အခုနောက်ပိုင်း social network တစ်ချို့နဲ့ website တစ်ချို့မှာ font တွေကို unicode ပြောင်းသွားလို့ စာဖတ်ရတာအဆင်မပြေဖြစ်သွားတယ်။
Unicode to Zawgyi ပြောင်းဖို့ အောက်က စာလေးတွေကို Bookmark bar မှာ new bookmark ယူပြီး location မှာ ထည့်ပေးပါ။
Name ကိုတော့ Unicode to Zawgyi လို့ပေးလိုက်ပါ။ Bookmark bar မှာ add ထားပါ။
javascript:(function(){var%20s=document.createElement(‘script’);s.setAttribute(‘src’,'http://sawsan.googlecode.com/files/uni512zg1.js’);document.getElementsByTagName(‘body’)[0].appendChild(s);})();
Zawgyi To Unicode ပြောင်းဖို့က အောက်က စာလေးတွေကို Bookmark bar မှာ new bookmark ယူပြီး location မှာ ထည့်ပေးပါ။
Name ကိုတော့ Zawgyi To Unicode လို့ပေးလိုက်ပါ။ bookmark bar မှာ add ထားပါ။
javascript:(function(){var%20s=document.createElement(‘script’);s.setAttribute(‘src’,'http://sawsan.googlecode.com/files/zg12uni51.js’);document.getElementsByTagName(‘body’)[0].appendChild(s);})();
unicode ပြောင်းသုံးတဲ့ site တွေကိုတွေ့ရင် အဲ့ဒီ bookmark bar က Unicode To Zawgyi ဆိုတာလေးကို နှိပ်ပေးရုံပါပဲ။ အဲ့ဒါဆိုရင် ကိုယ်စက်မှာ သုံးထားတဲ့ zawgyi font ကို အလိုလိုပြောင်းသွားပြီး စာဖတ်ရအဆင်ပြေသွားပါမယ်။ ကိုယ်စက်က Unicode သုံးနေပြီး webpage က zawgyi သုံးထားရင် Zawgyi To Unicode ကိုနှိပ်လိုက်ရင် ရပါတယ်။
အများအားဖြင့် သုံးကြတာ zawgyi ဖြစ်မယ်ထင်ပါတယ်။
ဒီ font converter တွေနဲ့ ပါတ်သတ်လို့ စုံစုံလင်လင် လိုချင်ရင် သုံးချင်ရင်တော့....
http://bookmarklet.saturngod.net/ မှာ ယူသုံးနိုင်ပါတယ်ခင်ဗျာ။
ဘာမှန်းမသိလို့ နမူနာအနေနဲ့ကြည့်ချင်ရင် http://www.myanmaritpro.com/ ဒီကို တစ်ချက်လောက်သွားကြည့်လိုက်ပါ။
ကျနော်တို့ သုံးထား zawgyi ဆိုရင် font တွေက စာဖတ်လို့မရပါဘူး unicode ပြောင်းထားလို့ပါ။ အပေါ်က ရေးထားသလို ကျနော်တို့ သုံးနေတဲ့ zawgyi ကိုပြောင်းမှ စာဖတ်လို့ အဆင်ပြေသွားပါတယ်။ နောက်ပိုင်းတော့ unicode ပြောင်းသုံးတဲ့ site တွေကလည်း အားလုံး ဖတ်လို့အဆင်ပြေအောင်လုပ်သွားမယ်ထင်ပါတယ် အခုလို လုပ်စရာမလိုလောက်ဘူးထင်ပါတယ်။ လောလောဆယ်တော့ font ပြောင်းဖတ်မှ အဆင်ပြေပါတယ်။
အဆင်ပြေပါစေ..
" စိတ်တေန နိယတိ လောကေ " လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်၏ ။ { ဒီ Blog လေးကို August 1st ,2009 (Sat) ကစတင်လုပ်ဆောင်ခဲ့ပါတယ်။ }
Thursday, May 5, 2011
Unicode Keyboard Icon လေးပျောက်နေရင်...။
လူသိများတာက Zawgyi Keyboard ပေါ့ ..
