Showing posts with label ကွန်ပျူတာနည်းပညာကဏ္ဍ. Show all posts
Showing posts with label ကွန်ပျူတာနည်းပညာကဏ္ဍ. Show all posts

Saturday, May 26, 2012

Opera Brower မှာမြန်မာဖောင့်ပေါ်အောင် ....


Opera Browser ကတော့ အသုံးပြုတဲ့လူနည်းမယ်ထင်ပါတယ်။ များသောအားဖြင့် mozilla fire fox ကိုပဲသုံးကြတာ များတယ်။
 opera မှာ function လဲစုံတယ်။ firefox ထက်လဲ မြန်တယ်။ file sharing ပါလုပ်လို့ ရလို့ တော်တော်လေးအဆင်ပြေပါတယ်။ အဓိကအကြိုက်ဆုံးအချက်ကတော့ connection နှေးနေတဲ့အချိန်မှာ opera turbo ဆိုတဲ့ ဟာလေးသုံးလို့ရတာပါပဲ။
firefox လို add on တွေလဲ သုံးလို့ရပါတယ်။ မြန်ဆန်မှုကတော့ firefox ထက်သာတယ်။
ဘယ်အရာမဆို အားသာချက်၊ အားနည်းချက် ဆိုတာရှိစမြဲမို့ ကိုယ်တိုင်အသုံးပြုကြည့်တာ အကောင်းဆုံးပါပဲ။

မြန်မာစာပေါ်အောင်လုပ်နည်းကလဲ သိသွားတော့လဲ လွယ်လွယ်လေးပါပဲ။ အရင်ဆုံး Notepad လေးကို ဖွင့်ပြီး ဒီအောက်က ရေးထားတဲ့ ကုတ်ဒ်လေးတွေကို ကော်ပီကူးထည့်လိုက်ပါ....။

* , html, body, div, p{font-family:Zawgyi-One !important;}

ပြီးရင် User.css လို့ ရေးပြီး တနေရာရာ မှာ Save ထားလိုက်ပါ။

ပြီးရင် အဲဒီ User.css Notepad ဖိုင်လေးကို Copy ကူးပြီး

my computer>>>local disk(:C)>>>program file>>> opera >>>styles အထိသွားပြီး Paste လုပ်ပေးလိုက်ပါ။

ထည့်ပြီးပြီဆိုရင်တော့ Opera Broswer လေးကို Exit ပေးပြီး ထွက်လိုက်ပါ။ အားလုံး ပြီးရင်တော့ Opera လေးကို ပြန်ဖွင့်ကြည့်လိုက်ရင် မြန်မာစာတွေကို ဒီအတိုင်း ဖတ်လို့ ရေးလို့ ရသွားပါပြီ။
mozilla fire fox ထက်ပိုမြန်ဆန်ပါတယ်။


                          Opera ကို Download လုပ်ချင်ရင်

Friday, May 18, 2012

Password protecting Microsoft Word and Excel documents

 
Before password protecting any document, you may wish to create a backup of the non-password protected file in case you forget the password in the future.
Users who are creating a Microsoft Word or Microsoft Excel document that they wish to keep confidential or to only be viewed by people who should be viewing it may wish to enable a Microsoft Word or Excel password on the file to help protect the contents of the file. Below are the steps required for creating a Microsoft Word or Excel document with a password.
  1. Open Microsoft Word or Microsoft Excel and the document you wish to password protect.
  2. Click File
  3. Click Save As
  4. In the Save As window, click the Tools option in the upper right-hand side of the window.
  5. From the Tools drop-down menu, select General Options
  6. This will open a Save window that will allow you to specify a password used to open the file or modify the file.
Password to open - Entering a password for this option will make the file only readable to the users who know the password.
Password to modify - Entering a password for this option will allow users to view the file but only edit and save the file if they know the password. Keep in mind, however, that a user could easily open the file, copy the contents of the file to another file, and modify and create their own document.

Firefox Bookmark မှာမှတ်ထားတာတွေပျောက် မသွားအောင် ....



Firefox ကိုအသုံးပြုသူတိုင်း မိမိတို့စိတ်ကြိုက် Website ကိုအလွယ်တကူ ရှာဖွေရလွယ်အောင် Firefox မှာပါဝင်တဲ့ Bookmark လေးကို သုံးပြီး အလွယ်တကူ မှတ်သားတက်ကြတာ ကိုတွေ့ရပါတယ်။ အဲ့ဒီမှာ Firefox မှာပါဝင်တဲ့ Bookmark လေးဟာကျွန်တော်တို့ Windows အသစ်တင်ရင်ပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် Firefox  ကိုအသစ်ပြန်တင်တဲ့ အခါမှာပဲဖြစ်ဖြစ် မိမိတို့အချိန်ပေးပြီး စိတ်ကြိုက် မှတ်သားထားတဲ့ Bookmark ထဲကလင့်တွေဟာလဲ အလွယ်တကူ ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ အဲ့ဒီလိုမဖြစ်ရအောင် Bookmark လေးကိုဘယ်လို Export လုပ်ထားရပါမယ်။
Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာ ရယ် Export လုပ်ထားတဲ့ Bookmark လေးကို Firefox မှာဘယ်လိုပြန်သွင်းရမယ်ဆို တာတွေကိုရှင်းပြပေးပါမယ်။

အရင်ဆုံး Firefox ကိုဖွင့်လိုက်ပါ။ (စောစော ကလိုပါဘဲ....)

