Showing posts with label သတင်းပဒေသာ. Show all posts
Showing posts with label သတင်းပဒေသာ. Show all posts

Monday, January 25, 2010

မြန်မာနိုင်ငံတွင် A/H1N1 တုပ်ကွေးကူးစက်ခံရသူ ၅၆ဦးရှိ

မြန်မာနိုင်ငံတွင် A/H1N1တုပ်ကွေး ကူးစက်ခံရသူ (၅၆)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ (၉)ရက်နေ့က ကျန်းမာရေး ၀န်ကြီးဌာနက ယခုနှစ် ဧပြီလမှစကာ ကမ္ဘာနှင့်တ၀ှမ်း ပျံ့နှံ့လာသည့် ကပ်ရောဂါကြီး ကူးစက်ခံရသူ အရေအတွက်ကို (၅၆)ဦးထိ ရှိနေပြီဟု အတည်ပြု ကြေညာသွားသည်။ လူနာ(၅၀)သည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်သော်လည်း ကျန်(၆)ဦးကိုမူ ဆေးရုံတွင် စနစ်တကျ ကြပ်မတ်ကုသမှုများ ပြုလုပ်ပေးနေပြီး အခြေအနေ တိုးတက်ကောင်းမွန်လာကြောင်း သိရသည်။ ၀န်ကြီးဌာန တာဝန်ရှိသူများက ကမ္ဘာကို ခြိမ်းခြောက်နေသည့် ကပ်ရောဂါကြီးကြောင့် နိုင်ငံအတွင်း သေဆုံးသူ လုံးဝမရှိကြောင်း ပြောကြားထားသည်။ မြန်မာနိုင်ငံသည် A/H1N1တုပ်ကွေး ကူးစက်မှုကို ဇွန်လ(၂၇)ရက်နေ့က ပထမဆုံး တွေ့ကြုံခဲ့ပြီး စင်္ကာပူမှ ပြန်လာသည့် (၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးတွင် ရောဂါလက္ခဏာများ တွေ့ရှိသဖြင့် စစ်ဆေးရာမှ ယင်းရောဂါ မြန်မာ့မြေသို့ စတင်ရောက်ရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ မြန်မာ့ကျန်းမာရေး အာဏာပိုင် ပုဂ္ဂိုလ်များသည် A/H1N1တုပ်ကွေး ကူးစက်မှုကို ထိန်းချုပ်ရန် စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြား တိုင်းပြည်မှ ပြန်ရောက်လာသူများကို မှတ်တမ်းပြုစု စောင့်ကြည့်နေသည်။ အစိုးရ ဆေးရုံများနှင့် ကျန်းမာရေး ဌာနများတွင်လည်း တုပ်ကွေးကူးစက်မှု တားဆီးရေး သုတေသန လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ သတင်းများအရ အောက်တိုဘာ (၈)ရက်နေ့အထိ ကမ္ဘာနှင့်တ၀ှမ်း တုပ်ကွေးကူးစက်မှု ခံရသူ အရေအတွက်သည် (၄၇၄၆၅၀)ဦးထိ ရှိလာခဲ့ပြီး သေဆုံးသူ ဦးရေမှာမူ (၅၁၇၇)ဦး ရှိသွားပြီဟု သိရှိရသည်။





Source: XinhuaNet

Saturday, January 2, 2010

Happy Birthday Google !


ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဂူးဂဲကြီး အခုဆို ၁၁ နှစ်မြောက်သွားပါပြီ။ နောင်ကိုလည်း အလကားပေးနေ သော လက်ရှိ ၀န်ဆောင်မှုများကို အမြဲတမ်းပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဂူးဂဲသည်လည်း နောင်နှစ်ပေါင်းများစွာ သားစဉ်မြေးဆက် ကြာရှည်စွာဖြင့် ယခုလို အောင်မြင်မှုကိုဆက်လက် ထိန်းသိမ်းထားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကဲ..မိတ်ဆွေတို့လဲ ချစ်သော ဂူးဂဲကြီး အတွက် ဆုတောင်းပေးကြပါဦး။

အင်တာနက်ပေါ်က မြန်မာဂျာနယ်များ


ဒီပို့စ်က ပြည်တွင်းကလူတွေအတွက် မရည်ရွယ်ပါဘူး။ နိုင်ငံရပ်ခြားဒေသတွေမှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာဂျာနယ်တွေနဲ့ ဝေးနေရတဲ့အခါ အင်တာနက်မှာ ဖတ်နိုင်အောင်လို့ ရှာဖွေစုဆောင်း ပေးထားတာ ဖြစ်ပါ တယ်။ တစ်ချို့ ဂျာနယ်တွေလဲ ကျန်နေပါသေးတယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ ဂျာနယ်တွေက လူဖတ် အများဆုံး ဂျာနယ်တွေဖြစ်တာရယ်၊ ကျွန်တော်ပုံမှန်ဖတ်လေ့ရှိတာရယ်ကြောင့် ဒီလောက်ပဲသိတာပါ။ ပေဖူးလွှာ နဲ့ First Eleven တွေကတော့ ကျွန်တော်အမြဲဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် ပေဖူးလွှာပေါ့။ ငယ်ငယ်တုန်း ကတည်းက ပေဖူးလွှာမှာ (ဦး) ဘထွေးဆွဲတဲ့ ကာတွန်းတွေကို အရမ်းကြိုက်တာကြောင့်ပါ။ သူငယ်ချင်းတို့ နောက်ထပ် အွန်လိုင်းဂျာနယ်တွေကို သိတယ် ဆိုရင် ကော်မန့်မှာ ရေးထားခဲ့ပေးပါ။

http://myanmar.mmtimes.com/ (မြန်မာတိုင်းမ်)
http://paephuhlwarmagazine.asia/ (ပေဖူးလွှာ)
http://facesmagazine.asia/ (မုခ) တည်ဆောက်ဆဲ
http://shweamyutay.com/ (ရွှေအမြုတေ)
http://zaygwet.com/ (ဈေးကွက်ဂျာနယ်)
http://alinkarmusicjournal.com/alinkar/ (အလင်္ကာဂီတဂျာနယ်)
www.themyanmarpost.com (မြန်မာပို့စ်)
http://first-11.com/ ( Eleven Media Group-အားကစားနှင့် နိုင်ငံတကာ)
http://www.snapshot-news.com/ss/ (လျှပ်တပြက် သတင်းဂျာနယ်)
http://yangonmedia.com/news/ (ရန်ကုန်တိုင်းမ်)
http://www.planet.com.mm/7daynews/ (7Day News)
http://www.myanmarinternetjournal.com/ (အင်တာနက် ဂျာနယ်)

Tuesday, August 11, 2009

ညဥ့်အချိန်မတော် ... လှုပ်ခဲ့တဲ့ “ငလျှင်”


ထူးထူးချားချား သတင်းတစ်ခုပါ....

ရန်ကုန်မြို့ _လှိုင်သာယာမြို့နယ် ရဲ့ ညဥ့်အချိန်မတော် လှုပ်သွားတဲ့ ငလျှင်သတင်းပါ...
ဒီကနေ့ မနက်လို့ ပဲပြောရမှာပေါ့....August 11,2009 (Tue)
အချိန်က မနက် 2:40 ( ညဥ့် 2း40 ) လောက်ကပေါ့...
5 မိနစ်လောက်တော့ ကြာမယ်ထင်တယ်...
လူ တော်တော်များများတော့ အိပ်ပျော်နေပြီထင်ပါရဲ့
အဲ့ဒီအချိန်မှာ..ကျနော်ကတော့ Upload လုပ်နေတုန်းပဲ

သတိလေးတွေထားပြီးအိပ်ကြပါ...
ရာသီဥတု နဲ့  သဘာဝဘေးအန္တရာယ် တွေကအချိန်မရွေးကျရောက်နိုင်တယ်နော်...
တော်ကြာ...အိပ်ပျော်နေလို့ ဆိုပြီး
ကျော်မကောင်း...ကြားမကောင်းတွေ ဖြစ်ကုန်မယ်


ဒီဖြစ်ရပ်ကလေးကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရ သူများ...

Wednesday, August 5, 2009

ဟောင်းနွမ်းငွေစက္ကူများကို အသစ်နှင့်လဲလှယ်ပေးမည်


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဟောင်းနွမ်းငွေစက္ကူများအစား အသစ်များ ပြန်လည်လဲလှယ်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ဗဟိုဘဏ်၏ အစီအစဉ်အရ သတ်မှတ်ချက်နှင့် ပြည့်စုံသော ငွေစက္ကူအဟောင်းများကို အသစ်များနှင့် လဲလှယ်ပေးရန် ပြင်ဆင်ထားသည်။ ယခုအစီအစဉ်အရ (၁၀)ကျပ်တန်မှ (၂၀၀)တန် ငွေစက္ကူများကို ရန်ကုန်မြို့ အမှတ်(၁၉၈/၁၉၉)၊ ဗိုလ်ဆွန်ပက်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် လုပ်ငန်းဌာနခွဲ ငွေစက္ကူလဲလှယ်ရေးကောင်တာနှင့် မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲအသီးသီးတွင် သြဂုတ်လ(၃)ရက်နေ့မှ စတင်ကာ လဲလှယ်ပေးသွားမည် ဖြစ်သည်။
ထို့အပြင် ဗဟိုဘဏ်သည် ငွေစက္ကူအသစ်များ ပြန်လည်လဲလှယ်ပေးမည့် စီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ရှိ စည်ပင်သာယာရေး ကော်မတီများရှိ ဈေးဌာနများနှင့် မြို့တွင်းပြေးဆွဲနေသော ဘတ်စ်ကားများအတွက်ပါ စီစဉ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း လည်ပတ်သုံးစွဲနေသော ငွေစက္ကူ အချို့တို့သည် အလွန်ဟောင်းနွမ်းနေပြီး သုံးစွဲရန် မသင့်တော်တော့ကြောင်း ဝေဖန်မှုအချို့ ရှိနေသဖြင့် ယခုစီမံကိန်းကို ပြည်သူအများက လက်ခံကြိုဆိုကြဖွယ် ရှိနေသည်။ ထိုငွေစက္ကူအစုတ်များကို အများဆုံး တွေ့ရသည့် နေရာများမှာ ဘတ်စ်ကားများနှင့် သားငါး၊ ဟင်းသီးဟင်းရွက် ရောင်းချသည့် ဈေးများတွင်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

အင်ဒိုနီးရှားမှ အန္တရာယ်အကြီးဆုံး မီးတောင်

ကမ္ဘာပေါ်တွင် အန္တရာယ် အကြီးဆုံး မီးတောင်တစ်လုံးအဖြစ် တည်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံမှ ကရာကာတိုဝါမီးတောင် တစ်ကျော့ပြန်လှုပ်ရှားပြီး လိမ္မော်ရောင် မီးချော်ရည်များ စီးကျနေသည်ကို အဝေးမှ တွေ့မြင်ရပုံ။

မီးခိုးအူထွက်နေသည့် ချိန်ကိုက်ဗုံးဟု တင်စားခေါ်ဝေါ်ကြသည့် အဆိုပါမီးတောင်သည် အမြင့်ပေ (၁၂၀၀)ကျော်မြင့်ပြီး လွန်ခဲ့သော (၁၂၆)နှစ်ကကဲ့သို့ ကမ္ဘာတစ်ခုလုံး တုန်လှုပ်ခြောက်ခြားစေလောက်သည့် ပေါက်ကွဲမှုကြီးမျိုး နောက်တစ်ကြိမ်
ဖြစ်လာမည်ကိုပညာရှင်များကစိုးရိမ်နေသည်။