Start bar မှာ R-Click >> Toolbars >> Language bar ကို အမှန်ခြစ်ရွှေးထားသော်လည်း ကီးဘုတ်လေးကမပေါ်။
Shift+Ctrl ကိုတွဲနှိပ်ပြီး စာရိုက်ကြည့်တော့လည်းမရ။
မြန်မာလိုတော့ ဖက်လို့ရတယ် ရေးလို့မရ၊ ပြောင်းလို့မရဖြစ်နေတာက။
ှSystem Configuration Utility box မှာ Startup Item ထဲက ctfmon ဆိုတဲ့ Item ကို အမှန်ခြစ်ဖြုတ်ထားမိပြီး restart ချထားလို့။
တစ်ချို့က Window အတက်မြန်အောင်ဆိုပြီး System Configuration Utility box မှာ Startup Item တွေကို ဖြုတ်ပစ်ရင်းနဲ့ပါသွားတာ။
ဒါမှာမဟုတ်..
Speed Up program တစ်ခုခုနဲ့ Registry ကို Defragment လုပ်လိုက်ရင်လည်း Startup Item တွေကို Auto ဖြုတ်လိုက်တော့ပါသွားတယ်။
Unicode Keyboard Icon လေးပြန်ပေါ်ဖို့ကတော့....
Start >> Run >> အဲ့ဒီ Run box ထဲမှာ msconfig လို့ ရိုက်ပြီး OK ပေးလိုက်ပြီး
System Configuration Utility box မှာ Startup Item ထဲက ctfmon ဆိုတဲ့ Item ကို အမှန်ခြစ်ပြန်ပေးပြီး၊
Restart ပြန်ချလိုက်ရင်ရပါတယ်။
နောက်တစ်နည်းက
Start >> Control Panel
(or)
Start >> Run >> Run box မှာ control လို့ရိုက်လိုက်ပါ။
Control Panel ထဲက က Regional and Language Options >> Languages >> Details >> Advanced ထဲက
Turn off advanced text services မှာ အမှန်ခြစ်လေးကိုဖြုတ်ပြီး
OK >> OKအဲ့ဒါဆိုရပြီ။

လောကဓံ (၈)ပါး
လောကဓံ (၈)ပါး
လောကဓံ (၈)ပါးဆိုတာက တကယ်တော့ဆန့်ကျင်ဘက် (၄)ခုစီ ပေါင်းထားတာပါ။
>တည်ငြိမ်ရင့်ကျက်ပြီး လောကဓံကို ခံနိုင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်….
၁။ ပစ္စည်းဥစ္စာတွေ ရရှိနေလည်း ————- မာန်မတတ်သင့်ဘူး။
၂။ ပစ္စည်းဥစ္စာတွေ မရရင်လည်း ————- စိတ်မဆင်းရဲသင့်ဘူး။
၃။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ ရှိနေလည်း ———— သိပ်ပျော်စရာလို့ မမြင်သင့်ဘူး။
၎။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ မရှိလည်း ———– ခပ်အေးအေးပဲနေတက်ရမယ်။
၅။ ချီးမွမ်းခံရလို့လည်း ———— ၀မ်းမြောက်ဝမ်းသာမဖြစ်သင့်ဘူး။
၆။ ကဲ့ရဲ့ ခံရလို့လည်း ————– ဒေါသမဖြစ်သင့်ဘူး။
၇။ ဆင်းရဲခြင်းကြုံတွေ့ရလည်း ————- ကြံကြံခံနိုင်ရမယ်။
၈။ ချမ်းသာခြင်းကို ကြုံတွေ့ရလည်း ———— ထောင်လွှားမာန်တက်ခြင်းမဖြစ်သင့်ဘူး။
လူ့သဘာဝကတော့ ပျော်စရာရှိရင်ပျော်လိုက်တယ်၊ ၀မ်းနည်းစရာရှိရင် ၀မ်းနည်းနေမယ်။ ... ဒါပါပဲ။ ဒါပေမယ့် ဘာကိုမှ လွန်လွန်ကြူးကြူးမဖြစ်ဖို့နဲ့၊ ပျော်စရာ၊ ၀မ်းနည်းစရာတွေကြုံတွေ့လာရတဲ့အခါ၊ ပျော်ရွှင်မှုတွေနဲ့ ကိုယ်လိုချင်တာတွေဖြစ်နေတုန်းမှာလည်း ဒါတွေဟာ လောကဓံလို သတိလေးထားပြီး သိပေးလိုက်ရင်…….
