေထူထဲနေတဲ့  အမေ 


Monday, January 26, 2015

ငါ့ က ကွက်ဟာ လှပါဦးမလား …!!!






ကြိုးရှုပ်အောင် ဆွဲတတ်တဲ့
................................
................................
ငါ့ က ကွက်ဟာ လှပါဦးမလား …!!!


ဟူး … မောလိုက်တာအဖေရာ …။

ကျနော် မိုက်မှားနေတုန်းပဲ … အဖေ
............................................
…..
(ဟူး … မောလိုက်တာအဖေရာ…)


Wednesday, November 14, 2012


သက်ရောက်သီအိုရီ …။

 

ခံစားမှုတွေကို ရင်ဘတ်ထဲ ထည့်ပြီး...
လောကပေါ် ဘာများရမလဲ လို့  ရှာဖွေရင်း ခရီးတစ်ခု ဆန့်မိတဲ့ အခါ.....
ဟိုနားမှာ..... မျက်ရည်တွေ...
ဒီနားမှာ... သောကတွေ....
...
ဒီဘက်မှာ... အလိုမပြည့်ခြင်းတွေ...
ဟိုဘက်မှာ.... အချေအတင် ဖြစ်ခြင်းတွေ..

မရေမရာမှု ဆိုတာ ရည်ရွယ်ရာ ပျောက် ခရီးအတွက်ပဲ.....
ဝေဝါးမှု ဆိုတာ မပီသခြင်း ကြောင့်ပဲ.........

အဆုံးကို မမြင်နိုင်မှုဟာ... အမှောင်ဖုံး ကာလ တစ်ခုကြောင့်ပဲ.....

ဒါပေမယ့် ... ဘယ်အရာရာကို သုံးသပ်သည် ဖြစ်ပါစေ.......
အသွားရှိရင်  အပြန်ရှိတယ်....။
ကောင်းကင်ရှိရင်  မြေကြီးဆိုတာ ရှိတယ်....။
လမ်းရှိရင် ခရီးဆိုတာ ရှိတယ်....။

ဒီတော့
သွားနေတဲ့ ခရီးတစ်ခု မဆုံးခင်မှာပဲ .....
မေးခွန်းမှားတဲ့ အဖြေဟာ ....
သီအိုရီ ပုံပြယောင်မပါပဲ  ခပ်အေးအေးလေး စကားတစ်ခွန်းကို ဆိုခဲ့ပါတယ်....

...
"အတ္တနဲ့ ချည်တဲ့ ကြိုးမှန်ရင် လွယ်လွယ် ပြတ်တတ်တာ သဘာ၀ .."  တဲ့  လေ   ။                              ။

Sunday, February 19, 2012

ငါတွဲထားတဲ့ လက်တစုံကြောင့် နင်ပင်ပန်းနေတာ မကြည့်ရက်တော့လို့စွန့်လွှတ်ခဲ့တာပါ…




စွန့်ပစ်ခဲ့တာ မဟုတ်ပါဘူး…

ငါတွဲထားတဲ့ လက်တစုံကြောင့်

နင်ပင်ပန်းနေတာ မကြည့်ရက်တော့လို့

စွန့်လွှတ်ခဲ့တာပါ…

မုန်းသွားတာ မဟုတ်ပါဘူး…

ငါပေးမိလိုက်တဲ့ အချစ်တွေကြောင့်

နင်စိတ်ညစ်နေတာ မကြည့်ရက်တော့လို့

မုန်းချင်ယောင်ဆောင်ခဲ့တာပါ…

လမ်းခွဲလိုက်တာ မဟုတ်ပါဘူး…

ငါ ပါနေတဲ့ နင့်ရဲ့လမ်းမှာ

နှောင့်နှေးမှုတွေ မဖြစ်စေချင်တော့လို့

နေရစ်ခဲ့လိုက်တာပါ…

သတိမရချင်ယောင်ဆောင်လိုက်…

ပျော်နေချင်ယောင်ဆောင်လိုက်…

မုန်းချင်ယောင်ဆောင်နေလိုက်နဲ. …

ခုမှ ငါသတိထားမိတယ်…

ငါတော်တော် မာယာများနေပါလား…

ဒါပေမဲ့ …

တခုတော့ သိထားပေးပါ…

ငိုနေပါတယ်…ငိုနေပါတယ်…

ငိုနေတဲ့ လူရွှင်တော် ငါ ဆိုတာ….