Bookmarks Menu ထဲက Show All Bookmarks (Ctr+Shift+B) ဆိုတာကိုနှိပ်လိုက်ပါ။
{Firefox 3.6 မှာဆိုရင်..Bookmarks Menu ထဲက Organize Bookmarks (Ctr+Shift+B)}

ပြီးရင်... Inport and Backup ထဲက Export HTML ကိုနှိပ်ပါ။ အဲ့ဒီမှာတော့... ဘယ်နေရာမှာ သိမ်းမလဲဆိုတာမေးပါလိမ့်မယ်။ အဆင်ပြေတဲ့နေရာတစ်နေရာရာမှာ သိမ်းလိုက်ပါ။ (ဥပမာ... Desktop ပေါ့)

အပေါ်ကအတိုင်း Firefox Bookmark လေးကို  Download လုပ်ပြီးသွားပြီဆိုရင်တော့ ....
ဆက်ပြီးတော့ Export လုပ်ထားတဲ့ကောင်လေးကို ဘယ်လို Import လုပ်ရမယ်ဆိုတာကို ပြောပြပေးပါမယ်။

Bookmarks Menu ထဲက Show All Bookmarks (Ctr+Shift+B) ဆိုတာကိုနှိပ်လိုက်ပါ။
{Firefox 3.6 မှာဆိုရင်..Bookmarks Menu ထဲက Organize Bookmarks (Ctr+Shift+B)}

ပြီးရင်... Inport and Backup ထဲက Inport HTML ကိုနှိပ်ပါ။

အဲ့ဒီမှာ  From and HTML File ဆိုတာကိုရွေးပြီး၊ Next ကိုနှိပ်လိုက်ပါ။

ပြီးရင်တော့.... စောစောက သိမ်းထားခဲ့တဲ့  Export file လေးကို ရွေးပြီး Open လုပ်ပေးလိုက်ပါ။

ဒီလောက်ဆိုရင်တော့ Firefox Bookmark လေးကိုဘယ်လို Export လုပ်ပြီး ဘယ်လို Import ပြန်လုပ်ပေး ရမလဲဆိုတာကိုသိသွားပြီလို့ ထင်ပါတယ်။

Gmail Back Up



ကိုယ့်ပိုင်အကောင့်ဟောင်းလေး တစ်ခုကိုမလွဲမသွေဖျက်ရတော့မယ်ဆိုပါစို့။
အဲဒီအကောင့်ဟောင်းက အီးမေးလ်တွေကို တစ်စောင်ခြင်း အကောင့်သစ်ထဲဖေါ်လ်ဝပ်လုပ်စရာမလိုပဲ မိနစ်ပိုင်း အတွင်း အကောင့်သစ် ထဲ ရောက်သွားအောင် မေးလ်ပြောင်းတဲ့ နည်းလေးပါ။ မသိသေးတဲ့ သူတွေအတွက်ပေးလိုက်ပါတယ်။အသုံးဝင်မှာပါ။

1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။

2. Setting ကို သွားပါ။

3. Account and Import tab ထဲကို ဝင်လိုက်ပါ။

4. Add POP3 email account button ကို click ပါ။

5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ ခြင်းခံရမည့် account)။

6. Next Step ကို click ပါ။

7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင် အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။

8. Add Account ကို click ပါ။

9. Next Step ကို ဆက်သွားပါ။

10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။

11. Send Verification botton ကို click ပါ။

12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု ကျလာပါလိမ့်မယ်။ Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့) span mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။

13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။

တကယ်လို့ မေးလ်တွေ မရချင်တော့ပဲ ပို့လာတဲ့မေးလ်တွေ ရပ်ချင်တယ်ဆိုရင် လည်းရပါသေးတယ်။ အဆင်ပြေကြပါစေ။

key logger စတဲ့ software များနဲ့ခိုးယူလို့မရအောင်..

 

အင်တာနက်ဆိုင်တွေမှာ.. key logger စတဲ့ software များနဲ့ သုံးပြီး ခဏခဏ အကောင့်ခိုးခံရတတ်ပါတယ်။ အဲ့ဒီအန္တရာယ်တွေ ကိုကာကွယ်ဖို့ အတွက်...

ပထမဆုံး..
Run Box ကိုဖွင့်ပါ.. (windows key နဲ့ r ကိုတွဲနှိပ်လည်းရပါတယ်)
ပြီးရင်.. osk လို့ရိုက်ထည့်ပါ။
အဲဒီအခါကျရင်.. screen ပေါ်မှာ keyboard ပေါ်လာပါလိမ့်မယ်။
အဲဒီ keyboard ကို mouse သုံးပြီး... ကိုယ်ရိုက်ထည့်ချင်တာ (user naem, password) ကို
ရိုက်ထည့်ပါ။ 
ဘယ် key logger software နဲ့မှ ဖမ်းလို့မရပါဘူး။

Computer မှ သတိပေးတဲ့ အသံ ထွက်အောင် လုပ်မယ်.....

 
Caps lock ,Numlock , Scroll Lock ကီးများကိုမှားနှိပ်မိရင် ... သတိပေးတဲ့ အသံလေး ထွက်ပြီး မိမိကိုအသိပေးရန်အတွက်

Start > control panel > Accessibility Option
- keyboard tab အောက်မှ use Toggle key ဆိုတဲ့ check box လေးကို click လုပ်ပါ။
- နောက်ပြီး sound Tab အောက်မှ use sound sentry ကို click လုပ်ပါ ..အောက်မှာရှိတဲ့ Choose the visual warning box မှ down arrow လေးကို နှိပ်ပြီး Flash the active window ကိုရွေးပါ။
ပြီးရင်...apply .. ok လုပ်ပါ။

စမ်းကြည့်လို့ရပါပြီ...
Scroll lock .. Numlock .. caps Lock key လေးတွေနှိပ်မိတာနဲ့ အော်တော့ မှာပါ။

အော်တာကို မကြိုက်တော့ရင်တော့ အမှန်ခြစ်လေးတွေကို ပြန်ဖြုတ်လိုက်ရုံပါပဲ။