ဒု-သ-န-သော အက္ခရာ၏ အဓိပ္ပာယ်
သူဌေးသားလေးယောက် ငရဲအိုးနှုတ်ခမ်းသို့ တက်ရောက်လာသော ခဏ၌ ပြောဆိုကြသော အသံလေးခုကား -
ဓမ္မပဒအဋ္ဌကထာအလို ပထမ (ဒု) ၊ ဒုတိယ (သ) ၊ တတိယ (န) ၊ စတုတ္ထ (သော) ဟူ၏။
သံယုတ်အဋ္ဌာကထာအလို ပထမ (သ) ၊ ဒုတိယ (သော) ၊ တတိယ (န) ၊ စတုတ္ထ (ဒု) ဟူ၏။
ကျမ်းပြုဆရာ အရှင်မဟာ ဗုဒ္ဓဃောသ တစ်ပါးတည်း ဖြစ်ပါလျက် (ဒု-သ-န-သော) (သ-သော-န-ဒု) ဟု နှစ်မျိုးအစဉ် ကွဲပြားခြင်းကား ဓမ္မပဒ ဘာဏက သံယုတ္တဘာဏကထေရ်တို့၏ အလိုသို့လိုက်၍ ဆိုရခြင်းကြောင့်ဖြစ်၏။
အက္ခရာအစဉ်မတူသော်လည်း အက္ခရာတစ်လုံး တစ်လုံး ၏အဓိပ္ပာယ်ကား အတူတူပင်ဖြစ်သည်။ ဤ၌ အများအပြားပြောနေကျ (ဒု-သ-န-သော) အစဉ်အတိုင်း အက္ခရာ တစ်လုံး တစ်လုံး၏ ဆိုလိုရင်း ဂါထာနှင့် အဓိပ္ပာယ်ကို ဖော်ပြ ပေအံ့။
ကာမေသုမိစ္ဆာစာရ ကျူးလွန်ခဲ့ကြသော သူဌေးသားလေးယောက်တို့သည် လောဟကုမ္ဘိ (ကြေးရည်ပူအိုးကြီး) ငရဲသို့ကျရောက်ကြသည်။ နှုတ်ခမ်းမှ အောက်အပြင်ဘက်သို့ အနှစ်သုံးသောင်းတိုင်တိုင်မြုပ်၏။ အောက်အပြင်မှ အထက်ငရဲအိုးကြီးနှုတ်ခမ်းသို့ အနှစ်သုံးသောင်းကြာမှ ပေါ်၏။ ထိုငရဲအိုး၌ အကုသိုလ် အကြီးအငယ်လိုက်၍ အမြုပ်အပေါ် တစ်ပြန်နှစ်ပေါင်း ခြောက်သောင်းနည်းဖြင့် ၁-ပြန် ၊ ၂-ပြန် ၊ ၃-ပြန် စသည်ဖြင့် အပြန် အနည်းအများခံစားရ၏။ ထိုသူဌေးသားလေးယောက်တို့သည် အမြုပ်အပေါ် တစ်ပြန်အားဖြင့် အိုးနှုတ်ခမ်း အရောက်တွင် ဤ ဒု-သ-န-သော ကိုပြောဆိုပြီး ကြေးရည်ပူ ငရဲအိုးကြီးထဲသို့ ပြန်လည်မြုပ်သွားကြလေသည်။
မြုပ်ကျသွားသော နှစ်ပေါင်းကား(ကောသလမင်းရှိချိန်က) ယခုအချိန်ထိ နှစ်ထောင့်ငါးရာကျော် ခြောက်ရာရှိလေသည်။ နောက်ထပ် အပြန်မည်မျှခံရဦးမည်မသိ။ ငရဲသက်စံချိန်ကား အနှစ်ခြောက်သောင်းသည် မပြောပလောက်သော နာရီပိုင်းအချိန်မျှသာတည်း။ ခြောက်သောင်း (၁၀) ပြန် အပြန် (၁၀၀)မက ခံစားကြရသော ကာမေသုမိစ္ဆာစာရ၏ နောက်ဆက်တွဲ ဒုက္ခရှည်ကြီးကား ကြောက်မက်ဖွယ်ကောင်းလေစွ။ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် အသိတရား အစဉ်ထားသင့်လှသည်။
(၁) ဒုဇ္ဇီဝိတ မဇီဝိမှာ ယေသန္တေနဒဒမှသေ
ဝိဇ္ဇမာနေသု ဘောဂေသု ၊ ဒီပံနာကမှမတ္တနော
ပထမသူဌေးသားဖြစ်သော ငရဲသားသည် ဤဂါထာကို ဆိုချင်သော်လည်း မဆိုနိုင်တော့ဘဲ ဂါထာအစ ဒု အက္ခရာမျှကိုသာ ဆို၍ ငရဲအိုးကြီးထဲ ပြန်မြုပ်သွားလေ၏။ ၄င်းဆိုလိုသော ဂါထာ အဓိပ္ပာယ်ကား - (၁) ဒို့တတွေ မကောင်းသော အသက်ရှင်ခြင်းဖြင့် အသက်ရှင်ခဲ့ကြသည်။ (၂) ငါတို့ပစ္စည်း ဥစ္စာများစွာရှိပါလျက် ဘာမျှမလှူခဲ့ကြပါ။ (၃) မိမိ၏ကိုးကွယ်ရာ ကုသိုလ်ကောင်းမှုကို မပြုခဲ့ကြပါတကားဟူ၏။
