Run Box ကနေ Program တွေကိုဖွင့်ယူတာ အမြန်ဆုံးနည်းလမ်းတစ်ခုပါ။အဲဒီ Run Box ထဲမှာရိုက်ထား ခဲ့တဲ့ command တွေကိုသိမ်းထားပေးပြီးတော့ နောင်တစ်ကြိမ် run box ထဲကိုဝင်ပြီးအရင်ရိုက်ထားခဲတဲ့ command တွေကို ပြန်ရိုက်စရာမလိုပဲ ပြန်ယူသုံးနိုင်တယ်။ဒါပေမဲ့ အဲဒီ run box ထဲမှာ ကိုယ်အမြဲ တမ်းအသုံးပြုနေရတဲ့ command နှင့် ပြန်လည်အသုံးပြုရန်မလိုအပ်သော command တွေနှင့် ရောထွေး နေပါ တယ်။ အသုံးမလို တော့တဲ့ command ကိုရွေးဖျက်ပြီး အသုံးလိုတဲ့ command ကိုပဲချန်ထားချင်တယ်ဆိုရင် (မှတ်ချက်- သမားရိုး ကျ ဆိုရင် run box ထဲရှိ command များကိုရွေး ဖျက်လို့မရနိုင်ပါ။)
1. Start — Run ကိုဖွင့်ပါ။
2. regedit ရိုက် Enter ခေါက်ပါ။
3. HEKY_CURENT-USER\Software\Microsoft\Windows\CurrentVersion\Explorer\RunMRU ကိုရောက် အောင်သွားပါ။
4. ညာဘက်တွင် run box ထဲတွင် သင်အသုံးပြုခဲ့သော command များထဲမှ အသုံးမလိုအပ်သော command များကို right click နှိပ် Delete or Remove ကိုရွေးချယ်ဖျက်ပစ်နိုင်ပါသည်။
5. စက်ကို restart လုပ်ရန်လိုအပ်ပါသည်။
အဆင်ပြေပါစေဗျာ...။
" စိတ်တေန နိယတိ လောကေ " လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်၏ ။ { ဒီ Blog လေးကို August 1st ,2009 (Sat) ကစတင်လုပ်ဆောင်ခဲ့ပါတယ်။ }
Subscribe to:
Post Comments (Atom)
-
ဖုန်းလာလို့ ဖုန်းမကိုင်ချင်လျှင် ... သူ့ ဘာသာသူအလိုအလျှောက်ပြန်ဖြေခိုင်းလို့ ရပါတယ်။ မပြောချင်တဲ့ လူဆီကဖုန်းလာရင်ဒီဆော့ဝဲလေးကို အသုံးပြုလို ...
-
My computerWindow:(c:) Right- Click Properties Tools ထဲကနေError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...
No comments:
Post a Comment