Monday, June 7, 2010

Show Hidden File and Folder

Show Hidden File and Folder



Show Hidden File and Folder လို့ ပြောလိုက်တိုင်း Apply တောင် မလုပ်ရသေးဘူး Do not Show Hidden File and Folder ဆိုပြီးပြန်ပြန် ဖြစ်နေတာ တစ်ချို့ ကြုံဖူးကြပါလိမ့်မယ်။
အဲဒါဆိုရင်တော့…
Run > Regedit လိုက်ပြီး Registry Editor ပေါ်လာရင် ဘယ်ဘက်ခြမ်းမှာ HKEY_CURRENT_USER
အောက်က Software အောက်က Microsoft အောက်က Windows အောက်က CurruntVersion
အောက်က Explorer အောက်က Advanced ဆိုတဲ့ ဖိုဒါပေါ်မှာ select မှက် လိုက်ရင် ညာဘက်ခြမ်းမှာ Hidden ဆိုတာလေးကို တွေ့ လိမ့်မယ်။
Hidden ဆိုတာလေးပေါ်မှာ ကလစ်နှစ်ချက်နှိပ်လိုက်ရင်။ Value Data အောက်မှာ 1 ဆိုရင် show hidden file and folder ပါ။ 2 တို့  0 တို့  ဖြစ်နေရင် ဖိုဒါတွေ ဖိုင်တွေ မှိန်ပြီး Do not show hidden file and folder ဖြစ် နေပါလိမ့်မယ်။
အဲဒါမှမပေါ်သေးဘူးဆိုရင်။ Virus ကို မရမ်းအောင်လုပ်ရပါမယ်။ startup ထဲမှာ ဗိုင်းရပ်ကို ပိတ်ထားတာမျိုး။ Bat ဖိုင်တွေနဲ.သတ်တာမျိုး အရင်လုပ်ပေးပါ။ ဗိုင်းရပ် နဲနဲ ငြိမ်သွားပြီဆိုရင်…
Registry Editor ထဲမှာ အောက်ကလမ်းကြောင်းအတိုင်း ဘယ်ဘက်ခြမ်းမှာ ဖိုဒါတွေကို ဖွင့်ပေးပါ။
HKEY_LOCAL_MACHINE \ software \ Mirosoft \ windows\ Currentversion \Explorer \ Folder \ Hidden \ Showall ဆိုတဲ့ ဖိုဒါပေါ်မှာ select မှက်ပြီး ညာဘက်ခြမ်းမှာ ကြည့်ပါ။
Checkedvalue ဆိုတာကို တွေ.ပါလိမ့်မယ်။ ကလစ်နှစ်ချက်နှိပ် ပေးလိုက်ပါ။ Value Data ကို 0 တို. 2 တို. ဖြစ်နေတယ်ဆိုရင် 1 ကို ပြန်ထားပေးရပါမယ်။ ဒါဆိုရင်တော့ show Hidden file and Folder လုပ်ရင် အဆင်ပြေသွားပါပြီ။

Thanks !!!
Hbone Kyaw

No comments:

OCCT Personal v17.1.7 <<< Download

OCCT, the free PC stability and stress testing software, available for PC and Linux systems. OCCT is free for personal use. Key Feature...