ထိုမီးတောင်သည် (၁၈၈၃)ခုနှစ်၊ မေလ(၂၀)ရက်နေ့က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ မြို့ရွာ(၁၆၅)ခု ပျက်စီးပြီး လူပေါင်း(၃၆၀၀၀)ကျော် အသက်ဆုံးရှုံးကာ မီးတောင်ပေါက်ကွဲမှုကြောင့် ရာသီဥတု ဖောက်ပြန်မှုကို (၅)နှစ်မျှ ကြုံတွေ့ခဲ့ရသည်။ ကျွမ်းကျင်သူများက ထိုစဉ်က ပေါက်ကွဲခဲ့သည့် ပြင်းအားသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ပေါ်သို့ အမေရိကန်တို့ ကြဲချခဲ့သည့် နျူကလီးယားဗုံးထက် အဆ(၁၃၀၀၀)ထိ ပိုပြင်းကြောင်း တွက်ချက်ဖော်ပြထားသည်။

ထိုမီးတောင် ပေါက်ကွဲမှုကို ကရာကာတိုဝါကျွန်းနှင့် (၇)မိုင်အကွာမှ ဂျာမန်သင်္ဘော အဲလိဇဘက်က တွေ့ရှိခဲ့ပြီး ချော်ရည်နှင့်ပြာများသည် ကောင်းကင်သို့ (၂)မိုင်မျှအထိ မြင့်မားစွာ ထိုးတက်သွားကြောင်း ကမ္ဘာသို့ အစီရင်ခံခဲ့သည်။ မီးတောင်ပေါက်ကွဲသည့် အသံကို မိုင်(၁၉၀၀)ဝေးသည့် ဩစတြေးလျနိုင်ငံ ပါ့သ်မြို့နှင့် မိုင်ပေါင်း(၄၅၀၀)ကျော်ဝေးသည့် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တို့မှ ကြားခဲ့ရသည်။

(၁၉)ရာစု၏ အဆိုးရွားဆုံး ပေါက်ကွဲခဲ့သော မီးတောင်တစ်ခုဖြစ်သည့် ကရာကာတိုဝါသည် ရာစုနှစ် (၂)ခုကို ကြုံဆုံခဲ့ပြီးနောက် ယခုအခါ ပြန်လည်အသက်ဝင်ကာ ချော်ရည်များ စီးထွက်လျက်ရှိပြီး လိမ္မော်ရောင် တောက်ပသည့် မီးရဲရဲ ကျောက်ရည်ပူများအား အဝေးမှပင် မြင်နိုင်သည်။ မီးတောင်သည် (၂၀၀၇)ခုနှစ်က တစ်ကြိမ်လှုပ်ရှားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ငြိမ်သက်ခဲ့သဖြင့် ကျွန်းသားများက စိုးရိမ်စိတ် လျော့နည်းနေသော်လည်း ယခုအခါ ပြန်လည် အသက်ဝင်လာခဲ့ပြီဖြစ်သည်။

ထိုမီးတောင်သည် မူလက (၂၆၆၇)ပေ မြင့်သော်လည်း မီးတောင်ပေါက်ကွဲစဉ် ပင်လယ်ရေမျက်နှာပြင်အောက်သို့ ပေပေါင်း(၈၂၀) ကျွံဝင်သွားခဲ့သည်။ မှတ်တမ်းများအရ မီးတောင်ပေါက်ကွဲမှုကြောင့် ပေ(၁၃၀)မြင့်သည့် ဆူနာမီ ရေလှိုင်းကြီးများလည်း ပေါ်ပေါက်ခဲ့သေးကြောင်း သိရှိရသည်။