ပါရမီထိုက်သော ဒါနဟူသည် လောဘကုန်ခန်းစေရန် ပြုသော ဒါနဖြစ်ပြီး၊ လောဘပွားစီးစေရန် ပြုသောဒါနသည် ပါရမီမထိုက်သောဒါနဖြစ်ပေသည်။
လောဘပွားစီးစေရန် ပြုသောဒါနဟူသည် နံမည်ကြီးလိုခြင်း၊ လူသိများလိုခြင်း၊ အခွင့်အရေးရလိုခြင်း၊ နောင်ဘဝချမ်းသာလိုခြင်း စသောမျှော်လင့်ချက် တစ်ခုခုနှင့် လှူဒါန်းသော
ဒါနမျိုးဖြစ်ပေသည်။ ယင်းဒါနမျိုးသည် လူချမ်းသာ၊ နတ်ချမ်းသာ ဘဝမျိုးကိုသာပေးစွမ်းနိုင်ပြီး၊ နိဗ္ဗာန်ချမ်းသာကို မပေးစွမ်းနိုင်ပေ။ထိုပြင် ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ဒါနမှန်သမျှသည် ပါရမီမထိုက်ဟု ထပ်ဆင့် မှတ်ယူသင့်ပေသည်။ ငါဟူသည်ဒိဋ္ဌိကိလေသာဖြစ်ပြီး၊ ကောင်းစားဖို့ဟူသည် လောဘကိလေသာဖြစ်၏။ ထိုကိလေသာနှစ်ပါး ဦးဆောင်ပြီးပြုသော ဒါနသည် ကိလေသာကုန်ရာ နိဗ္ဗာန်သို့ ဧကန်မုချ ပို့မပေးနိုင်သည်မှာ သေချာလှပါသည်။ ထိုကြောင့် ငါကောင်းစားဖို့ ဟူသောမျှော်လင့်ချက်နှင့် လှူဒါန်းသော ဒါနသည် ပါရမီမထိုက်ခြင်း ဖြစ်၏။
လောဘကုန်ခန်းစေရန် ပြုသောဒါနဟူသည် မည်သည့်မျှော်လင့်ချက်မျှ မထားဘဲ သူ ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းသောဒါနပင် ဖြစ်၏။ အလှူခံပုဂ္ဂိုလ်တည်းဟူသော သူတစ်ပါးကောင်းစားစေရန် ရည်ရွယ်ချက်ထားလိုက်ခြင်းသည် ဒိဋ္ဌိနှင့် လောဘ ကိလေသာကို ထိုဒါနက တခါတည်း ပယ်သတ်ပြီးသား ဖြစ်သွား၏။ ကိလေသာကို ပယ်သတ်နိုင်သောကြောင့် ပါရမီထိုက်သောကိလေသာကုန်ရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်ခြင်း ဖြစ်၏။
ပါရမီဟူသည် မြင့်မြတ်သူတို့၏ နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းမှု၊ သီလဆောက်တည်မှု စသည်တို့သာတည်း။ လောကီ စည်းစိမ်ချမ်းသာကို ရည်မှန်း၍ လှူဒါန်းမှုကို ပါရမီဟု မဆိုထိုက်ပေ။
အရှင်ဇဝန - မေတ္တာရှင် (ရွှေပြည်သာ) ရေးသားသော ပါရမီထိုက်သောဒါန နှင့် ပါရမီမထိုက်သောဒါန စာအုပ်မှ
ကောက်နှုတ်ချက်။
" စိတ်တေန နိယတိ လောကေ " လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်၏ ။ { ဒီ Blog လေးကို August 1st ,2009 (Sat) ကစတင်လုပ်ဆောင်ခဲ့ပါတယ်။ }
Subscribe to:
Post Comments (Atom)
OCCT Personal v17.1.7 <<< Download
OCCT, the free PC stability and stress testing software, available for PC and Linux systems. OCCT is free for personal use. Key Feature...
-
ဖုန်းလာလို့ ဖုန်းမကိုင်ချင်လျှင် ... သူ့ ဘာသာသူအလိုအလျှောက်ပြန်ဖြေခိုင်းလို့ ရပါတယ်။ မပြောချင်တဲ့ လူဆီကဖုန်းလာရင်ဒီဆော့ဝဲလေးကို အသုံးပြုလို ...
-
My computerWindow:(c:) Right- Click Properties Tools ထဲကနေError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...
No comments:
Post a Comment