သမ္ဗုဒ္ဓေ အဌဝီသဉ္စ
ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ
နမာမိ သိရသာမဟံ။
{နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ တစ်သောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ ငါးသိန်းကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။}
အပ္ပကာ ဝါဠုကာ ဂင်္ဂါ
အနနာ္တ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာမဟံ။
{ဂင်္ဂါမြစ်အတွင်းမှာရှိကြသော သဲလုံးတို့က နည်းကြပါသေး၏။ ပရိနိဗ္ဗာန်ပြုသွားကြသော ဘုရားရှင်တို့ကား ရေ တွက်ပိုင်းခြား၍ပင် မရနိုင်ပါ။ ထိုများပြားလှသော ဘုရားရှင်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တရားတော်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တပည့်သံဃာတော်များကိုလည်းကောင်း အကျွန်ုပ် သည် ရိုသေစွာရှိခိုးပါ၏။}
နမက္ကရာ နုဘာဝေန
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ
ဝိနဿန္တု အသေသတော။
{ဤသို့ ရှိခိုးပူဇော်ရသော ကုသိုလ်ကံစေတနာတို့ကြောင့် ခပ်သိမ်းသော ဘေးရန်တို့ကို ပယ်ဖျောက်ပြီး တစ်ပါးမက များပြားလှသည့် အန္တရာယ်ဟူသမျှတို့သည် အကြွင်းအကျန်မရှိ ကြွင်းမဲ့ဥဿုံ ကင်းပျောက်ပါစေကုန်သတည်း။}
သမ္ဗုဒ္ဓေဂါထာတော် ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ အတော်ပဲ အကျွမ်းတဝင်ရှိပါတယ်။ မိရိုးဖလာ ဗုဒ္ဓ ဘာသာ တို့ ရဲ့ လမ်းစဉ်အတိုင်း အဓိပ္ပါယ်မသိပေမဲ့ ယုံယုံကြည်ကြည်ရွတ်ဆိုခဲ့ ပါတယ်။ ရွတ်ဆိုသလောက်လည်း အကျိုးများပါတယ်။ ဒါပေမယ့် အဓိပ္ပါယ်ကိုသိရင် မိမိရွတ်ဆို ပွားများမှုများဟာ ပိုမို အကျိုးရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သိရှိမှတ်သားထားတဲ့ သမ္ဗုဒ္ဓေဂါထာတော်ရဲ့ အနက်အဓိပ္ပါယ်ကို ဖြန့်ဝေပေးလိုက်ပါတယ်။
No comments:
Post a Comment