Thursday, December 3, 2009
“ နတ်သမီးအတွက် ကဗျာ ”
Find more photos like this on myanmarITpro.com
မိုင်တွေမိုင်တွေ
ငါတို့ကြားမှာ
မိုင်တွေဝေးကြပေါ့ ခလေးရေ..။
ထိမ်းထိမ်းသိမ်းသိမ်းလေး
ငါ့မှာကြေကွဲနေရ
သိုသိုသိပ်သိပ်လေး
ငါ့မှာနာကျင်နေရ
တို့ တွေ ခြားနားခဲ့ကြတယ်...။
အချစ်ဆိုတာလိုက်ရင်ပြေးတယ်
အချစ်ဆိုတာပြေးရင်လိုက်တယ်
ငါ့်ကိုချစ်လို့များ ထွက်ပြေးနေရော့။
လွမ်းနေတာတွေ ချရေးလိုက်ဖို့
ဒီကဗျာကို စတင်ခဲ့တယ်။
မင်းမဖတ်ပေမယ့်
ဒါကို ငါစပ်တယ်...။
စောင့်မျှော်ခြင်းတွေသာ
မီးကျွမ်းလု
လည်ပင်းထိဝါးမျိုထားတဲ့အလွမ်းနဲ့
အအိပ်ပျက် ကျွံကျနေတဲ့မျက်တွင်းတစ်စုံနဲ့
ရောက်မလာတဲ့ရထားကို
ရပ်စောင့်မိတဲ့ သူရှုးတစ်ယေက်လို
နာရီတွေကိုအတိုင်းသား ငေးမောကြည့်နေရ။
ဟော့ဒီ့သတင်းခေတ်ကြီးထဲ
ငါတို့ဝေးနေကြတာအံ့သြစရာ...။
တို့နှစ်ယောက်ကြားမှာမှ ကမ္ဘာကြီးကလာခြားနား
အရပ်ရှစ်မျက်နှာ
ဆက်သွယ်ရေးကွန်ယက်တွေကြား
အလွမ်းကို ဆိုမြည်တမ်းတလိုက်ဖို့
ဖုန်းနံပါတ်ကလေး တစ်ခုတစ်လေ
ဘာလို့ မရှိခဲ့တာလဲ...။
Subscribe to:
Post Comments (Atom)
-
My computerWindow:(c:) Right- Click Properties Tools ထဲကနေError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...
-
English Speaking Practice For Beginners
No comments:
Post a Comment