Sunday, September 5, 2010

Windows(Operating System) ကပါတဲ့ CD–Burn တဲ့နည်းလေးပါ…။

Windows (OS) မှာ Default ပါလာတဲ့ Feature လေးတစ်ခုပါ။ လူတော်တော်များများ သိထားတာကတော့ CD-Burn တော့ မယ်ဆိုရင် Nero Software (Burning Software) တို့ ဘာတို့  ရှိမှ Burn လိုရတယ်ထင်နေ ကြတယ်။ တစ်ကယ်မှာတော့…. Microsoft ကသူ့ ရဲ့ Windows (Operating System) မှာ User တွေ အသုံးပြု့လို့  အဆင်ပြေအောင် Functions တွေ တော် တော်များများထည့်ပေးထားပါတယ်။ အရေကြီး CD-Burn ရတော့ မယ် ဆိုရင် စက်ထဲမှာ Nero မှမရှိရင် အဆင်မပြေတော့ ဘူး ဖြစ်နေတဲ့ သူများအတွက်ပေါ့…။ Windows ထဲမှာပဲ CD-Burn လို့ ရတာကို သိထားရင်… အရေးကြုံလာတော့ အဆင်ပြေ တာ ပေါ့။
1) မိမိရဲ့ Computer မှာ CD-ROM (CD Drive) တပ်ဆင်ထားရပါမယ်။
2) CD-Burn ချင်တဲ့ Data ရှိရပါမယ်။
3) မိမိရဲ့ Data ပေါ်မှာ Right Click နှိပ်ပြီး Send To ဆိုပြီး CD/DVD ROM ကိုညွှန်းပေးရပါမယ်။
4)အဲ့ဒီလိုညွှန်းပေးလိုက်ရင်… Start Menu Bar ရဲ့ ညာဘက်ထောင့်နားလေးမှာ CD Drive ပုံလေး ပေါ် လာပါလိမ့်မယ်။
5)အဲ့ဒီပေါ်လာတဲ့ CD Drive ပုံလေးကို Double Click နှိပ်ပြီးဖွင့်လိုက်ပါ။( My Computer ထဲကနေ CD Drive ကိုသွားဖွင့်ရင်လဲရပါတယ်။)
6) CD Drive ထဲမှာ မိမိ Burn ချင်တဲ့ Data လေးရောက်နေတာ တွေ့ ရပါလိမ့်မယ်။ CD/DVD Drive ထဲကို CD အလွတ်ထည့်ပေးထားရပါမယ်။ အဲ့ဒီတော့မှ ရောက် နေတဲ့ Data ကို Select မှတ်၊ ပြီးရင် ဘယ်ဘက်မှာရှိတဲ့ Write these folder to CD ဆိုတာကို Click နှိပ်လိုက်ပါ။
7) CD Writing Wizard Box လေးပေါ်လာပါလိမ့်မယ်။ အဲ့ဒီမှာတော့ မိမိ Burn မယ့် CD ကို ကြိုက်နှစ် သက်ရာ နာမည်ပေးလို့ ရပါတယ်။
8) CD Name ပေးပြီးပြီ ဆိုရင် Next ကို Click နှိပ်ပြီးဆက်သွားပါ။ အဲ့ဒါဆိုရင်တော့ မိမိတို့  Data ကို CD ထဲသို့  Burn နေပါလိမ့်မယ်။ အားလုံးပြီးသွားပြီဆိုရင် Finish ကိုနှိပ်လိုက်ပေါ့။ အဲ့ဒီအခါမှာတော့ CD/DVD Drive ထဲက CD က Auto ထွက်လာပါလိမ့်မယ်။
အားလုံး အဆင်ပြေပါစေ။
မသိသေးတဲ့သူများအတွက် ရည်ရွယ်ပါတယ်။

No comments:

How to install Windows 11 with a local account (Builds 26120 and beyond)

  1. Follow the Windows 11 install process until you get to the Sign in screen. 2. Hit Shift + F10 . A command prompt appears. 3. Enter star...