စိတ်ညစ်စရာတွေ၊ ၀မ်းနည်းစရာတွေ၊ ကိုယ်ဖြစ်ချင်တာတွေမဖြစ်လာတဲ့အခါ ခံစားရတာ နည်းနည်းသက်သာတာပေါ့….

“ငါ သေခဲ့မယ်ဆိုရင်....”
၁။ သေမင်းနှင့် ငါဟာ
ချိန်းထားတာ မဟုတ်လေတော့
အကြောင်းကြောင်းတွေကြောင့်
ခုနေများ—–တကယ်လို့
ငါ သေခဲ့မယ်ဆိုရင်
ငါ့ကိုတမ်းတပြီး
ငိုမယ့်လူဆိုတာလဲ
တယောက်မှ ရှိလိမ့်မယ် မဟုတ်ပါဘူး။
၂။ အသေစောလှချည်ရဲ့—ဆိုပြီး
ဝမ်းနဲပက်လက်နဲ့
အထက်မိုးကောင်းကင်ထိ
မြည်ဟီးတုန်လှုပ်သွားရအောင်
ပူဆွေးသောကတွေကို
တံပိုးခရာလုပ်ပြီး မှုတ်မဲ့လူဆိုတာလဲ
တယောက်မှ ရှိလိမ့်မယ် မဟုတ်ပါဘူး။
၃။ သေသွားတဲ့ ငါ့မှာလည်း
ငိုယိုပြီး တမ်းတနိုင်လောက်တဲ့
လွမ်းလောက်တဲ့ အရည်အချင်းတွေ
လုပ်ဆောင်ချက်တွေ ဆိုတာလဲ
လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်
မယ်မယ်ရရ ဘာမှ မရှိလှပါဘူး။
၎။ ငါကိုယ်တိုင်ကလဲ
ငါသေရင် ငိုယိုတမ်းတမယ့်သူတွေကို
မမျှောင်လင့်ပါဘူး
ငါသေသွားလို့
ဝမ်းနည်းပက်လက်နဲ့
ပူဆွေးသောကရောက်နေမယ့်သူတွေ
လုံးဝ မရှိစေချင်ပါဘူး။
၅။ သေသွားမှ လာငိုတဲ့အလုပ်
ဝမ်းနည်းပက်လက်နဲ့
ပူဆွေးသောကရောက်ရတဲ့ အလုပ်တွေကို
အကျိုးရှိတဲ့ အလုပ်တွေလို့
ငါ လုံးဝ မယုံကြည် မယူဆခဲ့ပါဘူး
ငါကိုယ်တိုင်လဲ
ဘယ်သူသေတာ မြင်ရလို့မှ
ငိုကြွေးတာ ပူဆွေးတာ မရှိခဲ့ပါဘူး။
၆။ ခုနေများ—တကယ်လို့
ငါ သေခဲ့မယ်ဆိုရင်
ထွေထွေထူးထူးလဲ
ငါ ဘာကိုမှ မတောင့်တပါဘူး
အသက်ဝိဉာဉ် ကင်းမဲ့နေပြီဖြစ်တဲ့
အနှစ်မရှိတဲ့ ငါ့အလောင်းကို
တွေ့ကြ မြင်ကြပြီး
မသေခင်မှာ လုပ်သင့် လုပ်ထိုက်တာတွေကို
ကြိုးစားလုပ်ဆောင်ရမယ်
သေသွားရင် ဒီခန္ဓာကိုယ်ကြီးက
ဘာမှ အသုံးမကျတော့ပါလားဆိုတဲ့
အသိဉာဏ်တွေ ဖြစ်ပေါ်မယ်
သေခြင်းတရားနဲ့ ပတ်သက်တဲ့
သတိဝံဝေဂဉာဏ်တွေ ရရှိမယ်
အသုဘနိမိတ် အသုဘ သညာတွေ ထင်မြင်မယ်
မရဏာနုဿတိလို့ခေါ်တဲ့
သေခြင်းတရားကို အဖန်ဖန် အောက်မေ့သတိရတဲ့
သတိတရားတွေနဲ့ အသုဘကမ္မဋ္ဌာန်းတွေ
လေးလေးနက်ကန် ပွားများဖြစ်ကြမယ်-ဆိုရင်
သေသွားတဲ့ငါက ကျေနပ်မိမှာပါပဲ
အခုလောလောဆယ်တော့ ငါ မသေသေးပါဘူး
ဒါပေမယ့်...
သေချာတာတခုကတော့
အချိန်မရွေး ငါသေနိုင်တယ်ဆိုတာပါပဲ။
( မြတ်နွယ်-ပတ္တမြားမြေ )
ချိန်းထားတာ မဟုတ်လေတော့
အကြောင်းကြောင်းတွေကြောင့်
ခုနေများ—–တကယ်လို့
ငါ သေခဲ့မယ်ဆိုရင်
ငါ့ကိုတမ်းတပြီး
ငိုမယ့်လူဆိုတာလဲ
တယောက်မှ ရှိလိမ့်မယ် မဟုတ်ပါဘူး။
၂။ အသေစောလှချည်ရဲ့—ဆိုပြီး
ဝမ်းနဲပက်လက်နဲ့
အထက်မိုးကောင်းကင်ထိ
မြည်ဟီးတုန်လှုပ်သွားရအောင်
ပူဆွေးသောကတွေကို
တံပိုးခရာလုပ်ပြီး မှုတ်မဲ့လူဆိုတာလဲ
တယောက်မှ ရှိလိမ့်မယ် မဟုတ်ပါဘူး။
၃။ သေသွားတဲ့ ငါ့မှာလည်း
ငိုယိုပြီး တမ်းတနိုင်လောက်တဲ့
လွမ်းလောက်တဲ့ အရည်အချင်းတွေ
လုပ်ဆောင်ချက်တွေ ဆိုတာလဲ
လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်
မယ်မယ်ရရ ဘာမှ မရှိလှပါဘူး။
၎။ ငါကိုယ်တိုင်ကလဲ
ငါသေရင် ငိုယိုတမ်းတမယ့်သူတွေကို
မမျှောင်လင့်ပါဘူး
ငါသေသွားလို့
ဝမ်းနည်းပက်လက်နဲ့
ပူဆွေးသောကရောက်နေမယ့်သူတွေ
လုံးဝ မရှိစေချင်ပါဘူး။
၅။ သေသွားမှ လာငိုတဲ့အလုပ်
ဝမ်းနည်းပက်လက်နဲ့
ပူဆွေးသောကရောက်ရတဲ့ အလုပ်တွေကို
အကျိုးရှိတဲ့ အလုပ်တွေလို့
ငါ လုံးဝ မယုံကြည် မယူဆခဲ့ပါဘူး
ငါကိုယ်တိုင်လဲ
ဘယ်သူသေတာ မြင်ရလို့မှ
ငိုကြွေးတာ ပူဆွေးတာ မရှိခဲ့ပါဘူး။
၆။ ခုနေများ—တကယ်လို့
ငါ သေခဲ့မယ်ဆိုရင်
ထွေထွေထူးထူးလဲ
ငါ ဘာကိုမှ မတောင့်တပါဘူး
အသက်ဝိဉာဉ် ကင်းမဲ့နေပြီဖြစ်တဲ့
အနှစ်မရှိတဲ့ ငါ့အလောင်းကို
တွေ့ကြ မြင်ကြပြီး
မသေခင်မှာ လုပ်သင့် လုပ်ထိုက်တာတွေကို
ကြိုးစားလုပ်ဆောင်ရမယ်
သေသွားရင် ဒီခန္ဓာကိုယ်ကြီးက
ဘာမှ အသုံးမကျတော့ပါလားဆိုတဲ့
အသိဉာဏ်တွေ ဖြစ်ပေါ်မယ်
သေခြင်းတရားနဲ့ ပတ်သက်တဲ့
သတိဝံဝေဂဉာဏ်တွေ ရရှိမယ်
အသုဘနိမိတ် အသုဘ သညာတွေ ထင်မြင်မယ်
မရဏာနုဿတိလို့ခေါ်တဲ့
သေခြင်းတရားကို အဖန်ဖန် အောက်မေ့သတိရတဲ့
သတိတရားတွေနဲ့ အသုဘကမ္မဋ္ဌာန်းတွေ
လေးလေးနက်ကန် ပွားများဖြစ်ကြမယ်-ဆိုရင်
သေသွားတဲ့ငါက ကျေနပ်မိမှာပါပဲ
အခုလောလောဆယ်တော့ ငါ မသေသေးပါဘူး
ဒါပေမယ့်...
