ADSL Connection မှာ မရှိမဖြစ်လိုအပ်တဲ့ ADSL Modem အကြောင်းနဲ့ VoIP လို့ခေါ်တဲ့ ဖုန်းလိုင်းအကြောင်းလေး နည်းနည်းလေ့လာရအောင်။
ADSL (Asymmetric Digital Subscriber Line) Modem နဲ့ VoIp (Voice over Internet Protocol)
ADSL Modem ဆိုပြီးတော့ မြန်မာနိုင်ငံမှာ အသုံးပြုနေကြတဲ့အမျိုးအစား တော်တော်များများ ရှိပါတယ်။ ADSL Modem ကို စတင်ပြီးတော့ အလုပ်လုပ်မခိုင်းခင် (installation မလုပ်ခင်၊ မသုံးခင်) ဆိုင်မှာပဲဖြစ်ဖြစ်၊ မိမိတို့ Connection ယူမယ့် network မှာပဲဖြစ်ဖြစ် စမ်းသပ်ပြီးတော့ Modem နဲ့ Network နှစ်ခုလုံး ကိုက်ညီပြီးတော့ အလုပ်လုပ်နိုင်တယ်ဆိုမှဝယ်သင့်ပါတယ်။ Modem ကော၊ Network ကော နှစ်ခုလုံး အသုံးပြုနိုင်ဖို့အတွက် အဓိက စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။ မဟုတ်ရင် Modem နဲ့ Network မကိုက်ညီမှုကြောင့် အသုံးပြုဖို့ အဆင်ပြေမှာမဟုတ်ပါဘူး။ အဲဒီအခါကျရင် Modem ဖိုးသပ်သပ်ကုန်မှာဖြစ်တာကြောင့် စစ်းသပ်စစ်ဆေးဖို့လိုပါတယ်။ Modem နဲ့ Network ကိုက်ညီမှုအတွက် စစ်ဆေးမယ်ဆိုရင်လဲ လာထား ပိုက်ဆံပါပဲ။ စမ်းသပ်ခသဘောမျိုး ငွေပေးဆောင်ရမှာဖြစ်ပါတယ်။ အရင်ကဆိုရင်တော့ Bagan Net မှာပဲ သူတို့ရောင်းတဲ့ Modem ကိုဝယ်ပြီးတော့ သူတို့ဆီမှာပဲ Configuration လုပ်ရပါတယ်။ အပြင်က ၀ယ်ယူအသုံးပြုတဲ့ Modem တွေကို Bagan Net က Configuration မလုပ်ပေးပါဘူး။ အခုနောက်ပိုင်းမှသာ အခြားNetworking Company တွေကလဲ Modem တွေနဲ့ ပတ်သက်ပြီးတော့ Services တွေလုပ်ပြီးတော့ရောင်းချနေတာတွေရှိပါတယ်။ ADSL Modem တွေမှာ data transfer rate ကို အများဆုံး 1000Mbps (1Gbps) လောက်ထိကို transfer လုပ်နိုင်တဲ့ Modem အမျိုးအစားတွေရှိပါတယ်။ Dial Up ရဲ့ External and Internal Modem တို့ရဲ့ 56Kbps နဲ့ ယှဉ်ရင် အဆမတန် ကွာခြားလွန်တဲ့အတွက် အင်တာနက်ကို ချိတ်ဆက်ဖို့အတွက် အလွန်လျင်မြန်တဲ့ Modem အမျိုးအစားတွေဖြစ်ပါတယ်။ Modem ရဲ့ Speed rate ကို တယ်လီဖုန်းလိုင်း (Copper Wire Line) နဲ့ဆက်သွယ်ပြီး အသုံးပြု ထားရတာဖြစ်လို့ ဖုန်းအိတ်ချိန်းရဲ့အကွာအဝေးပေါ်မူတည်ပြီးတော့ Modem Speed ကလဲ အမြန်နှုန်းကတော့ အနည်းငယ်ကွာခြားမှုရှိပြီးတော့ မြန်တယ်၊ နည်းနည်းနှေးတယ် ဆိုပြီးတော့ ဖြစ်ပေါ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အသုံးများနေတဲ့ Modem အမျိုးအစားကတော့ လူတိုင်းနှင့်ရင်းနှီးပြီးသား Linsys ADSL Modem အမျိုးအစားပဲဖြစ်ပါတယ်။
