" စိတ်တေန နိယတိ လောကေ " လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်၏ ။ { ဒီ Blog လေးကို August 1st ,2009 (Sat) ကစတင်လုပ်ဆောင်ခဲ့ပါတယ်။ }
Wednesday, September 2, 2026
သမ္ဗုဒ္ဓေ ဂါထာတော်
သမ္ဗုဒ္ဓေ ဂါထာတော်
သမ္ဗုဒ္ဓေ အဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ နမာမိ သိရသာမဟံ။
{နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ တစ်သောင်းနှစ်ထောင်ကုန် သော ဘုရားရှင်တို့ကို လည်းကောင်း၊ ငါးသိန်းကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့်ရှိခိုးပါ၏။}
အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနနာ္တ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ။
{ဂင်္ဂါမြစ်အတွင်းမှာရှိကြသော သဲလုံးတို့က နည်းကြပါသေး၏။ ပရိနိဗ္ဗာန်ပြုသွားကြ သော ဘုရားရှင်တို့ကား ရေ တွက်ပိုင်းခြား၍ပင် မရနိုင်ပါ။ ထိုများပြားလှသော ဘုရားရှင် တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တရားတော်တို့ကိုလည်းကောင်း၊ ထို ဘုရားရှင် အားလုံးတို့၏ တပည့်သံဃာတော်များကိုလည်းကောင်း အကျွန်ုပ်သည် ရိုသေ စွာရှိခိုးပါ၏။}
နမက္ကရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ ဝိနဿန္တု အသေသတော။
{ဤသို့ ရှိခိုးပူဇော်ရသော ကုသိုလ်ကံစေတနာတို့ကြောင့် ခပ်သိမ်းသော ဘေးရန်တို့ကို ပယ်ဖျောက်ပြီး တစ်ပါးမကများပြားလှသည့် အန္တရာယ်ဟူသမျှတို့သည် အကြွင်းအကျန် မရှိ ကြွင်းမဲ့ဥဿုံ ကင်းပျောက်ပါစေကုန်သတည်း။}
Subscribe to:
Post Comments (Atom)
-
ဖုန်းလာလို့ ဖုန်းမကိုင်ချင်လျှင် ... သူ့ ဘာသာသူအလိုအလျှောက်ပြန်ဖြေခိုင်းလို့ ရပါတယ်။ မပြောချင်တဲ့ လူဆီကဖုန်းလာရင်ဒီဆော့ဝဲလေးကို အသုံးပြုလို ...
-
My computerWindow:(c:) Right- Click Properties Tools ထဲကနေError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...

No comments:
Post a Comment