Tuesday, August 25, 2009

အလင်းခါးခါးတွေသေဆုံးတဲ့နေ့


နှင်းခဲညတွေမှာ
ငါကောင်းကင် ကြယ်တွေစုံခဲ့တယ်
လမရှိတော့ပေမယ့် ငါရင်ခွင်လင်းနေတယ်.........။
လာစဉ်တုန်းက
နင့်လက်ထဲက ကိုင်ထားခဲ့တာမီးအိမ်ဝါ
ဒီမီးအိမ်ကို ဘယ်သူညှိပေးခဲ့လဲ။
သုံးရာသီ ရင်ငွေ့မှာ
နင်ရောငါပါ
အတူတူခိုလူံဖို့
မီးအိမ်ညှိနေတုန်း
`ဟုတ်´ ကနဲမီးငြိမ်း
သိမ်းသွင်းလိုက်တဲ့ အမှောင်ထု
လောကတုထဲမှာ......နင်ရောငါပါ
သေဆုံးခဲ့ကြပြီပဲ......။
`သွားတော့´ လို့နင်တွန်းပို့
တွန့်ဆုတ်နေတဲ့ ခြေလှမ်းနာ
`နောက်လှည့်မကြည့်တမ်းနော်´ တဲ့
လက်သီဆုပ်ထားတဲ့ နင့်မျက်ဝန်း
အံကြိတ်ထားတဲ့ငါအပြုံး
တောင်ကုန်းတစ်ခုမှာ.......
အားလုံးမြုတ်နှံလိုက်ပြီ။ ။

“Mail ထဲကရတဲ့... ကဗျာလေးပါ။”

No comments: