Saturday, May 26, 2012

MyPictureView

 
ပုံတွေ ၊ ဓာတ်ပုံတွေကို ကြည့်လို့ရတဲ့ နိုင်ငံခြား ဆော့ဝဲလ် များစွားရှိကြပါတယ်။ ဒါလေးကတော့ ပြည်တွင်းဖြစ် ဆော့ဝဲလ်သေးသေးလေးပါ။ တခြား ဆော့ဝဲလ်တွေလောက်လဲ အဆင့်မမြင့်ပါဘူး။ Install လဲလုပ်စရာမလိုပါဘူး၊ တန်းဖွင့်ရုံလေးပါဘဲ။
ဖိုင်ဖွင့်လိုက်တာနဲ့ F1 key နှိပ်ပြီး Help Menu ကို ကြည့်နိုင်ပါတယ်။ြ
ပူံးပြနေတဲ့ အ၀ါရောင်အရုပ်မျက်နှာလေးပေါ်မှာလဲ ကလစ်နှိပ်ပြီး ကြည့်နိုင်ပါတယ်။ keyboard က “O” အိုကို နှိပ်လိုက်တာနဲ့ ပုံတွေကို ကြည့်ဖို့ စတင်ရွေးလို့ရပါပြီ။
ပါဝင်တဲ့အရာတွေကတော့ ZoomIn,ZoomOut ပါဝင်ပါတယ်။
ပုံတွေကို အထက်အောက်ဘေးဘယ်ညာ ရွှေ့လို့ရအောင် command buttons တွေပါဝင်ပါတယ်။
slide show ကြည့်လို့ရအောင် 10 seconds ထိပေးထားပါတယ်။
shortcut key တွေနဲ့လဲ သုံးလို့ရအောင်လုပ်ထားပါတယ်။ Full screen, side show လုပ်ထားတဲ့အချိန်မှာတော့ shortcut key တွေနဲ့ သုံးလို့ရပါတယ်။
ကျန်တဲ့အချိန်မှာတော့ command buttons တွေနဲ့ဘဲ သုံးလို့ရမှာပါ။
ချို့ယွင်းချက် ၊ အားနည်းချက်တွေကတော့ တော်တော်များများရှိပါတယ်၊
တခြားဆော့ဝဲလ်တွေလို ပုံကိုချုံပြီးမပြပါဘူး၊ ပုံရဲ့ ဆိုဒ်ကို အရှိကိုအရှိအတိုင်းပြပါလိမ့်မယ်၊ ZoomIn,ZoomOut လုပ်ပြီး ကြည့်နိုင်ပါတယ်။

                                   Download Here


No comments:

OCCT Personal v17.1.7 <<< Download

OCCT, the free PC stability and stress testing software, available for PC and Linux systems. OCCT is free for personal use. Key Feature...