သေချာတာတခုကတော့
အချိန်မရွေး ငါသေနိုင်တယ်ဆိုတာပါပဲ။
( မြတ်နွယ်-ပတ္တမြားမြေ )
Tuesday, May 3, 2011
Handy Recovery v5.0 <<< Download
Handy Recovery v5.0 | 7 mb
SD Memory card ထဲက ပျက်သွားတဲ့ ပုံတွေကို recover ပြန်ပြီးတော့ လုပ်ပေးနိုင်ပါတယ်။
အဆင့် (၃) ဆင့်ပဲ ရှိပါတယ်။
How to recover files from your memory card
Handy Recovery uses an Explorer-like interface to browse the contents of your disk.
The difference is that after analysis of your disk, you can see deleted files and folders along with the regular ones.
Recover your files in 3 simple steps:
1. Select the drive for your memory card. The program will analyze disk content.
2. Find the file(s) you want to recover. You can use file search and file filtering in order to facilitate this process.
3. Provide a location where you want to save the recovered files.

အဖေကြားနိုင်ပါစေ…
ငယ်စဉ်ကတည်းက...ပဲ့ပြင်ဆုံးမ
မိဘတာဝန်ကျေခဲ့တဲ့... အဖေ
သားသမီးတွေ
မျက်နှာငယ်အောက်ကျို့
မရှိစေရအောင်
ကြိုးစားစွမ်းဆောင်ပေးခဲ့တဲ့...အဖေ
ပင်ပန်းမှုကို မိသားစုရဲ့သာယာမှုနဲ့ဖြေဖျောက်ပြီး
ကျွန်တော်တို့အတွက်
အနစ်နာခံခဲ့တဲ့... အဖေ
ဘဝအမောတွေကိုခါးစည်းခံ
လောကဓံကို ရင်ဆိုင်ပြီ
ကျွန်တော်တို့ရှေ့က
ကြံကြံခံ ကာဆီးပေးခဲ့တဲ့
မဟာတံတိုင်းကြီးသည်... အဖေ
ရာသီသုံးပါ... မနေနားဘဲ
ကြိုးစားခဲ့တဲ့ အဖေရုပ်ရည်
ဇရာဘယ်လောက်ထင်ထင်ပါ
အဖေရဲ့ မျက်နှာပေါ်မှာ
သား/သမီးတို့အပေါ်ထားတဲ့
ဖခင်မေတ္တာကို
သားကောင်းကောင်းကြီးမြင်နေရတယ်_အဖေ
အိုအဖေ... မြင်ကြည့်စမ်းပါဘိ...
အိမ်ရာဝင်တိုင်း...
ဆောင်ခြုံ ချစ်စနိုးနမ်းပြီး
မီးပိတ်ပေးတတ်တဲ့
ကျွန်တော်ရဲ့ ချစ်သောအဖေ
အခုတော့… ဘယ်ရောက်နေပြီလဲ…
ဒီရသ ဒီခံစားမှုကိုမျိုး
ဘယ်လိုအစားထိုးနိုင်မှာလဲလေ...
