ကွန်ပျူတာကို သုံးနေရင်းနဲ့ ကွန်ပျူတာမှာ ဘာအလုပ်တွေ လုပ်နေရလဲ (ဘယ်လို Process တွေကို run နေရလဲ)ဆို တာကိုသိသင့်ပါတယ်။ ဒါမှ မလိုတဲ့ အလုပ် (Process) တွေကို ပိတ်ပြီး ကွန်ပျူတာ ရဲ့ စွမ်းဆောင်ရည်ကို အ ပြည့်အဝ အသုံးချ နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ကွန်ပျူတာမှာ Virus တွေ ဝင်ပြီး run နေတယ်ဆိုရင်လည်း Process တွေ ကို ကြည့်ခြင်း အားဖြင့် အလွယ်တကူ သိမြင်နိုင်ပါတယ်။ Virus တွေကိုဖြေရှင်းတဲ့ နည်းတွေထဲမှာလည်း ပထမဆုံး Virus က run နေတဲ့ Process ကို အရင်ပိတ်ပြီးမှ ဖြေရှင်း တာတွေသာ များပါတယ်၊
ဒါပေမယ့် ခက်တာက သာမန်လူတစ်ယောက် အနေနဲ့ Task Manager ကနေ ပြောပြတဲ့ Process တွေ ကို နားမလည်ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် ဖြေရှင်းပေးမယ့် Utilitie Software လေးကတော့ Process Explorer ဆိုတာလေး ဖြစ်ပါတယ်။ Utilities ဆိုတဲ့ အတိုင်း install လုပ်ဖို့ မလိုပါဘူး၊ ဒီကောင်လေးကို Desktop လို နေရာမျိုးမှာ ထားလိုက်ပြီး ကိုယ်သုံးချင် တော့မှ အသာလေး run ပြီး ကြည့်ရုံပါပဲ။ Task Manager ထက်တော့ ပိုပြီး ရှင်းရှင်းလင်းလင်း တွေ့မြင် နိုင်ပါ လိမ့်မယ်။ ဒါပေမယ့် ကွန်ပျူတာ အခြေခံလေးတော့ နည်းနည်းပါးပါး သိဖို့လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့တွေ ကွန်ပျူတာကိုစဖွင့်တာနဲ့ Desktop ဆိုတာကို မြင်နေရဖို့ run နေရတဲ့ Process တွေကလည်း ရှိနေပါတယ် (ဥပမာ- svchost လို process မျိုးတွေပါ)၊ နောက်ထပ် ကိုယ်သုံးတဲ့ Program တွေရဲ့ Process တွေကိုတော့ သက်ဆိုင်ရာ software ရဲ့ ပုံ လေးတွေနဲ့မို့ လွယ်ကူ ရှင်းလင်းစွာတွေ့ နိုင်ပါတယ်။
အားလုံးအဆင်ပြေပါစေ....
" စိတ်တေန နိယတိ လောကေ " လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်၏ ။ { ဒီ Blog လေးကို August 1st ,2009 (Sat) ကစတင်လုပ်ဆောင်ခဲ့ပါတယ်။ }
Tuesday, October 5, 2010
Subscribe to:
Post Comments (Atom)
-
ဖုန်းလာလို့ ဖုန်းမကိုင်ချင်လျှင် ... သူ့ ဘာသာသူအလိုအလျှောက်ပြန်ဖြေခိုင်းလို့ ရပါတယ်။ မပြောချင်တဲ့ လူဆီကဖုန်းလာရင်ဒီဆော့ဝဲလေးကို အသုံးပြုလို ...
-
My computerWindow:(c:) Right- Click Properties Tools ထဲကနေError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...
No comments:
Post a Comment