Tuesday, May 4, 2010

G mail account ကို ဖျက်မယ်ဆိုရင်

G talk ကို မသုံးချင်တော့ဘူးဆိုပါတော့…။ အဲဒီ့ အကောင့်ကို ဖျက်လိုက် ချင်ရင် ဖျက်လိုက်လို့ ရပါတယ်။ g talk > setting > account setting ကိုသွားလိုက်ပါ။ အဲဒါ ဆိုရင် firefox မှာ မိမိနဲ့ ပါတ်သတ်တဲ့ data တွေကိုတွေ့ ပါလိမ့်မယ်။ အဲဒီကနေမှ MY Product ဆိုတာရဲ့ ဘေးလေးမှာ Edit ဆိုတာလေးကိုနှိပ်လိုက်ပါ။ Delete Account ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲဒီအောက်က Close account and delete all services and info associated with it အဲဒီ့စာသားလေးကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ အကုန်လုံးကို အမှန်ခြစ်ကလေးတွေပေး၊ ပြီးရင် ယခုသုံးနေတဲ့ password ကိုထည့်ပြီးပြီ ဆိုရင်တော့ Delete google account ကိုနှိပ်လိုက်ပါ။ အဲဒါဆိုရင်ကိုယ့်ရဲ့-account-ဖျက်ပြီးသွားပါပြီ။
Account တစ်ခုလုံးကို မဖျက်ပဲနဲ့ အဲဒီ့ account နဲ့ တခြား အရေးကြီးတဲ့ website တွေကို ၀င်ပြီးသွားပြီ ဒါပေမယ့် g mail ကိုတော့ မသုံးချင်တော့ဘူးဆိုရင်လည်း G mail နဲ့ ဆိုင်တာကိုပဲ ဖျက်မယ်ဆိုရင် တော့ Remove Gmail permanently ဆိုတာကလေးကို ပဲ နှိပ်ပြီးတော့ G mail ကို အသုံးမပြုပဲနဲ့ Web နဲ့ ဆိုင်တာတွေမှာပဲ account ကို အသုံးပြုနိုင်ပါတယ်။
(မှတ်ချက်။ ။ အဲဒီ account က ဖျက်နေတဲ့ အချိန်အတွင်းမှာ သုံးနေတုန်းဆိုရင်တော့ မပျက်သေးပါဘူး။ Sign out လုပ်ပြီးရင်တော့ ပြန်ဝင်လို့ မရတော့ ပါဘူး။)

No comments:

How to install Windows 11 with a local account (Builds 26120 and beyond)

  1. Follow the Windows 11 install process until you get to the Sign in screen. 2. Hit Shift + F10 . A command prompt appears. 3. Enter star...