ADSL Modem တွေမှာ VoIP Services အတွက်လဲထည့်သွင်းအသုံးပြုနိုင်တဲ့ Adapter တွေပါပါတယ်။ VoIP Services ကိုလဲ ADSL Connection လျှောက်တဲ့အခါမှာ ထည့်သွင်းလျှောက်ထားနိုင်ပါတယ်။ VoIP ဖုန်းဆိုတာကတော့ အရင်က Broadband Wireless Connection အမျိုးအစားတွေမှာလဲ ကြားဘူးမှာဖြစ်ပါတယ်။ VoIPဖုန်းကဘာလဲဆိုတော့ အလွယ်ဆုံးမှတ်ထားလို့ရအောင်ဆိုရင်တော့ အခုအသုံးပြုနေတဲ့ဖုန်းအပြင် နောက်ထပ် ဖုန်းတစ်လုံး သို့ နှစ်လုံးလောက်ကို တပြိုင်နက်တည်း Internet Connection လိုင်းပေါ်မှာ ဖုန်းအသုံးပြုကို ခေါ်တာဖြစ်ပါတယ်။ အသံတွေကို IP Protcol (အင်တာနက်လိုင်း) ပေါ်မှာ အသုံးနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ VoIP Phone ကိုလဲ Connection လိုင်းတစ်လိုင်းမှာ တစ်လုံး သို့ နှစ်လုံးအထိ လျှောက်ထားနိုင်ပါတယ်။ VoIP ဖုန်း ရဲ့ ကောင်းတဲ့အချက်ကတော့ Copper Wire ဖုန်းလိုင်း ပျက်သွားရင်တောင် VoIP ဖုန်းကို အသုံးပြုနေနိုင်တာဖြစ်ပါတယ်။ အဲဒီလောက်ဆို VoIP phone ကြောင်း အနည်းငယ်သိလောက်ပြီးလို့ထင်ပါတယ်။
ADSL Connection လိုင်းအမျိုးအစားလျှောက်ထားမှုကိုတော့ မိမိတို့ကြိုက်နှစ်သက်ရာ Connection လိုင်းကို ယူချင်တဲ့ Bandwith အလိုက် လျှောက်ထားနိုင်ပါတယ်။ မိမိတို့တစ်ယောက်တည်း အသုံးပြုမယ်ဆိုရင်တော့ 256 K bps လောက်လျှောက်သင့်ပါတယ်။ Cyber café တွေမှာ အသုံးပြုမယ်ဆိုရင်တော့ 512Kbps ကနေ မြင့်တာတွေလျှောက်ထားနိုင်ပါတယ်။ ADSL Broadband Connection Service အနေနဲ့ Class (၅)မျိုးရှိပြီးတော့ Speed ကိုလဲ 256Kbps ကနေစတင်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ နှစ်စဉ်ကြေး၊ လစဉ်ကြေး နှင့် ကနဦးတပ်ဆင်ခ ဆိုပြီးတော့ အနည်းဆုံး FEC 30 ကနေ အများဆုံး FEC 200 (နှစ်စဉ်ကြေးနဲ့လစဉ်ကြေး)၊ ရှိပါတယ်။ Installation Fees အတွက်ကတော့ FEC 1500 ကုန်ကျမှာဖြစ်ပါတယ်။
