Windows XP ကိုအသုံးပြုနေကြသူများ တစ်ခါတစ်လေမှာ Run command ကိုခေါ်လို့ မရတာမျိုးတွေ ကြုံ တတ်ပါတယ်။ ဘာကြောင့် ဒီ Run Command ကို ခေါ်လို့ မရတာလဲဆိုတော့ Virus ကြောင့်လည်းဖြစ် နိင် ပါတယ်။ System ရဲ့ Error တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်။ ဖြစ်လာခဲ့ရင်တော့ အောက်ပါ နည်းလမ်း (၂)ခုနဲ့  အဆင်ပြေသလိုဆောင်ရွက်နိုင်ပါတယ်။
နည်းလမ်း (၁)
Taskbar ပေါ်မှာ Right Click ထောက်ပြီး Properties ကို သွားလိုက်ပါ။
Start Menu tab ကို ရွေးပြီး Customize button ကို Click ပါ။
Advanced tab ကို သွားပြီး Start menu items ထဲမှာ Run command ကိုရှာလိုက်ပါ။
Run command ကို Check ပေးပြီး Ok ကို Click လိုက်ပါ။
နည်းလမ်း (၂)
My Computer icon ကို Right Click ထောက်ပြီး Explore နဲ့ ဖွင့်လိုက်ပါ။ C:WindowsSystem32 အထိ သွားလိုက်ပါ။System32 ထဲမှာ gpedit.msc ကို လိုက်ရှာပြီး Double Click ပေးလိုက်ပါ။ Group Policy Editor တက်လာပါလိမ့်မယ်။ ဘယ်ဘက်မှာရှိတဲ့ User Configuration Administrative Templates Start Menu and Taskbar ကို Select လုပ်လိုက်ပါ။ ညာဘက်မှာရှိတဲ့ Remove Run menu from Start Menu ကို Double click ပေးလိုက်ပါ။ Disabled ကို ရွေးပြီး OK ပေးလိုက်ပါ။
Subscribe to:
Post Comments (Atom)
How to install Windows 11 with a local account (Builds 26120 and beyond)
1. Follow the Windows 11 install process until you get to the Sign in screen. 2. Hit Shift + F10 . A command prompt appears. 3. Enter star...
-
My computerWindow:(c:) Right- Click Properties Tools ထဲကနေError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...
-
English Speaking Practice For Beginners
No comments:
Post a Comment