Wednesday, April 6, 2011

'ဗမာ့လွတ်လပ်ရေးသီချင်း'

ဗမာ့လွတ်လပ်ရေးအတွက်
တပ်မတော်ဖွဲ့ဖို့
ဂျပန်ပြည်မှာကွယ်
တကယ်ဘဲ အသက်နဲ့လဲလို့
ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့
အာဇာနည်တွေရယ်
ငါတို့ ဗမာပြည်
မိဘတိုင်းကရယ်
ဗိုလ်အောင်ဆန်းလို
သူရဲကောင်းတွေ မွေးရမယ်
ငါတို့ ဗမာပြည်
မိဘအပေါင်းကကွယ်
အာဇာနည်အစစ်တွေကို
ရှိဖို့မွေးရမယ်။

၁၉၄၁ ခုနှစ်အချိန်က ဂီတစာဆို သဟာယဆရာတင် ရေးစပ်သီကုံးခဲ့သည့် 'ဗမာ့လွတ်လပ်ရေးသီချင်း'မှ စာသားများဖြစ်သည်။
'ဗမာ့လွတ်လပ်ရေး' သီချင်း၏ မူလအမည်က 'ဗမာ့သူရဲကောင်း' ဖြစ်သည်။ ၁၉၄၂ ခုနှစ်အချိန်မှာပင် အဆိုတော် တက္ကသိုလ်မျိုးချစ်က ရန်ကုန်မြို့တော်ခန်းမ၌ ပွဲဦးထွက်အနေဖြင့် ပရိသတ်ကို သီဆိုပြခဲ့သည်။

'ဗမာ့လွတ်လပ်ရေးသီချင်း' ပေါ်ထွက်လာစေရန် စည်းရုံးဆော်သြခဲ့သူမှာ ကာယဗလဦးရှိန် ဖြစ်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှု တိုက်ပွဲကာလအတွင်း တပ်သားသစ်များစွာကို ထိုသီချင်းဖြင့် စည်းရုံးနိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို ပမာတင်၍ ရဲစိတ်သွင်းခဲ့သော သီချင်းဖြစ်သည်။
လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလ၌ 'ဗမာ့လွတ်လပ်ရေး' သီချင်းကို ကိုမြကြီး၊ ရဲဘော်ခင်မောင်လှနှင့် အခြား အဆိုတော်များစွာက သီဆိုခဲ့ပြီး စစ်ရေးတေးတစ်ပုဒ် အနေဖြင့်လည်း ထင်ရှားခဲ့သည်။

No comments:

OCCT Personal v17.1.7 <<< Download

OCCT, the free PC stability and stress testing software, available for PC and Linux systems. OCCT is free for personal use. Key Feature...