ဒုတိယသူဌေးသားဟောင်း ငရဲသားကား
(၂) သဋ္ဌိဝဿသဟဿာနိ ပရိပုဏ္ဏာနိသဗ္ဗသော
နိရရေပစ္စမာနာနံ ကဒါအန္တောဘဝိဿတိ
ဤသို့အပြည့်အစုံဆိုချင်သော်လည်း ဂါထာအစ (သ)တစ်လုံးမျှကိုသာဆို၍ ငရဲအိုးထဲ မြုပ်သွားလေ၏။ ငရဲခံနေရတဲ့ ဒို့တတွေအား နှစ်ပေါင်းခြောက်သောင်းပြည့်သွားပြီ ဘယ်သောအခါမှ ဒီငရဲဒုက္ခ အဆုံးသတ်တော့မည်နည်း။
တတိယသူဌေးသားဖြစ်ခဲ့တဲ့ ငရဲသား
(၃) နတ္ထိအန္တောကုတောအန္တော နအန္တောပဋိဒိဿတိ
တဒါဟိ ပကတံပါပံ မမတုယှဉ္စမာရိသ
ဤသို့အပြည့်အစုံဆိုချင်ပါသော်လည်း မဆိုနိုင်တော့ဘဲ ဂါထာအစ (န) အက္ခရာတစ်လုံးမျှသာ ဆိုပြီးလျှင် ငရဲအိုးကြီးထဲ မြုပ်သွားလေ၏။ ချစ်လှစွာသောသူငယ်ချင်း ဤငရဲဒုက္ခ၏အဆုံးကား မရှိတော့ပါတကား ဘယ်သောအခါကျမှဆုံးပါမည်နည်း။ ဤဒုက္ခအဆုံးကို မမြင်နိုင်အောင် ရှိပါဘိတကား။ ဟုတ်ပါတယ်လေ မင်းရောငါရော သူဌေးသားဘဝတုံးက ကာမေသုမိစ္ဆာ အကုသိုလ်ကို အများအစား ပြုမှားမိခဲ့ကြလေသည်တကား။
စတုတ္ထသူဌေးသားဖြစ်ခဲ့တဲ့ ငရဲသားသည်ကား
(၄) သောဟံနူန ဣတောဂန္တာ ယောနိံလဒ္ဓါနမာနုသိံ
ဝဒညူသီလသမ္မန္နော ကိာဟာမိကုသလံဗဟုံ
ဤသို့ပြည်ပြည့်စုံစုံဆိုချင်ပါသော်လည်း မဆိုနိုင်ဖြစ်၍ အစအက္ခရာ (သော) တစ်လုံးသာဆိုလျှင် ငရဲအိုးကြီးထဲသို့ နစ်မြုပ်သွားလေ၏။ ငါသည် ဤငရဲအိုးကလွတ်ပြီး လူ့ဘဝရမည်ဆိုလျှင် ပညာရှိတို့ ဆုံးမအပ်သော စကားကို သိမှတ်လိုက်နာမည်။ သီလနှင့်ပြည့်စုံအောင်နေလိုက်မည်။ ကုသိုလ်တွေကို အများကြီးပြုလိုက်ဦးမည်တည်း။
" စိတ်တေန နိယတိ လောကေ " လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်၏ ။ { ဒီ Blog လေးကို August 1st ,2009 (Sat) ကစတင်လုပ်ဆောင်ခဲ့ပါတယ်။ }
Saturday, April 30, 2011
Subscribe to:
Post Comments (Atom)
FurMark2 <<< Download
Geeks3D FurMark GPU Stress Test OpenGL and Vulkan Graphics Benchmark Windows - Linux Download Link>>> https://geeks3d.com/dl/show...
-
My computerWindow:(c:) Right- Click Properties Tools ထဲကေနError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...
-
English Speaking Practice For Beginners
No comments:
Post a Comment