ဒီဗီဒီရုပ်ရှင်ခွေတခွေက 4.5 GB အထိရှိနိုင်ပါတယ်။
အဲဒီ ဒီဗီဒီခွေကို 700MB AVI ဖိုင် အဖြစ်ပြောင်းပြီး သိမ်းထားချင်တယ်ဆိုရင်...
quality ကောင်းတယ်။ ဒီဗီဒီတခွေအတွက် အနည်းဆုံး တနာရီကျော်တော့ ကြာပါမယ်။
ဆော့ဝဲ ၂ ခု သုံးရပါမယ်။ အခမဲ့ သုံးခွင့်ပြုတဲ့ ဆော့ဝဲတွေပါ။
DVD Decrypter နဲ့ 
Auto GK ဆော့ဖ်ဝဲ တို့ ကိုအသုံးပြုရပါမယ်။
Auto GK ဆော့ဖ်ဝဲ ဒေါင်းရန် >>> http://www.autogk.me.uk/index.php?name=Downloads&d_op=viewdownload&cid=1
အသုံးပြုပုံ
စက်ထဲကို ဒီဗီဒီခွေထည့်ပြီး DVD Decrypter ဆော့ဝဲကို ဖွင့်ပါ။
Mode မှာ IFO ကို ရွေးပါ။
Tools > Setting ကို ဖွင့်ပါ။
File Mode မှာ None ကို ရွေးပါ။
IFO Mode ကို ဖွင့်ပါ။
File Splitting မှာ None ကို ရွေးပါ။
Decrypt ကို ကလစ်ပါ။
ဒါဆိုရင် ဒီဗီဒီခွေထဲက ဖိုင်ကို စက်ထဲကူးထည့်နေပါပြီ။
VOB ဖိုင်အဖြစ်ထွက်လာပါမယ်။ ဖိုင်က ပုံမှန်အားဖြင့်တော့ Drive C ထဲကို ရောက်သွားပါမယ် (C:/MOVIENAME/VIDEO_TS)။
အခြားနေရာကို ရွေးချင်ရင် Decrypt ခလုတ်အပေါ်မှာရှိတဲ့ Destination မှာ ပြင်ပေးရပါမယ်။
AutoGK ကို ဖွင့်ပါ။
Input File နေရာမှာ စောစောက Decrypt လုပ်ထားတဲ့ VOB ဖိုင်ကို ရွေးပေးပါ။
Advanced Settings ကို ဖွင့်ပါ။ Output Resolution မှာ Auto with ကိုရွေး၊ ပြီးရင် Codec မှာ XviD ကိုရွေးပေးပါ။
VBR MP3, kbps (128) ကိုရွေးပေးပါ။
Predefined Size နေရာမှာ 1CD (700 Mb) ကို ရွေးပါ။
Add Job ကို ကလစ်ပါ။
Start ကို ကလစ်ပါ။
(အချိန် တနာရီကျော် ကြာမှာဖြစ်တဲ့အတွက် အလုပ်လုပ်ပြီးတဲ့အခါ ကွန်ပြူတာ သူ့ ဘာသာသူ ပိတ်သွားစေချင်ရင်
When finished နေရာမှာ Do Nothing အစား Shut Down ကို ရွေးပေးနိုင်ပါတယ်။)
" စိတ်တေန နိယတိ လောကေ " လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်၏ ။ { ဒီ Blog လေးကို August 1st ,2009 (Sat) ကစတင်လုပ်ဆောင်ခဲ့ပါတယ်။ }
Saturday, December 18, 2010
Subscribe to:
Post Comments (Atom)
FurMark2 <<< Download
Geeks3D FurMark GPU Stress Test OpenGL and Vulkan Graphics Benchmark Windows - Linux Download Link>>> https://geeks3d.com/dl/show...
-
My computerWindow:(c:) Right- Click Properties Tools ထဲကေနError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...
-
English Speaking Practice For Beginners
No comments:
Post a Comment