ငါ့ရင်ဘတ် ဘယ်ဘက် အခြမ်းကအခန်း
မွေးကတည်းက ကန်ရေပြင်အလား
ငြိမ်သက်စွာနဲ့ စီးချက် မှန်မှန်
ရှိနေ ခဲ့တာ
နင်နဲ့မတွေ့ခင် အချိန်ကအထိပေါ့
သူ့အ လုပ် သူ့လုပ် လို့ ..တကယ်ပါ....ငါလေ...
ဂရုတောင် မစိုက်မိ ဘူး.........။
........................
အဲ့ဒီတနေ့ ကပေါ့
ရီဝေဝေ မျက်လုံးလှလှ
ပြုံးချိုချို နှုတ်ခမ်းပါးနဲ့
ရှတတ စကားသံ ကြောင့်
ငါ့ရင် ဘတ် ဘယ် ဘက်အခြမ်းကအခန်း
ရုတ်တရက် နဲ့ရှူပ်ရှက်ခတ် သွား
စီး ချက် တွေ ပျောက် ပြီး
တီးချက် တွေမှောက်လို့
တဒိတ်ဒိတ် ဆူညံ ငါ့ရင်ခုန်သံ ငါပြန်ကြားတယ်
ပိတ် မထားပေမဲ့
မဖွင့် ခဲ့တဲ့ ငါ့ အခန်း
နင့် ခလုတ် တချက်မှာ လုံးဝ ပွင့်သွားခဲ့ တာ....
...............................
ငါ့ရင်ဘတ် ဘယ်ဘက် အခြမ်းအခန်း
နင်ရောက်လာတော့ နင်လျှောက်သွား
ငါ့အတွေး အားလုံး ကိုထိန်းချုပ် ဆင်ခြင်ညဏ်ကင်းမဲ့လို့
စေညွန်ရာဖြစ်စေခဲ့တာ
နင် ဟာ တကယ် Virus တစ်ကောင်ပါလား
....................................
ငါ့ရင်ဘတ် ဘယ်ဘက် အခြမ်းအခန်း
နင်ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်
ငါ့အခန်း တံခါးလည်း တကျွိုကျွိုနဲ့
အင်အားချိနဲ့နေပြီ
ငါ့စိတ်တွေ ကမောက်ကမနဲ့.
ငါလေ.
နင့် နောက်က တ ကောက်ကောက်လိုက်လို့ပါလား
...................................
ငါ့ရင်ဘတ် ဘယ်ဘက် အခြမ်းအခန်း
နင် ကြမ်းချင် တိုင် ကြမ်း
ရမ်းချင် တိုင်း ရမ်း ပြီး
ငါ့ နှလုံး သွေး နင် သောက်လို့
ငါ့ ဦးနှောက် ကိုဖောက် ဖျက်ခဲ့ပါလား
နင်ကစား လို့ ဝ
နင်အားရ တော့
''အချစ်'' နင်ကလေ
ငါ့ ရင်ကို စုန်ကန် ခုန်ပျံ လို့
ထွက်ပြေး
ခုတလော ငါ လေ
ငါ့ရင်ဘတ် ဘယ်ဘက်အ ခြမ်းအခန်း
ငါ့အ ခန်း လေ
တ ဆစ်ဆစ် နဲ့ လွမ်းနေရ ပါလား.....။
" စိတ်တေန နိယတိ လောကေ " လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်၏ ။ { ဒီ Blog လေးကို August 1st ,2009 (Sat) ကစတင်လုပ်ဆောင်ခဲ့ပါတယ်။ }
Tuesday, December 1, 2009
''နင်မွှေနှောက်သွားတဲ့..ငါ့ရင်ဘတ် ဘယ်ဘက်အခြမ်းအခန်း''
Subscribe to:
Post Comments (Atom)
-
ဖုန်းလာလို့ ဖုန်းမကိုင်ချင်လျှင် ... သူ့ ဘာသာသူအလိုအလျှောက်ပြန်ဖြေခိုင်းလို့ ရပါတယ်။ မပြောချင်တဲ့ လူဆီကဖုန်းလာရင်ဒီဆော့ဝဲလေးကို အသုံးပြုလို ...
-
My computerWindow:(c:) Right- Click Properties Tools ထဲကနေError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...
No comments:
Post a Comment