Friday, January 13, 2012

ဒီကနေ့ဟာ ကဗျာတပုဒ်ထက် ပိုပြီး ကြီးကျယ်ခမ်းနားနေခဲ့ပြီ ...။







ဒီကနေ့ဟာ

ရောင်နီမသန်းခင်ကတည်းက အပြာရောင် သန်းတဲ့နေ့


ဒီကနေ့ဟာ

ရာစု နှစ်ဝက် ချီပြီး မန်းမှုတ် စက်နှိုးခဲ့ရတဲ့

ဖုတ်သွင်းရထား ဆိုက်တဲ့နေ့


ဒီကနေ့ဟာ

ဆည်းဆာပျို နေချိုထဲ

ပဲပြုပ်သယ်ရဲ့ ပဲပြုပ်ချိုချိုလေးဆိုတဲ့ အသံ

ငါ့ရင်ကို အငြိမ်းချမ်းဆုံး ထိမှန် တုန်ခါသွားစေတဲ့နေ့


ဒီကနေ့ဟာ

ရွှေအိုးကို ထမ်း အိမ်ပြန်လာတဲ့ သားတွေရဲ့ ခြေအစုံကို

မိခင်က အိမ်ဝမှာ ရေဆေးပေးတဲ့နေ့


ဒီကနေ့ဟာ

အောင်ပွဲခံ ဗုံတလုံးပေါ်

တနိုင်ငံလုံး တက်ခုန်ပြီး ကကြတဲ့နေ့ ဖြစ်ခဲ့ပေါ့။


ငြိမ်းဝေ

၁၃၊ ၁၊ ၂၀၁၂

Friday, June 17, 2011

“ Error ”




ခေါင်းစားတယ်...

* ပတ်သက်ဖူးသမျှ၁၅၀၀တွေလဲ
* error တွေပဲပြပြနေတယ်
* ၅၂၈ ကလည်းအနားမှာမရှိဘူး၊
* ကိုယ်စောင့်နတ်ကလည်းအိပ်ယာမထသေးဘူး
* နှလုံးသား folder လည်း virus ကိုက်သွားပြီ
* သက်ပျင်းတွေပဲချချနေရတယ်...
* ကဗျာကောင်းကောင်းတစ်ပုဒ်ရေးဖို့
* ဦးနှောက်နဲ့ရင်ဘတ်ကို
* Network မချိတ်ရသေးဘူး
* ဒိတ်အောက်နေတဲ့ငါ့ရင်ဘတ်ကြီးကိုလည်း
* update ပြန်လုပ်ရအုန်းမယ်...
* သိုးရေခြုံတဲ့ဝံပုလွေတွေငါ့နားမလာနဲ့
* အနာဂတ်ကိုကြည့်ဖို့
* ပစ္စုပန်ကိုမျက်မှန်တတ်ပေးလိုက်ပြီ
* ဒီကဗျာ ဒီမှာပဲ ပုဒ်မချလိုက်ပြီ ။ ။

Friday, June 10, 2011

“ ပိုင်ဆိုင်ခြင်းများ ”




အရွဲ့တိုက်ဖန်များလာတော့ ....

အပျက်အပျက်နဲ့ပဲ သွေးထွက်။

ခြစ်စရာမရှိတဲ့ ဘဝမှာ

ဖျက်စရာ အမှား

ပွားများလာခဲ့...၊

အပြစ်လို့မဆိုသာ ...

အရှုံးသမားဆိုကာ ဘေးထွက်။

ဒဏ်ရာ အချို့ နောက်က စီတန်း

ပြန်စမ်းစစ်မိမှ နှုံချာမှုတွေထဲ

ပုံပျက်...။

အသက်ဆက်နေရမှုတွေထဲ

အဟပ် အစပ်ရယ် ရှာမရ။

အခက်အခဲဆိုတာ

အတူတူ လက်တွဲလာရဲတဲ့ အဖော်မွန်ပဲ

ကြာတော့လဲ လူတကာက သွေးအေး...။

အဆွေးသမား ကိုမှ

တပ်ခဲ့ရက်တဲ့ ကင်ပွန်း...

ကဗျာ ဆရာ ဆိုလား

ပုံမှားရိုက်ခံခဲ့ရတာတော့

လူကြားကောင်းအောင် မဟစ်တော့ဘူး။

အပြုံးတစ်ရာသာ အားပါးတရ ခြွေပြခဲ့တယ် ....

ရက်ရောခြင်းဆိုလို့ စေတနာ ပန်းတစ်ခင်းတာ

ညွှန်ပြစရာ။။။

Tuesday, May 3, 2011

အဖေကြားနိုင်ပါစေ…

ငယ်စဉ်ကတည်းက...ပဲ့ပြင်ဆုံးမ
မိဘတာဝန်ကျေခဲ့တဲ့... အဖေ
သားသမီးတွေ
မျက်နှာငယ်အောက်ကျို့
မရှိစေရအောင်
ကြိုးစားစွမ်းဆောင်ပေးခဲ့တဲ့...အဖေ
ပင်ပန်းမှုကို မိသားစုရဲ့သာယာမှုနဲ့ဖြေဖျောက်ပြီး
ကျွန်တော်တို့အတွက်
အနစ်နာခံခဲ့တဲ့... အဖေ
ဘဝအမောတွေကိုခါးစည်းခံ
လောကဓံကို ရင်ဆိုင်ပြီ
ကျွန်တော်တို့ရှေ့က
ကြံကြံခံ ကာဆီးပေးခဲ့တဲ့
မဟာတံတိုင်းကြီးသည်... အဖေ
ရာသီသုံးပါ... မနေနားဘဲ
ကြိုးစားခဲ့တဲ့ အဖေရုပ်ရည်
ဇရာဘယ်လောက်ထင်ထင်ပါ
အဖေရဲ့ မျက်နှာပေါ်မှာ
သား/သမီးတို့အပေါ်ထားတဲ့
ဖခင်မေတ္တာကို
သားကောင်းကောင်းကြီးမြင်နေရတယ်_အဖေ
အိုအဖေ... မြင်ကြည့်စမ်းပါဘိ...
အိမ်ရာဝင်တိုင်း...
ဆောင်ခြုံ ချစ်စနိုးနမ်းပြီး
မီးပိတ်ပေးတတ်တဲ့
ကျွန်တော်ရဲ့ ချစ်သောအဖေ
အခုတော့… ဘယ်ရောက်နေပြီလဲ…
ဒီရသ ဒီခံစားမှုကိုမျိုး
ဘယ်လိုအစားထိုးနိုင်မှာလဲလေ...
အဖေချစ်သော... သား
အဖေအတွက်
ကဗျာတစ်ပုဒ်ရေးခဲ့ပြီ... အဖေ
အဖေကြိုက်တဲ့
အောင်ချိမ့်တို့ မောင်ချောနွယ်တို့လောက်
မကောင်းပေမယ့်
အဖေကိုလွမ်းဘို့
ဘဝတစ်ခုရဲ့ စာမျက်နှာကို
ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့အတွက်
ကဗျာတစ်ပုဒ်ကို
ကလက်ကာအသစ်နဲ့
စတင်ဖွင့်လှစ်လိုက်ပါပြီ... အဖေ
အဖေမြင်စမ်းစေချင်တယ်...
သိစေချင်တယ်အဖေရယ်...
ဟာ... ဘုရားခန်းက
အဖေဓါတ်ပုံမှာ
အဖေပြုံးကြည့်နေပါလား...
စိတ်ချပါအဖေ
သားတို့ရင်ထဲမှာ... အဖေရှိတယ်
အသွေးထဲမှာ... အဖေရှိတယ်
နောက်ဆုံး... သားရဲ့
ဝင်သက်ထွက်သက်တိုင်းမှာ
အဖေရှိနေတယ်... အဖေ

အဖေ ကောင်းရာသုဂတိလားပါစေ…။

Wednesday, April 6, 2011

မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော နိုဘယ်ဆုရှင်မာသာထရီဆာ၏ ကဗျာ

ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်း သင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘဝမှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။

လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘဝတစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

ခွင့်လွှတ်ချင်းများနဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေ။

{နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာဖြစ်ပါသည်။}

Thursday, January 7, 2010

ကမ်းနားသစ်ပင်


ဒီမှာ
ကမ်းနားသစ်ပင်ဆိုတာ
အမြစ်မကျွတ်ခင် အရာဝင်တာပါ

သစ္စာမဲ့သူအတွက် သစ္စာဖောက်သူတွေဟာ
သူ့ဝမ်း သူကျောင်းပြီး
သူ့လမ်း သူသွားတယ်ဆိုပေမယ့်
တစ်မိုးအောက်ထဲမှာဆိုတော့
မတွေ့ချင်ပေမယ့် မြင်နေရတတ်တယ်
မြင်တဲ့အခါ ကျောခိုင်းလိုက်ပါ
နောက်ပြီး "ငယ်စားရင်း" ဖျက်လိုက်ပါ
ဒါဟာ...တရားမျှတတဲ့ အလုပ်တစ်ခုပဲဖြစ်တယ်...။

ကဗျာဆရာ မောင်စိမ်းနီ
(သူငယ်ချင်းသို့ ချစ်ခြင်းများစွာ ကဗျာမှ)

Tuesday, August 25, 2009

အလင်းခါးခါးတွေသေဆုံးတဲ့နေ့


နှင်းခဲညတွေမှာ
ငါကောင်းကင် ကြယ်တွေစုံခဲ့တယ်
လမရှိတော့ပေမယ့် ငါရင်ခွင်လင်းနေတယ်.........။
လာစဉ်တုန်းက
နင့်လက်ထဲက ကိုင်ထားခဲ့တာမီးအိမ်ဝါ
ဒီမီးအိမ်ကို ဘယ်သူညှိပေးခဲ့လဲ။
သုံးရာသီ ရင်ငွေ့မှာ
နင်ရောငါပါ
အတူတူခိုလူံဖို့
မီးအိမ်ညှိနေတုန်း
`ဟုတ်´ ကနဲမီးငြိမ်း
သိမ်းသွင်းလိုက်တဲ့ အမှောင်ထု
လောကတုထဲမှာ......နင်ရောငါပါ
သေဆုံးခဲ့ကြပြီပဲ......။
`သွားတော့´ လို့နင်တွန်းပို့
တွန့်ဆုတ်နေတဲ့ ခြေလှမ်းနာ
`နောက်လှည့်မကြည့်တမ်းနော်´ တဲ့
လက်သီဆုပ်ထားတဲ့ နင့်မျက်ဝန်း
အံကြိတ်ထားတဲ့ငါအပြုံး
တောင်ကုန်းတစ်ခုမှာ.......
အားလုံးမြုတ်နှံလိုက်ပြီ။ ။

“Mail ထဲကရတဲ့... ကဗျာလေးပါ။”