Tuesday, October 12, 2010

“Dll as an app… Error”

Computer စဖွင့်လိုက်တာနဲ့  Run Dll as an App has encourtened a problem and need to close. We are sorry for the inconvenience. ဆိုတဲ့ Box တစ်ခုကျလာပါမယ်။ အဲ့ဒီ Message Box ကိုပိတ်လိုက်တော့ လည်း Computer ကပုံမှန်ပါဘဲ။ ဒါပေမယ့် Desktop ပေါ်မှာ Right Click နှိပ်ပြီး Properties နှိပ်လိုက်တော့ စောစောက Message Box ပြန်ကျလာတယ်။ Properties ကတော့ ကျမလာပါဘူး။ အဲ့ဒီလို Error မျိုးတွေ ဖြစ်လာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတော့….
(၁) ပထမဆုံး Start မှ Run box ကို ဖွင့်လိုက်ပါ။
(၂) ပြီးရင် services.msc လို့ ရိုက်ပြီး OK/ Enter ပေါ့။
(၃) Services Box ကျလာပါလိမ့်မယ်။ အဲ့ဒီထဲမှ- ညာဘက်တွင် System Restore Service ရှာပါ။ System Restore Service မှာ Right Click နှိပ်ပြီး Properties ကိုသွားပါ။
(၄) ပြီးရင် Startup Type မှာ Disable ပေးပြီး Apply…. OK ပေါ့။
(၅) ပြီးရင် My Computer Right Click Properties မှ System Restore Tab ကိုရွေးပါ။ Turn off system restore on all device ဆိုတဲ့စာတန်းရဲ့ ရှေ့က အမှန်ခြစ်ကို ဖြုတ်လိုက်ပါ။
(၆) အားလုံးပြီးရင်တော့ OK ပေါ့။

အားလုံးအဆင်ပြေပါစေ…။
Hbone Kyaw

No comments:

OCCT Personal v17.1.7 <<< Download

OCCT, the free PC stability and stress testing software, available for PC and Linux systems. OCCT is free for personal use. Key Feature...