ADSL Connection ရဲ့ အားသာချက်၊ အားနည်းချက်ကို မကြည့်တော့ဘဲနဲ့ သူ့ဆီကရနိုင်တဲ့ အကျိုးကျေးဇူးတွေကိုပဲ ကြည့်ပြီးတော့ Connection တပ်ဆင်မယ်ဆိုရင် အသုံးပြုသင့်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ Internet Connection ကို Always on Connection အမျိုးအစားဖြစ်လို့ ကောင်းတာလဲရှိနိုင်သလို၊ မကောင်းတာလဲ အနည်းငယ်ရှိနိုင်တာလေးတွေရှိပါတယ်။ ကောင်းတယ်ဆိုတာ ကတော့ အမြဲတမ်း အချိန်မရွေးအသုံးပြုနိုင်တယ်။ အင်တာနက်ကို Dialing လုပ်စရာမလိုဘဲအသုံးပြုနိုင်တယ်။ ဖုန်းလိုင်းမရှိလဲ ဖုန်းလိုင်းနဲ့ တစ်ခါတည်းလျှောက်ထားပြီးတော့အသုံးပြုနိုင်တယ်။ ဖုန်းလိုင်းသုံးနေချိန်မှာလဲ အင်တာနက်ကို တစ်ခါတည်းနဲ့ နှစ်ခုတပြိုင်တည်း အသုံးပြုနိုင်တယ်။ အခြား အင်တာနက်ဖုန်း VoIP ဖုန်းကိုလဲ အသုံးပြုနိုင်တယ်။ အင်တာနက် Connection Speed ကလဲမြန်တယ်။ အဲဒီအချက်တွေက ADSL Connection ရဲ့ကောင်းမွန်တဲ့အချက်တွေပါ။ မကောင်းတာကတော့ Internet Connection ဟာ Always on Connection ဖြစ်လို့ အခြားအနှောင့်အယှက်တွေရှိနိုင်ပါ။ ဒါကလဲ မြန်မာနိုင်ငံအတွက်ဆိုရင်တော့အနည်းငယ် စိတ်မပူလဲရပါတယ်။ ADSL Connection အသုံးမည့်သူများနဲ့အသုံးပြုနေတဲ့သူများအားလုံး အဆင်ပြေပါစေခင်ဗျာ။
ISP ကနေ Phone; Modem တို့ကိုအသုံးပြုပြီးတော့ ADSL Broadband Connection ကို ရုံးတွေမှာ အသုံးများပါတယ်။ Cyber café အချို့မှာလဲ Server တွေထားပြီးတော့သုံးကြပါတယ်။
ADSL Connection ကို Modem နဲ့ဖုန်းလိုင်း တို့ကိုအသုံးပြုပြီးတော့ Connection ချိတ်ဆက်ထားတာဟာ_ ဖုန်းအိတ်ချိန်းမှာ DSLAM လို့ခေါ်တဲ့ (Digital Subsciber Line Access Multiplexer Device) ကို အသုံးပြုပြီးတော့ Modem ကနေ Gateway၊ Gateway ကနေ Switch တွေ၊ Router တွေအသုံးပြုပြီးတော့ ကွန်ပြူတာတွေနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်။ DSLAM ဟာဆိုရင် တယ်လီဖုန်းလိုင်းထဲမှာ Speed အမြန်ဆုံး Frequency ဖြင့်လာတဲ့ Signal တွေကို ခွဲထုတ်ပြီးတော့ ADSL Modem ကိုချိတ်ဆက် ဖို့အတွက် လုပ်ဆောင်ချက်ကိုလုပ်ဆောင်ပေးနိုင်တဲ့ Device အမျိုးအစားဖြစ်ပါတယ်။
ADSL Connection လိုမျိုးဘဲ နောက်ထပ် DSL Connection အမျိုးအစားတွေထဲမှာ Upload/ Download Speed တူတာတွေရှိပါသေးတယ်။ အဲဒါတွေကတော့ SDSL (Single line Digital Subscriber Line) နဲ့ HDSL (High bit data rate Digital Subscriber Line) ဆိုပြီး တော့ အဲဒီနှစ်မျိုးလဲရှိပါတယ်။ ဗဟုသုတအနေနဲ့ DSL ရှေ့ကအသုံးပြုလေ့ရှိတတ်တဲ့ (A; S; H) အကြောင်းလေးကိုပြောပြထားတာဖြစ်ပါတယ်။
အားလုံးအဆင်ပြေနိုင်ကြပါစေ ။
No comments:
Post a Comment