အဖေချစ်သော... သား
အဖေအတွက်
ကဗျာတစ်ပုဒ်ရေးခဲ့ပြီ... အဖေ
အဖေကြိုက်တဲ့
အောင်ချိမ့်တို့ မောင်ချောနွယ်တို့လောက်
မကောင်းပေမယ့်
အဖေကိုလွမ်းဘို့
ဘဝတစ်ခုရဲ့ စာမျက်နှာကို
ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့အတွက်
ကဗျာတစ်ပုဒ်ကို
ကလက်ကာအသစ်နဲ့
စတင်ဖွင့်လှစ်လိုက်ပါပြီ... အဖေ
အဖေမြင်စမ်းစေချင်တယ်...
သိစေချင်တယ်အဖေရယ်...
ဟာ... ဘုရားခန်းက
အဖေဓါတ်ပုံမှာ
အဖေပြုံးကြည့်နေပါလား...
စိတ်ချပါအဖေ
သားတို့ရင်ထဲမှာ... အဖေရှိတယ်
အသွေးထဲမှာ... အဖေရှိတယ်
နောက်ဆုံး... သားရဲ့
ဝင်သက်ထွက်သက်တိုင်းမှာ
အဖေရှိနေတယ်... အဖေ
အဖေ ကောင်းရာသုဂတိလားပါစေ…။
Monday, May 2, 2011
Virus ကြောင့် Hidden ဖြစ်နေတဲ့ Files တွေကို ပြန်ဖေါ်မယ်...။
Virus ကြောင့် Hidden ဖြစ်နေတဲ့ Files တွေကို ပြန်ဖေါ်မယ်ဆိုရင်...
Control Panel>> Folder Options >> view >> Show hidden file and folder ဆိုတာကို Maker လုပ်ပြီး Ok နှိပ်လိုက်ပါ။
Show hidden file and folder ကိုရွေးလိုက်ချိန်မှာ Virus ရှိနေတဲ့ Folder လေးဟာ မှုန်မှုန်လေး လင်းနေပြီး
Do not Show hidden file and folder ကိုရွေးလိုက်ချိန်မှာတော့ ခုန Virus ထိနေတဲ့ Folder မှုန်မှုန်လေးတွေဟာ ပြန်ပျောက်သွားပါလိမ့်မယ်။
{Control Panel ကိုရှာလို့ မတွေ့ ရင် Windows+R ကို တွဲနှိပ်လိုက်ပါ။
Run Box ကျလာရင် Control Panel လို့ ရိုက်ပြီး Ok နှိပ်လိုက်ပါ။
အဲ့ဒီထဲမှာ Folder Options ကိုတွေ့ အောင်ရှာပါ။ တွေ့ ရင်... အပေါ်မှာပြောသလို ဆက်လုပ်ပါ။ }

မိမိ Computer ထဲကို Virus မ၀င်အောင် ဘယ်လိုကာကွယ်ကြမလဲ....

virus ကိုမိမိစက်ထဲကိုအလွယ်တကူမဝင်နိုင်အောင်၊ အလွယ်တကူပိတ်လို့ရပါတယ်။
virus တွေဟာများသောအားဖြင့် External Drives များဖြစ်ကြတဲ့
CD Rom,
Memory Stick,
External Hard Disk,
MP3/4 Players,
Hand Phone .... အစရှိတဲ့ External Drives များကနေဝင်လာတာများပါတယ်။
virus ရှိသော External Device တစ်ခုခု ကွန်ပျူတာထဲကိုတပ်လိုက်ပြီဆိုတာနဲ့ များသောအားဖြင့် မိမိစက်ထဲကိုဝင်တာများပါတယ်။
မိမိကွန်ပျူတာမှာ Anti-virus ကလည်းမရှိဘူး USB Disk security လို့ခေါ်တဲ့ USB ကနေလာတဲ့ Devices တွေကို virus စစ်ပေးတဲ့ software မှရှိဘူး။ CPE17 လို Auto run virus သတ်ပေးတဲ့ software လည်းမရှိခဲ့ရင် အဲဒီကွန်ပျူတာကို virus ရှိသော Thumb drive လို့ခေါ်တဲ့ Memory Stick
လေးပဲထိုးကြည့်ပါ။ (90%) ကတော့ virus ဝင်မှာသေချာပါတယ်။
အဲဒါဘာကြောင့်လည်းဆိုတော့...
