ဂျီမေးလ်ကိုအသုံးပြုနေတာတော့ အတော်ကြာပါပြီ။ မရှိမဖြစ်လောက်ကို သုံးနေရတာပါ။ ဒီတော့ ဂျီမေးလ် အကောင့်လေးနှင့် ပါတ်သက်လာရင် တော်တော်လေး လန့်ပါတယ် ။ Hack တယ်လို့ ကြားရင် ကိုယ့်မေးလ်လေး စိတ်မချဖြစ်ရပါတယ်။ ဒါ့ကြောင့်လည်း G-Mail Account လုံခြုံအောင် အမြဲတမ်း ရှာ ဖွေနေမိပါတယ်။
ကျနော်လိုပဲ G-Mail Account အတွက် စိုးရိမ်နေရသူများအတွက် အကြံကောင်းတစ်ခု တော့ပေးလိုက်ပါ ရစေ…။
ဘာပညာမှတော့ထူးထူးဆန်းဆန်းမပါ ပါဘူး။ ပညာရှင်များအတွက်တော့ ဟာသတစ်ခုလို ဖြစ်နေမှာပါ။
ဒါပေမယ့်လည်း….. မသိသေးသူများအတွက် ရည်ရွယ်ပြီး ရှင်းပြလိုက်တာပါ ။
ပထမအဆင့် (Protocol Secure)
မိမိ G-Mail Account ကို HTTPS setting သို့ပြောင်းပါ။ HTTP Protocol ထက် ပိုပြီး လုံခြုံတဲ့ အဆင့် တစ်ခုပါတယ်။ သူက HTTPS Protocol (secure protocol) ပါ။
ပြု့လုပ်ရတာလွယ်ပါတယ်….။
(၁) မိမိ G-Mail Account ကို Sign up ၀င်လိုက်ပါ။
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ။
(၃) General မှာ Browser connection မှ Always use https ကို Select မှတ်ပေးလိုက် ပါ။
(၄) အောက်ဆုံးမှာသွားပြီး Save Changes လုပ်လိုက်ရင်ရပါပြီ။
G-mail ကို ၀င်လိုက်တိုင်း http:// မဟုတ်တော့ပါဘူး https://ဖြစ်နေတာကိုတွေ့ရမှာပါ။
ဒုတိယအဆင့် Password
G-mail Account password ကို ရိုးရိုမပေးထားပါနဲ့ ။ ဥပမာ( password) ဆိုတာမျိုးထက်
(pAssWord123SeCurE ) လို့ complex ဖြစ်အောင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။
Account password ကို တနှစ်မှာ အနည်းဆုံး နှစ်ကြိမ်ပြောင်းရန် Google တိုက်တွန်း ထားပါတယ်။ Microsoft အဆိုအရ password တစ်ခုဟာ (၇၂) ရက်ထက်ပိုပြီး မလုံခြုံပါ ဘူးလို့ ပြောထားတာလည်း ရှိပါတယ်။
တတိယအဆင့် Password recovery options
အရေးအကြောင်းရှိလို့ ကိုယ့်Account password မေ့သွားရင် ဖြစ်ဖြစ၊် ဒါမှမဟုတ်…… အခြားသူတစ်ယောက်က မိမိအကောင့်ကို password recovery လုပ်ပြီးအခိုးမခံရအောင်
မိမိ G-mail Account စဖွင့်တဲ့အချိန်က ပေးထားသော recovery အကောင့်ကိုများသောအားဖြင့် တစ်ယောက် ယောက်ရဲ့ Accouny ကိုပေးထားလေ့ရှိပါတယ်။
အဲဒီလို ပေးထားရင် အကောင်းဆုံးက အမြန်ဆုံးပြောင်းလိုက်ပါ။ မိမိရဲ့ Account Recovery ကိုလည်း စိတ်တိုင်းကျ ပြောင်းရအောင်….
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ။
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ။
(၃) Account and Import မှ အောက်ဆုံးမှာရှိသော Google Account setting မှ
Visit your Google Account setting ကလစ်နှိပ်ဝင်ပါ
(၄) Personal Settings အောက်မှ Change password recovery options ကို
ဝင်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချရအောင်ပြောင်းနိုင်ပါသည်။
ဒီလောက်လုပ်ပြီးရင်တော့ တော်တော်လေးစိတ်ချရပါပြီ Google နှင့် အဆင့်မြင့်နည်းပညာ သုံး မသာမာသော .......ပညာရှင်များသာလျှင် မိမိအကောင့်ကိုခိုးနိုင် ဖတ်နိုင်ပါလိမ့်မည်။
" စိတ်တေန နိယတိ လောကေ " လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်၏ ။ { ဒီ Blog လေးကို August 1st ,2009 (Sat) ကစတင်လုပ်ဆောင်ခဲ့ပါတယ်။ }
Subscribe to:
Post Comments (Atom)
OCCT Personal v17.1.7 <<< Download
OCCT, the free PC stability and stress testing software, available for PC and Linux systems. OCCT is free for personal use. Key Feature...
-
ဖုန်းလာလို့ ဖုန်းမကိုင်ချင်လျှင် ... သူ့ ဘာသာသူအလိုအလျှောက်ပြန်ဖြေခိုင်းလို့ ရပါတယ်။ မပြောချင်တဲ့ လူဆီကဖုန်းလာရင်ဒီဆော့ဝဲလေးကို အသုံးပြုလို ...
-
My computerWindow:(c:) Right- Click Properties Tools ထဲကနေError -Checking/Check Now... Check Disk Windows (C:) Message box ထဲက Automatically...
No comments:
Post a Comment