Windows XP Operating System တွင် Administrator နှင့် Limited ဟူ၍ Account type (2)မျိုးပါရှိပါတယ်။ Administrator Account သည် Computer တစ်ခုလုံးကို လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်နိုင်ပြီး၊ Limited Account များကတော့ အကန့် အသတ်ဖြင့်သာ အသုံးပြု့နိုင်ပါလိမ့်မယ်။ Windows XP Install လုပ် ပြီးသွားတဲ့အခါမှာ Default အနေနဲ့  Administrator နှင့် Guest ဆိုတဲ့ User account (2)ခုကို Create လုပ်ပြီး သားဖြစ်ပါတယ်။
Administrator – Administrator account သည် Windows logon ၀င်ရာတွင် အသုံးပြု့တဲ့ ပထမဆုံး account ပင်ဖြစ်ပါတယ်။ အဲ့ဒီ Account ဖြင့် Logon ၀င်ပြီးမှသာ အခြားသော Account အသစ်များ Create လုပ်ခြင်း၊ System configuration များ ပြင်ဆင်သတ်မှတ်ခြင်းများကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ Administr- ator account ရဲ့ထူးခြားတာကတော့… ၎င်း Administrator account ကို Delete လုပ်ခြင်း၊ အသုံးပြု၍မရ အောင် ပိတ်ထားခြင်း (Disable) တို့ ကို လုပ်ဆောင်၍ မရပါ။ Administrator အမည်အစား တစ်ခြားသော အမည်တတစ်ခုခု ပြောင်းလဲလိုပါက ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
Guest – Guest account သည် Computer မှာကိုယ်ပိုင် Account မရှိတဲ့သူများ Logon ၀င်ရောက် အသုံးပြု နိုင်စေရန်ဖြစ်ပါတယ်။
Buildin Account (Administrator/ Guest) နှစ်မျိုးအပြင် မိမိတို့  အသုံးပြု့လိုတဲ့ အပေါ်မူတည်ပြီး User account များကို Create လုပ်လို့ ရပါတယ်။ Account create လုပ်ရာတွင် Computer management နှင့် Control Panel (2)နေရာတို့ မှာ လုပ်ဆောင်နိုင်ပါတယ်။
" စိတ်တေန နိယတိ လောကေ " လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်၏ ။ { ဒီ Blog လေးကို August 1st ,2009 (Sat) ကစတင်လုပ်ဆောင်ခဲ့ပါတယ်။ }
Showing posts with label Implementing User Account. Show all posts

Monday, September 13, 2010
Saturday, September 11, 2010
Create User Account
User account တွေကို Create လုပ်ရာတွင် Computer Management နှင့် Control Panel တို့ တွင်ပြုလုပ်နိုင် ပါတယ်။
Control Panel တွင် User account ပြုလုပ်ပုံ အဆင့်ဆင့်မှာ….
Statr > Setting > Control Panel ထဲသို့ သွားပါ။
(Run box ထဲမှာ control လို့ ရိုက်ပြီးခေါ်လို့ ရပါတယ်။)
Control Panel Box ကျလာပါလိမ့်မယ်။ အဲ့ဒီမှာ User Account ဆိုတာကို Click နှိပ်လိုက်ပါ။
User Accounts Box ကျလာပါလိမ့်မယ်။ အဲ့ဒီ Box ထဲမှာ….
Change an account
Create a new account
Change the way user log on or off ….. ဆိုပြီး Function (3) ခုပါဝင် ပါတယ်။
အခုပြုလုပ်မှာက User account အသစ်တစ်ခု Create လုပ်မှာဆိုတော့…. Create a new account ဆိုတဲ့ နေရာကို Click နှိပ်ပါ။
အဲ့ဒီအခါမှာတော့… မိမိတို့  ပြုလုပ်ချင်တဲ့ User account ကို name တစ်ခုပေးဖို့ လိုပါတယ်။
Type a name for the new account ဆိုတဲ့ အကွက်ထဲမှာ မိမိတို့ ပေးချင်တဲ့ name တစ်ခုခုကို ရိုက်ထည့်ပေးပါ။
Name ပေး ပြီးရင်တော့ Next ကိုနှိပ်ပြီး ဆက်သွားပါ။
Account Type သတ်မှတ်ပေးရမယ့် အဆင့်ရောက်လာပါလိမ့်မယ်။
အဲ့ဒီမှာတော့… မိမိတို့  အသစ် Create လုပ်တဲ့ User account ကို ဘယ်လို လုပ်ပိုင်ခွင့်တွေပေးထားမလဲ ဆိုတာကိုရွေးပေးရမှာပါ။
ဥပမာ… မိမိတို့  Account ကို Computer Administrator အနေနဲ့ ထားသုံးမလား ၊ Limited အနေနဲ့ ထားသုံးမလားပေါ့။
သတ်မှတ်ပေးပြီး ရင်တော့ Create Account ဆိုတာကို Click နှိပ်ပါ။
အဲ့ဒါဆိုရင်တော့… မိမိတို့  Computer မှာ User Account တစ်ခုတည်ဆောက်ပြီးသွားပါပြီ။
User Account မှာ Password ပေးထားချင်တယ်ဆိုရင်တော့ မိမိတို့ တည်ဆောက်ထားတဲ့
Account မှာ Click နှိပ်ပြီး Password ပေးလို့ ရပါတယ်။
အားလုံးပြီးသွားပြီ ဆိုရင် Computer ကို Logon ပြန်ဝင်ကြည့်လိုက်ပါ။
မိမိတို့ အသစ် Create လုပ်ထားသော User Account နဲ့  Logon သင်ပြီး အသုံးပြုနိုင်ပါပြီ။
မှတ်ချက်။ ။ ပုံတွေကို Upload လုပ်ရတာ အဆင်မပြေလို့  စာသားတွေနဲ့ ပဲ ဖေါ်ပြပေးရတာပါ။

Subscribe to:
Posts (Atom)
-
ဖုန်းလာလို့ ဖုန်းမကိုင်ချင်လျှင် ... သူ့ ဘာသာသူအလိုအလျှောက်ပြန်ဖြေခိုင်းလို့ ရပါတယ်။ မပြောချင်တဲ့ လူဆီကဖုန်းလာရင်ဒီဆော့ဝဲလေးကို အသုံးပြုလို ...
-
My computerWindow:(c:) Right- Click Properties Tools ထဲကနေError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...