virus ကိုစတင်ဖန်တီးတဲ့ programmer တွေက အလိုအလျောက် အလုပ်လုပ်စေတဲ့ autorun system ကိုထည့်သွင်းရေးထားကြလို့ပါပဲ။ များသောအားဖြင့်တော့အထက်ပါဖော်ပြသော ဆော့ဖ်ဝဲလေးနှစ်ခုနဲ့ anti-virus ကောင်းကောင်းလေးတစ်ခုဆိုရင်တော့ပြည့်စုံလုံလောက်နေပါပြီ။
ဒါပေမယ့်တစ်ချို့virus တွေက CPE 17 လိုမျိုး autorun killer ကိုတောင်မမှုတဲ့ virus တွေအများကြီးပါ။
ဒီလို virus တွေက မိမိ PC မှာ Install လုပ်ထားတဲ့ Guard Applications တွေကို အရင်ဆုံး Killed လုပ်ပြီးမှဝင်တာပါ။
အဲဒါကြောင့် CPE 17 တစ်ခုထဲနဲ့လည်းစိတ်မချရသေးပါဘူး။
အဲဒါဘာကြောင့်လည်းဆိုတော့ autorun ကြောင့်ပါ။ ဒီ autorun ကိုဘယ်လိုကာကွယ်ရမလဲဆိုတော့...
Windows (OS) ရဲ့ autorun system ကိုသွားပိတ်ပစ်ရပါမယ်။ ဒါဆိုရင်အနည်းဆုံးတော့ USB ထိုးတာနဲ့ virus မဝင်နိုင်တော့ဘူးပေါ့။
ပိတ်တဲ့နည်းလေးကလွယ်ပါတယ်...
Start-->run -->ကိုသွားပါ။
run ဘောက်စ်ကျလာရင် gpedit.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ။
ပြီးရင် Computer Configuration အောက်က Administrative Templates -->system ကိုသွားပါ။
Expand လုပ်ပါ။ ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ။ Double click နှိပ်ပါ။ enable ပေးပါ။
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်။ all drives လို့ပြောင်းပေးပါ။
ပြီးရင် apply -->OKုလုပ်ပေးပါ။
စိတ်ချရအောင်နောက်တစ်ခုထပ်လုပ်ပါ...။
Computer configuration အောက်ကခေါင်းစဉ်နောက်တစ်ခုဖြစ်တဲ့
User Configuration ကိုသွားပါ။
Administrative Templates -->system Expand လုပ်ပါ။
ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ။
enable ပေးပါ။ အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်။all drives လို့ပြောင်းပေးပါ
ပြီးရင် apply -->OKုလုပ်ပေးပါ။
အဲ့ဒါဆိုရင် Windows (OS) ရဲ့ Aotorun ကိုပိတ်တာ အဆင်ပြေသွားပါပြီ။
အားလုံး Virus နဲ့ ကင်းဝေးပြီး... အဆင်ပြေပါစေ...။

Internet Download Manager 6.06 <<< Download
Internet Download Manager 6.06 (21.4.2011)
Update အသစ်ထွက်ပါတယ်။ (၂၁) ရက်နေ့က ထွက်ထားတာပါ။
အထဲမှာပါတဲ့ Path လေးကို install folder လေးထဲကို ထည့်ပြီး path လုပ်လိုက်ရင် သုံးလို့ရပါတယ်။
ပြီးရင် update လေးကို check လုပ်လိုက် ရင် last version ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။

My Computer ထဲမှာ HDD တစ်ပိုင်းပျောက်နေရင်...

