
တိမ်လွှာဂမူပေါ်တွင်
ပုံရိပ်ဖြူဖြူထင်
ကျွန်နုပ်၏ ချစ်လှစွာသော . . . သင်
နားစည်လွှာပေါ်တွင်
ချိုမြမြတုန်ခါစေသော အသံရှင်
ကျွန်နုပ်၏ ချစ်လှစွာသော . . . သင်
နှုတ်ခမ်းလွှာပေါ်တွင်
စွဲမြဲနေသော နာမည်ရှင်
ကျွန်နုပ်၏ ချစ်လှစွာသော . . . သင်
အချိန်တိုင်းတွင်
စိုးမိုးနေသော အာရုံရှင်
ကျွန်နုပ်၏ ချစ်လှစွာသော . . . သင်
No comments:
Post a Comment