# my computer ကို right click ထောက်ပြီးတော့ manage ထဲကို ၀င်လိုက်ပါ။
# ပြီးရင်တော့ Storage ရဲ့ အောက်က Disk Management ကိုနှိပ်လိုက်ပါ။
# ပျောက်နေတဲ့ Drive ပေါ်ကို right click ထောက်ပြီးတော့ change Drive latter and paths ကို နှိပ်လိုက်ပါ။
# ပြီးရင်ပေါ်လာတဲ့ box ထဲကနေ Change ကို နှိပ်လိုက်ပါ။ အဲ့ထဲက C: နှင့် D: မဟုတ်တဲ့ တစ်ခြား drive latter ကို ရွေးပြီးတော့ OK ပေးလိုက်ပါ။
# ပျောက်နေတဲ့ Drive ပြန်ပေါ်လာပါလိမ့်မယ်။
အားလုံးအဆင်ပြေပါစေ...

IDM UltraSentry 6.00.0.1007.rar <<< Download
IDM Ultra Sentry 6.00.0.1007 + Keygen
ဒီ Software လေးက
Internet history,
Secure folder/file delete,
Registry စသဖြင့်တို့ကို ရှင်းလင်းပေးတဲ့ cleaner Software ဖြစ်ပါတယ်။
တစ်ချို့ delete လုပ်မရတဲ့ File folder တွေကိုလည်းရှင်းလင်းပေးပါတယ်။
Secure folder/file delete, internet history eraser, registry cleaner, and more.
Have you ever deleted a password, personal information, classified document, financial record, self-written diaries, internet browser activity, downloaded images or temp files from your PC or browser?
If your answer is yes, think again. Unless you used a secure file deletion utility like UltraSentry, the files you thought you deleted are still on your PC. Use UltraSentry for true deletion...also integrated with UE/UES.

UltraSentry features at a glance:
* 3 Different wipe profiles to choose from including Total System Scrub
* Define your own custom wipe methods.
* Easy to use wizard. Delete any file or folder in just a few simple steps.
* Shell integration, including integration with the Recycle Bin.
* Ability to wipe all the free space, .ini, and selected registry items of any selected hard drive.
* Integrated scheduler that allows you to schedule the secure wiping of files and folders.
* Works on memory cards, usb drives, and other types of removable media.
* Integrated file summary lets you review the target files before deleting them
UltraSentry features a "set and forget" scheduler
Schedule UltraSentry to watch over your computer, sensitive files, and protect your privacy while you are away. Set the native profiles (Total System Scrub, Log-off Clean up, & Privacy Guard) to completely erase not only your internet browser history, but the registry entries, swap file, and free disk space that can point back to your recently used documents, search history, and deleted email.
UltraSentry provides pre-configured or user-created cleaning profiles which you can set to run daily, weekly, monthly, or upon system events such as logging on/off or restarting.
UltraSentry incorporates the best of breed features available in file deletion utilities plus the advanced range of commands which are necessary to ensure total computing security and privacy. All of this from a company that has spent a decade building a reputation for quality software, superior support, and value pricing.
UltraSentry's wizard makes cleaning operations simple and fast.
UltraSentry's powerful wizard includes an intuitive interface with options for basic through advanced disk
cleaning operations. Some of these include:
* Application cleaning for 40+ popular Windows apps.
* Browser cleaning for over all popular browsers.
* Secure email clean-up for Outlook, Outlook Express, Eudora, and Thunderbird.
* Secure file deletion from within Microsoft Office, including Office integration.

Subscribe to:
Posts (Atom)
-
ဖုန်းလာလို့ ဖုန်းမကိုင်ချင်လျှင် ... သူ့ ဘာသာသူအလိုအလျှောက်ပြန်ဖြေခိုင်းလို့ ရပါတယ်။ မပြောချင်တဲ့ လူဆီကဖုန်းလာရင်ဒီဆော့ဝဲလေးကို အသုံးပြုလို ...
-
My computerWindow:(c:) Right- Click Properties Tools ထဲကနေError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...